သူ့ကို အနိုင်ယူနိုင်ရင် ဖိတ်စာရမယ်
Vol. 56 Ch. 836
“ ဒါပေမယ့် တောတွင်း ရှင်သန်တယ်ဆိုတာ သူလို လူစားမျိုးနဲ့ သင့်တော်တဲ့ ကိစ္စ မဟုတ်ဘူးလေ…”
“ နင်လည်း လင်းရီရဲ့ စကေးကို သိပါတယ်…ဒီလို ပွဲမျိုးဆိုတာ သူ့အတွက်တော့ ပါမွှားလေးပဲ…”
“ သူ့ စကေးက ကျွန်တော့်ထက် သာတယ်ဆိုတာတော့ ဝန်ခံတယ်…ဒါပေမယ့် ဒီပွဲမှာ ပါဝင်မယ့် လူတွေကလည်း အဆိုးကြီးတော့ မဟုတ်ဘူး… သူရဲ့ ပုံစံကို ကြည့်လိုက်တာနဲ့ ဒီအစီအစဉ်နဲ့ မကိုက်ညီဘူးဆိုတာ ပြောလို့ရတယ်…”
ရန်စီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်သည်။
ဒီလာက်ကြာနေပြီကို ဒီလူက အငြိုးတေး ထားနေတုန်းပဲလား… ဘယ်လောက်တောင် သနားဖို့ ကောင်းထားလိုက်လဲ….
ရန်စီ လင်းရီကို အမည်စာရင်း ပေးသွင်းသည့် နေရာသို့ ခေါ်လာခဲ့လိုက်ပြီး သူမ လုပ်ဖော်ကိုင်ဖက်ထံမှ စာချုပ်တစ်ခု တောင်းလိုက်၏။
“ သွားစို့… ငါနင့်ကို လက်မှတ်ထိုးတဲ့ နေရာ ခေါ်သွားပေးမယ်…ပြီးတော့ နင် သတိပြုရမယ့်ဟာတွေပါ တစ်ခါတည်း ပြောပြလိုက်မယ်…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ ယခုက သူ၏ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ကစားပွဲ၏ စည်းမျဉ်းစည်းကမ်းများကို နားလည်ရန် လိုအပ်လေသည်။
မဟုတ်ပါပဲ စည်းမျဉ်းကြောင့် အပယ်ခံလိုက်ရမည် ဆိုပါက နည်းနည်းလေး မတရားရာ ကျပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ယခုပွဲက စနစ်နှင့် ဆက်နွယ်နေလေသည်။
“ နေဦး…”
နှစ်ယောက်သား ထွက်ခွာတော့မည့် အချိန်တွင် ရှေ့ဆုံး၌ တန်းစီနေသည့် ချိန်တုန်းကျယ်မှ ရန်စီကို ရပ်တန့်လိုက်၏။
“ ယှဉ်ပြိုင်သူ …. နင် ဘာကိစ္စရှိလို့လဲ…”
ယခုလေးတင်မှ လောလောလတ်လတ် ရန်ဖြစ်ထားသည့် ချိန်တုန်းကျယ်အပေါ်၌ ရန်စီ အမြင်တစ်ချို့ ရှိလေသည်။
“ ကိုယ်ကာယ စမ်းသပ်မှုတစ်ခု ရှိသေးတယ် မဟုတ်ဘူးလား… အဲ့ဒီ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မှ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေး ရှိမှာလေ… အခု… စမ်းသပ်မှုက စတောင် မစရသေးဘူး… ဒီကောင်က ဘယ်လိုလုပ်ပြီး နာမည်ပေးခွင့် ရနေတာ…..”
“ ဒီလူက ငါတို့ရဲ့ အထူးဧည့်သည်တော် စာရင်းထဲမှာပါတယ်… အဲ့တော့ စမ်းသပ်မှုကို ကျော်လိုက်လို့ရပြီး တိုက်ရိုက် အမည်ပေးလို့ရတယ်…”
၎င်းကိုကြားတော့ လက်ရှိ ရောက်နေကြသည့် လူတိုင်း အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း အလျင်အမြန် နားလည်သွားကြလေသည်။
အစီအစဉ် အများစု၌ ယခုလို စည်းမျဉ်းများရှိကြပြီး သဘောတရား အသစ်လည်း မဟုတ်ပေ။
သို့သော်လည်း မိမိကိုယ်ကို အများထက် တစ်မူထူးနေသူဟု ခံယူထားသည့် ချိန်တုန်းကျယ်ကတော့ ၎င်းကို လက်မခံနိုင်ချေ။
“ အဲ့လို စည်းမျဉ်းမျိုး ရှိတယ်ဆိုမှတော့ ကျုပ်က ဘာလို့ ဖိတ်ကြားခြင်း မခံရတာ…”
“ ဒါက……”
အဆိုပါ တုံးအသည့် မေးခွန်းက ရန်စီကို မည်သို့ ပြန်ဖြေရမှန်း မသိ ဖြစ်သွားစေခဲ့သည်။
‘ နင်က ဖိတ်ကြားခြင်း မခံရဘူးဆိုမှတော့ ဆိုလိုတာ နင်က ထူးခြားတဲ့သူ မဟုတ်ဘူးဆိုတဲ့ သဘောပဲလေ…. အဲ့လောက် ရိုးရှင်းတဲ့ သဘောတရားလေးတောင် နားမလည်နိုင်ဘူးလား…’
“ စိတ်မရှိပါနဲ့လို့ပဲ ပြောရတော့မယ်… ငါတို့ရဲ့ အထူးဧည့်သည်တော် စာရင်းထဲမှာတော့ နင့်ရဲ့ နာမည် မပါဘူး…”
“ ဒါဆို ကျုပ်သိချင်တာ မင်းတို့ အတွင်း ဖိတ်ကြားချက်ရဲ့ အခြေခံ သဘောတရားက ဘာတွေလဲ…” ချိန်တုံးကျယ်မှ အလျော့ပေးရန် ဆန္ဒမရှိပဲ မေးမြန်းလိုက်၏။
“ ဖိတ်ကြားချက်က ကိုယ်ကာယ စမ်းသပ်မှုပဲ ဖြတ်သန်းခွင့်ပြုတာ… ဆိုတော့ အတွင်းကနေပြီး ဖိတ်ကြား ခံရသူတွေက ကိုယ်ကာယ ကြံ့ခိုင်မှု ပိုင်းနဲ့ ပြဿနာမရှိဘူးဆိုတာ အာမခံရဲတယ်…”
အာ…….. ဟားဟား
အဆိုပါ စကားလုံးများ ပြောကြားပြီးပြီးချင်း လူအုပ်ကြီးမှာ ပွက်လောရိုက်လာခဲ့ပြီး ရယ်မောသံတို့က တစ်စထက်တစ်စ ကျယ်လောင်လာလေသည်။
“ ဒါရိုက်တာ … သူ့ရဲ့ ဘော်ဒီကိုလည်း ကြည့်စမ်းပါဦး… သူ့အနေအထားကြီးက ကိုယ်ကာယ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်တဲ့သူနဲ့ တူနေလို့လား…”
“ မင်းတို့ ပြောတော့ တစ်ကမ္ဘာလုံးမှာ အစစ်မှန်ဆုံး တောတွင်း ရှင်သန်ခြင်း ပရိုဂရမ်ဆို… ပွဲဖြည့်ဖို့ ဒီလိုမျိုး ရုပ်ချောချော ကောင်လေးတွေလည်း လိုအပ်သေးတာလား… အဲ့တာဆို တခြား အစီအစဉ်တွေနဲ့ ဘာကွာတော့မှာ….”
“ နောက်ဆုံးတော့လည်း ဒုံရင်းက ဒုံရင်းပါပဲ…”
“ တော်ပြီ.. တော်ပြီ… လူတိုင်း တိတ်မယ်..” ကျန်းရွှီ ထအော်လိုက်ပြီး “ ခု ငါ့ဘေးမှာ ရှိတဲ့ လင်းရီက သန်မာတယ်.. မယုံမရှိနဲ့… မယုံဘူးဆိုရင် မင်းတို့ကိုယ်တိုင် ကြိုးစားကြည့်လို့ရတယ်…”
‘ ငိုးပဲ…. ဒီမြေနိုးမှာ ကောင်းတဲ့ရည်ရွယ်ချက်လေးကိုမရှိဘူး…’လင်းရီ စိတ်ထဲ၌ ကျိန်ဆဲလိုက်၏။
ရန်စီ မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။ သူမ ကျန်းရွှီ၏ စကားကို သဘောမတွေ့ကြောင်း အသိသာချည်းပင်။
ဒီလူက သူ့ရာထူးကို အသုံးချပြီး လူကို လက်စားပြန်ချေနေတာပဲ….
“ အဲ့လိုပြောကြေးဆို ကျုပ် ကြိုးစားကြည့်ချင်တယ်…” ချိန်တုန်းကျယ် ယုံကြည်ချက် ပြည့်နှက်နေသော အပြုံးလေးဖြင့် ပြောလိုက်၏။
“ ကျုပ်တို့လည်း ကြိုးစားကြည့်ချင်တယ်…”
ထိုအခါ လူအုပ်ကြီးမှလည်း စိတ်အား ထက်သန်စွာဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုလာကြတော့၏။
“ သူက ဖိတ်ကြားခံရဖို့ အရည်အချင်း ပြည့်မှီတယ်ဆိုတော့ တကယ်လို့ သူ့ကို ကျုပ်တို့က နိုင်သွားခဲ့ရင် စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီး ဖြစ်တာနဲ့ အတူတူပဲမလား..”
ကျန်းရွှီ ထိုမေးခွန်းကို ပြန်မဖြေပေ။ အဘယ်ကြောင့်ဆိုသော် သူ့၌ ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာ မရှိသောကြောင့်ဖြစ်၏။
ယင်းကလည်း လက်ရှိ ရောက်နေကြသည့် ၇၀ ရာခိုင်နှုန်းခန့်မှာ လင်းရီကို အနိုင်ယူနိုင်မည်ဟု ယုံကြည်နေကြသောကြောင့်ဖြစ်၏။
သို့သော်လည်း သူတို့ အားလုံးကို ကျော်ဖြတ်ခွင့်ပေးလိုက်၍ကလည်း မဖြစ်သေးပြန်ချေ။
ထို့ကြောင့် ဤကိစ္စအပေါ်၌ သူတို့အားလုံး ဒါရိုက်တာရန်၏ စကားကို နားထောင်ရမည်ဖြစ်၏။
လူတိုင်း၏ အကြည့်တို့က ရန်စီထံ ကျရောက်သွားခဲ့ကြသည်။ သူမက ဤပရိုဂရမ်၏ ဒါရိုက်တာ ဖြစ်သောကြောင့် ဖိတ်ကြားခွင့် ရနိုင် မရနိုင်က သူမအပေါ်တွင် မူတည်နေလေသည်။
“ ကောင်းပြီလေ… တကယ်လို့ နင်တို့ရဲ့ စကေးက သူ့ထက်တော်ပြီး ကောင်းနေမယ်ဆိုရင် နင်တို့လည်း ဒီအစီအစဉ်ထဲကို တိုက်ရိုက် ပါဝင်ခွင့်ရမယ်…”
“ ဟာဟား…. ဒါဆို ငါအရင်လာမယ်…”
အခြားသူများ ဘာမျှ မပြောရသေးခင် ပြောင်လက်နေသည့် အရေပြားပိုင်ရှင် ကိုခေါင်းတုံးမှ ရှေ့သို့ ထွက်လာခဲ့၏။
ကိုခေါင်းတုံးမှာ လင်းရီကဲ့သို့ အရပ်အမောင်း မမြင့်မားချေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာတော့ အကြောအပြိုင်းပြိုင်းထနေပြီး အသည်းယားစရာကြီးပင်။
“ ဒါရိုက်တာ… ခင်များ ခုလေးတင် ပြောလိုက်တာ တကယ်လို့ သူ့ကို အနိုင်ယူနိုင်မယ်ဆို ဒီအစီအစဉ်ထဲကို တိုက်ရိုက် ပါဝင်ဖို့ အရည်အချင်း ပြည့်မှီတယ်လို့ပြောထားတယ်နော်… ခင်များ ကိုယ့်စကားကိုယ်တော့ ပြန်မရုတ်သိမ်းဘူးမလား..”
ရန်စီ ခေါင်းခါရမ်းလျက် “ မသိမ်းဘူး…”
“ အဲ့တာဆို ကောင်းတယ်…”
တိကျသည့် အဖြေတစ်ခုကို ရရှီပြိးနောက် ကိုခေါင်းတုံးမှာ မနေနိုင် မထိုင်နိုင် လက်ကို ပွတ်ဆွဲပြီး နှုတ်ခမ်းသပ်လျက် လင်းရီကို အမှုန့်ကြိတ်တော့မည့် ဟန်အမူအရာဖြင့် ကြည့်လိုက်၏။
လင်းရီက သူအမဲဖြတ်ခြင်းကို ခံရမည့် ယုန်ငယ်လေးပင်။
“ ဘော့စ်ချိန်… ဒီရဲ့ ခေါင်းတုံးနဲ့ကောင်ကို ဘယ်လိုထင်လဲ…” လီရှန်း မေးမြန်းလိုက်၏။
“ အရင်က လေ့ကျင့်ဖူးတဲ့ ပုံစံတော့ရှိတယ်… ဒါပေမယ့် သူ့ရဲ့ အနေအထားကိုတော့ ငါ သိပ်သဘောမကျဘူး…” ချိန်တုန်းကျယ်မှ ယခုလို မတ်ချက်ပြုလိုက်ပြီး “ ဒါပေမယ့် သူ့ရဲ့ ဗလကြီးတွေကတော့ မဆိုးရှာပါဘူး…. နည်းလမ်းကောင်းကောင်း မရှိဘူးဆိုရင်တောင်မှ အင်အားသပ်သပ်နဲ့ နိုင်ချင်လည်း နိုင်သွားမှာပေါ့..”
နှစ်ယောက် စကားပြောနေစဉ် ခေါင်းတုံးနှင့် လူမှာ လင်းရီထံ ပြေးဝင်လာခဲ့၏။
“ သောက်ရူးပဲ..”
လင်းရီ ရေရွတ်လိုက်ပြီး တစ်ဖက်သို့ အသာအယာ တိမ်းလျက် ခေါင်းတုံးနှင့် လူ၏ လည်ပင်းကို တစ်ဇောင်းခုတ်လိုက်သည်။
ထိုအခါ တစ်ဖက်သူမှာ ချက်ချင်း မေ့မြောသွားခဲ့တော့၏။
“ ဒါ ...ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ….”
ရောက်ရှိနေကြသည့် လူတိုင်း ကြက်သေသေသွားကြတော့၏။
မှောက်သွားသင့်သာ ဟို ခပ် ချောချောနဲ့ ကောင်လေး မဟုတ်ဘူးလား… ဘာလို့ ဗလတောင့်တောင့်နဲ့လူက အမှောက်သိပ်ခံလိုက်ရတာ…
“ ဘော့စ်.. ကြည့်ရသလောက်တော့ အဲ့ကောင်လည်း အရင်က လေ့ကျင့်ဖူးတဲ့ ပုံပဲ….”
“ အဲ့ကောင်က တိုက်ဆိုင်ပြီး ချက်ကောင်းကို သွားရိုက်မိလို့ပါကွာ… မဟုတ်ရင် ဒီလိုမျိုး ဖြစ်သွားမှာ မဟုတ်ဘူး…”
ချိန်တုန်းကျယ်၏ ရှင်းပြချက်ကို ကြားတော့မှပဲ ကျန်သူများလည်း ဘာဖြစ်နေလဲဆိုတာကို နားလည်သွားကြတော့လေသည်။
ဒီကောင်ရဲ့ ကံလေးက မဆိုးရှာဘူးပဲ… တကယ့် နေရာကိုမှ သွားရိုက်မိရတယ်လို့…
“ ဒီတစ်ခေါက်တော့ ငါလာမယ်…”
ဤတစ်ကြိမ်တွင်တော့ ဆံပင်အရှည်ကိုမှ အာဖရိကန်စတိုင် ဆံမြီးကျစ်ထားသည့် အမျိုးသားမှ ရှေ့တက်လာခဲ့၏။
နှစ်ဦးကြား ခြားနားမှုကို ပြောပါဆိုလျှင်တော့ အလင်းနှင့် အမှောင်လိုပင်။ နေ့၏ အလင်းရောင်ကို မြင်တွေ့ပြီးနောက် ညရောက်သွားသည်နှင့် ဆင်တူလေသည်။
“ ထပ်ပြီးတော့လား..”
“ ဘာလဲ … မင်း ကြောက်နေပြီလား…” ကိုဆံရှည်မှ မေးလိုက်ပြီး “ မင်းကိုယ်မင်း ခုနက နိုင်သွားတာ ကံကောင်းသွားမှန်း သိတယ်ပေါ့… ခု ငါ တိုက်မယ်ဆိုတော့ လက်မခံရဲတော့ဘူးတဲ့လား…”
“ တော်စမ်း… မင်း စောက်ပိုတွေ မပြောနဲ့… အဆင်သင့်ဖြစ်ရင် တက်လာခဲ့….”
“ လာနေပြီ….”
ဆံရှည်နှင့် လူ လှုပ်ရှားလာသည်ကို မြင်တော့ လင်းရီ စိတ်ထဲ ထိုလူ၏ လှုပ်ရှားမှုမှာ မဆိုးဟု မှတ်ချက်ပြုပေးလိုက်သည်။
အနည်းဆုံးတော့ စောနက ခေါင်းတုံးနှင့်လူထက်တော့ ပညာသား ပါလေသည်။
သို့သော်လည်း လင်းရီအတွက်တော့ ထပ်တူညီစွာပင်။ ရှောင်တိမ်းပြီးနောက် လက်ဝါးဖြင့် အသာအယာ အမှောက်သိပ်ပေးလိုက်သည်။
မသိပါက ဇာတ်တိုက် ထားသလားတောင် အောက်မေ့ရ၏။
လင်းရီမှ တူညီသည့် အကွက်ဖြင့် ဒုတိယ စိန်ခေါ်သူကို အမှောက်သိပ်လိုက်သည် မြင်တော့ ကြည့်ရှုနေကြသူအားလုံး လေအေးကြီးများ ရှိုက်သွင်းမိလိုက်ကြသည်။
ပထမ တစ်ယောက်တုန်းက ကံကောင်းသွားတာ ဆိုတော့ ဒုတိယ တစ်ခေါက်က ဘာလဲ… တိုက်ဆိုင်သွားတာများလား….
မြေပြင်ပေါ် မှောက်နေသည့် လူနှစ်ယောက်ကို ကြည့်ရင်း ရန်စီမှ ခေါင်းတရမ်းရမ်း ပြုလိုက်၏။
ဒီလူတွေက ဘာလို့ သူတို့ကိုယ်သူတို့ အရှက်ကွဲခံချင်နေရတာလဲတဲ့…
“ အခု လူတိုင်းလည်း ဖိတ်ကြားခံရသူတွေရဲ့ အရည်အချင်းကို မြင်ကြပြီးပြီလို့ ထင်ပါတယ်… တကယ်လို့ နင်တို့မှာ အရည်အချင်း မရှိဘူးဆိုရင် မလာနဲ့… မဟုတ်ရင် သူတို့လိုပဲ အရှက်ကွဲရလိမ့်မယ်…”
ကျန်းရွှီ လင်းရီ၏ ခွန်အားအကြောင်း ကောင်းမွန်စွာ သိလေသည်။
ယခုလို အမှိုက်များနှင့် ဤလူကို လက်စားချေ၍ မရကြောင်း ကျန်းရွှီ အတပ်သိ၏။
“ သွားစို့… ဒီမှာ နေတာ အချိန်ပုပ်တယ်….” လင်းရီ စိတ်မရှည်စွာ ပြောဆိုလိုက်သည်။
ရန်စီလည်း ခေါင်းညိမ့်၍ လင်းရီနှင့်အတူ ထွက်ခွာရန် ဟန်ပြင်လေသည်။
“ နေဦး… ဒီတစ်ခေါက် ငါအလှည့်ပဲ..” လီရှန်း ပြောလိုက်၏။
“ ငိုးပဲ… မင်းတို့ကောင်တွေ ဒီတစ်သက်ပြီးကြဦးမှာလားကွ…” လင်းရီ စိတ်မရှည်စွာ ပြောလိုက်ပြီး “ မင်းတို့ကောင်တွေနဲ့ တစ်ယောက်ချင်းစီ တိုက်ခိုက်ပေးနေရရင် ငါက ဘယ်အချိန် နာမည် သွားပေးရတော့မှာ….”
“ ဟမ့်... ဒီတိုင်း အမှိုက် နှစ်ကောင်ကို အမှောက်သိပ်နိုင်ရုံလောက်နဲ့ စကားကြီး စကားကျယ်တွေလာပြောနေတယ်..” လီရှန်း ပြောလိုက်ပြီး “ ငါ ပြောပြမယ်… ငါက အဲ့ဒီကောင်တွေနဲ့ မတူဘူး… မင်းရဲ့ အကွက်က ငါ့အပေါ်မှာ အသုံးမဝင်ဘူး… တကယ်လို့ မင်းက ကြောက်နေတယ်ဆိုရင်လည်း မင်းရဲ့ ဖိတ်ကြားချက်ကို လက်လျော့ပြီးနဲ့ လူတိုင်းနဲ့တန်းတူ ယှဉ်ပြိုင်…”
“ စိတ်ရှုပ်ဖို့ ကောင်းချက်ပဲ… လာ လာ လာ… မြန်မြန် လာပြီး မြန်မြန်လစ်လိုက်တော့ .. ငါ့အချိန်တွေ လာဖြုန်းမနေနဲ့…”
“ ကျေးဇူးပြုပြီး သင်ပြပေးပါဦး…”
လီရှန်း တုံ့ဆိုင်းမနေပေ။ သူ့အမြင်တွင်တော့ သူ၏ ခွန်အားနှင့်ဆိုပါက မပြင်မဆင်ဘဲနှင့် တာထွက်လျှင်တောင် လင်းရီကို အေးဆေး ကိုင်တွယ်နိုင်သည်ဟု ယုံကြည်သည်။
လီရှန်း သူ့ထံ ပြေးလာနေသည်ကို မြင်တော့ လင်းရီ ဆတ်ကနဲ ခြေထောက်မြောက်၍ ဝမ်းဗိုက်ကို ပိတ်ကန်ပစ်လိုက်၏။
“ မြေနိုးတွေ နေ့တိုင်း သင်ပြပေးပါဦးနဲ့… မင်း အဘေးကိုပဲ သင်ပြခိုင်းလိုက်တော့..”