ထူးခြားသည့် ညှင်းပန်းနှိပ်စက်ခြင်းနည်းစနစ်များ
Vol. 56 Ch. 828
“ ကွန်ပျူတာမှာ ပြဿနာရှိနေတယ်လား….”
“ ခုမှ သတိထားမိရင်တောင် နောက်ကျလွန်းသွားပြီ…” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့်… မင်းတို့ကောင်တွေလည်း တော်တော်လေး အထင်ကြီးဖို့ ကောင်းကြပါတယ်… ငါ့အိမ်ထဲကို ဘယ်သူမှ သတိမမူမိပဲ ဝင်လာနိုင်ကြတယ်… ကံဆိုးချင်တော့ ငါက မင်းတို့ထက် ပိုပြီး အထင်ကြီးဖို့ ကောင်းနေတာပဲ…”
နှစ်ယောက်မှာ မျက်နှာဖုံး တပ်ဆင်ထားကြသော်လည်း အကြောက်တရားကိုတော့ ၎င်းတို့မျက်ဝန်းထဲ၌ မြင်တွေ့နိုင်လေသည်။
အဘယ်ကြောင့်ဆိုသော် ပို၍ ကြောက်စရာ ကောင်းသည့် ပြဿနာကို သတိထားမိသွားသောကြောင့် ဖြစ်၏။
ဒီလူက သဲလွန်စတွေ အများကြီး ရှာတွေ့ထားပြီး ငါတို့ကို မျှားခေါ်ဖို့ ဒီငါးစာကို ချခဲ့တာပဲ…
တစ်နည်းပြောရင် ငါတို့ရဲ့ လှုပ်ရှားမှုတွေကို သတိထားမိနေတာ ကြာလောက်ပြီ… ဒါပေမယ့် ချက်ချင်း မလှုပ်ရှားသေးပဲ ငါးစာ ဟပ်မိထဲအထိ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်နေခဲ့တယ်…
ကျစ်... စဉ်းလဲချက်ပဲ….
အမှန်စင်စစ်တွင်တော့ အမှန်တကယ် သတိပြုမိသူမှာ လင်းရီမဟုတ်၊ လီချူးဟန်သာ။
သူ၏ စရိုက်ဖြင့် ဆိုပါက ထင်သာမြင်သာလောက်သည့် အရိပ်အယောင်များ ချန်မထားမိသရွေ့ လင်းရီအဖို့ သတိပြုမိရန် ခက်ခဲလှပေမည်။
ကံဆိုးစွာဖြင့် သကောင့်သားများက လီချူးဟန်ကို အထင်သေးခဲ့ကြခြင်းပင်။
“ မင်းငါတို့ကို ရှာတွေ့ပြီဆိုမှတော့ ရှင်းရှင်းပဲ ပြောမယ်… ငါတို့ ခု ထွက်သွားမယ်… နောက်ထပ် မလာတော့ဘူးလို့ ကတိပေးတယ်….”
လင်းရီ တိတ်ဆိတ်စွာဖြင့် ရှေ့သို့ လမ်းလျှောက်လာရင်း ထိုသို့ ပြောသည့် လူကို ပိတ်ကန်လိုက်၏။
“မင်း ငါ့ကို သောက်ရူးထင်နေလို့ ဒီစကားမျိုး လာပြောနေတာလား…. ငါ့အိမ်ထဲ အကြောင်းပြချက် မရှိ ဝင်လာပြီးတော့မှ အသာတကြည် ပြန်လွှတ်ပေးရမယ်ပေါ့….. “
အကန်ခံလိုက်ရသူမှာ အချိန်မှီ မတုံ့ပြန်လိုက်နိုင်ပေ။ သူအစကတော့ ခွန်အားသုံးပြီး ဖြေရှင်းရန် စဉ်းစားထားသော်လည်း ယခုတော့ အနှီ ဟွာရှန့်လူ၏ ခွန်အားက သူစိတ်ကူးထားသည်ထက် ကြီးမားနေကြောင်း သိရှိလိုက်ရ၏။ သူတို့နှစ်ယောက် ပူးပေါင်းလျှင်ပင် ထိုသူ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။
“ မင်း ဘာလိုချင်လို့လဲ…”
လင်းရီ စိတ်မရှည်စွာ နားကလော်လိုက်ရင်း “ ပြော … မင်းတို့ကို ဘယ်သူ ဒီလွှတ်လိုက်တာ… ဘာလို့ ငါနဲ့ ငါ့သူငယ်ချင်းတွေကို လိုက်ပြီ စုံစမ်းနေတာ….”
“ ပြောစရာ စကားမရှိဘူး… မင်း ငါတို့ဆီကနေ ဘာတစ်ခု သိရမှာ မဟုတ်ဘူး….”
လင်းရီ လက်ခုပ်လက်ဝါး တီးလိုက်ရင်း “ ကြိုက်တယ်… မင်းတို့ အဖြေက ငါမျှော်လင့်ထားတာနဲ့ တစ်ထပ်တည်းပဲ….”
“ ငါတို့ မပြောမှန်း သိရင်လဲ ဘာလို့ မေးနေသေးလဲကွ…”
“ TV မှာဆို အဲ့လိုပဲ လုပ်တာမဟုတ်ဘူးလား… ငါတို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို အရင် ကျော်ဖြတ်ဖို့ လိုသေးတယ်လေ…”
“ မင်း ဘက်က မလွှတ်ဘူးဆိုရင်တောင် ငါတို့ဘက်က ဘာတစ်ခုမှ ပြောပြမှာ မဟုတ်ဘူး… မင်း ရဲတွေခေါ်ပြီး ဖမ်းခိုင်းရင်တောင် အလကားပဲ….”
“ မင်းတို့ပုံစံ ကြည့်ရသလောက်တော့ ငါ့အကြောင် ဂဃနဏသိအောင် မစုံစမ်းခဲ့ကြဘူးနဲ့တူတယ်…” လင်းရီ ပြောလိုက်ပြီး “ ငါက ဟွာရှရဲ့ ထိပ်တန်း ခွဲစိတ်ဆရာဝန်တစ်လက်.. ငါ့ထက် သာတဲ့လူဆိုတာ လက်ချိုး ရေတွက်လို့ရတယ်… တကယ်လို့ ငါ့ဘက်က ညှင်းပန်းနှိပ်စက်ပြီး အဖြေသိချင်နေရင် ရဲခေါ်ဖို့ လိုဦးမှာလားတဲ့..”
သို့နှင့် လင်းရီ စာအုပ်စင် အတွင်းပိုင်း နားသို့ သွားလိုက်ပြီး စနစ်မှ ချီးမြင့်ထားသည့် ခွဲစိတ်ခန်းသုံးဓားကို ယူလိုက်၏။ လရောင်မှာ ဓားသွားနှင့် ထိတွေ့သွားစဉ်တွင်တော့ အေးစက်တောက်ပသည့် အလင်းရောင်တစ်ချက် ဖြာထွက်လာလေသည်။
“ မင်းတို့ နှစ်ယောက် ‘ chainsaw ‘ ဇာတ်ကား ကြည့်ဖူးလား…”
နင်ဂျာနှစ်ယောက်မှာ မနေနိုင်ပဲ ကြက်သီးမွေးညင်း ထသွားခဲ့ပြီး ချက်ချင်းဆိုသလို ခြေမ မှ ခေါင်းအထိ အေးစက်သွားခဲ့တော့၏။
သူတို့နှစ်ယောက်မှာ ဝတ္ထုနိုဗယ်များထဲတွင် မြင်တွေ့နေကျ နင်ဂျာများကဲ့သို့ မဟုတ်ပေ။ အဆိုပါ ခေါင်းစဉ်ကို ယူသုံးထားသော်လည်း သာမန်ထက် အနည်းငယ် အဆင့်မြင့်သည့် အေးဂျင့်များသာဖြစ်ကြ၏။
သူတို့ မစ်ရှင် မဆောင်ရွက်မီ အမျိုးမျိုးသော ကြမ်းတမ်းရက်စက်သည့် လေ့ကျင့်ပေးမှုတို့ကို ဖြတ်ကျော်ခဲ့ရသောကြောင့် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရန်က ပြဿနာ မရှိချေ။
သို့သော်လည်း သူတို့ရှေ့ ရပ်နေသူကတော့ မတူသည့် အသစ်တစ်မျိုးကို စမ်းသပ်ကြည့်ချင်နေသူပင်။
ပြောတော့ ဟွာရှလူမျိုးတွေက ကြင်နာသနားတတ်ကြတယ်ဆို…. ဘာလို့ ဒီလူကမှ ထူးပြီး ကြောက်ဖို့ ကောင်းနေရတာလဲ….
“ အာ… ကြောက်သွားကြတာလားဟ…” လင်းရီ ရယ်မောလိုက်ပြီး “ မကြောက်နဲ့… ငါ့အိမ်မှာ ဘယ်လိုလုပ်ပြီး စက်လွှက ရှိမှာ… ဒီတော့ အဲ့လို မြင်ကွင်းတွေ ရှိလာမှာ မဟုတ်ဘူး…”
နှစ်ယောက်လုံး အပေါ်ယံ စိတ်သက်သာရာ ရသွားခဲ့ကြ၏။ သို့သော်လည်း လင်းရီ နောက်တစ်ခွန်း ထပ်ပြောလိုက်သည့် စကားလုံးတို့က သူတို့၏ ဆံပင်များကို ထောင်မတ်သွားစေသည်။
“ မင်းတို့ ‘ Black Dahila ‘ ကော ကြည့်ဖူးလား… ငါ့မှာလည်း စကေဘာရှိတာနဲ့ အတော်ပဲ… ဆိုတော့ စမ်းကြည့်ကြမလား…”
ပြောပြီးနောက် လင်းရီ တုံ့ပြန်ရန် အခွင့်အရေး မပေးပဲ တစ်ယောက်ကို ကော်လံမှ ဆွဲ၍ ထိုးသွင်းလိုက်၏။ ထို့နောက် အလျားလိုက် ဖြတ်ဆွဲထုတ်လိုက်ကာ ဆယ်စင်တီမီတာမျှ ရှည်လျားသည့် အပေါက်တစ်ခုကို ချန်ရစ်ထားခဲ့လိုက်သည်။
အနက်ဝတ်နှင် လူမှ ဝမ်းဗိုက်ကို ကိုင်လျက် မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးတို့ကလည်း အဆက်မပြတ် စီးဆင်းလာခဲ့၏။ နာကျင်နေသော်လည်း ဒဏ်ရာက မသေစေနိုင်ချေ။ ယင်းကလည်း လင်းရီ ဖြစ်ချင်သည့် အရာပင်။
“ ဘယ်လိုလဲ… မဆိုးဘူး… ဟုတ်တယ်မလား…” လင်းရီ လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
“ မင်း… မင်းက မကောင်းဆိုးဝါးပဲ…”
“ အဲ့တာက ဥရောပသားတွေရဲ့ လက်သုံးစကားမဟုတ်လား… မင်းတို့ ဂျပန်တွေက နတ်တမန်တော်ကို ယုံကြည်တဲ့ သူတွေမို့လို့လားဟ…. “
လင်းရီ ပြောလိုက်ပြီး “ ဟွာရှရဲ့ ရိုးရာ ယဉ်ကျေးမှုတွေအရဆို မင်းငါ့ကို အရှင်ရန်( ယမမင်း)လို့ ခေါ်သင့်တာပေါ့…”
သူ့အဖော်၏ သနားဖွယ်ရာ အခြေအနေကို မြင်တော့ ကျန်တစ်ယောက်လည်း ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်နေမိတော့၏။
သူ့ရှေ့ရှိ ဟွာရှန့်လူက ယခုလို နည်းလမ်းမျိုးဖြင့် ကိုင်တွယ်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
“ ဟိုကောင် ... မင်းသိတာ အကုန် ပြောပြဖို့ အချိန်ငါးစက္ကန့်ပေးမယ်… တကယ်လို့ မပြောဘူးဆိုရင်တော့ အရင်ဆုံးသေမယ့် လူက မင်းရဲ့ အဖော်ပဲ… သူ့ ခန္ဓာလုံးဝ အေးစက်သွားတဲ့ အချိန်ကျရင် အလှည့်ကျလာမှာက မင်းပဲ…”
“ မင်း… မင်း.. ဒီလိုတွေလုပ်နေတာ ဟွာရှရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား….”
“ မင်းတို့ကောင်တွေ ငါ့အကြောင်း မစုံစမ်းထားကြဘူးလား.. ငါ့အဆက်အသွယ်တွေက ဘယ်လိုရှိလဲ မင်းတို့ သိပါတယ်… ပြီးတော့ ဂျပန်က အေးဂျင့်နှစ်ယောက်ကို သတ်လိုက်လို့ရော ငါက အပြစ်ဒဏ်ခတ်ခံရမယ်လို့ ထင်နေတာလား… ဒီတော့ သေချာလေး စဉ်းစား… ငါခု စရေပြီ…”
“ 5….. 4 ….. 3 ….. 2 …. 1 ….. “
ရေတွက်မှုက ပြီးဆုံးသွားခဲ့၏။ လင်းရီ ခေါင်းခါရမ်းလိုက်ပြီး “ နှုတ်ဆိတ်ဖို့ ရွေးချယ်လိုက်တယ်ပေါ့… ဒီတော့လည်း မင်းဘေးက အဖော်နဲ့ စလိုက်တော့မယ်…” လင်းရီ ပြောပြီးနောက် ကိုယ့်ကိုယ်ကို ရေရွတ်နေဟန်ဖြင့် “ တော်သေးလို့ ငါ့နားမှာ ပစ္စည်းအစုံ ရှိနေလို့ပေါ့… ဒီနေ့တော့ မေ့ဆေးမပါဘဲ ခွဲစိတ်ရတာ ဘယ်လိုမျိုးလဲဆိုတာ သိခွင့်ရတော့မယ်….”
“ မဟုတ်ဘူး… မလုပ်ပါနဲ့…………..”
မြေပြင်၌ လဲလျောင်းနေရသည့် သူမှာ ရူးမတတ် သွေးပျက်သွားခဲ့တော့၏။
“ ငါ ပြောမယ်.. ငါခုပြောမယ်… ငါတိုကို ဂိုအီချီ မစ်ဆူက လွှတ်လိုက်တာ… သူ့ရဲ့ ရည်မှန်းချက်က မင်းရဲ့ သုတေသန ရလဒ်တွေကို ယူဖို့ပဲ.. ဒါပေမယ့် မင်းရဲ့ မိတ်ဆွေတွေကိုတော့ ငါတို့ ဘာ အန္တရာယ်မှ မပြုခဲ့ဘူး… မင်းလည်း အဲ့တာကို သိပါတယ်…”
“ ဂိုအီချီ မစ်ဆူ….”
လင်းရီ ရေရွတ်လိုက်ပြီး “ မစ်ဆူ မိသားစုထဲမှာ သူ့အဆင့်အတန်းက အာယာနဲလောက် မမြင့်မားဘူး မလား… ဒီတော့ နောက်ကွယ်က တရားခံက အာယာနဲ ပေါ့….ဟုတ်တယ်မလား…”
အာယာနဲ မစ်ဆူမှာ နောက်ကွယ်မှ တရားခံဖြစ်လိမ့်မည်ဟု လင်းရီ ခန့်မှန်းပြီး ဖြစ်သော်လည်း သက်သေသက်ကာရများ မရှိသောကြောင့် ယခုလို မေးခွန်းမျိုးကို မေးနေရခြင်းပင်။
“ မဟုတ်ဘူး… မင်းထင်နေသလို မဟုတ်ဘူး…. “ ကြမ်းပြင်တွင် လဲလျောင်းနေသူမှ ဖျော့တော့စွာ ပြန်ပြောလိုက်ပြီး “ သခင်မလေး အာယာနဲ နဲ့ သခင်လေး ဂိုအီချီတို့က သင့်မြတ်ကြတာမဟုတ်ဘူး… ခု ဒီကိစ္စကိုလည်း သခင်မလေး အာယာနဲ မသိဘူး… ဂိုအီချီကပဲ လုပ်ခိုင်းတာ…”
“ ငါယိုးပဲ…”
“ အဲ့မစ်ဆူမိသားစုက အဘိုးကြီးတွေ ငါယီးလုပ်နေတာလားဟ….” လင်းရီ ကျိန်ဆဲလိုက်တော့၏။
“ ငါသိတာ ဒါအကုန်ပဲ... ငါတို့လို လက်အောက်ငယ်သားတွေက ဘာမှ မသိဘူး.. တကယ်ပါ… မင်း ငါ့ကို ယုံမှ ဖြစ်မယ်… ငါတို့ ကျန်တာ ဘာမှ မသိဘူး..”
“ အိုက်ယား... မင်း ဘယ်လောက်တောင် ကြောက်နေလဲ ကြည့်စမ်း… ငါ ဘယ်သူ့ကိုမှ မသတ်ပါဘူးဟ….”
ကြမ်းပြင်၌ လဲလျောင်းနေသူမှာ ငိုချင်ပါသော်ငြား မျက်ရည်များက ထွက်ကျမလာချေ။
‘ မင်းက ခုလေးတင် လူတစ်ယောက်ကို မေ့ဆေးမသုံးပဲ ရင်ဘက်ဖွင့်ချင်နေတာလေ… အဲ့တာက ရိုးရိုးတန်းတန်း သ-တ်တာတောင် မဟုတ်တော့ဘူးကွ…
“ ခု ဂိုအီချီက ဘယ်မှာလဲ…”
“ မသိဘူး… ငါတို့ကို လိုက်ပို့တဲ့သူက သူ့ရဲ့ သက်တော်စောင့် ဆိုခန်တာရို… ငါတို့အချင်းချင်း ဖုန်းနဲ့ပဲ ဆက်သွယ်ကြတာ… ဒီတော့ သူဘယ်မှာရှိလဲ ငါတို့ မသိဘူး..”
လင်းရီ မတ်တပ်ရပ်နေသည့် တစ်ယောက်ကို ကြည့်ရင်း “ ဘာရပ်လုပ်နေတာ… ဘာလုပ်ရမလဲ သဘောမပေါက်သေးဘူးလား… သေချင်နေတာလား…”
“ မ…မလုပ်ပါနဲ့.. ငါအခုပဲ ဆက်သွယ်လိုက်မယ်…”
“ ဒါဆိုလည်း မင်းမြေလင်ကို စောင့်နေတာလားကွ… မြန်မြန်လုပ်လေ… ငါ့အချိန်ကို လာမဖြုန်းစမ်းနဲ့…”