မောက်မာ စိတ်။
Vol. 72 Ch. 997
ရောင်ဝါ အရ ယုဟိုရှင်း တစ်ယောက် စတုတ္ထ ကောင်းကင် ဝိညာဉ်သို့၊ ရောက်ရှိနေ သည်ကို တွေ့လိုက် ရသည်။
တတိယ ကောင်းကင် ဝိညာဉ် ပြီးနောက်၊ ဆင်းရဲ ဒုက္ခ တိုင်းသည် အသက်နှင့် သေခြင်းပင် ဖြစ်၏။
နက်နဲသော အုတ်မြစ်မျိုး ဆိုသော်၊ သာ၍ ဆိုးချေ၏။ ယုဟိုရှင်း ပြသ ထားသည့်၊ ရောင်ဝါ အရ၊ ဒုက္ခမှာ ကြယ်မီးတောက် ဖြစ်နိုင်သည်။
သို့သော် ချင်လင်း၊ ကျွင့်မုန်ချန်နှင့် လောချန်မှာ တစ်ဖွဲ့တည်း ဖြစ်ပြီး၊ ယုဟိုရှင်း အား သက်သာ စေမည် မဟုတ်ချေ။
ထိုအတွေးများ ဝင်ရောက် လာချိန်၌၊ လူတိုင်း သက်ပြင်းချ လိုက်သည်။ အခြေ အနေ များက၊ အေးဆေး တော့မည် မဟုတ်ချေ။
“ ကျွင့်မုန်ချန် ... ၊ မင်း စောစော ဘာပြော လိုက်တာလဲ၊ ထပ်ပြော ပါဦး။ ”
ယုဟိုရှင်းက ပြုံးလျက် မျက်ခုံးပင့်ကာ မေးလိုက်သည်။ သူ၏ ဗြောင်ကျကျ စိန်ခေါ်မှုက ရင်ပြင် တစ်ခု လုံးကို တိတ်ကျ သွားစေ၏။
ကျွင့်မုန်ချန်မှာ ပါရမီရှင် (၇)ပါး အနက် တစ်ပါး ဖြစ်ပြီး၊ မည်သူမျှ သူ့အား ရိုင်းရိုင်း စိုင်းစိုင်း မပြောဝံ့ ကြပေ။
ယင်းကြောင့် လောချန်မှာ၊ မျက်မှောင် ကြုတ် သွားပြီး၊ ကျွင့်မုန်ချန်ကို ဆွဲထုတ်ရန် ကြိုးစား မိသည်။
“ ယုဟိုရှင်း ... ၊ ငါ့ကို မျက်နှာသာ တစ်ချက်လောက် ပေးလို့ ရမလား၊ ဒါကို အဆုံးသတ် လိုက်ရအောင်။ ”
“ အိုး ... ဟုတ်သား၊ ငါ ပြောဖို့ ကျန်သွားတယ်၊ ငါ ကြည့်ချင်တဲ့ အထဲမှာ၊ မင်းရဲ့ အမွေလည်း ပါတယ်။ ”
လောချန်မှာ ငြိမ်းချမ်းစွာ ဖြေရှင်း လို သော်လည်း၊ ယုဟိုရှင်းမှ လက်ခံချင် ပုံ မရချေ။ ထို့ကြောင့် လူတိုင်း အံသြသွား ကြသည်။
လူတိုင်းက အရူး တစ်ယောက်အား မြင်နေရ သကဲ့သို့၊ ထင်မိ လာသည်။ စတုတ္ထ ကောင်းကင် ဝိညာဉ်သို့ တက်ရောက် နိုင်သဖြင့်၊ ယုဟိုရှင်း တစ်ယောက် မောက်မာ လာပုံ ရ၏။
လောချန်အား ပါရမီရှင် ခုနစ်ပါး အနက် အကြီး အကဲ အဖြစ် သတ်မှတ်ထား ရသည့်၊ အကြောင်း ရင်းကို သိပုံ မရချေ။
“ အစ်ကိုချန် ... ၊ သူက ငါတို့ကို လုံးဝ ဂရု မစိုက် တော့ဘူး၊၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်မြေက သူ့ကို ဒီလို ဖြစ်အောင် လုပ်လိုက်တာ နေမယ်၊ ... ”
“ ... ကျင့်ဝတ် တွေကို သင်ပေး ရအောင်၊ ယုဟိုရှင်း ... ၊ မင်း ငါတို့ရဲ့ အမွေ တွေကို လိုချင် လို့လား၊ အိပ်မက်မက် မနေနဲ့၊ မင်း အမွေ ကိုသာ ငါလက်အပ် လိုက်ပါ။ ”
စကားဆုံး သည်နှင့်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် တစ်ခု၊ သူ့ခန္ဓာ ကိုယ်မှ ထွက်ပေါ် လာသည်။
ဤအခိုက် အတန့်တွင် လျှပ်စီးများ ခြံရံလျက်၊ လျှပ်စီး နတ်ဘုရား တစ်ပါး ကဲ့သို့၊ ကြီးစိုး လာ၏။
ဤကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် နည်းလမ်း မရှိ တော့ကြောင်း သိသဖြင့်၊ လောချန် မှလည်း မတား တော့ချေ။
သို့မဟုတ် ပါက၊ သူတို့ အားလုံး တကယ် ကြောက်နေ သည်ဟု၊ တစ်ဖက် လူမှ ထင်သွား နိုင်သည်။
“ သေ လိုက် တော့ ... ။ ”
ရောင်ဝါကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်ပြီး၊ ကျွင့်မုန်ချန် တစ်ယောက် ချက်ချင်း ပျောက်ကွယ် သွားသည်။
သူပြန်ပေါ် လာချိန်၌ ယုဟိုရှင်း ရှိရာ၊ စင်မြင့်သို့ ရောက်ရှိ နေပြီ ဖြစ်၏။ ထိုအချိန်တွင် လျှပ်စီး များက အလွန် ပြင်းထန် သောကြောင့်၊ ရင်ပြင် တစ်ခုလုံး အလင်းများ ဖုံးလွှမ်း လာသည်။
တစ်ချက် တည်းဖြင့်၊ ရှုံးနိမ့် သွားလိမ့် မည်ဟု လူတိုင်း ထင်မြင် နေချိန်တွင်၊ ယုဟိုရှင်း မှ ပြုံးလိုက်သည်။
ရုတ်တရက် တစ်ဖက် လူ၏ ခန္ဓာ ကိုယ်မှ အဖြူရောင် အလင်းများ တောက်ပ လာသဖြင့်၊ ကျွင့်မုန်ချန် ခမျာ အံ့အားသင့် သွားသည်။
သူ့ လက်သီးကို ယုဟိုရှင်းမှ၊ ဟန့်တား နိုင်ခဲ့သည်။ ထို့ကြောင့် လျှပ်စီးအား၊ နဂါး အဖြစ် ဖွဲ့စည်းကာ၊ ထပ်မံ တိုက်ခိုက် မိပြန်၏။
“ ဗျစ် ... ။ ”
“ မဖြစ် နိုင်တာ ... ။ ”
ကြောက်စရာ ကောင်းသော လျှပ်စီး နဂါးကြီး၊ ပြိုကျသွား သဖြင့်၊ ကျွင့်မုန်ရှင်း ခမျာ အံ့ဩ တကြီး အော်ဟစ် လိုက်မိသည်။
ဤသည်မှာ သူ၏ အပြင်းထန် ဆုံးသော တိုက်ခိုက် မှုများ ဖြစ်ချေ၏။ ယင်းကို အလွယ် တကူ ဖြေရှင်းခြင်း ခံနေ ရသည်။
ထို့ကြောင့် ချက်ချင်း နောက်ဆုတ်ရန် ဆုံးဖြတ် လိုက်၏။ သို့သော် ယုဟိုရှင်းမှ ခွင့် မပြုချေ။ ငွေရောင် တံဆိပ် တစ်ခုအား ဖွဲ့တည် လိုက်ပြီး၊
“ မင်း ပြေးလို့ လွတ်နိုင်မယ် ထင်လား။ ”
-ဟု ဆိုလာ၏။
လက်သီးကို ဆုပ်လိုက်သော အခါ၊ အလွန် ကြီးမားသော ငွေတောင်ပံ လူသား တစ်ယောက် ယုဟိုရှင်း နောက်၌ ပေါ်လာသည်။
၎င်းက လျင်မြန်စွာ နောက်ဆုတ် နေသော၊ ကျွင့်မုန်ချန် အဟုန်အား ကန့်သတ်ပစ် လိုက်၏။ သည့်နောက် မူလ စွမ်းအင် အကာ အကွယ်ကို ခွဲကာ၊ နံရိုးပေါ် ကျရောက် သွားသည်။
“ အွတ် ... ။ ”
နံရိုးများ ကျိုးကုန် သဖြင့်၊ အရုပ် ကြိုးပြတ် ကြမ်းပြင်ပေါ် ပြုတ်ကျ လာပြီး၊ သွေးအန်လျက် ပြန်မထ နိုင် တော့ချေ။
ယင်းမှာ အဆုံး မဟုတ် သေးဘဲ၊ ကောင်းကင်မှ လက်ဖဝါးကြီး တစ်ဖက်၊ အုပ်မိုး လာပြီး၊ ‘ဒူးထောက်’ဟု၊ အမိန့်ပေး သံကြီး ထွက်ပေါ် လာသည်။ ရလာဒ်မှာ ရူးသွပ်ဖွယ် ဖြစ်၏။
“ အိုး ... သောက်ခွေး၊ သူ ဘယ်လိုများ တက်စွမ်း ရတာလဲ။ ”
“ ကျွင့်မုန်ချန် ကိုတောင် လှုပ်ရှားမှု သုံးခု တည်းနဲ့၊ ဒူးထောက်ခိုင်း နိုင်တယ်။ ”
လုအုပ် ကြီး၏ ဝေဖန်သံ များကြောင့်၊ ချင်လင်း တစ်ယောက် မျက်နှာ တစ်ပြင်လုံး နီရဲကာ ထရပ် လာသည်။
“ ယုဟိုရှင်း ... ၊ မင်း သေချင် နေတာပဲ။ ”
“ ဟား ဟား ဟား ... ၊ မင်းက ငါ့ကို ဒီလို စကားမျိုး ပြောဖို့ အရည် အချင်း မရှိဘူး၊ အစ ကတော့ အမွေ တွေကို လဲလှယ်ရုံ ဆိုပေမယ့်၊ အခု မဟုတ် တော့ဘူး။ ”
“ အမွေတွေ ဖလှယ်ဖို့ ဟုတ်လား၊ ဒါက လဲလှယ်မှု ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ မင်း လုယူ ချင်နေတာ ရှင်းနေ တာကိုး။ ”
-ဟု ချင်လင်းက အပြစ်တင် လိုက်သော်လည်း၊ ယုဟိုရှင်းမှာ ထိုစကား အပေါ်၊ စိတ်မ၀င် စားခဲ့ချေ။
“ မင်း ... ဆန္ဒရှိ သလို၊ တွေးလို့ ရပါတယ်၊ ဒါလည်း မမှား ပါဘူး။ ”
-ဟု ယုဟိုရှင်းမှ တုန့်ပြန် လိုက်၏။
ထို့စဉ် ကြောက်မက်ဖွယ် အရှိန် အဝါ တစ်ခု ကောင်းကင်သို့ ပျံတက် လာသည်။ ရင်ပြင် အနှံ့ အအေး လှိုင်းများ ပျံ့နှံ့ သွား၏။
ထိုအအေး လှိုင်းတွင် သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ၊ ရောထွေး နေသောကြောင့်၊ လူတိုင်း၏ ကျောရိုးများ၊ အေးစိမ့် သွားသည်။
“ လောချန် ... ။ ”
“ သူ ဒေါသထွက် လာပြီ။ ”
သတ်ရန် ရည်ရွယ် ချက်များဦ ပြည့်နှက် နေသည့် အသွင်ဖြင့် လောချန် ထရပ် လာ၏။ သို့သော် ယုဟိုရှင်းက ကြောက်ရွံ့မှု မရှိဘဲ၊
“ ဟား ဟား ဟား ... ၊ မင်းလည်း အတူတူ ပါပဲ၊ ငါ့ကို ရင်ဆိုင်ဖို့ အရည် အချင်း မရှိသေး ပါဘူး။ ”
“ မင်း ... ။ ”
လူသိ ရှင်ကြား စော်ကားခံ နေရ သောကြောင့်၊ ချင်လင်း၏ မျက်နှာမှာ အရောင် မျိုးစုံ ပြောင်းလဲ သွားသည်။
လောချန်က တည်ငြိမ် စွာဖြင့်၊ ယုဟိုရှင်းထံ ကြည့်ကာ၊
“ ယုဟိုရှင်း ငါတို့ နှစ်ယောက် ကြားမှာ၊ ဘာရန်ငြိုးမှ မရှိ ပါဘူး၊ ဒီအထိ သွားဖို့ လိုလို့ လား။ ”
-ဟု မေးမြန်း လိုက်တော့သည်။
“ ဟုတ်လား ... ၊ ဒါဆို ကျွင့်မုန်ချန်က ငါ့အပေါ် မောက်မာခဲ့ တုန်းက မင်း ဘာလုပ် နေလဲ၊ ... ”
“ ... စိတ်မပူနဲ့၊ မင်းလည်း ဒူးထောက် ရမှာပါ၊ ပါရမီရှင် ခုနစ်ပါး ဟုတ်လား၊ ငါ့မျက်လုံး ထဲမှာတော့ အမှိုက်တွေ ပါပဲ။ ”
ယုဟိုရှင်းက ပြုံးလျက်၊ ပြန်ဖြေ လိုက်သည်။
ဤမျှ မာန ထောင်လွှား လိမ့်မည်ဟု မထင်ထား သောကြောင့်၊ လူတိုင်း မျက်လုံးပြူး ကုန်သည်။
ထိုစကားကို ကြားသော အခါတွင်၊ လောချန်၏ မျက်လုံးများ အေးစက်စွာ တောက်ပ လာပြီး၊
“ မင်းတို့ နှစ်ယောက်က၊ နယ်မြေ တစ်ခု တည်းက ဆိုပေမယ့်၊ လင်းယွန်ကို မင်း မမီနိုင် တော့ပါဘူး။ ”
-ဟု ဆိုလိုက်၏။
လင်းယွန် အမည်ကို ကြားချိန်၌၊ ယုဟိုရှင်း၏ အပြုံးများ ပျောက်ကွယ် သွားပြီး၊
“ ဒါက သွေးပူ လေးပဲ၊ လင်းယွန် ထွက်လာတဲ့ အခါ၊ သူ ငါ့ ရှေ့မှာ ဒူးထောက် တာကို မင်းတို့ မြင်ရ လိမ့်မယ်၊ ယုဟိုရှင်း ဆိုတဲ့ ငါ ကသာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့ ပါရမီရှင်။ ”
လင်းယွန်နှင့် ယုဟိုရှင်းကြား အမုန်း တရားများ ရှိနေမှန်း သိသော်လည်း၊ ဤမျှ နက်ရှိုင်း လိမ့်မည်ဟု မထင် မိချေ။
“ မင်း နောင်တရ လိမ့်မယ်။ ”
လောချန်က အလေး အနက် ဆိုသည်။
“ စကားများ မနေနဲ့၊ မင်းတို့ နှစ်ယောက် ငါ့ဆီ လာလို့ ရတယ်၊ မဟုတ်ရင် မင်းတို့ အပေါ်၊ အနိုင်ကျင့် တယ်လို့၊ မြင်နေ ဦးမယ်။ ”
အနက်ရောင် လက်အိတ် တစ်ဖက်အား ထုတ်ယူကာ၊ ယုဟိုရှင်းမှ အေးစက်စွာ ပြန်ပြော သည်။
လက်အိတ်ကို ဝတ်လိုက် သည်နှင့်၊ ၎င်းပတ်လည်ရှိ၊ လေဟာနယ်မှာ လောင်ကျွမ်း ခံလိုက်ရ သကဲ့သို့၊ တွန့်လိမ် သွားသည်။
“ လောချန် ... တကယ်တော့၊ မင်း ဆိုတာလည်း ငါ့ မျက်လုံး ထဲမှာ၊ ဘာမှ မဟုတ် ပါဘူး။ ”
အနက်ရောင် လက်အိတ် ဝတ်ထားသော လက်ကို မြှောက်ကာ၊ လက်ညှိုးအား ကွေးချည် ဆန့်ချည် ပြုလျက်၊ ဖိတ်ခေါ် လိုက်တော့သည်။
***