← Chapters

ငါ့ ကွန်ပျူတာကို ဖွင့်လိုက်တဲ့အချိန်ကစပြီး မင်းတို့က လူမိပြီးနေပြီ

Vol. 56 Ch. 827

ငါ့ ကွန်ပျူတာကို ဖွင့်လိုက်တဲ့အချိန်ကစပြီး မင်းတို့က လူမိပြီးနေပြီ

Vol. 56 Ch. 827

ကျီချင်းရန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး လင်းရီကို စိုးရိမ်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်၏။

လင်းရီထံမှ ယခုလို စကားလုံးမျိုးကို သူမ ပထမဆုံးအကြိမ် ကြားသိလိုက်ရခြင်းပင်။

လင်းရီ လက်တစ်ဖက်မှ ကားစတီယာရင်ကို ထိန်းရင်း ကျန်လက်တစ်ဖက်ဖြင့် ကျီချင်းရန်၏ လက်ကို ကိုင်ထားပေးလျက် “ အဲ့လောက်လည်း ထိတ်လန့်တကြား ဖြစ်စရာ မလိုပါဘူး… ဒီတိုင်း အသေးအမွှားလေးပါ…. ငါ အမြန်ဆုံး ဖြေရှင်းလိုက်မယ်….”

“ ငါ နင်နဲ့နေမယ်….”

“ ဒါက အတူနေတာ မနေတာနဲ့ မဆိုင်ဘူး… လိမ္မာစမ်းပါ… ပြီးတော့ အန္တရာယ်လည်း မရှိဘူး… ဒါကြောင့်မို့ အတွေးမလွန်နဲ့…”

“ အွန်းပါ…. ငါနားလည်ပါတယ်…”

“ ဒါဆို ဒီနေ့ ငါတို့ ဘယ်လည်း သွားကြမှာ…. ယွင်ရွှေဗီလာကိုလား … ဒါမှမဟုတ် .. ငါ့အမေအိမ်ကိုလား…”

“ ယောက္ခမကြီးဆီ သွားပြီး ထမင်း သွားစားကြတာပေါ့…”

“ အွန်း အွန်း…. ငါစဉ်းစားထားတာလည်း အဲ့လိုပဲ…”

ကျီချင်းရန်၏ အမေအိမ်၌ ညစာစားပြီးနောက် လင်းရီ ပြန်လည် မောင်းထွက်လာခဲ့လိုက်သည်။

သို့သော်လည်း သူ ကျိုကျုံးဗီလာသို့ ပြန်မသွားပေ။ ထိုအစား လင်းယွမ်အုပ်စု၏ ကားပါကင်သို့ မောင်းသွား၍ လျှို့ဝှက်စွာ တက္ကစီငှားပြီးတော့မှ အိမ်ပြန်လာခဲ့လေသည်။

စောင့်ကြည့်ရေး ကင်မရာများနှင့် လုံခြုံရေး အစောင့်များကို ရှောင်ကြဉ်ရန် အလို့ငှာ သူ အရှေ့တံခါးပေါက်မှ ဝင်မလာချေ။

ထိုသို့ဖြင့် မည်သူမျှ သတိမမူမိဘဲနှင့် လင်းရီ ကျိုကျုံး ဗီလာထဲသို့ ရောက်ရှိလာခဲ့၏။

သို့သော်လည်း လင်းရီ ဗီလာနံပါတ်တစ်သို့ မသွားပေ။ ဗီလာ နံပါတ်ကိုးသို့ တန်းမတ်စွာ ဦးတည်လိုက်၏။

အချိန်အတော်ကြာအောင် လင်းရီ ဗီလာနံပါတ်တစ်၌သာ အနေများပြီး ကျန်သည့် အိမ်များသို့ လာရောက်လည်ပတ်သည်က ရှားပါးသည်။

သို့သော်လည်း ဝန်ဆောင်မှုက တစ်ပတ်တစ်ခါ အိမ်သန့်ရှင်းရေး လာလုပ်ပေးသောကြောင့် သူ လာလည်သည့် အခါတွင်တော့ အိမ်ထဲ၌ အသစ်အတိုင်း ရှိနေကာ မည်သည့် ထူးဆန်းသည့် အနံ့အသက်တို့ကမျှ ရှိမနေချေ။

ဒုတိယထပ်ရှိ စာကြည့်ခန်းထဲတွင် လင်းရီ ဆိုဖာပေါ်၌ လဲလျောင်းနေသည်။

သူ၏ ငါးစာက အလုပ်ဖြစ်မဖြစ် သူမသိချေ။ သို့သော်လည်း ယင်းက သူ့တွင်ရှိသည့် တစ်ခုတည်းသော ချဉ်းကပ်သည့် နည်းလမ်းပင်။

အကယ်၍ ထိုသူများ မပေါ်လာဘူးဆိုပါက ကောင်းသည့်အရာပင်။ သို့သော် အကယ်၍ ပေါ်လာမည်ဆိုလျှင်လည်း သူ သေချာပေါက် သတိပြုမိမည် ဖြစ်၏။

သုံးရက်ဆက်တိုက်ကြာအောင် လင်းရီ၏ နေ့စဉ်ဘဝမှာ ထိုကဲ့သို့ပင်။

ပစ္စည်းများ လိုအပ်သည့် အချိန်၌သာ အပြင်ထွက်၍ ဝယ်ယူလေ့ရှိပြီး ကျန်အချိန်များတွင်တော့ ဗီလာနံပါတ် ကိုး၌သာ တိတ်ဆိတ်စွာဖြင့် အချိန်ကုန်ဆုံးနေတတ်၏။

ထိုအချိန်အတောအတွင်း သူ၏ ကုမ္ပဏီကိစ္စများအတွက် တာဝန်ရှိသူကတော့ ကျီချင်းရန်ပင်။

သူနှင့် ကျီချင်းရန်ကြား ထိတွေ့ ဆက်ဆံမှုတို့ကလည်း တစထက်တစ နည်းပါးလာကာ အရေးကြီး ကိစ္စ ဖြစ်ပေါ်သည့် အချိန်မှ အပ ဆက်သွယ်ခြင်း မပြုကြတော့ချေ။

အခြားတစ်ဖက်တွင်လည်း လင်းယွမ်အုပ်စုဘက်က လင်းရီ ရန်ကျင်းသို့ အလုပ် ခရီးထွက်သွားခဲ့ကြောင်း ကြေညာထားပြီး သူ ကျိုးဟိုင်တွင် မရှိသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးထားခဲ့သည်။

ကျီချင်းရန် တစ်ဦးတည်ကသာ သူ ကျိုကျုံးဗီလာ၏ ဗီလာနံပါတ်ကိုး၌ တစ်ချိန်လုံး ရှိနေသည်ဆိုတာကို သိလေသည်။ သို့သော်လည်း သူမ အဘယ်ကြောင့် လင်းရီ ယခုလို လုပ်နေလဲဆိုတာ နားမလည်သလို ဘာဖြစ်နေလဲဆိုတာကိုလည်း မသိရှိချေ။

ရလဒ်အနေဖြင့် သူမ၏ နေ့ရက်တိုင်း၌ စိုးရိမ်ပူပန်မှုတို့က ကြီးစိုးနေပြီး ထွေထူး ဝိတ်ချရန်ပင် မလိုပဲ ကီလိုများစွာ ကျဆင်းသွားခဲ့တော့၏။

ဒူ ဒူ ဒူ…

လင်းရီ တရားထိုင်ရင်း စဉ်းစားနေတစ်ခိုက် သူ့ဖုန်းသံ မြည်လာခဲ့၏။

အသိပေးချက် တစ်ခုပင်။

လင်းရီ စိတ်အားထက်သန်စွာဖြင့် ဖွင့်ကြည့်လို်ကတော့ အနက်ရောင် မျက်နှာဖုံးနှင့် ပိန်ပိန်းပါးပါး အမျိုးသား တစ်ဦး၏ ဗွီဒီယိုကို တွေ့လိုက်ရ၏။

လင်းရီ ဗီလာနံပါတ်တစ်ထဲမှ ထွက်လာခဲ့စဉ် အခါက သူ့၏ ကွန်ပျူတာထဲ၌ webcam drive file တစ်ခုကို ထည့်သွင်းထားခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်က သူ၏ ကွန်ပျူတာကို ဖွင့်ပြီဆိုတာနှင့် ကင်မရာမှာ အသိပေးခြင်း မရှိပဲ ဖြစ်ပျက်နေသမျှကို သူ၏ ဖုန်းထံသို့ အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက် လွှဲပြောင်းပေးနေလိမ့်မည်။

တစ်နည်းဆိုရသော် လက်ရှိ လင်းရီ မြင်နေရသည့် မြင်ကွင်းက ဗီလာနံပါတ်တစ် သူ့စာကြည့်ခန်းထဲရှိ မြင်ကွင်းဖြစ်လေသည်။

ကွန်ပျူတာရှေ့ ရောက်နေသူကတော့ အာယာနဲ မစ်ဆူ စေလွှတ်လိုက်သည့် လက်အောက်ငယ်သား ဖြစ်ပုံရ၏။

လင်းရီ မတ်တပ်ရပ်ရင်း ကိုယ်ကို အညောင်းအညာ ဆန့်လျက် သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

“ မင်းတို့ကောင်တွေကို စောင့်နေတာ သုံးလေးရက်လောက်တောင် ရှိသွားပြီ… စိတ်ဝင်စားဖို့ကောင်းမယ်လို့တော့ မျှော်လင့်ရတာပဲ…”

…………………..

ဗီလာနံပါတ်တစ်၊ လင်းရီ၏ စာကြည့်ခန်း။

1.6 မီတာအောက် နိမ့်သည့် လူတစ်ဦးမှာ လင်းရီ၏ ကွန်ပျူတာကို အသေအချာလေး အာရုံစူးစိုက်နေသည်။

သူကိုယ်၌က လက်အိတ်ဝတ်ဆင်ထားသော်လည်း သူ၏ လုပ်ဆောင်နိုင်စွမ်းအပေါ်တော့ သက်ရောက်ခြင်း မရှိခဲ့ချေ။

တတက်တက် မြည်သံတို့က ပီယာနိုသံစဉ် တစ်ပုဒ် တီးနေသည့် အလားပင်။

စာကြည့်ခန်း၏ ပြတင်းပေါက်ဘေးတွင်တော့ ပိန်ပိန်ပုပုနှင့် လူတစ်ဦး မတ်တပ်ရပ်နေသည်။

သူလည်း ခေါင်းအစ ခြေအဆုံး အနက်ရောင်များ ဝတ်ဆင်ထားကာ သူ့ဦးခေါင်းကတော့ စောင့်ကြည့်ရေး ကင်မရာတစ်ခုနှယ် အပြင်ဘက်ရှိ အခြေအနေများကို ထောက်လှမ်း စုံစမ်းနေလေသည်။

“ ငါးမိနစ် အချိန်ရဦးမယ်… မြန်မြန်လုပ်…”

ပြတင်းပေါက် ဘေးနားရပ်နေသည့် အမျိုးသားမှ အသံနိမ့်၍ ဂျပန်ဘာသာ စကားဖြင့် ပြောလိုက်၏။

“ သုံးမိနစ်ဆို အကုန်ပြီးပြီ…”

ရိုးရှင်းစွာ တုံ့ပြန်ပြီးနောက် ကွန်ပျူတာရှေ့ရှိ ထိုင်နေသူမှာ သူ၏ လုပ်လတ္တံ့ အလုပ်တို့ဖြင့် ဆက်လုပ် အလုပ်များနေလိုက်၏။

“ ဆယ်မိနစ်တောင် ရှိနေပြီကို မပြီးသေးဘူးဆိုတော့ မင်းရဲ့ စကေးတွေက သံဂျေး တက်ကုန်ပြီနဲ့ တူတယ်…”

“ 2 TB ရှိတဲ့ ထဲမှာ 1.89 TB လောက်က AVI ဖိုင်တွေနဲ့ ပြည့်နေတယ်… အဲ့ကောင်တွေကို စကန်ဖတ်ရတာ အချိန်တော်တော်လေး ပေးရတယ်.. တကယ်လို့ သူများသာဆို ငါ့ထက်တောင် နှေး………………”

အနက်ရောင်နှင့်လူမှာ စကားတစ်ဝက်တစ်ပျက်နှင့်ရပ်တန့်သွားခဲ့ပြီး ပြတင်းပေါက်ဘေးရှိ သူ့ အဖော်ကို ပြူးကျယ်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲ၌ အံ့အားသင့်မှုနှင့် ရှော့ခ်ရနေမှုတို့ကို အထင်းသား မြင်တွေ့နိုင်လေသည်။

၎င်းတို့ ကြားလိုက်ရသည့် ခြေသံ သဲ့သဲ့လေးက ထင်ယောင်ထင်မှား မဟုတ်ကြောင်း နှစ်ယောက်လုံး သေချာလေသည်။

အင်မတန် သိမ်မွေ့ညင်သာနေသော်လည်း အထူးလေ့ကျင့်ရေးတို့ ဆင်းပြီးနောက် ၎င်းတို့၏ အကြားအာရုံမှာ များစွာ တိုးတက်လာခဲ့၏။

ထို့ကြောင့် တစ်စုံတစ်ယောက် ရောက်လာနေပြီဆိုတာကို နှစ်ယောက်လုံး ချက်ချင်း သိလိုက်ကြသည်။

တွေဝေနေခြင်း အလျင်းမရှိ၊ အနက်ရောင်ဝတ်နှင့် လူမှ ကွန်ပျူတာနှင့် ချိတ်ဆက်ထားသည့် USB drive ကို လျင်မြန်စွာ ဆွဲဖြုတ်လိုက်ပြီး ကွန်ပျူတာကို အလျင်အမြန် ပိတ်ကာ ပစ္စည်းအကုန်လုံးကို မူရင်း အတိုင်း ပြန်လည် ထားရှိလိုက်၏။

ထိုင်ခုံနေရာပင် တစ်ဒီဂရီ တိမ်းစောင်းလွဲချော်မနေချေ။ အကယ်၍သာ လီချူးဟန်၏ လယ်ဗယ်သို့ ရောက်မနေပါက သတိပြုမိရန် တော်တော်လေး ခဲယဉ်းလှ၏။

“ သွားစို့….”

ပြတင်းပေါက်နား ရပ်နေသည့် လူမှ ပြောလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်၍ ထွက်ခွာရန် ဟန်ပြင်သည်။

သို့သော်လည်း သူ ပြတင်းပေါက် ဖွင့်လိုက်သည့် အခိုက်အတန့်၌ အနက်ရောင် အရိပ်တစ်ခုက သူ့ရှေ့ ထွက်ပေါ်လာသည်ကို ရုတ်ချည်း မြင်တွေ့လိုက်ရ၏။

သူ့ဘက်က စတင် လှုပ်ရှားတော့မည့် အချိန်တွင် အဆိုပါ အရိပ်ထံမှ ခြေကန်ချက် တစ်ခု ရောက်ရှိလာခဲ့၏။

သိပ်သည်းနေသည့် ခွန်အားတို့က မခံစားနိုင်လောက်သည့် အခြေအနေအထိ ရောက်ရှိလို့ နေသည်။

လင်းရီ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ခါနီးတွင် ရုတ်ချည်း ဆိုသလို အေးစက်သည့် ငွေရောင် အလင်းတန်း သုံးခုက သူ့မျက်စိရှေ့ ဖျတ်ခနဲ ဖြစ်သွားခဲ့၏။

အန္တရာယ်ပင်။ လင်းရီ ဂရုမစိုက် မပြုဝံ့ပဲ ကိုယ်ကို နိမ့်၍ စကြာသုံးစင်းအား ရှောင်ရှားလိုက်သည်။

“ သွားစို့….”

ကွန်ပျူတာကို ချိုးဖောက်ရန် တာဝန်ယူထားသူမှ သူ့အဖော်ကို တွဲလျက် အလျင်အမြန် ထွက်ခွာရန်ဟန်ပြင်လေသည်။

ယခု အချိန်တွင်တော့ ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားနိုင်ရန်ကသာ အရေးကြီးဆုံးဖြစ်၏။

“ ငါ ဒီရောက်နေတာတောင် မင်းတို့ နှစ်ကောင်က ထွက်သွားချင်နေကြသေးတယ်ပေါ့…”

လင်းရီ သူ့ဘေးရှိ ပန်းအိုးကို မ၍ အဆိုပါနှစ်ယောက်ထံ ပစ်ပေါက်၍ ၎င်းတို့သွားမည့် လမ်းကို ဖြတ်တောက်ပစ်လိုက်၏။

နှစ်ယောက်လုံး ထွက်သွား၍ မရနိုင်မှန်းသိတော့ အနက်ရောင် ဝတ်စုံနှင့်လူမှာ ချက်ချင်းလက်ငင်း အသင့်အနေအထားဖြင့် လင်းရီကို ရင်ဆိုင်လိုက်၏။

“ မင်းတို့ရဲ့ အဝတ်အစားတွေ ကြည့်ရသလောက်ဆို ဂျပန်က နင်ဂျာတွေနဲ့ တူတယ်… ၂၁ ရာစုမှာ ဒီလိုလူမျိုးတွေ ရှိနေလိမ့်ဦးမယ်လို့တောင် ထင်မထားဘူး…”

မှတ်တမ်းများအရတော့ အီဒိုခေတ် နင်ဂျာများမှာ အရပ်အမောင်း သေးညှက်ပြီး ကိုယ်ယောင်ဖျောက်ရန်အတွက် အထူးသင့်လျော်သည်။

ယခု လူနှစ်ယောက်၏ ကိုယ်လုံးကိုယ်ပေါက်မှာလည်း သမိုင်းမှတ်တမ်းထဲရှိ နင်ဂျာများလောက် မသေးငယ်သော်ငြား မိန်းကလေး တစ်ချို့ထက်တော့ သာလွန်နေသေး၏။

“ မင်း ငါတို့ ဒီရောက်နေမှန်း ဘယ်လို သိသွားတာ….”

သိသာစွာပင်။ နင်ဂျာနှစ်ဖော်မှာ ကိစ္စများကို ဝေ့လည်ကြောင်ပတ် မလုပ်ချင်ပေ။ ထိုအစား သူတို့ အသိချင်ဆုံး မေးခွန်းကို သာ မေးမြန်းလိုက်၏။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အစွမ်းအစအပေါ် ဂုဏ်ယူထားသည့် မာနကို စော်ကားသလို ဖြစ်နေခြင်းကြောင့်ပင်။

လင်းရီ ဆန်းကြယ်စွာ ပြုံးလိုက်ပြီး “ သောက်ရူးတွေ… မင်းတို့ ငါ့ကွန်ပျူတာ ဖွင့်လိုက်ကတည်းကရင် မင်းတို့ ဘယ်သူဆိုသာ ဖော်ထုတ်ခံရပြီးသားကွ….”

All Chapters