← Chapters

ဟော်မုန်းကို မှန်မှန်ကန်ကန် အသုံးချနည်း

Vol. 56 Ch. 835

ဟော်မုန်းကို မှန်မှန်ကန်ကန် အသုံးချနည်း

Vol. 56 Ch. 835

ပြောလိုက်သူမှာ အသားညိုညို၊ အပြာရောင်ဂျင်းဘောင်းဘီနှင့် အနက်ရောင် ဂျက်ကတ်ကို ဝတ်ဆင်ထားသူဖြစ်၏။ ထိုသူက အရပ်အမောင်း မမြင့်မားသော်လည်း သန်မာသည့် အရှိန်အဝါတို့ကို ပေးစွမ်းနေသည်။

သူ့ဘေးရှိ ဘော့စ်ချိန် ဆိုသူကတော့ စစ်ဖိနပ် အစိမ်းရောင်နှင့် ပြောက်ကျားဘောင်းဘီကို ဝတ်ဆင်ထားသည်။ ဆံပင်ပုံစံကိုတော့ ကတုံးပေါက်ကေ ညှပ်ထားကာ သူ့ဘေးရှိ လူများထက် ခေါင်းတစ်လုံးသာ၍ မြင့်နေသည်။

ထိုသူ၏ နာမည်မှာ ချိန်တုံးကျယ် ဖြစ်ပြီး တစ်ချိန်က နိုင်ငံခြား၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်၏။ သို့သော်လည်း မစ်ရှင်အတွင်း၌ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သောကြောင့် ဟွာရှသို့ ပြန်၍ အနားယူရန် ရွေးချယ်ခဲ့သည်။

ထို့ပြင် သိုင်းသင်တန်းကျောင်း တစ်ခုကိုလည်း ဖွင့်ထားသေးကာ ကျိုးဟိုင်ရှိ သိုင်းပညာ အသိုင်းအဝိုင်း၌ နာမည် အတန်ငယ်ရှိသူလည်း ဖြစ်လေသည်။

ထိုနယ်ပယ်ထဲရှိ မည်သူမဆို သူ့နာမည် ပြောလိုက်သည်နှင့် မသိသူ မရှိသည်အထိ ကျော်ကြား၏။

သူ့ဘေး၌ ရပ်နေသူကတော့ လီရှန်းပင်။ သူ သင်ပြထားပေးသည့် ကြယ်ပွင့် တပည့် တစ်ယောက်ဖြစ်ပြီး သူကလည်း နာမည်အနည်းငယ်ရှိလေသည်။ သို့သော်လည်း ခွန်အားအရာတွင်တော့ သူ့အောက် တစ်ဆင့်နိမ့်နေသေး၏။

“ တကယ်ကို လန်းတယ်…. ငါတို့ နှစ်ယောက် ခဏနေ နာမည်စာရင်းသွင်းတဲ့အချိန်ကျ ငါ သူမကို မျှားကြည့်လိုက်မယ်… ငါးစာ ဟပ်မယ်လို့တော့ ထင်တာပဲ….”

“ ဘော့စ်က အဲ့လောက်ထိ ယုံကြည်ချက်ရှိနေတယ်ပေါ့…” လီရှန်း မသိမသာပြုံးရင်း မေးလိုက်သည်။

“ မင်း ဒီလို မေးခွန်း မေးလာပြီဆိုတော့ မင်း မိန်းမတွေကို ကောင်းကောင်းနားမလည်သေးဘူးပဲ…”

“ ဘော့စ်ချိန်ကလည်း… ကျုပ် ဘော်ဒီက ခင်များလောက်လည်း မတောင့်.. ရူပါကလည်း ခင်များလောက်မှ မဖြောင့်တာကို ဒီနယ်ပယ်မှာတော့ ဘော့စ်ချိန်နဲ့ ဘယ်ယှဉ်နိုင်မှာ….”

“ ကောင်းပြီ… ငါမင်းကို တစ်ခု ပြောပြမယ်… သူတို့လိုမျိုး အပေါ်ယံမှာ ဂုဏ်သိက္ခာ တစ်ခွဲသားနဲ့ မိန်းမလှလေးတွေက နောက်ကွယ်မှာ တော်တော်လေးကို နှံ့တံ့တံ့ရှိတယ်ကွ…”

“ အတည်ကြီးလား…. ဟုတ်ပါ့မလားဗျာ…”

“ သေချာတာပေါ့ကွ… ငါကြုံခဲ့ဖူးလို့ ပြောနေတာ....” ချိန်တုန်းကျယ်မှ အားပါးတရ ပြောလိုက်ရင်း “ ငါ အရင် သိုင်းသင်တန်းကျောင်း မထောင်ခင်တုန်းက gym တစ်ခု ဖွင့်ဖူးသေးတယ်… ငါ သင်ပြပေးဖူးခဲ့တဲ့ ကျောင်းသူလေးတွေဆိုတာ ဒီလိုပုံစံတွေချည်းပဲ…. သူတို့ အစက နာမည်ပေးတုန်းတော့ အတည်ပေါက် အလေးအနက်ကြီးတွေနဲ့…. ဝိတ်ချမယ်… ကိတ်အောင် လုပ်မယ်ပေါ့… အဲ့နောက် အတန်းတောင် မဆုံးသေးဘူး… ငါ့ဖုန်းနံပါတ်ကို တောင်းနေကြပြီ… ဘယ်မိန်းကလေးမှ ငါ့လက်ထဲမှာ တစ်ပတ်ထက်ပိုပြီး တောင့်မခံနိုင်ဘူး… အကုန်ငါ့ဆီ ပစ်ဝင်လာကြတာချည်းပဲ….”

ထိုသို့ ပြောပြီးနောက် ချိန်တုန်းကျယ်မှ ဝင့်ကြွားစွာ ပြုံးလိုက်ကာ “ ခဏနေကျရင် ငါလုပ်တာကို သေချာကြည့်ပြီး သင်ယူ…. ပြီးရင် အချိန်တစ်ပတ်ပဲပေး… အဲ့ စကီလေး … သေချာပေါက် ငါ့အပိုင် ဖြစ်ပြီ…”

“ ဒါဆိုလည်း ကျုပ် ပြပွဲကောင်းကြည့်ဖို့ စောင့်နေမယ်ဗျာ…. ဒါပေမယ့် ဘော့စ် အောင်မြင်သွားရင်တော့ ဟော့သည်က တပည့်ကျော်ကြီးကိုလည်း မမေ့ရဘူးနော်…” လီရှန်းမှ သူ့လက်သီးကို ပွတ်သပ်ရင်း ပြောလိုက်၏။

“ စိတ်ချစမ်းပါ… မင်းငါ့နဲ့ အတူရှိလာတာ ဒီလောက်ကြာနေပြီကို ဘယ်တုန်းက မမျှမတ ဆက်ဆံခဲ့ဖူးလို့… ငါ ကစားဝလို့ရရင် မင်းအတွက်ချည်းပဲ မလား….”

“ ဟားဟား …. ကျေးဇူးပါ ဘော့စ်ချိန်….”

နှစ်ယောက်သား ဝေစားမျှစား ကိစ္စကို အာပေါင်အာရင်း သန်သန်ဖြင့် မိုးလေမမြင် ဆွေးနွေးနေကြစဉ် ဘေးမှ အသံတစ်သံက ကြား၀င် နှောင့်ယှက်လာလေသည်။

“ ညီကို… ငါကြားရသလောက်တော့ မင်း ထုတ်လုပ်ရေး ဒါရိုက်တာကို စိတ်ဝင်စားနေတဲ့ပုံပဲ…”

ချိန်တုန်းကျယ်နှင့် လီရှန်းတို့ လှည့်ကြည့်လိုက်တော့ စကားပြောလာသူမှာ အရပ်ခပ်ရှည်ရှည်နှင့် အသားညိုသူ တစ်ဦးဖြစ်ကြောင်း သတိထားမိလိုက်၏။ သူ၏ ခန္ဓာကိုယ် အချိုးအစားက ချိန်တုန်းကျယ်ထက်ပင် ကြီးမားနေကာ လှည်းကြိုးထမ်းခိုင်းလို့ ကောင်းမည့် ကျွဲကြီး တစ်ကောင် အလားပင်။

“ ဘာလဲ… မင်းလည်း စိတ်ဝင်စားနေလို့လား…”

“ အမှန်ပဲ…” အရပ်ခပ်မြင့်မြင့်နှင့် လူမှ ပြောလိုက်ပြီး “ ဒီတော့ မင်းတို့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို လက်လျော့လိုက်ပြီးတော့ ငါ့ မိန်းကလေးကို စိတ်နဲ့တောင် မပစ်မှားကြနဲ့…”

အပြုံးတစ်ခုက ချိန်တုံးကျယ်၏ မျက်နှာထက် ထွက်ပေါ်လာကာ “ ဆောတီးပဲ… ငါလည်း စိတ်ဝင်စားနေတာ…ဒီတော့ မင်းကို မပေးနိုင်တာ စိတ်တော့မကောင်းဘူး…”

အရပ် မြင့်မြင့်နှင့်လူမှာ မျက်မှောင်ကြီး ကြုတ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲရှိ အဒရီနလင်းတို့ တရစပ် မြင့်တက်လာလေသည်။

“ ညီကို…. မင်းအတွက် ဘာက အကန့်အသတ်လဲဆိုတာ သိရင် ကောင်းလိမ့်မယ်…” ဗလကြီးမှ သူ့လက်ကို ချိန်တုံးကျယ်၏ ပခုံးပေါ်သို့ တင်လိုက်၍ အားစိုက်ဖျစ်ညစ်လျက် ပြောလိုက်ပြီး “ ဒီလို ကိစ္စမျိုးနဲ့ ခိုက်ရန်ဖြစ်ပွား စရာမလိုပါဘူး… တကယ်လို့ အသားနာသွားရင် မင်းအတွက် မကောင်းဘူးလေ…”

နှစ်ယောက် စကားဝိုင်းကို အနီးအနားရှိ လူများ ကြားတော့ သူတို့နှစ်ယောက်အနား စုရုံး၍ စောင့်ကြည့်ကြတော့သည်။

“ ငါ အဲ့လူကို သိတယ်… သူက တုန်းရှန်း စီရင်စုကပဲ… ငါ့အထင် သူ့နာမည်က ကော်ဖန့်ချိန်ဆိုလားပဲ…. တော်တော်လေး စကေးရှိတယ်….”

“ သူ့ကြွက်သားကြီးတွေ ကြည့်လိုက်တာနဲ့ အံ့ဩဖို့ကောင်းတယ်ဆိုတာ အလိုအလျောက် သိပြီးသားပဲ… မဟုတ်ရင် ခုလို စိတ်ဆတ်ပြီးတော့ ရန်လိုနေမှာ မဟုတ်ဘူး…”

“ စိတ်ဝင်စားစရာပဲ.. အဲ့ကောင်ကတော့ နာမည်စာရင်း ပေးလိုက်ရမယ်တောင် မထင်ပါဘူး… ကော်ဖန့်ချိန်ရဲ့ လက်သီးတစ်ချက်နဲ့တင် အမှောက်သိပ်သွားလာက်တယ်… ဆေးရုံကား ကြိုခေါ်ထားရင် ကောင်းမလား မသိဘူးနော…”

ဝှစ်…

ချိန်တုန်းကျယ်ဘက်က မပြောမဆိုနှင့် ကော်ဖန့်ချိန်ကို ဆောင့်ကန်လိုက်၏။

တစ်ဖက်သူမှာ အချိန်မှီ မတုံ့ပြန်နိုင်လိုက်ပဲ အကန်ခံလိုက်ရလေသည်။

မူလကတော့ ကော်ဖန့်ချိန် ယခု တိုက်ခိုက်ချက်က အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ခြေကန်ချက်ကို ခံယူပြီးနောက် တော်တော်လေး အီစိမ့်သွားကာ မတ်တပ်ပင် မရပ်နိုင်တော့ကြောင်း သတိပြုမိလိုက်၏။

ကော်ဖန့်ချိန် ဗိုက်ဖိလျက် မြေပြင်တွင် ဒူးထောက်လျက်သား ဖြစ်နေသည်ကို မြင်တော့ လူတိုင်း မေးရိုးကြီးများ ပြုတ်ကျလုမတတ် အံ့ဩသွားကြတော့သည်။

“ လခွမ်း… အဲ့ကောင်က အဲ့လောက်တောင် သန်မာတယ်လားဟ…”

ကော်ဖန့်ချိန် မည်သူဆိုတာ သိသည့် လူတစ်ချို့မှာ မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တော့၏။

သူတို့၏ မျက်ဝန်းထဲ၌ ကော်ဖန့်ချိန်မှာ ဆရာကြီး ဖြစ်ပြီး တစ်ချက် အကန်ခံလိုက်ရုံမျှနှင့် အမှောက်သိပ်ခံလိုက်ရလိမ့်မည်လို့တော့ မမျှော်လင့်ခဲ့ကြပေ။

အဲ့ဒီလူက ဘယ်သူတဲ့လဲ….

“ မင်းတို့လို အပြင်လူတွေက အဲ့ဒီသူ ဘယ်သူလဲ ဆိုတာ ဘယ်သိမှာ… ငါ ပြောပြမယ်… သူ့နာမည်က ချိန်တုန်းကျယ်… ကျိုးဟိုင်မှာ သိုင်းဘုရင်လို့ လူသိများကြတယ်… ကြွက်သားဦးနှောက်နဲ့ သောက်ရူးက သိုင်းဘုရင်ကို ယှဉ်နိုင်မယ်လို့ ထင်လား….”

‘ သိုင်းဘုရင် ‘ ဟူသည့်စကားလုံးကို ကြားမှ ကြည့်ရှုနေကြသူများမှာ ချိန်တုန်းကျယ်ကလည်း ခေသူ တစ်ဦး မဟုတ်ကြောင်း သိပြုမိလိုက်ကြ၏။ ကော်ဖန့်ချိန်ကဲ့သို့ အားကို အကြမ်းပတမ်း အသုံးပြုပြီး လမ်းဘေး ရန်ပွဲလောက်မျှသာ ဗိုလ်ကျနိုင်သူ တစ်ဦးက ချိန်တုန်းကျယ်၏ ပြိုင်ဘက်မဟုတ်သည်မှာ သာမန်ပင်။

ချိန်တုန်းကျယ် သူ့ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါခပ်လိုက်ပြီး ကော်ဖန့်ချိန်ကို ကြည့်၍ “ နာမည်စာရင်း ပေးမနေနဲ့.. မင်း... လစ်လိုက်တော့…”

ကော်ဖန့်ချိန်မှာ နာမည်စာရင်းပေးရန် အရည်အချင်း ပြည့်မှီသေးသော်လည်း ဤနေရာ၌ ဆက်နေရန် မျက်နှာမရှိတော့သောကြောင့် ထိုနေရာမှာ ထွက်ခွာသွားခဲ့တော့၏။

ဘေးပတ်ဝန်းကျင်ရှိ လူများ၏ မနာလို အကြည့်စူးစူးတို့ကို ခံစားမိတော့ ချိန်တုန်းကျယ် အတော်လေးကို ဘဝင်ခိုက်နေမိသည်။ ထို့နောက် မလှမ်းမကမ်း၌ ရပ်နေသည့် ရန်စီကို တစ်ချက်ကြည့်ရင်း စိတ်ထဲ၌ “ အဲ့သောက်ရူးက အချိန်ကိုက် ရောက်လာခဲ့တာပဲ… ငါ့ကို လူအုပ်ကြီးထဲမှာ ထင်ပေါ်အောင် လုပ်သွားပေးခဲ့တာဆိုတော့ ခုချိန်လောက်ဆို သူမလည်း ငါ့ကို သတိပြုမိလောက်ပြီ….”

“ ဟာ… ချိန်လောင်တ… ဟိုမှာ ဘာကောင်တုန်း… အဲ့ကောင် ဘော့စ်အမျိုးသမီး ဘေးနား ချဉ်းကပ်လာနေတယ်… သူတို့ပုံစံကြည့်ရတာတော့ တော်တော်လေး ရင်းနှီးကြတဲ့ပုံပဲနော်…” လီရှန်း ပြောလိုက်သည်။

ချိန်တုံးကျယ် မျက်မှောင်ကြုတ်လိုက်မိ၏။

သူ ခုနတုန်းက မမြင်မိပါဘူး… အဲ့ငနဲက ဘယ်ကနေ ပေါ်လာခဲ့တာ….

“ အေးဆေးပေါ့… အဲ့ကောင်ရဲ့ အနေအထားကိုလည်း တစ်ချက်ရှိုးလိုက်ဦး… ကြက်ရိုးလောက်ရှိတဲ့ ခြေတွေ လက်တွေနဲ့… သူမရဲ့ လုပ်ဖော်ကိုင်ဖက်နေမှာပါ…. အဆန်းကြီး မဟုတ်ပါဘူး…. ငါတို့ရဲ့ အစီအစဉ်ကို မဖျက်ဆီးရင် ပြီးတာပါပဲ…”

“ ရှေ့ဆုံးမှာ တန်းစီကြစို့ဗျာ… အဲ့တာဆို ကျုပ်တို့ အရင် ဝင်သွားပြီးတော့ နာမည်ပေးလို့ရပြီ…”

“ ငါတွေးနေတာလည်း အဲ့အတိုင်းပဲ…”

နှစ်ယောက်သား ရှေ့တိုး ချီတက်လာသော်လည်း လူအများမှာ ဘာမျှ မပြောဝံ့ကြချေ။ သူတို့ရှေ့၌ နေရာယူသွားသည်ကိုသာ ကျေကျေနပ်နပ်ကြီးနှင့် ကြည့်နေလိုက်ရလေသည်။

ထိုအချိန်တွင် လင်းရီနှင့် ရန်စီမှာလည်း ခန်းမထဲသို့ ဝင်ရောက်သွားပြီး ဖြစ်၏။

“ ခုလေးတင် အပြင်မှာ ရန်ဖြစ်နေကြတာ… မင်း ဝင်မပါတော့ဘူးလား….”

“ အဲ့လိုပွဲတွေက ဖြစ်နေတာ တစ်မနက်ခင်းလုံး နီးပါးပဲ…” ရန်စီမှ ဆံပင်အဖျားလေးများကို ဆော့ကစားရင်း “ သူတို့ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေက ပြည့်ကျပ်နေတာလေ.. နည်းနည်းလေးများ သဘောထားကွဲလွဲရင်တောင် ထိုးကြိတ်နေကြတော့ စိတ်ရှုပ်ခံမနေတော့ဘူး… အလွန်အကျွံကြီး မဖြစ်သရွေ့တော့ အဆင်ပြေပါတယ်…”

“ အဲ့လူတွေက သူတို့ရဲ့ ဟော်မုန်းတွေကိုသောက်တလွဲတွေ အသုံးချနေကြတာပဲ…”

“ တလွဲအသုံးချနေတယ်လား…” ရန်စီမှ လင်းရီကို ကြည့်လိုက်ပြီး “ တကယ်လို့ နင်သာဆို ဘယ်နေရာမှာ အသုံးချမှာ…”

“ မင်းအပေါ်မှာ အသုံးချမှာပေါ့… ဟုတ်တယ်မလား....”

“ ရှူး…. တိုးတိုး…”

“ ရက်ဆာ ရက်ဆာ….”

တီဗွီ ဌာနထဲတွင်တော့ စားပွဲအတန်းလိုက်ကြီး ရှိနေပြီး စားပွဲအသီးသီးနောက်တွင် ဝန်ထမ်းခြောက်ဦးမှ သက်ဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူထားလေသည်။

တစ်ချိန်တည်းတွင် လင်းရီ သူ ဆော်ပလော်တီးခဲ့သည့် ကျန်းရွှီကိုလည်း မြင်တွေ့လိုက်ရ၏။

ထိုအချိန်တွင်တာ့ ကျန်းရွှီမှာ ပါဝင်ယှဉ်ပြိုင်သူများ ခန်းမအတွင်း ရုန်းရင်းဆန်ခတ် မဖြစ်ပွားစေရန် သေချာ စောင့်ကြည့် ထိန်းသိမ်းနေသည်။

သို့သော်လည်း များမကြာမီ သူလည်း လင်းရီကို သတိထားမိသွားပြီး မျက်နှာအမူအရာ ချက်ချင်း အေးစက်သွားခဲ့တော့၏။ တပ်နယ်မြေအတွင်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်ကို ယနေ့တိုင် သူ အငြိုး‌တေး မပြေသေးချေ။

“ ဒါရိုက်တာရန်… ခင်များဘာလို့ သူ့ကို ဒီခေါ်လာခဲ့တာ…” ကျန်းရွှီ ရောက်လာပြီး ထူးမခြားနားစွာ မေးမြန်းလိုက်၏။

“ လင်းရီရဲ့ စကေးတွေက မဆိုးဘူးလေ… ဒါကြောင့်မို့ သူ့ကို စာရင်းပေးရအောင် ခေါ်လာခဲ့လိုက်တာ….”

All Chapters