အခြေ အနေနှင့် အချိန် အခါ။
Vol. 72 Ch. 996
“ ဒါကို ကောင်းကင် ချပ်ဝတ်လို့ ခေါ်တယ်၊ ရှေးဦးခေတ် တုန်းက၊ တန်ခိုး ကြီးတဲ့ ကာကွယ် ရေး ရတနာ တစ်ခုပဲ၊ အသုံးပြု သူက သန်မာဖို့ မလိုဘူး၊ ... ”
“ ... သာမာန် လူ တစ်ယောက် ဖြစ်နေ ရင်တောင်၊ ကြောက်စရာ ကောင်းတဲ့ စွမ်းအား ထုတ်ဖော် နိုင်တယ်၊ ဒါပေမယ့် ... ”
“ ... ကပ်ဘေး ကြောင့် အချို့ နေရာတွေ ပျက်စီးသွား ရပြီ၊ ဘာပဲ ဖြစ်ဖြစ် မင်း အသက် အန္တရာယ် ကြုံရတဲ့ အခါ အသုံးဝင် ပါလိမ့်မယ်၊ လာ ... ငါ တံဆိပ်ခတ် ပေးလိုက်မယ်။ ”
လက်ဝှေ့ ယမ်းပြီး၊ အဖြူရောင် ချပ်ဝတ် တစ်ထည်အား၊ ဂျင်လင်းမှ ထုတ်ယူ လိုက်၏။ ချပ်ဝတ်မှာ ရိုးရှင်း လှပြီး အထင်ကြီးဖွယ် မရှိချေ။
ထို့ကြောင့် လင်းယွန် တစ်ယောက် မျက်မှောင် ကြုတ်ကာ၊ ရှေ့တစ်လှမ်း တိုးပြီး၊ ထိတွေ့ မိသည်။
“ ဖုန်း ... ။ ”
ထိတွေ့ မိသည့် အခိုက်၊ ထိတ်လန့်ဖွယ် စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ် လာကာ၊ ခန္ဓာ ကိုယ်ကို ကြေမွ စေလျက်၊ သွေးအန် လွင့်ထွက် သွားရသည်။
နှုတ်ခမ်းမှ သွေးကို သုတ်ပြီးနောက်၊ ကြောက်စိတ်ဖြင့် ပြန်ကြည့် မိ၏။ ရူရ် များက ချပ်ဝတ် မျက်နှာပြင် ပေါ်တွင်၊ ကြယ်ရောင်စုံ ကောင်းကင်ကြီး ကဲ့သို့၊ လင်းလက် နေသည်။
၎င်းရူရ်က သူ့အား ဒူးထောက် စေလိုပုံ ရသည်။ ချပ်ဝတ် တစ်ထည်မှ ထိုသို့သော ဆန္ဒ မျိုး၊ မည်သို့ ထုတ်လွှတ် နိုင်သည်ကို၊ နားမလည် နိုင်တော့ချေ။
“ မ ထိ နဲ့ ဦး ... ၊ သူက မင်း အပိုင် မဟုတ် သေးဘူး။ ”
ဂျင်လင်းက ပြုံးလျက် လက်ညှိုးညွှန် ပြလိုက်သည်။ ထို့နောက် ချပ်ဝတ်မှာ၊ လင်းယွန် ဆီသို့ ပျံလာပြီး၊ ခန္ဓာ ကိုယ်နှင့် ပေါင်းစပ် သွား၏။
“ တံဆိပ် ခတ် ... ။ ”
အော်ငေါက် သံနှင့် အတူ၊ ချပ်ဝတ်မှာ ခန္ဓာကိုယ် အတွင်း လုံးဝ ပျောက်ကွယ်သွား တော့သည်။
“ ဒီချပ်ဝတ်ရဲ့ မူလက သန့်စင်တယ်၊ ဒါကြောင့် ပေါ့ပေါ့ ဆဆ မသုံး ပါနဲ့၊ မင်းအသက် အန္တရာယ် ခြိမ်းခြောက်ခံ ရတဲ့ အခါ ... ”
“ ... ဒီတံဆိပ် ပွင့်လာပြီး၊ ပျက်စီး နေတဲ့ သက်ကျား အိုကြီး တွေရဲ့ အနိုင် ကျင့်မှု ကနေ၊ ကာကွယ် ပေးလိမ့်မယ်။ ”
ဂျင်လင်းမှ ရှင်းပြ လာသည်။
“ ကျေးဇူး တင်ပါတယ် စီနီယာ။ ”
နဂါး နန်းတော်၏ အမွေမှာ၊ သူ စိတ်ကူး ထားသည်ထက်၊ များစွာ ကျော်လွန် နေလေ သည်။
ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ သာလွန် ပညာရပ် မဆိုနှင့်၊ နဂါးရိုး တစ်ခုတည်း ကပင် သူ့အား ကျေနပ် စေ၏။
“ ငါ စောင့်နေ ရတာ ကြာပါပြီ၊ မင်းက အကောင်းဆုံး ဆက်ခံ သူပဲ၊ ဘာပဲ ဖြစ်ဖြစ် ငါက အကြာကြီး နေနိုင် တော့မှာ မဟုတ်ဘူး၊ ... ”
“ ... ဒါတွေကို ကောင်းကောင်း အသုံး ချပါ၊ အနာဂတ်မှာ ကပ်ဘေးကြီး ကျလာ ခဲ့ရင်၊ မင်း ရပ်တည် နိုင်လိမ့် မယ်လို့၊ ငါ မျှော်လင့် ပါတယ်၊ တကယ်တော့ နတ်နဂါး ခေတ်က၊ မငြိမ်သက် ပါဘူး။ ”
“ ဒီထက် ရှင်းပြလို့ ရမလား စီနီယာ။ ”
အထက်ပါ စကား များက လင်းယွန် နှလုံးသားအား၊ တိုး၍ ခုန်လာ စေသည်။ မမြင် ရသော အန္တရာယ်များ ဝိုင်းရံ နေ သကဲ့သို့၊ ခံစားရ စေ၏။
“ တစ်နေ့ မင်း သိရ ပါလိမ့်မယ်၊ အိုး ... မေ့တော့မို့၊ ချပ်ဝတ်ကို အသက် သွင်းဖို့ တံဆိပ် တစ်ခု ပေးပါ ရစေ၊ ... ”
“ ... ကန့်သတ်ချက် အချို့ကို ထပ်ထည့် ထားရတဲ့ အတွက်၊ မင်းနဲ့ နယ်ပယ် တူတဲ့ ပါရမီ ရှင်တွေ ကိုတော့၊ ဖိနှိမ် နိုင်တော့မှာ မဟုတ်ဘူး၊ ဒါက သက်ကျား အိုကြီးတွေ အတွက် ... ”
“ ... ရည်ရွယ် သလို၊ ခဏ ခဏ သုံးရင်လည်း၊ အကျိုး ရှိမှာ မဟုတ်ဘူး၊ မင်းကို ဒုက္ခပေး လိမ့်မယ်။ ”
ဆိုလို သည်မှာ၊ သေခြင်း တရား မဟုတ် သ၍၊ ၎င်းကို လုံးဝ အသုံး မပြု သင့်ချေ။ ထို့ပြင် တံဆိပ်ကို အသုံးပြု ပြီးနောက်၊ အချိန် အတော် ကြာအောင်၊ အားနည်းသော အခြေ အနေ၌၊ ရှိနေမည် ဖြစ်သည်။
ပြင်ပ အကူ အညီကို အားကိုး ခြင်းဖြင့်၊ ကြီးထွားမှု အပေါ်၊ အဟန့် အတား ဖြစ်မည်မှန်း သူသိသည်။ ထို့ကြောင့် ချပ်ဝတ်အား ဂျင်လင်း စိုးရိမ် နေသကဲ့သို့၊ အချိန်ပြည့် အားကိုး မိမည် မဟုတ်ချေ။
“ ကဲ ... ငါ မင်းကို ပေးစရာ ကုန်ပြီ၊ ကျန်သေးတာ ဆိုလို့ စကား လက်ဆောင်ပဲ ရှိ တော့တယ်၊ ရှင်းပါတယ် မနိုင်ရင် ပြေးပါ၊ ... ”
“ ... ပြေးရတာ ရှက်စရာ မဟုတ်ဘူး၊ အသက်ရှင် နေသရွေ့ အနာဂတ်မှာ လက်စား ချေဖို့၊ အခွင့် အရေး အမြဲတမ်း ရှိတယ်၊ အရေး အကြီး ဆုံးက ဘယ်အခြေ အနေ မှာပဲ၊ ဖြစ်ဖြစ် အသက်ရှင် နေဖို့ပဲ။ ”
ဂျင်လင်းက လင်းယွန်အား ပြန်ကြည့်ကာ၊ ပြုံးလိုက်ပြီး၊
“ ဒီသဘော တရားကို မင်းလည်း နားလည်တယ် မဟုတ်လား၊ တိုက်ဆိုင် စွာပဲ မင်းမှာ ပြေးဖို့ နည်းစနစ် တစ်ခု ရှိတယ်၊ ... ”
“ ... ဒါပေမယ့်၊ မင်း သူ့ရဲ့ အနှစ် သာရကို နားမလည် သေးတဲ့ အတွက်၊ စွမ်းအား အပြည့် မထုတ်နိုင် သေးဘူး။ ”
-ဟု ဝေဖန် လိုက်သည်။
“ ရွှေကျီးကန်း အသွင်ပြောင်း လဲခြင်း ကိုး မျိုးကို ပြောနေ တာလား။ ”
လင်းယွန်မှ ပြန် မေးသည်။ ၎င်းကို ပြီးပြည့် စုံအောင် ကျွမ်းကျင် နေပြီ ဖြစ်သဖြင့်၊ ဂျင်လင်း စကားက သူ့အား၊ ရှုပ်ထွေး စေသည်။
“ အင်း … ၊ ဒါပဲ ရှိတာ မဟုတ်လား။ ”
ဂျင်လင်းက ရုတ်တရက် အနား ရောက်လာပြီး၊ သူ့ နဖူးအား ပုတ်လိုက်၏။ ထို့နောက်တွင်၊ ပူနွေးသော စီးကြောင်းနှင့် အတူ၊ ရွှေရောင် အလင်းများ ဖြာထွက် လာသည်။
“ ခရစ် ... ။ ”
ခန္ဓာ ကိုယ်မှ ကွဲအက် နေသော အသံများ ထွက်ပေါ် လာပြီး၊ နာကျင် ကိုက်ခဲ မှုကြောင့်၊ မျက်နှာ တပြင်လုံး ရှုံ့တွ သွား၏။
များမကြာခင် မူလ စွမ်းအင် များက တောင်ပံ တစ်စုံ ဖြန့်လိုက် သကဲ့သို့၊ ပေါက်ကွဲ ထွက်လာသည်။
ယင်းက သူ့ကိုယ်သူ အတောင်များ ပေါက်လာ သည်ဟု ခံစား လာမိ စေသည်။ အတွေး တစ်ချက် ဖြင့်ပင်၊ မူလ စွမ်းအင်ကို အတောင်ပံ အဖြစ်၊ ဖန်တီး လိုက်၏။
“ ဝှစ် ... ။ ”
ရွှေတောင်ပံ တစ်စုံ၊ ထင်ရှားစွာ ပြန့်ကား လာပြီး၊ မယုံနိုင် စရာ ကောင်းသော အဟုန်ဖြင့် ကောင်းကင်ပေါ် ပျံတက် သွားသည်။
“ ရွှေကျီးကန်း တောင်ပံတွေ ... ။ ”
“ ဖရူး ... ။ ”
တောင်ပံ များကို ခတ်လျက် လှည့်လည် ပျံသန်း ကြည့်လိုက်သည်။ အတောင်ပံ များရှိ စွမ်းအားမှာ၊ ကြောက်စရာ ကောင်းလှ ပေ၏။
ယင်းက နေဗိမာန်၏ စစ်မှန်သော အမွေ ဖြစ်ပင်မည်။ ရွှေကျီးကန်း အသွင် ပြောင်းခြင်း (၉)မျိုး အကြောင်း၊ ပြန်တွေး မိသော အခါတွင်၊ ဉာဏ်အလင်း များစွာ၊ ထပ်မံ ရရှိ လိုက်သည်။
“ ငါ သိ ပြီ … ။ ”
သည်တစ်ကြိမ်၌ အတောင်ပံ ပါသော တံဆိပ် တစ်ခုအား ဖွဲ့စည်း လိုက်၏။ ထို့နောက် နေနတ်ဘုရား လက်သီးကို ထုတ်ဖော် မိသော သူ့ အသွင်မှာ၊ အတောင်ပံ လူသား နှင့် ဆင်တူ လာသည်။
“ မင်းက ... အရမ်း ထက်မြက်တယ်၊ ဒါကြောင့် မင်း သေမှာကို ငါ စိုးရိမ် နေစရာ၊ မလို တော့ဖူး ထင်တယ်။ ”
ဂျင်းလင်း တစ်ယောက် ကျေနပ်စွာ ပြုံးလိုက်စဉ်၊ သူ့ အသွင်မှာ မှုန်းဝါး လာသည်။ ရွှေကျီးကန်း တောင်ပံများ ဖြစ်တည် လာနိုင် စေရန်၊ လက်ကျန် စွမ်းအင်များ အားလုံးကို လွှဲပြောင်း ပေးအပ် လိုက်ခြင်း ဖြစ်၏။
“ စီနီယာ ... ။ ”
လင်းယွန် တစ်ယောက် ချက်ချင်းပင် ရွှေတောင်ပံ တစ်စုံကို ရုတ်သိမ်း လိုက်ပြီး၊ ပြန်လည် ဆင်းသက် လာမိသည်။
“ စိတ်မပူနဲ့ ... ၊ ကံရှိသေး ရင်တော့ အနာဂတ်မှာ ငါတို့ ပြန်တွေ့ နိုင်မှာပါ၊ အခု အမွေခံကို တွေ့ပြီးပြီ ဖြစ်တဲ့ အတွက်၊ ငါ နေဖို့ မလို တော့ဘူး၊ ... ”
“ ... မင်းရဲ့ ကျင့်ကြံ မှုကို၊ တတိယ ကောင်းကင် ဝိညာဉ်ဆီ မြှင့်တင်ဖို့၊ ဒီနေရာမှာ ငါ့ပေး ထားတဲ့ စွမ်းအင်ကို သုံးနိုင် ပါတယ်။ ”
တဖြည်းဖြည်း တိုးဖျော့ အားနည်း သွားသည့် အသံဖြင့်၊ ဂျင်လင်းမှ ဆိုသည်။ များမကြာခင် ၎င်းနှင့် အတူ နန်းတော်ပါ ပျောက်ကွယ် သွားတော့၏။
အရာ အားလုံးမှာ အိပ်မက် တစ်ခု အလား၊ လွင့်ပျယ် ကုန်ကာ၊ သွေး ရေကန်ပေါ် ပြန်လည် ရောက်ရှိ သွား၏။
“ ကံကြုံရင် ပြန်ဆုံကြ မှာလား ... ၊ စီနီယာက အသက်ရှင် နေသေး လို့လား။ ”
နှုတ်ဆက် စကားရှိ၊ သံသယ ဖြစ်ဖွယ် အချက်အလက် များကို သတိ ထားမိ လာသည်။ သို့သော် သက်ရှိ ထင်ရှား ရှိနေသူ တစ်ဦးမှာ၊ သူ့ အသက်အား ကာကွယ် ပေးနိုင်ခြင်း၊ မရှိနိုင် စရာ အကြောင်း မရှိချေ။
“ စိတ်ရှုပ် စရာပဲ၊ မေ့လိုက်တာ ကောင်းတယ်၊ ငါ့ရဲ့ ကျင့်ကြံမှု ကိုပဲ၊ အာရုံ စိုက်ရအောင်။ ”
တတိယ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိရန်၊ သွေး ရေကန်မှာ များစွာ အသုံးဝင် ချေပြီ။ နဂါး အရိုးကြောင့် သာချေ၏။
ထိုအချိန်တွင် ရင်ပြင်၌ လူရိပ်များ ပြန်လည် ထွက်ပေါ် လာသဖြင့်၊ တိတ်ဆိတ် နေသော စင်မြင့် များတွင်၊ အသံများ ဆူညံ လာသည်။
အညံ့ဆုံး ကျင့်ကြံသူ များပင်၊ အုပ်စိုးရှင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာကို ရရှိ ခဲ့သည်။ ထိုအဆင့် ပညာ ရပ်မှာ၊ ခွန်လွန် နယ်မြေ ၌ပင် ရှားပါး ချေ၏။
ချင်လင်းနှင့် ကျွင့်မုန်ချန်တို့ နှစ်ဦးမှာ၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ရရှိ ခဲ့ကြသည်။
သူတို့ မျက်နှာ၌ ကြည်နူးမှုများ ပြည့်နှက် နေ၏။ သို့သော် ဖေးရွယ်ထံ ကြည့်မိ ချိန်တွင်၊ မနာလို စိတ်များ ဝင်ရောက် လာသည်။
သူတို့ အားလုံးမှာ၊ ကံကြမ္မာ ကိုယ်ခံ ပညာထက်၊ အခွင့် အရေးကို မည်သူမျှ မရယူ နိုင်ခဲ့ချေ။ ထိုအခွင့် အရေးသာ ရှိသော် ဤအမျိုး သမီး သာလျှင် ရယူနိုင် ပေမည်။
“ နဂါး လက်သည်း စင်မြင့် တွေရဲ့၊ အမွေလည်း မဆိုးပါဘူး၊ ဒါက ဧကရာဇ် အဆင့် လက်ဝါး နည်းစနစ် ပဲ။ ”
ကျွင့်မုန်ချန်က သူ့ကိုယ်သူ နှစ်သိမ့် လိုက်၏။
“ လက်ဝါး နည်းစနစ်လား၊ ဘာလို့ ငါ့ကို ကြည့်ခွင့် မပေးရ တာလဲ၊ နဂါး အမြီးမှာ ငါရတဲ့၊ အမွေ ကလည်း မနိမ့် ပါဘူး၊ ဒါကြောင့် မင်းနဲ့ငါ လဲရအောင်။ ”
ရုတ်တရက် ရယ်သံစွက် နေသော ယုဟိုရှင်း၏ အသံကြောင့်၊ ကျွင့်မုန်ချန် ခမျာ မျက်မှောင် ကြုတ်လျက်၊ လှည့်ကြည့် လိုက်မိ လေသည်။
“ မင်းက မဆိုးဖူး ဆိုပေမယ့် ... ၊ အမြီးက အမြီး ပါပဲ၊ ငါတို့ အဲဒါကို စိတ်မဝင်စား လို့သာ မင်း ရယူနိုင် တာပါ၊ လဲလှယ်ချင် ရင်တော့၊ မင်းရဲ့ အမွေကို အရင် ကြည့်ပါ ရစေ။ ”
ကျွင့်မုန်ချန်၏ တုန့်ပြန် စကားကို ကြားသော အခါတွင်၊ ယုဟိုရှင်းမှာ ဒေါသ မထွက်ဘဲ ပြုံးရယ် လိုက်ပြီး၊
“ ဟား ဟား ဟား ... ၊ မင်းတို့ ပါရမီရှင် ခုနစ်ပါးက၊ တကယ် လွန်လွန်း တာပဲ။ ”
-ဟု ဆို၏။
ယုဟိုရှင်း လေသံက၊ ကျွင့်မုန်ချန်ကို မကျေ မနပ် ဖြစ်လာ စေသည်။
“ ဒါဆို ... ၊ ငါလွန်တော့ မင်းက ဘာလုပ် ချင်လဲ။ ”
“ စိတ်ဝင်စား စရာပဲ၊ ကျွင့်မုန်ချန် ... ကျွင့်မုန်ချန်၊ မင်းက မင်းရဲ့ လက်ရှိ အခြေ အနေကို၊ နားမလည် နိုင်သေးဖူး ထင်တယ်။ ”
ထို့နောက် ရောင်ဝါအား ထုတ်လွှတ်ကာ၊ မတ်တပ် ထရပ် လိုက်သည်။ ရောင်ဝါမှ အအေး လှိုင်း များကြောင့်၊ လူတိုင်း ကျောရိုးများ အေးစက် လာတော့၏။
***