ငါ့ကို ဘယ်သူ စောင့်နေ တာလဲ။
Vol. 72 Ch. 999
“ ကြည့်ရတာ နဂါး အမြီး အမွေကို၊ ငါတို့ လျှော့တွက် မိပုံပဲ။ ”
“ နက်နက် ရှိုင်းရှိုင်း ဖုံးကွယ် ထားတဲ့၊ ဒီလို ရန်သူ မျိုးနဲ့ ရင်ဆိုင် ရတာ တကယ် အန္တရာယ် များတယ်။ ”
ယုဟိုရှင်း အစွမ်းကြောင့်၊ ဝေဖန်သံများ ဆူညံ လာသည်။ လေထု အလယ်ရှိ လောချန် နှင့် ချင်လင်း တို့၏၊ မူလ စွမ်းအင် အလွှာများ အက်ကွဲ ကုန်ကာ၊ သွေးများ စီးထွက် လာ၏။
“ လနတ်ဘုရား လက်သီး - တံဆိပ် သုံးခု ပေါင်းစပ်။ ”
ယုဟိုရှင်း နောက်ရှိ၊ ငွေတောင်ပံ လူသားတွင်၊ လမင်း သုံးစင်း ဖြစ်တည် လာ၏။ ၎င်းမှာ နေနတ် ဘုရား လက်သီးနှင့်၊ ယှဉ်နိုင် သော အလားတူ တံဆိပ် ငယ်များ ဖြစ်သည်။
ကြောက်စရာ ကောင်းသော ယုဟိုရှင်း၏ ရောင်ဝါကြောင့်၊ လောချန်နှင့် ချင်လင်း တို့မှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။
သူတို့ မတုံ့ပြန် နိုင်မီ၊ လရောင်ဖြင့် လွှမ်းခြုံခြင်း ခံလိုက် ရပြီး၊ သွေး လည်ပတ်မှု ရပ်ဆိုင်း သွားကာ၊ ကောင်းကင်မှ ပြုတ်ကျ ကုန်တော့၏။
သည့်နောက် လက်သီး တစ်ချက် ကျဆင်း လာကာ၊ သူတို့ နှစ်ဦးအား၊ ကျွင့်မုန်ချန် ဘေးသို့ တွန်းပို့ ပစ်လေသည်။
ကျွင့်မုန်ချန်မှာ ယုဟိုရှင်း၏ ကန့်သတ် ချက်ကြောင့် မလှုပ်ရှား နိုင်ဘဲ၊ ဒူးထောက် နေခဲ့ ရသည်။
ထို့ကြောင့် နာကျင်စွာ ညည်းတွားလျက်၊ ပြုတ်ကျ လာသော လောချန် တို့အား၊ မျက်ဝန်း ထောင့်မှ၊ မြင်နေရ ပေ၏။
ယုဟိုရှင်း ခန္ဓာ ကိုယ်၌၊ အနက်ရောင် မီးလျှံများ ဖုံးလွှမ်းပြီး၊ လရောင်များ ခြံရံကာ၊ ကောင်းကင်တွင် ရပ်နေ သည်။ သူ့ မျက်ဝန်း များရှိ အထင် သေးရိပ် များကို၊ ဖုံးကွယ် ထားခြင်း မရှိချေ။
“ ပါရမီရှင် ခုနစ်ပါးရဲ့၊ အကြီး အကဲ လောချန်၊ မင်းက လူပြက် သက်သက် ပါပဲ။ ”
ထိုသို့ ဆိုပြီးနောက် သူ့ မျက်ဝန်း များက၊ အေးစက် စွာဖြင့် ဖေးရွယ်ထံ ခေါင်းမော့ ကြည့် လိုက်သည်။
အဆိုပါ မြင်ကွင်းက လူအုပ်ကို သို့လော၊ သို့လော ဖြစ်လာ စေ၏။ ဖေးရွယ်တွင် လျှို့ဝှက် ဆန်းကြယ်သော နောက်ခံ ရှိသည်။ လောချန် နှင့် မူရှို့ဟန် တို့ပင်၊ သူမကို ရန်မစ ဝံ့ချေ။
သူမ၏ ဇာစ်မြစ်ကို မည်သူမျှ မသိကြ သော်လည်း၊ သူတို့ အားလုံး၌ အကြမ်းဖျင်း မှန်းဆ ချက်များ ရှိသည်။
ထို့ကြောင့် ယုဟိုရှင်းသာ သူမကို ရန်စဝံ့ ပါက၊ ကောင်းကင်လမ်း တစ်ခုလုံး တုန်လှုပ် သွား မည်မှာ သေချာသည်။
ဤအမျိုး သမီး၏ မူလသည်၊ မရိုးရှင်း ကြောင်းနှင့်၊ ခန္ဓာကိုယ် အတွင်း၌ စွမ်းအား တစ်ခု ရှိနေ ကြောင်းကို၊ ယုဟိုရှင်း သိ၏။
ထို့ကြောင့် တတ်နိုင် သမျှ မနှောင့်ယှက် ချင်ချေ။ သို့သော် လင်းယွန်ကို သတ်ဖြတ်ရန် ကြိုးစားစဉ်၊ သူမ ဝင်ရောက် စွက်ဖက် ခဲ့သည်။
ယင်းအချက်က သူ့ကို စိတ်ဆိုး စေသည်။ လင်းယွန်နှင့် တိုက်ပွဲ၌ ဝင်ရောက် ကူညီ လာသော် ခက်ချေမည်။ ထို့ကြောင့် လောချန်ကို သတ်ပစ် ချင်သည် ထက်ပင်၊ သူမ အပေါ် ပို၏။
“ ကံကောင်းပြီး၊ အရိပ် လက်အိတ်ကို ရခဲ့တာ နဲ့ပဲ၊ မင်းငါ့ကို အနိုင် ယူနိုင် တယ်လို့ ထင်နေ တာလား၊ မင်း ရင်ဘတ်က အခုထိ နာကျင် နေမှာ စိုးမိတယ်၊ ... ”
“ ... ဒါက ကျန်နေတဲ့၊ လက်အိတ်ရဲ့ ဝိညာဉ်က မင်း နှလုံးသားကို ဝါးမြို နေတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ အဲဒီ ခံစား ချက်ကို၊ သည်းခံ နိုင်ဖို့ မလွယ် ပါဘူး။ ”
ယုဟိုရှင်း အကြည့်ကို မြင်သည်နှင့်၊ ဖေးရွယ်က ပြုံးကာ လှမ်းပြော လိုက်သည်။
ထိုစကားကို ကြားသော အခါ၊ ယုဟိုရှင်း မျက်လုံးများ ပို၍ အေးစက် လာ၏။ ဤရွံ့စရာ ကောင်းသော အမျိုး သမီးသည်၊ လက်အိတ်၏ မူလနှင့် ချို့ယွင်းချက် များကို သိရှိ နေလေပြီ။
သတ်ဖြတ် လိုစိတ်များ ပြည့်နှက် လာပြီး၊ ဖေးရွယ်အား ပြန်ကြည့်ကာ၊
“ ဒါကို ... စိတ်ပူ နေစရာ မလို ပါဘူး၊ ငါမင်းကို မရိုက်ချင် သေးတဲ့ အတွက်၊ အခု ထွက်သွားပါ ... ။ ”
နောက်ဆုံးတွင် ခန့်မှန်းချက် များသာ အမှန်ဖြစ် ပါက၊ ဖေးရွယ်မှာ ကောင်းကင် လမ်း၌ အပြစ် မပြု သင့်သော နတ်ဘုရားမ တစ်ပါး ဖြစ်လာမည် ဖြစ်သည်။
ထိုသို့သော လူမျိုးကို၊ မောင်းထုတ် နေသည့်၊ ယုဟိုရှင်း လုပ်ရပ်မှာ၊ နားမလည် နိုင်စရာ ဖြစ် ချေပြီ။
လင်းယွန်မှာ မောက်မာကြောင်း သူတို့ သိသည်။ ဤယုဟိုရှင်းသည် ၎င်းထက် ပိုချေ၏။ သူ့ကိုယ်သူ နက်နက် နဲနဲ ဖုံးကွယ် ပြီးနောက်၊ လူရှေ့ ထွက်ရန် ဆုံးဖြတ် လိုက်ပုံ ရသည်။
ယုဟိုရှင်း စကားကို ကြားသော အခါ၊ ဖေးရွယ်က ပြုံးလိုက်ပြီး၊
“ လင်းယွန် ထွက်လာရင်၊ ငါ ကူညီ မှာကို မင်းကြောက်နေ တာလား။ ”
-ဟု ပြန်မေး သည်။
သူ့စိတ်ကို တစ်ချိန်လုံး ဖတ်နေသော ထိုအမျိုး သမီးကြောင့်၊ ယုဟိုရှင်း၏ သတ်ပစ် ချင် စိတ်မှာ၊ ပို၍ တိုးပွား လာခဲ့သည်။
“ မိန်းမ တစ်ယောက် ထက်မြက်တာ ကောင်းပတ်၊ ဒါပေမယ့် နေတကာ ပါတာတော့ မကောင်း ပါဘူး၊ ကံကြမ္မာ အထက် အခွင့် အရေး ရဖို့ ဆိုတာက ... ”
“ ... လွယ်တာမှ မဟုတ်တာ၊ သူ အသက် ရှင်လျက် ထွက်လာ နိုင်ပါ စေလို့၊ ငါ မျှော်လင့် နေပါတယ်၊ ဒါမှ သူ့ကို ငါနင်း တက်လို့ ရမယ်။ ”
စကားဆုံး သည်နှင့်၊ လက်အိတ်တွင် မီးလျှံများ ပြင်းစွာ တောက်လောင် လာ၏။ ၎င်း မီးလျှံ များက သာမာန် မီးလျှံ များနှင့် မတူချေ။
ရောင်ဝါမှာ မပြည့် စုံသော နတ် ရူရ်မှ ဆင်းသက် လာသောကြောင့်၊ သူ့ အမည်အား ‘နတ် အရိပ်’ ဟု၊ ခေါ်တွင်သည်။
“ မင်းမှာ ဒီလို အရည် အချင်း မရှိ မှာကို စိုးမိတယ်။ ”
အမူ အရာ ပြောင်းလဲခြင်း မရှိဘဲ၊ ဖေးရွယ်က ခရမ်းရောင် လှံ တစ်စင်းအား ထုတ်ယူ လိုက်၏။ လှံဖျားမှ ခရမ်းရောင် အလင်း များက၊ တိုးထွက် လာပြီး၊ လေဟာနယ် ပုံပျက် သွားသည်။
“ ဒါဆို ... ၊ မင်း ငါ့ကို တကယ် လျှော့တွက် မိသွားပြီ၊ ဟား ... ဟား ... ဟား ... ။ ”
ယုဟိုရှင်းက ရယ်မော လိုက်ပြီး၊ နဂါး နန်းတာ် အမွေအား ပထမဆုံး အကြိမ် အဖြစ် ထုတ်ဖော် လိုက်သည်။
ယင်းမှာ အပြာရောင် နဂါး အဖြစ်သို့၊ ပြောင်းလဲ ပေးသည့်၊ လျင်မြန် လွန်းသော ရွေ့လျားမှု နည်းပညာ တစ်ရပ် ဖြစ်၏။
“ ဂျိန်း ... ဒလိန်း ... ။ ”
နဂါး သွားရာ၊ လမ်း တစ်လျှောက် ကြောက်မက်ဖွယ် မိုးကြိုး မုန်တိုင်းများ သက်ဆင်း လာပြီး၊ လေဟာနယ်ကို ပုံပျက် သွားစေသည်။
၎င်းထံမှ ဖိအားကြောင့် ရင်ပြင် တစ်ခုလုံး၊ ပြင်းစွာ လှုပ်ခါ ကုန်၏။ မြင်ကွင်းက ဖေးရွယ် မျက်နှာကို၊ ပြောင်းလဲ သွားစေ ခဲ့သည်။
သူမ ရရှိ ထားသော အမွေမှာ၊ လေးနက် လွန်း သောကြောင့်၊ အပေါ်ယံ မျှသာ တို့ထိနိုင် သေးသည်။
တစ်ဖက် လူမှာ ၎င်းကို ဖမ်းဆုပ် နိုင်နေ သဖြင့်၊ တစ်စုံ တစ်ဦးမှ လမ်းပြပေး ခဲ့ပုံ ရသည်။ သို့သော် ဤအမွေမှာ ကံကြမ္မာ ကိုယ်ခံ ပညာ ထက်၊ သာလွန်သော အခွင့် အရေး မဟုတ် သဖြင့်၊ နဂါး ဝိညာဉ်မှ လမ်းပြ ပေးမည် မဟုတ်ချေ။
“ ဖပ် ... ။ ”
ဖေးရွယ် အံ့အားသင့် နေစဉ် လက်ဖဝါး ထိမှန် ခံရပြီး သွေး အချို့ အန်လျက်၊ မီတာ ရာဂဏန်း အကွာသို့ လွင့်စဉ် သွားသည်။
“ ဝှစ် ... ။ ”
ထို့နောက် ယုဟိုရှင်းက၊ သူမ စင်မြင့် ထက်သို့ ဆင်းသက် လိုက်ရာ၊ ကြမ်းပြင်တွင် အက်ကွဲ ကြောင်းများ ပြန့်ကျဲ လာတော့သည်။
“ ကံကြမ္မာ အထက် ပညာရပ် ဆိုတာ ဒါလား။ ”
နဂါး တစ်ကောင် ကဲ့သို့၊ ပြောင်းလဲ သွားသော ယုဟိုရှင်းအား ကြည့်ကာ၊ လူတိုင်း အံ့သြ သွား၏။ သူတို့ မျက်လုံး ကိုပင်၊ သူတို့ မယုံနိုင် ဖြစ်လာ ကုန်သည်။
“ အဲလိုတော့ မဟုတ်နိုင် ပါဘူး၊ သူတို့ စကားတွေ အရ၊ ကံကြမ္မာ ကိုယ်ခံ ပညာထက် သာလွန်တဲ့ ပညာရပ်ကို လင်းယွန် ရသွား ပုံ ရတယ်။ ”
“ ဒါပေမယ့် ... ၊ ဒီရွေ့လျားမှုက ကြောက်စရာ ကောင်းတာတော့ အမှန်ပဲ၊ လောချန်၊ ချင်လင်းနဲ့၊ ကျွင့်မုန်ချန်တို့ ... ”
“ ... ရှုံးသွားတာ အံ့သြ စရာ မရှိ ပါဘူး၊ လက်အိတ် မရှိရင် တောင်မှ ယုဟိုရှင်းကို သူတို့ ရင်ဆိုင်ဖို့ နည်းလမ်း မရှိတာ သေချာတယ်။ ”
လူတိုင်းက ယုဟိုရှင်း ခွန်အားကို အသိ အမှတ် ပြုလာ ကြသည်။
“ မင်းရဲ့ တံဆိပ်ကို၊ ဖျက်ပြီး ပြန်တိုက်ပါ။ ”
ယုဟိုရှင်းက အေးစက်စွာဖြင့်၊ ဖေးရွယ်၏ စုတ်ပြဲ နေသော အဝတ် အစားများ အောက်မှ၊ ရင်သားစိုင် များကို ကြည့်လိုက် သည်။
ကောင်းကင် လမ်း၌ ရွံရှာဖွယ် လူ တစ်ယောက်ကို၊ ပထမဆုံး အကြိမ် အဖြစ် ကြုံလာ ရခြင်း ဖြစ်သည်။
“ ကျွတ် ... ကျွတ် ...၊ မင်းရဲ့ အလှက ဒေါသထွက် နေရင်တောင် ချစ်စရာ ကောင်းတဲ့ ရှားရှား ပါးပါး အလှ တရား မျိုးပဲ။ ”
ယုဟိုရှင်းက နှုတ်ခမ်း များကို လျှာဖြင့် သပ် လိုက်ပြီး၊
“ မင်းရဲ့ တံဆိပ်ကို မဖျက်သေး ဖူးလား၊ မင်းရဲ့ ကောင်လေး လင်းယွန် အပေါ်၊ မျှော်လင့် ချက်ထား နေပုံ ရတယ်၊ ဒါပေမယ့် သူက အမှိုက် တစ်စ ဖြစ်တဲ့ အတွက် သနား စရာ ပါပဲ၊ ... ”
“ ... သူ ထွက်လာ နိုင်ရင်၊ ငါ့ ရှေ့မှာ ဒူးထောက် ခိုင်းရမယ်၊ ငါ စိတ်ပြောင်း သွားပြီ၊ မင်းကို မသတ် တော့ဘူး၊ သူ ထွက်လာ တာကို စောင့်ပြီး၊ ဘယ်သူ အသန်မာ ဆုံးလဲ ဆိုတာ ကြည့်သွားပါ။ ”
ဖေးရွယ်ကို တစ်ချက် တည်းဖြင့် အနိုင်ယူ ပြီးနောက်၊ သူ့ကိုယ်သူ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် အဖြစ်၊ အထင်ရောက် လာခဲ့သည်။
ထိုစဉ် မှာပင် နှလုံးသား စင်မြင့် ထက်၌၊ အလင်းများ စူးရှစွာ တောက်ပ လာပြီး၊ မြူများ ရုတ်တရက် ရစ်သိုင်း လာတော့၏။
“ ငါ့ကို တစ်ယောက် ယောက်၊ စောင့်နေ တယ်လို့၊ ကြားမိတယ်။ ”
အလင်းများ တဖြည်းဖြည်း ပျောက်ကွယ် နေစဉ်၊ ထက်ရှသော အသံ တစ်သံ ထွက်ပေါ် လာသည်။
နောက်ဆုံးတွင် ဤနေရာ၌ လင်းယွန် ရှိနေ သည်ကို၊ လူတိုင်း သတိရ လာပြီး၊ စိတ်လှုပ်ရှား ကုန်တော့သည်။
***