သူတော်စင် နဂါး ချပ်ဝတ်။
Vol. 72 Ch. 1000
စမ်းသပ်မှု မစမီ၊ ယုဟိုရှင်း ခွန်အားမှာ၊ လင်းယွန်နှင့်၊ ယှဉ်နိုင်လိမ့် မည်ဟု မည်သူမျှ မထင် ခဲ့ပေ။
သို့သော် နဂါး အမြီး အမွေကို ဆက်ခံ ပြီးနောက်၊ ယုဟိုရှင်း၏ ခွန်အားကို အသိ အမှတ် ပြုလာ ကြသည်။
ထို့ကြောင့် လင်းယွန်နှင့် ယုဟိုရှင်း အကြား တိုက်ပွဲမှာ၊ မည်မျှ ပြင်းထန် မည်ကို တွေးတော လာမိ ကုန်၏။
နောက်ဆုံးတွင် လင်းယွန်မှာ၊ ကံကြမ္မာ ကိုယ်ခံ ပညာထက် သာလွန်သော အခွင့်ရေးကို၊ ရယူ နိုင်သူ ဖြစ်သည်။
လင်းယွန် ထွက်ပေါ် လာသော အခါ၊ ယုဟိုရှင်း အကြည့်က၊ ဖေးရွယ် ထံမှ ဖယ်ခွာ သွားပြီး၊ လင်းယွန်ထံ ပြောင်းလဲ ကျရောက် သွားသည်။
နောက်ဆုံးတွင် ဤလင်းယွန် လက်၌ သူခံစား ခဲ့ရ သမျှကို၊ လက်စားချေ ခွင့်ရတော့ မည် ဖြစ်သည်။
အကြည့် ဖြင့်သာ လူသတ်နိုင် ပါလျှင်၊ လင်းယွန် သေပြီး ဖြစ်ပေမည်။ အပြုံးမှာ အေးခဲ လာပြီး၊
“ ငါ ... မင်းကို စောင့်နေတာ ကြာပြီ၊ မင်း မသေလို့ ဝမ်းသာ ပါတယ်၊ မဟုတ်ရင် ပျင်းစရာ ကောင်းလိမ့်မယ်။ ”
-ဟု ပြော လိုက်သည်။
“ အမှန်ပဲ ... ၊ ငါလည်း မင်းကို လိုက် မရှာရ တော့ဘူး။ ”
လင်းယွန်မှ ခေါင်းညိတ်လျက်၊ တုန့်ပြန် လေသည်။
“ လင်းယွန် သတိထား၊ သူ့မှာ နတ်အရိပ် ဆိုတဲ့ လက်အိတ် တစ်ဖက် ရှိတယ်၊ ပြီးတော့ အမြီးရဲ့ အမွေ ကိုလည်း ဖမ်းဆုပ် နိုင်နေပြီ။ ”
ဖေးရွယ်၏ သတိပေး စကား အရ၊ လောချန်နှင့် အခြား လူများ အဘယ်ကြောင့်၊ ဤမျှ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိ နေရ သည်ကို၊ သူ သိလိုက်သည် ။
ယခု ချိန်၌ အမွေနှင့်၊ ရတနာကို ပိုင်ဆိုင် ထားပြီး ဖြစ်သဖြင့်၊ ယုဟိုရှင်း တစ်ယောက် သူ့ ကိုယ်သူ၊ ယုံကြည်မှု ရှိလာခြင်း ဖြစ်ပေမည်။
ယုဟိုရှင်းက ဖေးရွယ်အား စိတ် အနှောက် အယှက် ဖြစ်ဟန်ဖြင့်၊ ပြန်လှည့် ကြည့်ပြီး၊
“ မင်း ကြည့်ရတာ ... ၊ တော်တော် စိတ်ပူ နေပုံ ရတယ်၊ ဘာပဲ ဖြစ်ဖြစ် လင်းယွန် အတွက်၊ ရလဒ်က သေခြင်း ပဲ။ ”
-ဟု ဆိုလိုက်သည်။
ယုံကြည်ချက် အပြည့်ဖြင့်၊ ငွေလရောင် အရှိန် အဝါအား၊ ကန့်သတ် ချက်သို့ တွန်းထုတ် လိုက်ရာ၊ လက်အိတ် ပေါ်ရှိ မီးတောက် များက၊ ပို၍ ကြောက်စရာ ကောင်းလာ တော့သည်။
“ လင်းယွန် ... ၊ ဒီနေ့ မင်းသေ ရမယ်၊ မင်းကို ဘယ်သူမှ ကယ်တင် နိုင်မှာ မဟုတ်ဘူး၊ မင်း ပေးခဲ့တဲ့ အရှက် တရား တွေကို၊ ငါပြန် ယူမယ်၊ မင်း ဂရုစိုက်တဲ့ လူတွေ အားလုံးကို ကျွန် အဖြစ် ခိုင်းပြီး သတ်ပစ်မယ်။ ”
ထိုစကား များမှာ လင်းယွန် အတွက်၊ ဒေါသထွက် စေသော စကားများ ဖြစ်သည်ကို၊ ယုဟိုရှင်း တစ်ယောက် ကောင်းကောင်း သိသည်။
“ ငါ ဘယ်လောက် အထိ၊ သန်မာ လာတယ် ဆိုတာ၊ မင်း မကြာခင် သိရလိမ့်မယ်။ ”
သူ့နောက်၌၊ ငွေတောင်ပံ လူသား တစ်ယောက် ပေါ်လာပြီး၊ လက်ကို ဖြန့်ကျ လိုက်၏။
ရုတ်တရက် ငွေလမှာ၊ တဖြည်းဖြည်း မည်းမှောင် လာပြီး၊ နတ်အရိပ် လက်အိတ်နှင့် ပေါင်းစပ် သွားသည်။
ရင်ဘတ် ဆီမှ နာကျင်မှုများ လိမ့်တက် လာစဉ်၊ လမင်းမှာ အနက်ရောင် ပြောင်းလဲသွား လေသည်။
ငွေတောင်ပံ လူသားမှ အံ့ဩဖွယ် ကောင်းသော အနက်ရောင် အရှိန် အဝါများ ပြောင်းလဲ ထုတ်လွှတ် လာ၏။
“ အဲဒါ ရှေးဟောင်း လက်အိတ်က၊ မိစ္ဆာ ဝိညာဉ်ရဲ့ အရှိန် အဝါပဲ။ ”
“ တကယ်တော့ သူက နတ်မိစ္ဆာနဲ့ ၊ လနတ်ဘုရား လက်သီးကို ပေါင်းစပ် လိုက်တာ ပါ၊ ဒါကြောင့် ရှေးဟောင်း နတ်မိစ္ဆာ လမင်းလို့ ခေါ်ရမယ်။ ”
ယုဟိုရှင်း တစ်ယောက် နက်ရှိုင်းစွာ ဖုံးကွယ်ထား မှန်း သိလာရ သဖြင့်၊ အာမေဋိတ် သံများ ထွက်ပေါ် လာသည်။ ဤမျှ မောက်မာ နေသည်မှာ အံ့သြစရာ မဟုတ်ပေ။
နတ် အရိပ် လက်အိတ် သို့မဟုတ်၊ လနတ် ဘုရား လက်သီး ဖြင့်ပင်၊ နဂါး ပြည်နယ်အား ဖြတ်ကျော် နိုင်သည်။
ပြန်ထရန် ရုန်းကန် နေသော လောချန်၏ မျက်ဝန်း များ၌၊ ကြောက်ရွံ့ မှုနှင့် စိုးရွံ့ မှုများ၊ ထင်ဟပ် လာပြီး၊
“ မကောင်း တော့ဘူး … ။ ”
-ဟု ညည်းတွား လိုက်သည်။
လက်သီးကို ဆုပ်လိုက်ရာ၊ နတ်မိစ္ဆာ လမင်းထံမှ အကန့် အသတ်မဲ့ အနက်ရောင် အလင်းများ ဖြာထွက် လာ၏။
စွမ်းအင်များ တိုးပွား လာခြင်းကြောင့်၊ မျက်နှာ တပြင်လုံး ဖောင်းပွလာပြီး၊ ယုဟိုရှင်း အသွင်မှာ ကြောက်စရာ ကောင်းနေသည်။
“ ဒါမှ တကယ့် ဒုက္ခ … ။ ”
ဖေးရွယ်မှာ အလင်းတန်း အသွင် ပြောင်းလျက်၊ လောချန်နှင့် အဖွဲ့အား လွတ်ရာ သို့၊ ခေါ်ဆောင် သွား မိသည်။
နတ်အရိပ် လက်အိတ်မှ ဒဏ်ပြန် မှုကို၊ လျစ်လျူရှု ရသည် အထိ၊ ယုဟိုရှင်းတွင် မည်သို့ သော မုန်းတီး မှုမျိုး ရှိမည်ကို၊ သူမ နားမလည် နိုင်ချေ။
ဤမျှ ရက်စက် ကြမ်းကြုတ်သော လူ တစ်ဦးသည်၊ နိမ့်ကျသော ပယင်း နယ်မြေမှ လာ သည်မှာ၊ အံ့ဩစရာ ကောင်းပေသည်။
“ ဝှစ် ... ။ ”
ယုဟိုရှင်း လက်သီးက လင်းယွန် ထံသို့၊ ကျဆင်း သွားသော အခါတွင်၊ ဖိအားက ဦးစွာ ရောက်ရှိ လာသည်။
သို့သော် လင်းယွန်မှ မူလ စွမ်းအင် ထုတ်ဖော်ခြင်း မရှိချေ။ ယင်းအစား နဂါး အရိုး ပေါ်ရှိ၊ နတ် ရူရ် တောက်ပ လာသည်။
ထို့နောက် ရင်ဘတ်၌ အကြေး ခွံများ ဖြစ်ပေါ် လာပြီး၊ နဂါး ရူရ် (၉)လုံးနှင့် ပေါင်းစပ် သွားကာ၊ ချပ်ဝတ် တစ်ထည် ဖွဲ့တည် လာ၏။
“ သူတော်စင် နဂါး ချပ်ဝတ်။ ”
ချပ်ဝတ် ထွက်ပေါ် လာသော အခါ၊ လင်းယွန်မှ ထုတ်လွှတ် လိုက်သည့် ရောင်ဝါမှာ၊ ကြမ်းကြုတ် နေလေပြီ။
“ အို ... ၊ ဘယ်လောက်တောင် ခမ်းနား လိုက်တဲ့၊ မိုးပြာ နဂါး ချပ်ဝတ်လဲ၊ အစစ် အမှန် ချပ်ဝတ် တစ်ထည် အတိုင်းပဲ။ ”
ချပ်ဝတ် များကို သတ္တုများ အခြေခံကာ၊ ရတနာ များဖြင့် ပေါင်းစပ်ပြီး၊ သွန်းလုပ် တက် ကြသည်။
ထို့ကြောင့် မည်မျှပင်၊ ပါးလွှာ စေကာမူ၊ တိုက်ပွဲ၌ လှုပ်ရှား များနှင့်၊ လိုက်လေျာ ညီထွေ ဖြစ်စေရန်၊ မလွယ် ကူချေ။
မူလ စွမ်းအင်ဖြင့် ဖန်တီး ထားသော ချပ်ဝတ်မှာ၊ ဆန့်ကျင်ဘက် သဘော တရားများ သက်ရောက် ချေပြီ။
၎င်းတို့မှာ အစစ် အမှန် ချပ်ဝတ် ကဲ့သို့၊ မာကျောခြင်း မရှိ သော်လည်း၊ အသုံးပြု သူနှင့်၊ သဟဇာတ ဖြစ်၏။
အားနည်းချက် အနေဖြင့်၊ စွမ်းအင် ကုန်ခမ်းမှု များပြား ပေသည်။ ထို့ကြောင့် နဂါး ချပ်ဝတ်ကို တွေ့လိုက်သော အခါ၊ လူတိုင်း မျက်နှာများ ပြောင်းလဲခြင်း ဖြစ်သည်။
စွမ်းအင် ချပ်ဝတ် ဟူသည်၊ နည်းစနစ် များအပေါ်၊ အခြေခံ လှ၏။ ဆိုလို သည်မှာ လင်းယွန် ရရှိသော အမွေဟု အဓိပ္ပါယ် ရသည်။
သို့သော် လူအုပ် ကြီးမှာ၊ လင်းယွန် အတွက် စိုးရိမ် နေသေးသည်။ အဘယ့်ကြောင့် ဆိုသော် ယုဟိုရှင်း လက်သီးမှာ၊ ကောင်းကင်နှင့် မြေကြီး ကို၊ တုန်လှုပ် စေသောကြောင့် ဖြစ်၏။
“ ဝူး ... ။ ”
အနက်ရောင် လေဆင် နှာမောင်း တစ်စင်း ဖြစ်ပေါ် လာပြီး၊ လင်းယွန်၏ ရင်ဘတ်ကို ထိမှန် သွားသည်။
“ ဖုန်း ... ။ ”
ထူးခြားသည့် အထိ အတွေ့ကြောင့်၊ ယုဟိုရှင်း တစ်ယောက်၊ ချက်ချင်း နောက်ပြန် ဆုတ်လျက်၊ နဂါး ရောင်ဝါများ ထွက်ပေါ် နေသော စင်မြင့်ကို စိုက်ကြည့် မိ၏။
စွမ်းအင် လှိုင်းများ အားလုံး ငြိမ်သက် သွားချိန်၌၊ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သော လင်းယွန် အား၊ မြင်လိုက် ရသည်။
သူ့ကိုယ်၌ နဂါး အကြေး ခွံများ ကဲ့သို့၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်ကာ၊ နဂါး ရူရ်များ တောက်ပ နေ၏။
“ သူ ကာကွယ် နိုင် လိုက်တယ်။ ”
လူအုပ်ကြီး ထံမှ ဝမ်းသာ အားရ အော်ဟစ် သံများ ထွက်ပေါ် လာသည်။ ယုဟိုရှင်း ပင်လျှင် မယုံ နိုင်ဖွယ် ဖြစ်လာ မိ၏။
စတုတ္ထ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ယောက်၏ ခွန်အားကို၊ ရုပ်ခန္ဓာ သက်သက် နှင့်၊ ခုခံ နိုင်ခဲ့ သည်မှာ၊ လေးစား စရာ ပေပင်။
“ ဒါက ... ၊ မင်းရဲ့ ခွန်အားလား။ ”
လင်းယွန်က သူ့ အဝတ် အစား များကို၊ သပ်ရပ်အောင် ပြုပြင်ယူ လိုက်ပြီး၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ အေးစက်စွာ မေးလိုက်သည်။
နဂါး နန်းတော် အတွင်း၊ သူ မည်သည့် အရာများ ကြုံခဲ့ ရသည်ကို၊ ဤ ယုဟိုရှင်းမှာ မသိ နိုင်ချေ။
ကြယ် မီးတောက်နှင့်၊ ကြယ်မိစ္ဆာ ပန်း (၁၀)ပွင့် ဟူသည်၊ လူတိုင်း ခုခံနိုင်ခြင်း မရှိသော ဒုက္ခမျိုး ဖြစ်သည်။
ဤသို့သော ‘သူတော်စင် နဂါး ချပ်ဝတ်’ မျိုးအား လက်အိတ် သက်သက်ဖြင့်၊ ဖျက်ဆီးနိုင် စရာ နည်းလမ်း မရှိချေ။
“ ဝှစ် ... ။ ”
ထို့နောက် ရိပ်ခနဲ ပြေးတက် သွားပြီး၊ လက်သီးနှင့် ထိုးချ လိုက်ရာ၊ ယုဟိုရှင်း ခမျာ သွေးအန် သွားရသည်။
“ အားနည်း လိုက်တာ။ ”
လွင့်စဉ် နေသော ယုဟိုရှင်းနောက်၊ လိုက်ပါ သွားပြီး၊ လက်သီး များဖြင့်၊ ဆက်တိုက် ထိုးနှက် ပစ် လိုက်သည်။
“ တိမ်များကို လွင့်စဉ် စေသော နေမင်းကြီး ... ”
“ အရုဏ်ဦး ခရမ်း ရောင်ဝါ ... ”
“ လောင်ကျွမ်းခြင်း မီးလျှံ။ ”
လက်သီး (၃)ချက် ပစ်လိုက် ချိန်၌၊ ရွှေတောင်ပံ လူသားက တံဆိပ် (၃)ခု နှင့်အတူ ထွက်ပေါ် လာသည်။
ထို့နောက် ၎င်းတို့အား ပေါင်းစပ်ရန်၊ လျှို့ဝှက် တံဆိပ် ဖြစ်သော နေနတ် ဘုရား ဖျက်ဆီး ခြင်းကို၊ ထုတ်ဖော် လိုက်၏။
ရွှေတောင်ပံ လူသားက အတောင် တစ်စုံအား ဖြန့်ချ လိုက်ပြီး၊ ပတ်ဝန်းကျင်ရှိ အလင်းများ အားလုံးကို စုပ်ယူ သွားသည်။
“ ဖောင်း ... ။ ”
သည့်နောက် အလင်း ဟူသည် သူ့ တောင်ပံများ ၌သာ ရှိနေပေ တော့၏။ အလင်း၊ အမှောင် တစ်လှည့်ချင်း ဖြစ်ပေါ် လာကာ၊ လက်သီးက ယုဟိုရှင်းကို ထိမှန် သွားသည်။
“ အွတ် ... ။ ”
“ ခရစ် ... ။ ”
အက်ကွဲသံ များနှင့် အတူ၊ ယုဟိုရှင်း တစ်ယောက် လွင့်ထွက် သွားပြီး၊ ရှုံ့တွ နေသော မျက်နှာဖြင့် မြေကြီးထဲ နစ်မြုပ် သွားတော့ သည်။
***