အခွင့် အလမ်းများ။
Vol. 72 Ch. 995
“ ဘာလဲ ... ၊ မင်းက မယုံ ဖူးလား။ ”
လင်းယွန် မျက်နှာရှိ ထိတ်လန့် တုန်လှုပ် နေသော အသွင်ကို ကြည့်ပြီး ဂျင်လင်းက ပြုံး လိုက်ကာ၊
“ မယုံရင် ထပ်စမ်း ကြည့်လို့ ရတယ်။ ”
-ဟု ဆိုလာ လေသည်။
“ မဟုတ်ဘူး ... ၊ ယုံတယ် ... ၊ ယုံပါတယ် ... ။ ”
ထိုစဉ်က ကြောက်ရွံ့ မှုမျိုး၊ ထပ်မံ၍ မကြုံချင် တော့ချေ။ ဂျင်လင်းမှာ ဂျူနီယာနှင့် ဖက်ပြိုင်၊ အတေး အမှတ် ထားတက်သူ တစ်ဦး မဟုတ် သည်မှာ၊ သူ ကံကောင်း သည်။
“ အနည်း ဆုံးတော့ ... ၊ မင်းက ပါးနပ် ပါတယ်၊ ငါမှာ မင်းကို နှိပ်စက်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ ”
ဂျင်းလင်းမှာ သက်ရှိ ထင်ရှား ရှိစဉ် ကဲ့သို့၊ မာနကြီး နေဆဲဖြစ် သောကြောင့်၊ လင်းယွန်က ပြုံးလိုက် မိသည်။
“ ဒီနဂါး ထွက်သက်ကို၊ ရှေးဦးခေတ် တုန်းက၊ ကြယ်ဖျက် ထွက်သက်လို့၊ ခေါ်ကြ တယ်၊ မြင့်မားတဲ့ အဆင့် ရောက်ရင်၊ ... ”
“ ... ကြယ်တစ်စင်း ကိုတောင်၊ ချေမွ နိုင်တယ်၊ ဒါပေမယ့် မိုးကြိုး မုန်တိုင်း စွမ်းအင်နဲ့၊ နဂါး ရောင်ဝါကို ဆုပ်ကိုင် ထားဖို့ လိုတယ်၊ ... ”
လင်းယွန်က ခေါင်းညိတ်လျက် ဂျင်လင်း စကား များကို လေးလေး နက်နက် နားထောင် နေမိသည်။ အနည်းငယ် မျှပင်၊ လွတ်မသွား လိုချေ။
“ အရင်ဆုံး ... ၊ လျှပ်စီး စွမ်းအင်ကို ဖြန့်ထုတ်ပါ၊ ပြီးရင် မုန်တိုင်း ဖြစ်လာအောင် လေကို ထည့်၊ အဲ့ဒီ မုန်တိုင်း ထဲမှာ မမြင် နိုင်တဲ့၊ စွမ်းရည် ငါးမျိုး ရှိရမယ်၊ ... ”
“ ... မဟုတ်ရင် ဘယ်သူ မဆို မင်းရဲ့ တိုက်ခိုက်မှုကို ဖြိုချ နိုင်တယ်၊ သေသေ ချာချာ ကြည့်၊ ငါ တစ်ကြိမ်ပဲ လုပ်ပြမယ်။ ”
ဂျင်လင်း နောက်တွင် နဂါး ဦးခေါင်းကြီး ပေါ်လာသည်။ သရုပ် ပြခြင်း ဖြစ်သည့် အတွက်၊ သူ၏ လှုပ်ရှားမှု များမှာ၊ နှေးကွေးလှ လေသည်။
လှုပ်ရှား မှု အတွင်း လျှို့ဝှက်ချက် များကို မြင်စေလို သောကြောင့် ဖြစ်သည်။ ပထမ ဦးစွာ လေဟာနယ် ကန့်သတ်ရန်၊ နဂါး ရောင်ဝါကို ထုတ်ဖော် လိုက်၏။
ထို့နောက် လျှပ်စီး စွမ်းအင်အား လေထု အတွင်း ဖြန့်ထုတ်ကာ၊ လေဖိ အားနည်း ရပ်ဝန်း တစ်ခု ဖန်တီးရန်၊ လေအား ဆင့်ခေါ် လိုက်သည်။
“ ဒါကြောင့် ငါက ဆွဲစုပ်တာ ခံလိုက် ရတာကိုး။ ”
စုပ်ယူမှု စွမ်းအား ဖြစ်ပေါ် လာရသည့်၊ အကြောင်း အရင်းကို၊ လင်းယွန် တစ်ယောက် နားလည် လိုက်၏။
“ ဘယ်လိုလဲ ... ၊ ရလား။ ”
လှုပ်ရှားမှု များကို ရပ်လိုက်ပြီး၊ ဂျင်လင်းမှ ပြုံးကာ မေးလာသည်။
“ နည်းနည်းတော့ ထင်တာပဲ။ ”
၎င်းမှာ သူ ယူဆ ထား သကဲ့သို့၊ ခက်ခဲပုံ မရချေ။
“ ဒါဆို ... လာ စမ်းကြည့် ပါဦး၊ နဂါးဓား ရောင်ဝါကို နားလည် ထားပြီး၊ နဂါး ဘုရင် အရိုး ရှိတဲ့ အတွက်၊ နေ့ဝက် လောက်ဆို မင်း ကျွမ်းကျင် လာမှာပါ။ ”
ဂျင်လင်းက အချက် အလက် အချို့ကို၊ လင်းယွန် စိတ်ထဲ တိုက်ရိုက် ပစ်ထည့် ပေးပြီး၊ ပြောလိုက်သည်။ အချက် အလက်ကို ဖမ်းယူပြီး၊ မျက်လုံးများ မှိတ်လျက် ငြိမ်သက် သွား၏။
ဂျင်လင်း သရုပ်ပြ မှုကို၊ အချက် အလက် များနှင့် တိုက်စစ်ကာ၊ ပြန်လည် သုံးသပ် နေမိ သည်။ နာရီဝက် အကြာ၌၊ မျက်လုံးများ ဖွင့် လိုက်၏။
“ ... စတော့ မလား။ ”
လင်းယွန်မှာ စိတ်ဝင် စားစရာ ကောင်းနေမှန်း သူသိ သောကြောင့်၊ ဂျင်လင်း တစ်ယောက် အပြုံးဖြင့် မေးမိသည်။
“ အင်း … ။ ”
ထို့နောက် လင်းယွန်က မူလ စွမ်းအင်နှင့် နဂါး ရောင်ဝါကို ဖြန့်ကျက် လိုက်၏။ ယင်းက ဂျင်လင်းနှင့် မတူချေ။ သူ့ နဂါး ရောင်ဝါ၌ ဓား တစ်လက် ပါရှိ နေသည်။
နဂါးဓား ရောင်ဝါ၏ ဖိအား များက၊ ပတ်ဝန်းကျင်ကို ချက်ချင်း ကန့်သတ် ပစ် လိုက်သည်။
အရာ အားလုံး ချောမွေ့ နေသဖြင့်၊ ပြုံးလိုက်သည်။ သို့သော် ပျော်၍ မဆုံး မီတွင်၊ နဂါး အရိုး ထံမှ၊ စွမ်းအင်များ ပေးပို့ လာ၏။
ထို့နောက် နဂါး ဦးခေါင်းကြီး ထွက်ပေါ် လာ၏။ ၎င်းထွက်ပေါ် လာသည်နှင့်၊ နဂါး အရှိန် အဝါများ မြင့်တက် သွားပြီး၊ ခန္ဓာကိုယ် ဖောင်းကား လာတော့သည်။
“ ဒါ … ။ ”
နဂါး အရိုးမှာ သက်ရှိ ကဲ့သို့၊ စွမ်းအင်များ ထုတ်ပေး နေသဖြင့်၊ နဂါး ရောင်ဝါမှာ မယုံနိုင် စရာ၊ မြင့်တက် လာခြင်း ဖြစ်သည်။
ယင်းက ဂျင်လင်း တစ်ယောက် ဒုတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့၊ ဆင်းလိုက်စဉ် ကထက်၊ ပို၍ သိပ်သည်း ပေ၏။
“ ..... ။ ”
နဂါး ဟောက်သံ များ ပဲ့တင်ထပ် လာသောကြောင့်၊ နန်းတော် တစ်ခုလုံး ပြင်းစွာ လှုပ်ခါ လာသည်။
ယင်းကို ဂျင်လင်းက အံ့သြခြင်း မရှိဘဲ၊ “ဒါက အစပဲ ရှိသေးတယ် … ၊ ” -ဟု ပြုံးလျက် ဆို၏။
အရေပြား၌ နဂါး ရူရ် (၉)လုံး လင်းလက် လာချိန်တွင်၊ လက်အား ဆန့်ထုတ် လိုက်သည်။ ၎င်းတို့ အတွင်းရှိ စွမ်းအင် ပမာဏ ကြောင့်၊ လျှပ်စီး မလုံလောက် မည်ကို၊ စိုးရိမ် နေစရာ မလို တော့ချေ။
“ နဂါး ထွက်သက် ။ ”
အော်ငေါက်လျက် လက်ငါး ချောင်းအား ဖွင့်ကာ၊ လှမ်းကုပ် လိုက်သည်။ သူ့ရှေ့ရှိ လေထု တွင်၊ ခရမ်း ရွှေရောင် အလင်းများ ပျံ့နှံ့ သွား၏။
ဤသည်မှာ ‘နဂါး ဖျက်ဆီးခြင်း လက်ဝါး’ နှင့်၊ ဆင်တူ သော်လည်း၊ သူတို့ နှစ်ခု ကြားတွင် ကွာဟချက် တစ်ခု ရှိသည်။
“ ဒီနဂါး ထွက်သက်ကို၊ ဘယ်သူ ဖန်တီး ခဲ့တာလဲ ဆိုတာ သိချင်သား၊ ဒါက လေ့ကျင့်ဖို့ သိပ်လည်း ခက်ခဲပုံ မရ ပါဘူး။ ”
“ ငါ ... ။ ”
ဂျင်လင်းမှ ‘ရှုသိုးသိုး’နှင့် တုန့်ပြန် လာသည်။ ထိုအဖြေကြောင့် လင်းယွန် ခမျာ နှာခေါင်းအား လက်ညိုးဖြင့် ပွတ်ပြီး၊
“ တကယ်ပဲ၊ ဒီ လက်ဝါးရဲ့ ပေါက်ကွဲ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်း ပါတယ်၊ တကယ် လို့သာ စီနီယာက ထိန်းထိန်း သိမ်းသိမ်း အလုပ်ခဲ့ ဖူးဆိုရင်၊ ငါ သေတာ ကြာပြီ။ ”
-ဟု စကား လမ်းကြောင်း၊ ပြောင်းလဲ လိုက်ရသည်။
“ ဒီလို အစွမ်းထက် ရတဲ့၊ အကြောင်း ရင်းက မင်းရဲ့ နဂါး အရိုး ကြောင့်ပဲ။ ”
ဂျင်လင်းက အေးစက်စွာ ပြောသည်။ သို့သော် စိတ်ထဲ မှာမူ၊ တုန်လှုပ် နေခဲ့၏။ သူ သည်ပင် လင်းယွန် နေရာ၌ ဆိုပါက၊ နေ့ဝက် ခန့် အချိန်ပေး ရပေမည်။
ဤလူငယ်မှာ သူ အသုံးပြု ခဲ့သော စွမ်းအားမျိုး ရရှိရန်၊ မိနစ် ပိုင်းမျှသာ လိုအပ် ခဲ့၏။
“ စစ်မှန်တဲ့ နဂါး အရိုး။ ”
ခန္ဓာကိုယ် အတွင်းရှိ ကြောက်စရာ ကောင်းသော အစွမ်းကို တွေးမိ ပြီးနောက်၊ လင်းယွန် ခမျာ ထိတ်လန့် ခြင်းငှာ၊ ကုန်ဖွယ် မရှိ ခဲ့ချေ။
“ နဂါး အရိုးက၊ နဂါး ဧကရာဇ်ရဲ့ အရိုးမို့၊ သန့်စင်တဲ့ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်တွေ ပါတယ်၊ ဒါက အနာဂတ်မှာ တာအိုရူရ် ဖြစ်လာ မနိုင် ဖူးလို့၊ ဘယ်သူက ငြင်းရဲ မှာလဲ … ။ ”
ဂျင်လင်းက ဂုဏ်ယူ စွာဖြင့် စကား ရပ်ပြီး၊ လင်းယွန်ကို ပြန်ကြည့်ကာ၊
“ ဒါပေမယ့် ... မင်းရဲ့ ကျင့်ကြံ မှုက၊ အားနည်း နေသေးတဲ့ အတွက်၊ သတိ ထားပါ၊ မင်း လက်ဖဝါးကို ကြည့်လိုက်။ ”
လင်းယွန်က သူ့ လက်ဖဝါးကို ဖြန့်ကြည့် လိုက်သော အခါတွင်၊ လောင်ကျွမ်းရာ များကို တွေ့လာ ရသည်။ ရုပ်ခန္ဓာမှ ၎င်းကို ကုသလို သော်လည်း၊ တစ်စုံ တစ်ခုက ကန့်သတ် ထားပေ၏။
“ နားလည် ပြီလား၊ အဲဒါ တွေက အရိုးကြောင့် ရရှိ လာတဲ့ ဒဏ်ရာ တွေပဲ၊ နတ် ရူရ်ရဲ့ စွမ်းအားက၊ ပြိုင်ဘက် အနာကို အကျက်အောင် တားဆီးပေး နိုင်တယ်၊ မင်းလည်း ချွင်းချက် မရှိဘဲ။ ”
-ဟု ဂျင်လင်းမှ ရှင်းပြ လာ၏။
“ ဒါဆို ... ၊ ငါ့ အတွက် အသုံး မဝင် တာနဲ့ အတူတူ ပါပဲ။ ”
လင်းယွန်က ကူကယ်ရာ မဲ့စွာ၊ ညည်းတွား လိုက်သည်။
“ မင်းက အခုမှ နားလည် စပဲ ရှိပါ သေးတယ်၊ ကျွမ်းကျင် ပြီးတဲ့ နောက်မှာ၊ ပို သိလာ ပါလိမ့်မယ်၊ ဒီအရိုးက သူတော်စင် နဂါး ပညာရပ်ကို လေ့ကျင့် ရမဲ့ သော့ချက်ပဲ၊ အရမ်းလည်း စိတ်ပျက် မနေ ပါနဲ့။ ”
“ နားလည် ပါပြီ … ။ ”
နောက်ဆုံးတွင် လင်းယွန် တစ်ယောက် စိတ်သက်သာရာ ရသွားပြီး ပြုံးကာ၊
“ စီနီယာ လောလောဆယ်၊ နဂါး ထွက်သက်က အဆင် မပြေ သေးဖူး ဆိုတော့၊ ဓားရေး တစ်ရပ်လောက် ရနိုင် မလား၊ ဒီဂျူနီ ယာက လောဘ မကြီး ပါဘူး၊ ဧကရာဇ် အဆင့် ကံကြမ္မာ ဓားရေး မျိုးနဲ့လည်း၊ ကျေနပ် နိုင်ပါတယ်။ ”
-ဟု တောင်းဆို လိုက်မိသည်။
“ ဟမ့် ... ၊ ဟား ဟား ဟား ... ။ ”
လောဘ ကြီးသော ဝံပုလွေငယ် တစ်ကောင်အား မြင်လိုက်ရ သကဲ့သို့၊ ဂျင်လင်း တစ်ယောက် ရယ်မော လိုက်မိပြီး၊
“ မင်းက ... ၊ ငါ့ ထက်တောင် အရည် ပိုထူ တာပဲ၊ ဧကရာဇ် အဆင့် ဓားရေး မျိုးကို နေရာ တိုင်းမှာ၊ တွေ့နိုင်မယ် ထင်လား၊ ဟမ့် ... ။ ”
“ စီနီယာမှာ တကယ် မရှိ ဖူးလား။ ”
“ မင်း အရူးလား ... ။ ”
အနည်းငယ် လွန်သွားမှန်း သိလိုက် သောကြောင့်၊ လင်းယွန် ခမျာ သူ့ နှာခေါင်းကို လက်ညှိုးဖြင့် ပွတ်လိုက် မိသည်။
“ ထပ် မမေးနဲ့ ... ။ ”
ဂျင်လင်းက လက်ပိုက်လျက် ငြင်းဆန် လိုက်သည်။ သူ ပေးချင် သော်လည်း နန်းတော် ၌၊ စည်းကမ်း ရှိလေသည်။
ဓားရေးကို လိုချင် ပါက၊ စမ်းသပ်မှုကို ဖြတ်သန်း ရမည် ဖြစ်၏။ ထို့အပြင် ယင်းမှာ၊ စည်းကမ်း ဖောက်ဖျက်ရာ ရောက်လေပြီ။
စိတ်ဓာတ်ကျ သွားသော လင်းယွန်ကို ကြည့်ကာ၊ ဧကရာဇ် အဆင့် ဓားရေး တစ်ရပ် အား၊ အရေး တကြီး လိုအပ် နေမှန်း သိသာ သဖြင့်၊ အတွေးနက် သွားသည်။
အချိန် အနည်းငယ် ကြာပြီးနောက် ပြုံးလိုက်ပြီး၊
“ မင်းက ... လက်သီးနဲ့ ဓား၊ ပေါင်းစပ် နိုင်တဲ့၊ အနှစ် သာရကို ဆုပ်ကိုင် ထားပုံ ရတယ်။ ”
-ဟု စကား ပြန်စ မိ၏။
“ ဟုတ်ကဲ့ ... ။ ”
“ မင်းရဲ့ လက်သီးကို၊ ဓား တစ်လက် အနေနဲ့ သုံးနိုင်တဲ့ အတွက်၊ နေနတ် ဘုရား လက်သီး မှာလည်း၊ ဒါကို စမ်းကြည့်ဖို့ ဘာလို့ မတွေးမိ တာလဲ။ ”
ဂျင်လင်းက ပြန်ဖြေ၏။ ထိုအကြံ ညာဏ်မှာ လင်းယွန် စိတ် ဝိညာဉ်အား ဗုံး တစ်လုံး ကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲ သွားစေသည်။
“ ဖြစ်နိုင်ပါ့ မလား။ ”
သို့သော် ချက်ချင်း မယုံ ရဲချေ။
“ သရုပ်ဖော် အဆင့်ကို၊ မရောက် ဘဲနဲ့၊ ဘယ်ရ မလဲ၊ ပြီးတော့ မင်းရဲ့ ဓားကို လက်သီး နဲ့တင် ရပ် မထား ပါနဲ့၊ အဆီ အနှစ်ကို ဆုပ်ကိုင် ထားပြီ ဖြစ်တဲ့ အတွက် ဆက်လုပ်ပါ။ ”
ဂျင်လင်းက ခေါင်းညိတ်ကာ ပြုံးပြသည်။
“ ကျေးဇူး တင်ပါတယ် စီနီယာ ။ ”
“ ငါ့ကို ကျေးဇူးတင် နေစရာ မလို ပါဘူး၊ မင်းက ငါ့ရဲ့ အမွေခံ ဖြစ်လို့၊ စိတ်မပျက် အောင် နေပါ ... ၊ ပြီးတော့ မင်း သေတာကို ငါ မမြင် ချင်ဘူး၊ ... ”
“ ... ငါကိုယ်တိုင် မကာကွယ် နိုင်တဲ့ အတွက်၊ မင်းကို ချပ်ဝတ် တစ်ထည် ပေးလိုက် မယ်၊ အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံမှုထက် သာလွန်တဲ့ လူ တစ်ယောက်က၊ ... ”
“ ... မင်းကို သတ်ဖို့ ကြိုးစား လာရင်၊ နဂါးသခင် ဆိုတဲ့ ငါ့ ကိုယ်စား၊ ဒါက သင်ခန်းစာ တစ်ခု သင်ပေး လိမ့်မယ်။ ”
ဂျင်လင်းမှ ပုံမှန် အတိုင်းဆို လိုက်ခြင်း ဖြစ်သော်လည်း၊ သူ့ အသံတွင် သတ်ဖြတ်လို စိတ်နှင့် လွှမ်းမိုး နိုင်စွမ်းများ ပါရှိ နေလေပြီ။
***