← Chapters

နတ်မိစ္ဆာ အလင်း။

Vol. 72 Ch. 1001

နတ်မိစ္ဆာ အလင်း။

Vol. 72 Ch. 1001

နဂါး အရိုး၏ စွမ်းအားဖြင့်၊ ယုဟိုရှင်းကို မြေကြီးထဲ နှစ်မြှုပ် ပစ်လိုက်သည်။ အပျက်အစီး များအောက်၌၊ အသက်ရှင် နိုင်ခြင်း ရှိ မရှိ၊ မည်သူမျှ မသိနိုင် သေးချေ။

‘တိုက်ပွဲဝင် ချပ်ဝတ်’ ဟူသည်မှာ၊ ခုခံ ကာကွယ် ရန်နှင့်၊ ပြန်လည် တိုက်ခိုက် ရာတွင်၊ အသုံးပြု နိုင်၏။ ‘ခုခံ ကာကွယ်ရေး ချပ်ဝတ်’၊ သက်သက် မဟုတ်ချေ။

လင်းယွန်၏ တိုက်ခိုက် မှုမှာ၊ အလွန် ပြင်းထန် လှပြီး၊ ၎င်းတွင် ‘သူတော်စင် နဂါး ချပ်ဝတ်’ စွမ်းအားများ၊ ပါဝင် နေသည်။

“ ယုဟိုရှင်း သေပြီလး။ ”

တစ်ချက် တည်းဖြင့် သေလောက်အောင်၊ ပျော့ညံ့မည် မဟုတ်ချေ။ သို့သော် လင်းယွန်၏ လက်စကြောင့်၊ ထိုသံသယ ဝင်လာခြင်း ဖြစ်သည်။

နဂါး ချပ်ဝတ်၏ ဗဟိုတွင်၊ ကြမ်းကြုတ် လွန်းသော အငွေ့ အသက်များ ထွက်ပေါ် နေ သဖြင့်၊ မရိုး ရှင်းကြောင်း ပြောနိုင်သည်။

လူများစွာက စိတ်မသက် မသာ ခံစားလာ ရ၏။ လောချန်ပင် လင်းယွန်အား ပြန်ကြည့် ပြီး၊

“ ဒါက ကံကြမ္မာ ကိုယ်ခံ ပညာထက် သာလွန်တဲ့ နည်းစနစ်လား၊ အရမ်း ထူးဆန်းပြီး သူ့ရဲ့ စွမ်းအားက ငါ့ကို အေးစိမ့်သွား စေတယ်၊ အမှန်တိုင်း ဝန်ခံ ရရင်၊ ဒူးထောက်မိ မတက်ပဲ။ ”

-ဟု ညည်းတွား လိုက်သည်။

ကံကြမ္မာ ကိုယ်ခံ ပညာ အထက်၊ သာလွန်သော ပညာရပ် အတွက်၊ လူတိုင်းက နဂါး နန်းတော်ကို လာခဲ့ ကြခြင်း ဖြစ်သည်။

ဤအခွင့် အရေးကို လင်းယွန်မှ သိမ်းပိုက် သွားသည်။ ထို့စဉ် ဖေးရွယ် မျက်ဝန်းများ မှေးကျဉ်း သွား၏။

သူမ အတွေ့ အကြုံ အရပင်၊ ဤနဂါး ချပ်ဝတ်ကို၊ ကံကြမ္မာ ကိုယ်ခံ ပညာ အထက် သာလွန်သော အရာ၊ ဟုတ်-မဟုတ် အတည် မပြုနိုင် သေးချေ။

“ အမွေခံ နန်းတော် ထဲမှာ၊ သူ ဘာတွေ ကြုံခဲ့ ရလဲ သိချင်သား။ ”

အပျက် အစီးပုံ အတွင်း၊ နစ်မြှုပ် နေသော ယုဟိုရှင်းတွင် သွေးများ ရွှဲနစ် နေသည်။ သူ့ခန္ဓာ ကိုယ်အား ထုတ်ချင်းပေါက် လုနီးပါး၊ ပြင်းထန် လွန်းသော လက်သီး ရာကြီး၊ ရင်ဘတ်၌ ဖြစ်ပေါ် နေသည်။

သူ့ကိုယ် သူပင် မယုံ နိုင်ချေ။ တစ်ချက် တည်းဖြင့် ဤမျှ ပြင်းသော ဒဏ်ရာမျိုး ရလိမ့် မည်ဟု မထင် ထားသည်မှာ အမှန် ပေပင်။

နတ်အရိပ် လက်အိတ်၊ လနတ်ဘုရား လက်သီးနှင့်၊ အတုမဲ့ မိစ္ဆာ စွမ်းအင်တို့ ပေါင်းစပ် ပြီးနောက် တွင်ပင်၊ လင်းယွန်ကို အနိုင် ယူရန် မလုံ လောက်ကြောင်း၊ သိလာ ရသည်။

“ ကောင်လေး ... ၊ မင်းခန္ဓာ ကိုယ်ကို ငါ ထိန်းချုပ် ပါရစေ။ ”

ရုတ်တရက် နတ်ဆိုး ဝိညာဉ်၏ အသံ ထွက်ပေါ် လာသည်။ ထိုတောင်းဆို မှုကြောင့်၊ ယုဟိုရှင်း မျက်နှာ ပြောင်းလဲ သွား၏။

“ ငါတို့ ထွက်ပြေး ရဦး မှာလား၊ စီနီယာ ငါ သူ့ကို အနိုင်ယူ နိုင်ပါ သေးတယ်။ ”

“ ဒီကောင် လေးမှာ၊ စစ်မှန်တဲ့ နဂါး အရိုး ရှိတယ်၊ အဲဒါက ရှားပါး ရတနာပဲ၊ မင်းရဲ့ နတ် အရိပ် လက်အိတ်လောက် အစွမ်း မထက်သေး ပေမယ့်၊ ... ”

“ ... သူ့ကိုယ် ခန္ဓာက၊ နဂါး အစစ် တစ်ကောင်လို ပြောင်းလဲလာ နိုင်တယ်၊ အလား အလာ အရဆို၊ မင်း လက်အိတ်ထက် သာတယ်၊ ဒါ ... ငါတို့ ပြော ပြောနေတဲ့၊ ပြီးပြည့် စုံသော ခန္ဓာ ကိုယ်ပဲ။ ”

နတ်ဆိုး ဝိညာဉ် အသံမှ၊ လောဘ အရိပ် အမြွက်ကို ခံစားမိ သဖြင့်၊ ကျောရိုး အတွင်း စိမ့်တက် သွားသည်၊

“ အဲဒီ တုန်းက ... ၊ မင်းရဲ့ အခြေခံ အုတ်မြစ်က အရမ်း ညံ့ဖျင်းတယ်၊ ဒါကြောင့် ဒီကောင်ကို အနိုင် ယူဖို့ ငါ မယုံဘူး၊ ... ”

“ ... အခုက မတူ တော့ဘူး၊ မြန်မြန် ... မင်းရဲ့ ခန္ဓာ ကိုယ်ကို ခဏ ပေးပါ၊ ငါ မစောင့် နိုင်တော့ဘူး။ ”

စကားဆုံး သည်နှင့်၊ ယုဟိုရှင်း စိတ်ထဲသို့၊ အကန့် အသတ်မဲ့ စွမ်းအင် တစ်မျိုး၊ ရုတ်ချည်း တိုးဝင် လာ၏။

ယင်းက သူ့ ခန္ဓာကိုယ် အပေါ်၊ အတင်း အကြပ် ထိန်းချုပ်ရန်၊ ကြိုးစားရာ ရောက်ပေ သည်။

တစ်နေ့ ဤသို့ ဖြစ်လာ လိမ့်ဟု၊ တွက်ဆ ထားပြီး ဖြစ်သဖြင့်၊ နတ်ဆိုး ဝိညာဉ် အပေါ် အချိန်ပြည့် သတိထား နေခဲ့သည်။

ထို့ကြောင့် ထိတ်လန့်ခြင်း မရှိဘဲ၊ နတ်ဆိုး ဝိဉာဉ်ကို ငြင်းပယ်ရန်၊ နောက်ဆုံး အသိစိတ်နှင့်၊ ကြိုးစား လိုက်မိသည်။

“ ဘာကို စောင့်နေ တာလဲ၊ ဒီကောင်က မင်းရဲ့ စည်းစိမ် နတ်ဘုရားပဲ၊ သူ့ ဆီက အခွင့် အရေး အားလုံးကို ... ”

“ ... ရအောင် ငါ ကူညီ ပါ့မယ်၊ မင်း ကောင်းကင်လမ်း အဆုံးမှာ၊ ထိပ်ဆုံး ကနေ ရပ်ချင်တယ် မဟုတ်လား။ ”

နတ်ဆိုး ဝိဉာဉ်၏ လေသံတွင်၊ ဒေါသများ ကပ်ညိ လာသည်။

“ စီနီယာ ... ၊ မင်း လင်းယွန်ကို သတ်နိုင်တာ သေချာလား။ ”

“ ဟမ့် ... ၊ ငါတိုက်ပွဲ ဝင်လာတာ နှစ် တစ်သောင်း ရှိပြီ၊ အဲဒီ တုန်းက သူ့ကို သတ်နိုင် ပေမယ့်၊ တန်ဖိုး ကြီးကြီး ပေးခဲ့ ရတယ်၊ အခု သူ့ကို ဘယ်လို နှိမ်နှင်း မလဲ ဆိုတာ၊ မင်း စောင့်ကြည့် နေ … ။ ”

နတ်ဆိုး ဝိညာဉ်မှ၊ ပြန်လည် ဟစ်အော် လိုက်ပြီးနောက်၊ ယုဟိုရှင်း ခန္ဓာအား လွှဲပြောင်း ယူလိုက်သည်။

ခန္ဓာ ကိုယ်ကို ထိန်းချုပ်ခွင့် ရသည်နှင့်၊ အတုမဲ့ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်အား၊ ဖြန့်ကျက် လိုက်၏။

“ ဒီရောင်ဝါ ... လာပြန်ပြီ။ ”

လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် မိသည်။ ယုဟိုရှင်း မသေကြောင်း နိုင်သည်ကို သူ သိပြီး၊ ဒဏ်ရာ ပြင်းထန် မည်မှာ၊ သေချာ၏။

တိုက်ပွဲ အဟုန်အား ဆက်၍ မမြှင့်တင် ရသည့်၊ အကြောင်း ရင်းမှာ၊ ဝှက်ဖဲ မည်မျှ ရှိနေ မည်ကို မသိ သောကြောင့် ဖြစ်သည်။

အပျက် အစီးပုံ အတွင်းမှ၊ မိစ္ဆာ အရှိန် အဝါများ စိမ့်ထွက် လာချိန်၌၊ ၎င်းကို ချက်ခြင်း မှတ်မိ သွားသည်။

ဤသည်မှာ ကိုယ်ပွား ကျန်ခဲ့ စဉ်က၊ ရောင်ဝါမျိုး ဖြစ်၏။ သို့သော် ယခု အကြိမ်၌ ရောင်ဝါမှာ ပို၍ အားကောင်း လာသည်။

ပြိုင်ဘက်၏ ခန္ဓာ ကိုယ်၌၊ မည်သည့် လျှို့ဝှက် ချက်များ ရှိနေ မည်ကို၊ သိချင် လာမိ တော့သည်။

“ အဲ့ဒါ ဘာဖြစ် တာလဲ၊ နတ်အရိပ် လက်အိတ် ထဲက၊ ဝိညာဉ် ကြောင့်လား။ ”

“ မဟုတ် လောက်ဘူး။ ”

“ ထူးဆန်းတယ်၊ အဲဒီ ရောင်ဝါဟာ ... ၊ သူ့ရဲ့ လမင်း ရောင်ဝါနဲ့ ဆင်တူ ပေမယ့်၊ ဒါဟာ လုံးဝ ခြားနားတယ်။ ”

ယုဟိုရှင်း ရောင်ဝါကြောင့်၊ လူအုပ် ကြီး၏ မျက်နှာများ ပြောင်းလဲ သွားသည်။ သည်လူ၌ ဝှက်ဖဲ မည်မျှ ရှိနေဦး မည်ကို၊ သိချင်လာ ကုန်၏။

“ ..... ။ ”

အပျက် အစီးပုံ အတွင်းက၊ ယုဟိုရှင်း တစ်ယောက် ခုန်ထွက် လာပြီးနောက်၊ အနက် ရောင် အလင်းများ ထုတ်လွှတ် လိုက်သည်။

“ ဒီ ကို လာ ... ။ ”

မီတာ ထောင်ဂဏန်း အကွာရှိ၊ ကြံ့ခိုင် သန်မာသော လူငယ် တစ်ဦး ထံသို့၊ အကြည့် များ သက်ဆင်း သွားပြီး၊ ဆိုလိုက်သည်။

“ ဝှစ် ... ။ ”

ထိုလူမှာ ကြည့်နေစဉ် မှာပင်၊ ခန္ဓာကိုယ် တစ်ခုလုံး၊ လျင်မြန်စွာ ရှုံ့တွလျက်၊ ယုဟိုရှင်း လက်သို့၊ လွင့်ဝဲ သွားတော့၏။

များမကြာခင် ရင်ဘတ် ဟောင်းလောင်း ဖြစ်နေသော ယုဟိုရှင်း၏ ဒဏ်ရာမှာ၊ ပြန်လည် ကောင်းမွန် လာသည်။

“ ဟား ဟား ဟား ... ၊ ဒါက အတုမဲ့ မိစ္ဆာ ပညာ ရပ်ကို အသုံးပြု နည်းပဲ။ ”

ယုဟိုရှင်းက အလောင်းကို လွှင့်ပစ်ပြီး၊ ရယ်မောလျက် လူအုပ်ထံ ဝေ့ကြည့် လိုက်သည်။ ချက်ချင်းပင် လူတိုင်း ဆုတ်ခွာ သွားကုန်၏။

လောချန်နှင့် အဖွဲ့ပင်၊ ချွင်းချက် မရှိချေ။ ဤယုဟိုရှင်းမှာ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦး၏ အဆီ အနှစ်ကို၊ လွယ်လင့် တကူ ဝါးမျိုသွား လေပြီ။

( မရဏ လမင်း သုတ္တန်။ သွေးမိစ္ဆာ ကျမ်း။ )

ပယင်း ကမ္ဘာရှိ အတွေ့ အကြုံ များကို ပြန်ပြောင်း သတိရ သွားသော လင်းယွန်က၊ ယုဟိုရှင်းထံ သတိထား ကြည့် မိသည်။

“ ဒါက ... ငါးသေး သေးလေး တစ်ကောင် တည်းပါ၊ မင်း ဘာလို့ ဒီလောက်ထိ တုန်လှုပ်နေ ရ တာလဲ၊ ဟား ဟား ဟား ... ။ ”

ယုဟိုရှင်းက လင်းယွန်အား၊ အရသာ ရှိသော ဟင်းလျာ ကဲ့သို့ စိုက်ကြည့်ပြီး၊ ရယ်မော လှောင်ပြောင် လိုက်သည်။

“ မင်းကသာ အဓိက ဟင်းလျာပဲ ... ၊ ငါ့ကို အချိန် အကြာကြီး စောင့်ခိုင်းပြီး မှတော့၊ မင်းလို ကောင်းမွန်တဲ့ အာဟာရနဲ့ စခွင့် ရတာလည်း၊ မဆိုး ပါဘူး။ ”

ထို့စဉ် တိမ်တိုက်များ မည်းတက် လာပြီး၊ ဧရာမ အသွင် သဏ္ဍာန် တစ်ခု အဖြစ် ဖွဲ့တည် နေကာ၊ အနက်ရောင် မြူများကို ထုတ်လွှတ် လာသည်။

ယင်းမှာ အနက်ရောင် လမင်း တစ်စင်း ဖြစ်၏။ ၎င်းရောင်ဝါမှာ နဂါး အရိုး ကိုပင်၊ ကြောက်ရွံ့ တုန်ယင် လာစေ သည်။

ယင်းက ယုဟိုရှင်း တစ်ယောက်၊ ပေးစွမ်း နိုင်သော အရာ မဟုတ်မှန်း၊ လင်းယွန် သိသည်။ ဤသို့ ဆိုပါက လက်ရှိ ပြိုင်ဘက်မှာ၊ မည်သူ ဖြစ်နိုင် မည်နည်း။

“ ကောင်းလေး ... ၊ မင်းရဲ့ ကံတရားကို နာခံစွာ အပ်နှံ လိုက်ပါ၊ အတုမဲ့ မိစ္ဆာ- လရောင် အလင်း။ ”

ယုဟိုရှင်းက တစ်ဆိပ် တစ်ခုကို ထုတ်ဖော်လျက် ရယ်မော လိုက်သည်။ ထို့စဉ် အနက်ရောင် လမင်း ထံမှ၊ ဖိအား တစ်ခု ကျဆင်း လာ၏။

“ အခု နတ်အရိပ် လက်အိတ်ကို ဘယ်လို သုံးသင့်လဲ ဆိုတာ ငါ ပြမယ်။ ”

ဝိညာဉ် တစ်ကောင် မျက်နှာမှာ၊ အနက်ရောင် လမင်း မျက်နှာ ပြင်၌ ပေါ်လာ သည်။ ၎င်းသည် ‘မိစ္ဆာ ဝိညာဉ်’ ဖြစ်၏။

“ ဝှစ် ... ။ ”

မိစ္ဆာ ဝိညာဉ်က၊ အလင်းတန်း အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ လင်းယွန်ထံ ခုန်ဆင်း လာခဲ့ သည်။ ယင်းကို ရှောင်ရန် မှတပါး အခြား မရှိချေ။

“ ခရစ် ... ။ ”

အလင်းတန်း ဖြတ်သွားရာ လမ်း တစ်လျှောက်၊ ကြမ်းပြင်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည်။ ထို့ကြောင့် လင်းယွန်မှာ အဆက် မပြတ် ဆုတ်ခွာ ပေးနေ ရသည်။

“ ဒီခန္ဓာက အရမ်း အားနည်းတယ်၊ မဟုတ်ရင် သူ့ကို သတ်ဖို့၊ မိစ္ဆာ လမင်းကို ဆွဲချ လိုက်ရုံပဲ၊ ဒါပေမယ့် ... နတ်အရိပ် လက်အိတ်ရဲ့ ဒီကလေး နဲ့လည်း၊ လုံလောက် ပါတယ်။ ”

( ဒီကလေး = လမင်းမှ ဆင်းလာသော မိစ္ဆာ ဝိညာဉ်။ )

ယုဟိုရှင်းက လောဘကြီး စွာဖြင့် လင်းယွန်ကို ကြည့်ကာ၊ ရေရွတ် လိုက်၏။ အနက်ရောင် အလင်း တန်းများ မထိ မိအောင် လင်းယွန် တစ်ယောက်၊ အစွမ်းကုန် ကြိုးစား နေရသည်။

“ အွတ် ... ။ ”

သို့သော် အဆုံးတွင် ထိမှန် ခံရကာ၊ လွင့်စဉ်သွား တော့၏၊ တစ်ချိန် တည်းမှာပင်၊ နဂါး ချပ်ဝတ်၌ ရူရ်များ လင်းလက် လာသည်။

“ မင်းက အရမ်း ငယ်သေးတယ်။ ”

ယုဟိုရှင်း၏ မျက်လုံးများ၊ အေးစက်စွာ တောက်ပ လာပြီး၊ အပြာရောင် နဂါး အဖြစ်သို့ ပြောင်းလဲ သွားကာ၊ လင်းယွန်ကို အမြီးနှင့် ရိုက်ချ လိုက်သည်။

“ ဖုန်း ... ။ ”

ယင်းက ရင်ဘတ်ကို ထိမှန် သွားပြီး၊ သက်ရောက် မှုကြောင့်၊ လင်းယွန် ချပ်ဝတ်ကို အက်ကွဲ သွားစေ၏။

သည့်နောက် ယုဟိုရှင်း လက်က၊ နဂါး ချပ်ဝတ်ကို ဖြတ်ကာ၊ နဂါး အရိုးကို အပြုံးဖြင့်၊ လှမ်းယူ လိုက်သည်။

“ မင်းမှာ နဂါး အရိုး ပိုင်ဆိုင် ရအောင် အရည် အချင်း မရှိသေး ပါဘူး၊ ငါ ယူပါ ရစေ၊ သူက ငါနဲ့ အတူ၊ တောက်ပလာ လိမ့်မယ်။ ”

သို့သော် သူ့ကို လင်းယွန်မှ ဂရု မစိုက်ဘဲ၊ ပြန်ကြည့် နေခဲ့ရာ၊ တစ်စုံ တစ်ရာ လွဲချော် နေပြီ ဟု၊ သံသယ ဝင်လာမိ တော့သည်။

“ အား ... ။ ”

ထိုစဉ် မှာပင်၊ လက်က နဂါး အရိုးအား ကိုင်မိ လိုက်ပြီး၊ မိုးကြိုး စွမ်းအင်များ ဒလဟော သူ့ထံ စီးဝင် လာသဖြင့်၊ နာကျင်စွာ ဟစ်အော် လိုက်မိသည်။

နတ်ဘုရား ရူရ် တစ်လုံးအား၊ ထိကိုင် ဝံ့သည် အထိ၊ ရူးသွပ် နေသော သူ့ကိုယ်သူ၊ ကျိန်ဆဲရုံ မှ တပါး၊ အခြား မရှိ တော့ချေ။

***

All Chapters