← Chapters

သွေးပူလေး။

Vol. 72 Ch. 998

သွေးပူလေး။

Vol. 72 Ch. 998

ယုဟိုရှင်း တစ်ယောက် မောက်မာ နေချိန်တွင်၊ လင်းယွန်မှ ဒုက္ခအား ခံယူရန်၊ ရက် အနည်းငယ် ပြင်ဆင် နေရသည်။

သွေးရေကန် အတွင်း အချိန် ကာလမှာ၊ ကွဲပြားစွာ စီးဆင်း နေသဖြင့်၊ ထိုကာလသည်၊ လက်တွေ့ ဘဝ၌ နာရီပိုင်း မျှသာ ရှိ၏။

ထိုရက်များ အတွင်း၊ ဦးစွာ နဂါး အရိုးနှင့် ရင်းနှီးအောင် ကြိုးစားပြီး၊ သူတော်စင် နဂါး ပညာ ရပ်ကိုပါ၊ ကျင့်ကြံ မိသည်။

ဤအဆင့် ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ကို ကျင့်ကြံရန်၊ လိုအပ်သော အရင်း အမြစ် များမှာ၊ စိတ်ကူး မယဉ်နိုင်ပေ။

နတ်ကြယ် ပုလဲ (၂၀၀၀) မျှ ကုန်ဆုံး သွားပြီး၊ အလုံးပေါင်း (၃၀၀၀) သာ ကျန်ရှိ တော့သည်။

ယင်းကြောင့် နဂါး ရူရ် များမှာ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထုတ်လွှတ် လာ၏။

နဂါး အရိုးတွင် ရေးထွင်း ထားသော နတ်ဘုရား ရူရ်သည်၊ လေနှင့် လျှပ်စီး တို့၏ သဘော သဘာဝများ ပါဝင်သည်။

ယင်းက ရုပ်ခန္ဓာနှင့်၊ နဂါးဓား ရောင်ဝါ တို့အား ပို၍ သိပ်သည်း စေ၏။ နေနတ် ဘုရား လက်သီးကို၊ ဓားအဖြစ် သို့လည်း၊ ပြောင်းလဲ လာနိုင်သည်။

နဂါး သခင် ပြောခဲ့ သလိုပင်။ လက်သီးနှင့် ဓား ပေါင်းစပ် ခြင်းကို သိရှိပြီးနောက်၊ မည်သည့် လက်သီး နည်းစနစ် ဖြင့်မဆို၊ တွဲစပ် နိုင်ရမည် ဖြစ်သည်။

၎င်းတို့မှာ မတူ ညီသော ပုံစံ နှစ်မျိုး ဖြစ်သောကြောင့်၊ တိုက်ပွဲဝင် ပုံစံကို ဆန်းသစ် စေသည်။ သို့သော် ဓားမှာ ပို၍ အားကောင်း လှ၏။

ဆိုလို သည်မှာ၊ နေနတ် ဘုရား လက်သီး အစား၊ နေနတ် ဘုရား ဓားဟု ဆိုက ပိုမှန်နိုင် ပေမည်။

ထို့နောက် နဂါး သခင်မှ လွှဲပြောင်းပေး ခဲ့သော စွမ်းအင်ကို၊ ဆက်လက် သန့်စင်ကာ၊ အခြေခံ အုတ်မြစ်ကို တည်ငြိမ် စေမိ၏။

များမကြာခင် ကြယ်မီးတောက် များနှင့် အတူ၊ သွေးရေကန် မျက်နှာ ပြင်၌၊ လျှပ်စီးများ လက်စ ပြုလာသည်။

“ ကြယ် မီးတောက်လား။ ”

အခြားသူ များ အတွက်၊ စတုတ္ထ ဒုက္ခ ဖြစ်သော ၎င်းမီးတောက်ကို၊ အမှန် တကယ် ရင်ဆိုင်ရ လိမ့်မည်ဟု၊ မထင်ထား မိချေ။

“ ကံတရားက ... ၊ ငါ့ ဘက်မှာ ရှိပုံ ရတယ်၊ မဟုတ်ရင် ဒီကြယ် မီးတောက်ကို ဖြတ်ကျော်ဖို့ မလွယ်ဖူး။ ”

နက်ရှိုင်းသော အခြေခံ အုတ်မြစ်မှာ၊ ဒုက္ခ ကောင်းကောင်း ပေးလာ လေပြီ။ သို့သော် နဂါး အရိုးကြောင့်၊ ပြဿနာ ရှိနိုင်မည် မဟုတ်ချေ။

ကြယ်မိစ္ဆာပန်း မပေါ် သရွေ့၊ အရာ အားလုံးကို၊ လွယ်ကူစွာ ထိန်းချုပ် နိုင်ပေမည်။ ၎င်းပန်း အကြောင်း တွေးကြည့် ရုံဖြင့် ချွေးစို့ သွားသည်။ ထိုအချိန်က ဖေးရွယ် ကူညီမှုမှာ၊ များစွာ အသုံး ဝင်၏။

“ ..... ”

ထို့စဉ် မီးတောက်များ တဖွားဖွား ပြုတ်ကျပြီး၊ သူ့ ခန္ဓာ အပေါ်၊ လျင်မြန်စွာ သိုင်းခြုံ သွားသည်။

နဂါး ရူရ်များက အရေပြား အတွင်းမှ၊ ဖောက်ထွက်လာ သကဲ့သို့၊ ချက်ချင်း တောက်ပ လာ၏။

လက်ရှိ ခန္ဓာ ကိုယ်၏ ခံနိုင် စွမ်းကြောင့်၊ မူလ စွမ်းအင်အား သန့်စင်ရန်၊ ကြယ်မီးတောက် များကိုပင် အသုံးပြု နိုင်သည်။

သုံးရက် အကြာ၌၊ ကောင်းကင် တစ်ခုလုံး မီးလျှံများ တဟုန်းဟုန်း တောက်လောင် လာပြီး တတိယလှိုင်း စတင် လာတော့သည်။

“ ဂျိန်း ... ။ ”

သို့သော် ရုတ်တရက် ကောင်းကင်ကြီး နှစ်ခြမ်းကွဲ လာသော မြင်ကွင်းက၊ သူ့အား မျက်မှောင်ကြုတ် သွားစေ၏။

“ ငါ့ ဒုက္ခက ဘာလို့၊ ဒီလောက် ပြင်းထန်လာ ရတာလဲ။ ”

ကောင်းကင် အက်ကွဲကြောင်း အတွင်းမှ၊ ဖြည်းညှင်းစွာ ပွင့်အာ နေသော ပန်း အချို့ကို လှမ်းမြင် နိုင်သည်။

“ ဂျိန်း ... ဒလိန်း လိန်း။ ”

“ ဟမ့် ... ၊ ကြယ်မိစ္ဆာ ပန်း ဆယ်ပွင့် တောင်လား ... ၊ သေ စမ်း ... ။ ”

ကူကယ်ရာ မဲ့စွာဖြင့် အော်ဟစ် ကျိန်ဆဲ လိုက်သည်။ ယခု အချိန်၌ ယဉ်ကျေး မနေနိုင် တော့ချေ။

ယင်းမှာ ကနဦး မိုးကြိုးမှ လာသော ပန်းမျှသာ ရှိပေ သေးသည်။ နေနတ် ဘုရား တံဆိပ်ဖြင့်၊ ၎င်းအား ဝါးမျိုရန်၊ စဉ်းစား လိုက်သည်။

ယခင် အချိန်က၊ ကြယ်မိစ္ဆာ ပန်း အချို့ကို စားသုံး ပြီးနောက်၊ ကန့်သတ် ချက်ရောက် ရှိခဲ့ သည်အား၊ ပြန် သတိရ သွား၏။

ယင်းကြောင့် ထိုစိတ်ကူးအား စွန့်ပစ် လိုက်သည်။ သည်မျှ များပြား လှသော ကြယ် မိစ္ဆာ ပန်းများကို ဝါးမျို ပါက၊ သူ့ခန္ဓာကိုယ် ပေါက်ကွဲ သွားနိုင်သည်။

“ ကောင်းကင် ချပ်ဝတ်။ ” သို့သော် ဤအခြေ အနေ မျိုးတွင်၊ ၎င်းအား အသုံး ပြုရန်၊ နည်းလမ်း မရှိချေ။

အန္တရာယ် ကြုံမှ သာလျှင်၊ သူ့ကို ကာကွယ်ပေး မည်ဟု ရှင်းရှင်း လင်းလင်း ပြောကြား ခဲ့သည်။

ထို့အပြင် ဘေးထွက် ဆိုးကျိုးကြောင့် ရရှိ လာမည့် ဒဏ်ရာ များမှာ၊ ပြန်လည် ကောင်းမွန် ချိန် မည်မျှ ကြာမည်ကို၊ သူ မသိနိုင်။

ထိုအချိန်၌ ဒုက္ခ မပြီးဆုံး သေးပါက၊ သေခြင်း သည်သာ တစ်ခု တည်းသော ရလဒ် ဖြစ်လာ ချေမည်။

ယခု အချိန်တွင် နဂါး အရိုးနှင့်၊ သူတော်စင် နဂါး နည်းစနစ်ပေါ်တွင်သာ၊ သူ့ကိုယ်သူ အပ်နှံ ထားနိုင်မည်။

အခွင့် အလမ်းနှင့် အန္တရာယ် ဟူသည်၊ ဒွန်တွဲလျက် တည်ရှိ နေတက် သောကြောင့်၊ မည်သည့် အရာ ကိုမျှ၊ အလကား မရ နိုင်ချေ။

လမ်းခရီး၌ နတ်ကြယ် ပုလဲ များကို၊ ကံကောင်းစွာ ရရှိ ခဲ့သည်။ ကြယ်မိစ္ဆာ ပန်းများ ကျဆင်း လာခြင်းသည်၊ ထိုနတ်ကြယ် ပုလဲ များကို၊ သန့်စင်ခြင်း၏ အကျိုးဆက် ဖြစ်သည်။

တစ်ဖန် ဤဒုက္ခကို ဖြတ်ကျော် နိုင်ပါက၊ အသွင် ကူးပြောင်းကာ၊ လမ်း အဆုံး၌ ပါရမီရှင် များအား၊ စိန်ခေါ် နိုင်မည့် အဆင့်သို့၊ ရောက်ရှိ သွားမည် ဖြစ်သည်။

မအောင် မြင်သော်၊ သွေးကန် ကြမ်းပြင်ရှိ အလောင်းများ ကဲ့သို့၊ အဆုံးသတ် သွားပေ လိမ့်မည်။

“ ..... ။ ”

ကြယ်မိစ္ဆာ ပန်းများ ကြွေဆင်း တော့မည့် အချိန်တွင်၊ လင်းယွန် ခန္ဓာကိုယ် အတွင်းမှ နဂါး ဟောက်သံ ပဲ့တင်ထပ် လာသည်။

နဂါး အရိုးရှိ၊ နတ်ဘုရား ရူရ်က ရင်ဘက် ပေါ်၌၊ ရွှေရောင် အကြေးခွံများ ဖန်တီး ပေး၏။ သည့်နောက် နဂါး ရူရ် ကိုးလုံးနှင့် ပေါင်းစပ်ကာ၊ ချပ်ဝတ် တစ်ထည် ဖြစ်တည် လာသည်။

ယင်းမှာ သူတော်စင် နဂါး ပညာရပ်မှ ဆင့်ခေါ် နိုင်သော၊ ခုခံ ကာကွယ်ရေး စွမ်းအင် ချပ်ဝတ် ဖြစ်သည်။

“ လာစမ်း ... ၊ မင်းကိုငါ ... ၊ မကျော်ဖြတ် နိုင်ဖူး ဆိုတာ၊ ငါ မယုံဘူး။ ”

ဤကြောက်မက်ဖွယ် ကပ်ဘေးသည်၊ နှလုံးသား ထဲရှိ၊ တိုက်ပွဲဝင် ဆန္ဒ များအား နှိုးဆွ ပေးနိုင် ခဲ့သည်။

ဤလောက၌ သေခြင်းနှင့်၊ ရှင်ခြင်းသာ ရှိပေသည်။ ထို့ကြောင့် သေခြင်း တရားအား၊ လည်စင်း မခံ လိုချေ။ တိုက်၍သာ သေပေ မည်။

ထိုအချိန်တွင် ယုဟိုရှင်းနှင့်၊ ချင်လင်းတို့ တိုက်ပွဲမှာ၊ အရေး ကြီးသော အခိုက် အတန့်သို့ ရောက်ရှိ နေခဲ့သည်။

လောချန်မှာ ချင်လင်းအား တိုက်ပွဲဝင်ရန် ခွင့်မပြု ခဲ့ပေ။ နဂါး ပြည်နယ် ကြီး၏ အထွတ် အထိပ် တည်ရှိသူ တစ်ဦး အနေဖြင့်၊ သူ့တွင် သဘာဝ အလျောက် မာန ရှိသည်။

သို့သော် (၁၀) ကြိမ် လှုပ်ရှား ပြီးနောက်၊ ဆိုးရွားသော အနေ အထား ရောက်ရှိ သွားလိမ့် မည်ဟု၊ မထင်ထား သည်မှာ အမှန် ပေပင်။

တစ်ဖက် လူ၏ လက်အိတ်မှာ၊ အဆင့်မြင့် တာအို လက်ရာ ဖြစ်နေ သောကြောင့်၊ အလွန် ကြောက်စရာ ကောင်းချေပြီ။

သို့သော် ၎င်းတွင် ပါရှိသော နတ် ရူရ် တစ်လုံးမှာ၊ မပြည့်စုံ သဖြင့်၊ မူပွား တစ်ခု မျှသာ ဖြစ်ကြောင်း ပြောနိုင်သည်။

မပြည့် စုံသော နတ်ဘုရား ရူရ်သည်၊ မီး သဘာဝ ဖြစ်သောကြောင့်၊ အကန့် အသတ် မရှိ မီး ရည်ရွယ်ချက်ကို ထုတ်လွှတ် ထားသည်။

နတ်ရူရ် အဆင့်သို့ ရောက်ရှိ ပါက၊ မည်သို့သော ရှေးဟောင်း ပစ္စည်း ဖြစ်လာ မည်ကို မှန်းရခက် ချေသည်။

ထို့အပြင် ယုဟိုရှင်းမှာ၊ လင်းယွန်နှင့် ယှဉ်နိုင်သော လက်သီး နည်းစနစ် ကိုလည်း ဆုပ်ကိုင် ထားသည်။

လက်အိတ်နှင့် တွဲလျက်၊ ထိုလနတ် ဘုရား လက်သီး စွမ်းအားကို လင်းယွန်ထက် သာလွန် အောင်၊ ထုတ်ပြ နိုင်၏။

လုံလောက်အောင် သန်မာခြင်း မရှိ သဖြင့်၊ လောချန် တစ်ယောက် (၁၀) ပြီးနောက်၊ ရှုံးနိမ့် သွားနိုင်သည်။

ဤအရေးကြောင့် ချင်လင်းမှ တိုက်ပွဲ အတွင်းသို့၊ အမြန် ဝင်ရောက် လိုက်မိသည်။ သို့သော် တိုက်ပွဲ အခြေ အနေအား၊ မပြောင်းလဲ နိုင်ပေ။

နှစ်ယောက်သား ယုဟိုရှင်း၏ လက်သီး များကို ပိတ်ဆို့ နိုင်ရုံ မျှသာ ရှိလေသည်။ အချိန် တစ်ခု အတွင်း၊ ရှုံးနိမ့်ကြ မည်မှာ သေချာ လာ၏။

ထိုအချိန်တွင် လူတိုင်းက၊ ကျွင့်မုန်ချန်ကို သုံးကြိမ် အတွင်း၊ အနိုင်ယူ နိုင်သော ယုဟိုရှင်း ၏ လျှို့ဝှက် ချက်အား၊ မြင်လာ ကုန်ကြသည်။

၎င်းထံမှ ဖြာထွက် နေသော လရောင် များက၊ ပြိုင်ဘက်၏ မူလ စွမ်းအင်ကို ဝါးမြို နိုင်ကာ၊ တိုက်ပွဲ တစ်လျှောက်လုံး ယုဟိုရှင်း အား၊ ထောက်ပံ့ ပေးနေခြင်း ဖြစ်လေသည်။

***

All Chapters