← Chapters

အသုဘ ဖိတ်ကြားခြင်း

Vol. 56 Ch. 838

အသုဘ ဖိတ်ကြားခြင်း

Vol. 56 Ch. 838

“ နင့်ပုံစံ ကြည့်ရသလောက်တော့ ပြဿနာ ရှိမယ့်ပုံ မပေါ်ပါဘူး… ဟုတ်တယ်မလား…” ရန်စီ အကဲစမ်းသည့် သဘောဖြင့် မေးမြန်းကြည့်လိုက်သည်။

လင်းရီက အမျိုးသားတိုင်း အိပ်မက်မက်နိုင်ရုံမျှသာ ရှိသည့် အရာမှန်သမျှကို ပိုင်ဆိုင်ထားသူဖြစ်ပြီး မည်သည့်ဘက်ကမျှလည်း ချို့တဲ့မနေချေ။

ယခု အစီအစဉ်၌ ပါဝင်နေသည်ကလည်း စိတ်ဆန္ဒအလျောက်သာ ဖြစ်သောကြောင့် အချိန်မရွေး စကားကို ပြန်ရုတ်သိမ်းနိုင်သည်။

ထို့ကြောင့် သူမ ဂရုတစိုက်နှင့် အကဲစမ်း၍ မေးမြန်းလိုက်ခြင်းဖြစ်၏။

“ ပြေပါတယ်… ဘာပြဿနာမှ မရှိဘူး…”

လင်းရီ မှင်တစ်ချက်ခြစ်၍ သူ၏ နာမည်ကို လက်မှတ်ရေးထိုးလိုက်ပြီး “ တခြား ဘာမှ မရှိတော့ဘူးလား…”

“ အွန်း… အချိန်တစ်ခုလောက်အထိတော့ ဘာမှ မရှိသေးဘူး…” ရန်စီ ပြောလိုက်ပြီး “ ကျန်တာကတော့ ငါတို့ဘက်ခြမ်းကပဲ.. တကယ်လို့ တစ်ခုခု ရှိခဲ့ရင်လည်း နင့်ကို အသိပေးလိုက်မယ်လေ….”

“ ဒါဆိုလည်း ဒီလောက်ပဲပေါ့…”

“ အိုကေ… ငါ တခြား လုပ်စရာလေးတွေ ရှိလို့ နင့်ကို အဖော်မပြုပေးတော့ဘူးနော်…” ရန်စီမှ ပြောလိုက်ပြီး “ တကယ်လို့ နင် ပထမရခဲ့ရင် ငါနင်နဲ့အတူ သောက်ပေးမယ်…”

လင်းရီ ရန်စီကို ပြုံးကြည့်လိုက်သည်။

‘သောက်မယ်’ ဆိုသည့် စကားနှစ်လုံးက သူတို့ နှစ်ယောက်ကြား စကားဝှက်သဘောမျိုးတောင် ဖြစ်လို့နေချေပြီ။

နှစ်ယောက်လုံးက ဘာကိုဆိုလိုချင်လဲဆိုတာကို နားလည်ကြ၏။

“ တကယ်လို့ ပထမ မရခဲ့ဘူးဆိုရင်ကော…”

ရန်စီ သူမဆံပင်ကို နောက်သို့ သပ်လိုက်ပြီး ကလူမြူဆွယ်သည့် လေသံဖြင့် “ အဲ့လိုဆိုရင်တောင် အတူသောက်ပေးမယ်လေ…နှစ်သိမ့်ပေးတဲ့ အနေနဲ့ပေါ့… ခစ်ခစ်…”

“ ရင့်ကျက်တဲ့ အမျိုးသမီးတွေက ဘာလို့ ဆွဲဆောင်မှုရှိလဲဆိုတာ နားလည်သွားပြီ… အကြည့်တစ်ချက်နဲ့တင် မျက်လုံးချင်း စကားပြောပြီးသားပဲ… ဘာမှ ကွေ့ဝိုက်နေစရာလည်း မလိုဘူး…”

“ ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့..” ရန်စီ လင်းရီကို မျက်လုံးလှိမ့်ပြလိုက်ပြီး “ ဒါပဲ… ငါလုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်… နင် တစ်ယောက်တည်း နေရစ်ခဲ့တော့… တစ်ခုခု လိုအပ်ရင် ငါ့ကို ခေါ်လိုက်… ဟုတ်ပြီလား…”

“ အိုကေ…”

လင်းရီနှင့် ရန်စီတို့ အလုပ်ကိစ္စ ဆွေးနွေးပြီးနောက် အခန်းထဲရှိ ကျန်သူများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။

လင်းရီ တီဗွီဌာနထဲမှ ထွက်လာတော့ အပြင်ဘက်၌ လူတန်း အရှည်ကြီး ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူ့ကို ကြည့်သည့် မျက်ဝန်းများက အကြောက်တရားတို့ဖြင့် ပြည့်နှက်နေသည်။

ဒီလူက လူသာ ပိန်သလိုရှိတာ ခွန်အားကတော့ လုံးဝမသေးဘူး…

ထိုသို့ လင်းရီ စိန်ခေါ်သူများကို ဆော်ပလော် တီးပစ်လိုက်ပြီးနောက် နာမည်စာရင်း လာပေးကြသူတိုင်း အရာတစ်ခုကို အားလုံးသဘောတူသွားကြသည်။

ယခု အစီအစဉ်၌ အတွင်းဖိတ်ကြားခြင်း ခံရသူတိုင်းက တစ်မူထူးခြားစွာ သန်မာသူများပင်။

သို့သော်လည်း လင်းရီကတော့ ၎င်းတို့ကို အရေးစိုက်မနေချေ။ သူ့ကားထဲဝင်၍ ချောင်ရန်အုပ်စုသို့ သွားရန် ဟန်ပြင်လိုက်၏။

“ အချောလေး အချောလေး… ခဏလေးစောင့်ဦး…”

လင်းရီ ကားတံခါးဖွင့်၍ အထဲဝင်တော့မည့် ဆဲဆဲတွင် နောက်မှ အော်ဟစ်သံ တစ်သံကို ကြားလိုက်ရပြီး ချက်ချင်းလှည့်ကြည့်လိုက်၏။

ထိုအခါ သိုးမွေးထည် အဖြူရောင်နှင့် မိန်းကလေးမှာ သူ့ထံသို့ သုတ်ခြေတင် ပြေးလာနေပြီး ဆံပင်တိုတိုနှင့် မိန်းကလေးမှာလည်း ထိုမိန်းကလေးနောက်မှ ပြေးလိုက်လို့ လာနေသည်။

“ ငါ့ကို ပြောနေတာလား….”

“ ဒါပေါ့… နင်ကလွဲပြီး ဒီမှာ ဘယ်သူက အဲ့လိုမျိုး ခေါ်ဖို့ ထိုက်တန်တယ်ထင်လဲ….”

“ မိန်းကလေး…. မင်းက ရိုးသားတဲ့သူဆိုတာ ငါပြောနိုင်တယ်.. အနာဂတ်ကျရင် ကြီးပွားဦးမှာ…” လင်းရီ ဘဝင်ခိုက်စွာ ပြုံးလိုက်ပြီး “ ဒါနဲ့ ဘာလုပ်ဖို့ ငါ့ကို ရှာနေတာ….”

“ နင်လည်း ဒီရှိုးကို အဖိတ်ခံရတဲ့သူမလား…”

လင်းရီ ပိန်ပိန်သွယ်သွယ် မြင်းမြီးပုံစံနှင့် မိန်းကလေးကို တစ်ချက်ကြည့်ရင်း “ မင်းလည်း ဖိတ်ကြားခံထားရတယ်လို့တော့ ငါ့ကို လာမပြောနဲ့..”

ကိုဗလကြီးများပင် ရလဒ်ကောင်းရဖို့ မသေချာလေရာ သူမကဲ့သို့ ခွန်အားနည်းသည့် ကြက်ပေါက်ကလေးကတော့ မည်မျှပင် ကျွမ်းကျင်နေစေကာမူ နောက်ဆုံး စကာတင် အဆင့်သို့ ဝင်ရောက်ရန် အင်မတန် ခက်ခဲပေလိမ့်မည်။

‘ ဒီမိန်းကလေးက နောက်တံခါးသုံးပြီး ဝင်ပြိုင်နေတာလို့တော့ ငါ့ကို လာမပြောနဲ့…'

“ ငါ မဟုတ်ဘူး… ဖိတ်ကြားခံရတာက ငါ့ရဲ့ အစ်မ….”

မြင်းမြီးပုံစံ ဆံပင်နှင့် မိန်းကလေးမှ ဘေးသို့ ရွေ့လိုက်ပြီး လင်းရီလည်း သူမနောက်ရှိ ဆံပင်အတိုနှင့် မိန်းကလေးကို သေချာလေး အကဲခတ်ကြည့်လိုက်၏။

ဟမ်…

သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်က မဆိုးသလို မျက်နှာလေးကလည်း မဆိုးဘူး… ဒါပေမယ့် ဆံပင်ပုံစံကတော့ သိပ်ပြီး မိုက်မနေဘူး.. နည်းနည်းလေး မိန်းမသား မဆန်သလိုပဲ..

မိန်းကလေးမှာ လှသော်လည်း လင်းရီ အကြိုက်တော့ ဟုတ်မနေချေ။

လင်းရီ မည်သို့ကို တွေးတောနေလဲ ဆိုတာကို

ဂျန်းနီ မသိ။ သူမ ရှေ့သို့ ခြေတစ်လှမ်လှမ်းရင်း လင်းရီထံ လက်ဆန့်တန်းလိုက်ကာ “ ဟယ်လို.. ကျွန်မနာမည် ဂျန်းနီပါ… ကျွန်မလည်း ဒီရဲ့ ရှိုးပွဲမှာ ဝင်ပြိုင်မှာ .. ကျွန်မနဲ့အတူ ပူးပေါင်းဖို့ စိတ်ဝင်စားလား မသိဘူး..”

“ စိတ်မဝင်စားဘူး…”

ယတိပြတ် ငြင်းဆန်လိုက်ပြီးနောက် လင်းရီ ကားတံခါးဖွင့်၍ လျစ်လျူရှုကာ မောင်းထွက်လာခဲ့လိုက်သည်။

“ အာ…. “

ဂျန်းနီ အနည်းငယ် ရှက်ရွံ့သွားခဲ့၏။

သူမ ဒီလိုပဲ အငြင်းခံလိုက်ရတယ်လား…

“ အရမ်းလန်းတာပဲ….”

လီကျားလော့၏ မျက်ဝန်းလေးများက ထွက်ခွာသွားသည့် လင်းရီကို ကြည့်ရင်း ကြယ်တာယာများနည်းတူ တလက်လက် တောက်ပနေသည်။

“ နင့်အစ်မက အငြင်းခံလိုက်ရပါတယ်ဆိုနေ… နင်က အဲ့တာကို လန်းတယ် လုပ်နေသေးတယ်ပေါ့..” နောက်မှ လိုက်ပါလာသည့် ဆံပင်အတိုနှင့် အမျိုးသားမှ ပြောလိုက်၏။

“ သူအဲ့လို ငြင်းလိုက်လို့ပဲ လန်းတယ်လို့ ထင်တာလေ… ရန်ကျင်းက ကောင်လေးတွေ အများကြီးပဲ အစ်မကို ပိုးပန်းကြတယ်…ဒါပေမယ့် ဒီလိုမျိုး အငြင်းခံလိုက်ရတာတော့ ပထမဆုံး အကြိမ်ပဲ.. သေချာပြီ… သူက သူဖြစ်ချင်တာ ဘာမဆို လုပ်နိုင်တဲ့ အချောလေးပဲ ဖြစ်ရမယ်…”

“ တော်လောက်ပြီ… တစ်ခြား အကြောင်း ပြောကြမယ်…” လီဂျန်းနီမှ အေးစက်စွာ ပြောလိုက်ပြီး “ ငါ့ဘက်ကလည်း ပူးပေါင်းဖို့ လိုနေတာမှ မဟုတ်တာ… တကယ်လို့ ပူးပေါင်းနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့… မပူးပေါင်းရတော့လည်း ဘာမှဖြစ်မသွားဘူး…”

“ ကဲပါ… ဂျန်းနီ… စိတ်အေးအေးထား…ရှိုးပွဲစရင် ငါတို့ သူနဲ့ ထပ်တွေ့ကြဦးမှာပဲ.. အဲ့ဒီအခါကျ ငါမင်းကိုယ်စား လက်စားချေပေးမယ်…”

“ မလိုပါဘူး…”

ပြောပြီးနောက် သုံးယောက်မှာ မာစီးတီး G class ထဲသို့ ဝင်၍ တီဗွီဌာနထဲမှ ထွက်ခွာသွားခဲ့ကြသည်။

တစ်ချိန်တည်းတွင် လင်းရီလည်း ချောင်ရန် အုပ်စုသို့ မောင်းနှင်၍ ကျီချင်းရန် ရုံးခန်းထဲ၌ ခဏနေကာ အိမ်သို့ အတူ ပြန်လာခဲ့ကြသည်။

“ မစ္စတာလင်း… ဒီမှာ ခင်များအတွက် ….. ပါဆယ်ရောက်နေတယ်….”

ကျိုကျုံးဗီလာကိုရောက်တော့ လုံခြုံရေး ခေါင်းဆောင်မှ စာအိတ် အညိုရောင်ကို လင်းရီထံ ကမ်းပေးရင်း ပြောလိုက်၏။

“ ကျွန်တော့်အတွက်လား…”

“ သေချာပေါက် ခင်များဟာပဲ.. မဟုတ်ရင် သူတို့ ကျိုကျုံးဗီလာကို ပို့လာခဲ့မှာ မဟုတ်ဘူး…”

“ အိုကေ… ကျေးဇူးပါ…”

“ မစ္စတာလင်းက ယဉ်ကျေးလွန်းနေပါပြီ.. ဒါက ကျုပ်တို့ လုပ်သင့်တဲ့ အလုပ်ပါ…”

လင်းရီ အိမ်သို့ မောင်းလာခဲ့လိုက်ပြီး အိတ်ကို ဖောက်လိုက်၏။

သိချင်စိတ် ပြင်းပြစွာဖြင့် ကျီချင်းရန်လည်း အနားသို့ ရောက်လာပြီး စူးစမ်းကြည့်လိုက်တော့ အသုဘ ဖိတ်စာ ဖြစ်နေကြောင်း သိလိုက်ရလေသည်။

လင်းရီလည်း နည်းတူ အံ့အားသင့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် အသုဘက ဂိုအီချီ မစ်ဆူအတွက် ဖြစ်နေသောကြောင့်ပင်။

လင်းရီ မနေနိုင်ပဲ ရယ်မောမိလိုက်၏။

အာယာနဲ မစ်ဆူက သူထင်ထားတာထက်ကို ပိုပြီးတော့ မဆင်မခြင် နိုင်နေပါရောလား…

တကယ်ကြီး ဂိုအီချီ မစ်ဆူကို ရှင်းပစ်လိုက်တယ်ပေါ့..

အထင်ကြီးလောက်စရာပဲ….

“ ဂိုအီချီ မစ်ဆူဆိုတော့ ဂျပန်က ဖြစ်မယ်… နင်တို့အချင်းချင်း ရင်းနှီးကြတယ်လား…”

“ ဒီတိုင်းပါပဲ… ရင်းနှီးတယ်ရယ်လည်း ဘယ်ဟုတ်မှာ…” လင်းရီ အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“ အရင်တစ်ခေါက် လင်းယွမ်အုပ်စုကို ဒေါ်လာ သန်းလေးဆယ် ရင်းနှီး မြုပ်နှံငွေပေးသွားတာ မစ်ဆူ အုပ်စုကမလား… ဒီလူ့နာမည်ကလည်း မစ်ဆူပဲဆိုတော့ မစ်ဆူ အုပ်စုကပဲ ဖြစ်လောက်တယ်…”

“ အင်း….”

“ ဒါဆို ငါတို့ ကူငွေ ဘယ်လောက်ထည့်ကြမှာ… တစ်သန်းလား… ငါးသန်းလား…”

“ လူကဖြင့် သေပြီးနေပြီကို အဲ့တာတွေ ဂရုစိုက်ပြီး ဘာလဲလုပ်မှာ… အဲ့ကောင် ငရဲမှာ ဝက်ခြေထောက်နှစ်ချောင်း ဝယ်စားဖို့ ပိုက်ဆံရှိရင်တောင် ပျော်ဖို့ လုံလောက်နေပြီ မဟုတ်လား..”

“ နင်... ဒီလူကတော့….. ဒီခုက အပြုအမူနဲ့ ဆိုင်တဲ့ ကိစ္စ..” ကျီချင်းရန်မှ ဒေါသမထွက်ပဲ စိတ်ဆိုးဟန်ဖြင့် စောဒကတက်လိုက်၏။

“ ဘယ်တတ်နိုင်မှာ… ဘယ်သူက ငါ့ကို လက်တွေ့ဝါဒီသမား ဖြစ်ခိုင်းလို့…”

“ ဒါဆိုလည်း ငါ ဝင်မပါတော့ဘူး… ဒီကိစ္စ … နင်ပဲ ဆုံးဖြတ်… ဒါပေမယ့် မရိုင်းပြရင်တော့ အကောင်းဆုံးပေါ့…”

ပြောပြီးနောက် ကျီချင်းရန် ဆံပင်ကို အနောက်၌ စုချည်လိုက်ရင်း “ ငါ သွားချက်တော့မယ်… နင်ဒီည ဘာစားချင်လဲ…”

“ ကြိုက်တာချက်.. ချင်းရန် ချက်မယ်ဆို ကိုယ်က အကုန်ကြိုက်ပြီးသား…”

“ ခစ်ခစ်… အချိုတွေ အရမ်းကျွေးတတ်နေတယ်ပေါ့..” ကျီချင်းရန်မှ တခစ်ခစ် ရယ်မောလိုက်ရင်း “ နင့်ဘက်က ဘာမဆိုဖြစ်တယ်ဆိုတော့ငါလည်း ငါ ချက်ချင်တာ ချက်တော့မယ်… နောက်မှ ပေါ့တယ် ငံတယ် လာမပြောနဲ့နော်…”

“ မပြောပါဘူးဗျာ… ကဲ သွားတော့ သွား…”

ကျီချင်းရန် မီးဖိုချောင်ထဲ ဝင်သွားခဲ့ပြီး လင်းရီကတော့အသုဘ ဖိတ်စာကို ကိုင်လျက် အတွေးနက်နေသည်။

သူ အစက တွေးထင်ထားသည်မှာ ယခုကိစ္စက နိဂိုးချုပ်သွားပြီ ဟူ၍ပင်။

သို့သော်လည်း လက်တွေ့ဘဝက သူထင်ထားသည့်အတိုင်း ဖြစ်မလာချေ။ သူ ခန့်မှန်းထားသည်နှင့် အနည်းငယ် လွဲချော်နေခဲ့၏။

ပွင့်လင်းစွာ ပြောဆိုရမည်ဆိုပါက ယခု အာယာနဲ မစ်ဆူ ပြုလုပ်နေသည်မှာ သူမ၏ သဘောထားအမှန်ကို ပြသရန်ပင်။ သူမဘက်က လင်းရီနှင့် အတိုက်အခံ ရှိခဲ့ဖူးသူကို ချေမှုန်းပစ်လိုက်သော်လည်း အဓိက အချက်ကတော့ ၎င်းတို့မိသားစု၏ စိတ်ရင်းအမှန်ကို ဖော်ပြရန်ပင်။

တစ်နည်းဆိုရသော် သူ့အပေါ်၌ ဇွဲမလျော့သေးကြောင်း သိသာလေသည်။

ယခု သူ့ဘက်က ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သောကြောင့် သူမ၏ နောက်ထပ်ရွေ့ကွက်က ဂိုအီချီထက်ပင် ပို၍ ပြောင်မြောက်နေမှာဖြစ်ပြီး သူ့အပေါ်လည်း ကြီးကြီးမားမား အကျိုးသက်ရောက်နိုင်သည်။

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် နားထင်ကို ပွတ်လိုက်မိသည်။

ငိုးပဲ… တော်တော်လေး ခေါင်းကိုက်ချင်စရာတော့ ကောင်းနေပြီ….

All Chapters