မင်းငါ့ကို ဒယ်ဒီလို့ ခေါ်ချင်နေတာလား…
Vol. 56 Ch. 830
အကွက်အနည်းငယ်မျှ ဖလှယ်သွားပြီးနောက် ဆိုခန်တာရို၏ အမူအရာမှာ မူလကထက်ပင် ပို၍ လေးနက်လာခဲ့တော့၏။
“ ကျုပ်လူ နှစ်ယောက် မစ္စတာလင်း လက်ထဲ ရှုံးသွားတာ မဆန်းပါဘူး… ကျုပ်တော်တော်လေး အထင်သေးမိသွားတယ်..”
လင်းရီ လက်ဟန်ပြုလိုက်ပြီး “ ဆက်လာခဲ့…”
ယခုတစ်ကြိမ်တွင်တော့ ဆိုခန်တာရို၏ တိုက်ခိုက်ချက်များမှာ ကမူးကရူး မဆန်တော့ပဲ သတိချပ်လာခဲ့၏။
အကယ်၍ တိုက်ခိုက်မှု ကျရှုံးသွားခဲ့လျှင်တောင် သူ့အတွက် လွတ်လမ်းတစ်ခု ဖန်တီးထားလေသည်။
ဘန်း … ဘန်း … ဘန်း…
နှစ်ယောက်မှာ ခွန်အားကို ထိမ်ချန်မထားပဲ အစွမ်းကုန်ထုတ်သုံး၍ တိုက်ခိုက်နေကြ၏။
သို့သော်လည်း လင်းရီ သူ့တန်းထျန်ထဲ၌ စုဆောင်းထားသည့် အတွင်းအားကို အသုံးမပြုခဲ့ပေ။
သူ့ဘက်က အခြေခံ လှုပ်ရှားမှုတစ်ချို့ကို လေ့ကျင့်ရန် လိုအပ်သေးလေသည်။ မဟုတ်ပါက သံချေးတက်သွားမည်ဖြစ်၏။
ထိုစဉ် ဆိုခန်တာရိုကတော့ မိုဟုန်ရှန်း နည်းတူ ခံစားနေရသည်။
သူ၏ လက်သီးက လင်းရီနှင့် ထိသည့်အချိန်တွင် သံတိုင်ကြီးအား ထိုးနှက်လိုက်ရသည့်နှယ်ပင်။
တစ်ဖက်သူမှာ မည်သို့မျှ မနေသော်လည်း လင်းရီ လက်သီး လာလျှင်တော့ ဆိုခန်တာရိုမှာ အကြောက်ကြီး ကြောက်နေမိတော့၏။
လင်းရီကလည်း သူ့ကို အလွတ်မပေးချေ။
သူ၏ ထိုးနှက်ချက်များက တစ်စထက်တစ်စ ပြင်းထန်လာရုံသာမက အရှိန်နှုန်းမှာလည်း ပို၍ မြန်ဆန်လာသည်။
ပြင်းထန်သည့် လေဆင်နှာမောင်းကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ကြာလာသည်နှင့်အမျှ ဆိုခန်တာရိုမှာ ကူကယ်ရာမဲ့လာမိတော့သည်။
အစကတော့ ဆိုခန်တာရိုမှာ ပြန်လည်တုံ့ပြန် တိုက်ခိုက်နိုင်သေးသော်လည်း မိနစ်အနည်းငယ် ကြာပြီးနောက် ဖြည်းဖြည်းချင်း နောက်ဆုတ်လာခဲ့ရ၏။ မနားတမ်း ဝင်ရောက်လာသည့် လက်သီးချက်များကို ကာကွယ်နေရင်း ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အရေး မရှိတေ့ချေ။
ဝှစ်… ဘန်း…
လင်းရီ ဆိုခန်တာရို၏ အားနည်းချက်ကို မိမိရရ ဆုပ်ကိုင်၍ အပိုင်ကန်လိုက်၏။
ဆိုခန်တာရို မျက်ဝန်းတို့ ပြူးကျယ်သွားကာ ကုန်အပြည့် တင်လာသည့် ထရပ်ကြီးနှင့် အတိုက်ခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။
၂၀၆ ချောင်းသော အရိုးတို့ပင် ကျိုးကြေတော့မည့်အလားပင်။
ဆိုခန်တာရို မြေပြင်သို့ ပြန်ကျလာခဲ့၏။ ထို့နောက် ဝမ်းဗိုက်ကို ဖိရင်း သွေးအန်သွားခဲ့ကာ လင်းရီကို ကြည့်သည့် အကြည့်တို့ပင် အရင်ကကဲ့သို့ မောက်မောက်မာမာ ရှိမနေတော့ချေ။
“ မင်း ကြိုက်သလိုလုပ်… ငါ .. ဆိုခန်တာရို… သေရမှာကို မကြောက်ဘူး…မင်း ငါ့ဆီက ဘာမှသိရဖို့ မကြိုးစားနဲ့...”
“ သိတယ်… မင်းတို့ သောက်ရူးတွေက သေရမှာကို မကြောက်ဘူးဆိုတာ ငါသိတယ်… သတ္တိ ဘယ်လောက် ရှိကြောင်း ပြဖို့ ကိုယ့်ကိုယ်ကို ဓားနဲ့ ပြန်ခုတ်နေကြတဲ့ သောက်ရူးတွေမလား…” လင်းရီ စိတ်မရှည်စွာ နားကလော်ရင်း ခါးကွေးညွှတ်၍ ဆိုခန်တာရိုကို အပြုံးလေးဖြင့် ကြည့်လိုက်သည်။
“ ဒီကိစ္စကို ဂိုအီချီက အာယာနဲ နောက်ကွယ်မှာ လုပ်နေတယ်ဆိုတာ ငါသိတယ်…တကယ်လို့ ငါသာ အာယာနဲကို ပြောပြလိုက်မယ်ဆိုရင် သူမသေချာပေါက် ကိုင်တွယ်မှာပဲ…”
“ ထပ်ပြီးတော့ ငါ့ရဲ့ ကျိုးဟိုင်က အဆက်အသွယ်တွေနဲ့ဆိုရင် အားနည်းနည်းလောက် စိုက်ထုတ်လိုက်တာနဲ့ အဲ့ကောင် ဘယ်မှာရှိလဲဆိုတာ သိရဖို့ မခက်ခဲဘူး… ဒီတော့ မင်းငါ့ကို ပြောသည် မပြောသည်က ကိစ္စ မရှိဘူး… ငါ ဒီလာခဲ့တာလည်း မင်းဆီက အဖြေကို လိုချင်လို့ မဟုတ်ဘူး… ငါကိုယ်တိုင် သေချာကိုင်တွယ်ဖြေရှင်းချင်လို့ပဲ… ဘာကြောင့်လဲဆိုတော့ ငါ့လာရှုပ်ရင် အရင်လို ညှာတာနေမှာ မဟုတ်ဘူးလို့ ငါသူ့ကို သတိပေးပြီးသွားပြီ…”
ဆိုခန်တာရို ဘာမျှ ပြန်မပြောပဲ မျက်မှောင်တင်းတင်းကြုတ်လျက် အတွေးနက်နေတော့၏။
သူ့ရှေ့၌ မတ်တပ်ရပ်နေသူက သာမန်လူ မဟုတ်ချေ။ ကောင်းကင်ကို လက်ဝါးတစ်ဖက်ဖြင့် အမှောင်အတိကျအောင် လုပ်ဆောင်နိုင်သည်ဟု ဆိုညွှန်းလျှင်တောင် ချဲ့ကားရာ ရောက်လိမ့်မည် မဟုတ်။
ယခု သခင်လေး ဂိုအီချီမှာ ရှန်ရီလာဟိုတယ်၌ ရှိနေသည်။ အကယ်၍ သူတို့ဘက်ကသာ စုံစမ်းစစ်ဆေးမည်ဆိုပါက နေ့မကူးခင် သေချာပေါက် ရှာတွေ့သွားမည် ဖြစ်၏။ အကယ်၍ သူ့ဘက်က ခေါင်းမာမာနှင့် ရေငုံနှုတ်ပိတ် ရှိနေလျှင်တောင် ရလဒ်မှာ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။
“ ဒါပေမယ့် မင်းငါ့ကို ပြောပြမယ်လို့တော့ မျှော်လင့်တုန်းပဲ…. ဟွာရှမှာ ဆိုရိုးတစ်ခုရှိတယ်… တကယ်လို့ လူတစ်ယောက်က ကိုယ့်ကြမ္မာအတွက် မတိုက်ခိုက်ဘူးဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ အမျက်နဲ့ ရင်ဆိုင်ရလိမ့်မယ်… ကိုယ့်ကိုယ်ကို ရောင်းချခြင်းက ခက်ခဲတဲ့ အခြေအနေတွေကြောင့် ဆိုပေမယ့် ကိုယ့်အသက်ကို ရောင်းချနေတာကတော့ ဦးနှောက်မရှိတဲ့ လက္ခာပဲ… မင်းဘက်က အပြုအမူတွေကို ပြန်ဆင်ခြင် သုံးသပ်ပြီးတော့ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ဆောင်မယ်လို့ မျှော်လင့်တယ်…”
“ ဒါပေမယ့် ငါ့ရဲ့ ဆာမူရိုင်း စိတ်ဓာတ်က အဲ့လိုလုပ်ဖို့ ခွင့်မပြုထားဘူး…”
“ ငိုးပဲ… မင်းလိုကောင်ကို သောက်ရူးလို့ခေါ်တောင် ကြားတဲ့ သောက်ရူး ငါ့ကို ဂဲနဲ့ ထုနေဦးမယ်…”
လင်းရီ ဆက်လက် အချိန်ဖြုန်းမနေတော့ပဲ ဖုန်းထုတ်၍ လျန်ရူရွှယ်ထံ ဆက်သွယ်လိုက်သည်။
“ မင်းဘက်က အခြေအနေဘယ်လိုရှိလဲ…”
“ သူတို့နှစ်ယောက်လုံး အဖမ်းခံလိုက်ရပြီ… တစ်ယောက်ကတော့ ဒဏ်ရာ တော်တော်လေး ပြင်းထန်တယ်.. ခေါင်းဆောင်ချိန် ပြောတာတော့ ဓားရာတွေက တော်တော်လေး သပ်ရပ်တယ်တဲ့… အဲ့တာ နင့်လက်ချက်မလား…”
“ ခွဲစိတ်စားပွဲပေါ် မရောက်ဖြစ်တာကြာတော့ လက်တော်တော်လေး ယားနေတာလေ… ဒါကြောင့်မို့ စမ်းကြည့်လိုက်တာ… သေတော့မသေပါဘူး…”
“ သိသားပဲ…”
“ မင်း အဲ့ဘက်မှာ ပြီးပြီဆို ရန်ရွှေဆိပ်ကမ်းကို လူနည်းနည်းလောက် ခေါ်ပြီးလာခဲ့ဦး.. ငါ ခေါင်းဆောင်ကို ဖမ်းမိထားပြီ… လာခေါ်လှည့်..”
လျန်ရူရွှယ် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် အတင်း လုပ်ရယ်လိုက်သည်။ လင်းရီက အရမ်း ချစ်ဖို့ကောင်းနေပြီ...
“ မပူနဲ့.. ငါခု ချက်ချင်း လူတွေ ခေါ်လာနေပြီ…”
“ ဒါနဲ့ ငါမင်းကို တစ်ခုလောက် တောင်းဆိုချင်တယ်…” လင်းရီ အသံကို နိမ့်လိုက်ရင်း “ ခု စကားပြောလို့ အဆင်ပြေလားမသိဘူး…”
လျန်ရူရွှယ် ချက်ချင်း နားလည်သွားကာ “ ပြောလေ.. ငါခု တစ်ယောက်တည်း ရှိနေတာ… နင် ဘာပြောမလို့…”
“ မင်း မှောင်ခို ပစ္စည်းတစ်ချို့ ရနိုင်လောက်လား…”
“ မှောင်ခိုပစ္စည်းလား (ဆေး၊ယမ်း၊လက်နက် စသည်…)….”
လျန်ရူရွှယ်၏ လေသံမှာ လေးနက်သွားခဲ့ပြီး “ နင် အဲ့တာတွေနဲ့ ဘာလဲလုပ်မလို့….”
လင်းရီ ဆိုခန်တာရိုကို ကြည့်လိုက်ရင်း “ ဒီကောင်က ငါ့ရှေ့မှာ စကားကြီး စကားကျယ်တွေ လာပြောနေတာလေ… ငါသူ့ကို သတ်မိတော့မလို ဖြစ်နေတာတောင် ဆာမူရိုင်း ကျင့်ဝတ်တွေ ဘာတွေ လာလုပ်နေလို့… သူ့ကို အဲ့ပစ္စည်းလေးတွေ လက်ဆောင်ပေးချင်လို့….. သူပြောပြောနေတဲ့ ဘူရှီဒို စိတ်ဓာတ်( စစ်သည်တော်လမ်းစဉ်)က ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလဲဆိုတာ သိချင်မိသား…”
“ သဘောပေါက်ပြီ..”
“ အိုကေ… ဒါဆို အချိန်ကျရင် ငါမင်းကို ဆက်သွယ်လိုက်မယ်.. ရန်ရွှေ ဆိပ်ကမ်းကို အရင်လာခဲ့..”
ညွှန်ကြားချက် ပေးပြီးနောက် လင်းရီ ဖုန်းချလိုက်ကာ ဆိုခန်တာရိုကို ကြည့်လိုက်ပြီး “ ဒီကိစ္စက ဒီမှာတင် ပြီးလိမ့်မယ်လို့ မထင်နဲ့…. ငါမင်းနဲ့ ကောင်းကောင်းကြီး ကစားပေးတော့မှာ …. မင်းဘယ်လောက်အထိ တောင့်ခံ နိုင်မလဲ စောင့်ကြည့်ကြတာပေါ့…”
ဆိုခန်တာရိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး “ မင်း လူ့ကျင့်ဝတ်တွေကို ဂရုမစိုက်တော့ဘူးလို့တော့ ငါ့ကို လာမပြောနဲ့… မင်း .. စက်ဆုပ်ဖို့ ကောင်းတဲ့ကောင်….”
သူ မှောင်ခိုပစ္စည်းများနှင့် အစွပ်စွဲခံရပါပြီ ဆိုကတည်းက သူ့ဘဝမှာ အဆုံးသတ်ပြီဖြစ်ကြောင်း ဆိုခန်တာရို တပ်အပ်သိလိုက်သည်။
“ ဟုတ်တယ်.. ငါက လူဆိုးပဲ…”
လင်းရီ ထိုစကားလုံးများအား တည်ငြိမ်စွာ ပြောလိုက်ပြီး “ ပြီးတော့ မင်း ဂျပန်မှာ တစ်ကောင်ကြွက် ဟုတ်လိမ့်မယ်တော့ မထင်ဘူး… မင်းမှာ ဆွေမျိုးသားချင်းတွေ ဆိုတာလည်း ရှိလာက်မှာပဲ ဟုတ်တယ်မလား.. ငါ့ဘက်က အာယာနဲ မစ်ဆူကို မေးလိုက်သရွေ့ ရှာတွေ့ဖို့ ဆိုတာ ခက်ခဲတဲ့ ကိစ္စတော့မဟုတ်ပါဘူး… အဲ့ဒီအခါကျရင် မင်းရဲ့ ဇနီးနဲ့ ကလေးတွေကိုလည်း ဒီဆေးကျွေးလိုက်မယ်.. သူတို့ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲတော့ သိချင်မိသား…”
ဆိုခန်တာရို မျက်လုံးတို့ ပြူးကျယ်လာပြီး ပေါက်ကွဲထွက်တော့မည့် မီးတောင်ကဲ့သို့ ဒေါသများ ပွက်ပွက်ဆူလာခဲ့ကာ “ မင်း…. မင်း … အရှက်မရှိတဲ့ကောင်…”
လင်းရီ ဆိုခန်တာရို၏ ဆံပင်ကို ကိုင်လိုက်ပြီး “ မင်းကကော ငါ့ကို လူကောင်းလို့ ထင်နေတာလား…. ငါမင်းကို ပြောပြလိုက်မယ်…. ငါက သူတော်ကောင်းကြီး မဟုတ်ဘူး… မင်းတို့ကောင်တွေက ဘောင်ကျော်လာပြီးတော့မှ ငါ့ဘက်က ဘာမှ ပြန်မလုပ်ဘူးလို့ ထင်နေတာလား… ယီးပဲရမယ်…”
“ မင်းမှာ အစွမ်းအစရှိတယ်ဆိုရင် ငါနဲ့ပဲ တိုက်ခိုက်…. ငါ့မိသားစုနဲ့ ဘာမှမဆိုင်ဘူး…”
“ ဘာလို့ မင်းကိုပဲ တိုက်ခိုက်ရမှာ…. ငါ့အပေါ် ပြန်လက်စားချေဖို့ သူတို့ကို အခွင့်အရေး ပေးရဦးမှာလား….”
“ မင်း... မင်း.... ကောင်းပြီ... မင်းငါ့ မိသားစုကို မထိနဲ့… ငါပြောပြမယ်…”
“ ဂိုအီချီက ရှန်ရီလာ ဟိုတယ်… အခန်း 2404 မှာ…. ငါတို့ဘက်က စပြီး စုံစမ်းနေတာ သုံးရက်လောက်တော့ ရှိပြီ.. ဒါပေမယ့် တကယ်ပါ…..အသုံးဝင်တာ ဘာတစ်ခုမှ မရသေးဘူး… ငါတို့ဘက်ကလည်း မင်းနဲ့ လီချူးဟန်ရဲ့ ကွန်ပျူတာကိုပဲ စုံစမ်းစစ်ဆေးကြည့်တာ…. ကျန်တာ ဘာမှ မလုပ်ဘူး.. အဲ့တာကို မင်းသိပါတယ်... ”
လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး “ မင်းတို့ လီချူးဟန်ကို ဘာလို့ အဲ့လောက်ထိ အာရုံစိုက်နေတာ….”
“ သူမက ဟွာရှရဲ့ အတော်ဆုံး ခွဲစိတ်ဆရာဝန်နဲ့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဖြစ်ခဲ့ဖူးတယ်လေ.... ဆိုတော့ သူမလည်း သုတေသန လုပ်ငန်းတွေမှာ သေချာပေါက် ပါဝင်နေလိမ့်မယ်လို့ ကောက်ချက်ချလိုက်တယ်… ဒါကြောင့်မို့ သူမဆီကနေ သဲလွန်စတွေများ ရမလားလို့ သူမကို အာရုံစိုက်ပြီး စစ်ဆေးလိုက်တာ…”
“ အဓိပ္ပာယ်ရှိတယ်..” လင်းရီ ခေါင်းညိမ့်လိုက်၏။
“ ဒါပေမယ့် ငါသိချင်တာ … ငါတို့ဘက်က ဒီလာက်ထိ ပိရိနေတာတောင် မင်း ဘယ်လိုလုပ်ပြီး ရှာတွေ့သွားခဲ့တာ…”
“ ငါ မဟုတ်ဘူး… သတိထားမိသွားတာ လီချူးဟန်ပဲ…” လင်းရီ ပြောလိုက်ပြီး “ သူမက မင်းတို့ထင်ထားတာထက် ပိုပြီး အနုစိတ်တယ်… မင်းတို့ သူမ အိမ်မှာ ချန်ထားခဲ့မိတဲ့ သဲလွန်စတွေနောက်လိုက်ရင်းနဲ့ မင်းတို့ကို ရှာတွေ့တာပဲ..”
ဆိုခန်တာရိုမှ ခါးသီးစွာရယ်မောလိုက်ရင်း “ ငါ ရှုံးတာ ဝန်ခံပါတယ်…”
လင်းရီ ဘေး၌ သွားမတ်တပ်ရပ်နေလိုက်ပြီး ဘာမျှ ပြန်မပြောပေ။ မိနစ်နှစ်ဆယ်ကျော်ကြာအောင် စောင့်ဆိုင်းပြီးနောက် လျန်ရူရွှယ်မှာ သူမလူများနှင့်အတူ အပြေးအလွှား ရောက်ရှိလာလေသည်။
“ ဒီလူလား…”
လင်းရီ ခေါင်းညိမ့်ပြလိုက်၏။
“ အင်း.. သူပဲ… ခေါ်သွားလိုက်တော့…”
လျန်ရူရွှယ် နောက်ရှိ ရဲအရာရှိများမှ ဆိုခန်တာရိုကို လက်ထိပ်ခတ်လိုက်၏။ ယခုအခြေအနေတွင်တော့ ကျေနပ်လောက်ဖွယ် နိဂုံးသို့ ရောက်လာခဲ့ပြီဟု ထင်ရသော်လည်း ဝေးကွာနေဆဲပင်။
ဘေး၌ အလုပ်ရှုပ်နေသည့် ပုံရိပ်များကို ကြည့်ရင်း လျန်ရူရွှယ် လင်းရီအနားသို့ ရောက်လာကာ “ အမှန်အတိုင်း ဝန်ခံရရင် ငါ ငယ်ငယ်ကတည်းကနေ အလေးစား အားအကျဆုံး လူက ငါ့အဖေပဲ… ဒါပေမယ့် နင်နဲ့ ဆုံပြီးတော့ ငါသူ့ကို လေးစားအားကျစိတ် မရှိတော့ဘူး…”
“ ဒါဆို မင်းငါ့ကို ဒယ်ဒီလို့ ခေါ်ချင်နေတာလား… အဲ့ဒီ နာမည်ပြောင်လည်း မဆိုးပါဘူး… ငါကြိုက်တယ်… “
လျန်ရူရွှယ်၏ လက်မှာ လင်းရီခါးရှိ အသားနုနု စုဝေးသည့် နေရာသို့ ချက်ချင်း ရောက်ရှိသွားခဲ့ပြီး “ လင်းရီ …. ငါနင့်ကို သတ်မယ်….”