← Chapters

ပန်း သင်္ချိုင်း ။

Vol. 72 Ch. 1002

ပန်း သင်္ချိုင်း ။

Vol. 72 Ch. 1002

နတ် ဘုရား ရူရ်မှ ထွက်လာသော စွမ်းအားသည်၊ နတ်ဆိုး ဝိညာဉ်ထံ တိုက်ရိုက် ထိမှန် သွား၏။

ထို့အပြင် ၎င်းစွမ်းအင် များမှာ၊ သူ့အား ထွက်ပြေး နိုင်ခြင်း မရှိ စေရန်၊ ပတ်ဝန်း ကျင်ကို ကန့်သတ် လာတော့သည်။

နဂါး အရိုး၌ နတ်ဘုရား ရူရ် တစ်လုံး ရှိနေကြောင်း သိပါက၊ ၎င်းကို သူ့ လက်ဖြင့် ဤသို့ ထိဝံ့မည် မဟုတ်ချေ။

ယင်းအစား လင်းယွန်ကို ဒဏ်ရာအောင် ရိုက်နှက်မိ ပေမည်။ သို့သော် နောက်ကျ သွားပြီ ဖြစ်သည်။ တစ်ဖက် လူမှ သူ့အား စောင့်မျှော် နေခဲ့သည်။

သူတော်စင် နဂါး ပညာ ရပ်ကို လေ့ကျင့် ပြီးနောက်၊ တိုက်ပွဲဝင် ချပ်ဝတ် တစ်ထည်အား၊ ပြိုင်ဘက်မှ ဖွဲ့တည် ထားနိုင်ပုံ ရသည်။

ခန္ဓာကိုယ် အနှံ့၊ နတ်ရူရ်၏ စွမ်းအားများ ပျံ့နှံ့ လာသဖြင့်၊ နတ်ဆိုး ရောင်ဝါ အားလုံးကို ထုတ်လွှတ်ကာ၊ ချေြဖတ်ရန် အစွမ်းကုန် ကြိုးစား နေမိသည်။

တစ်ဖက် လူမှာ နဂါး အရိုးနှင့်၊ လုံးဝ ပေါင်းစပ် ထားခြင်း မဟုတ် သောကြောင့်၊ သူ့၌ လွတ်မြောက်ရန် အခွင့် အရေး ရှိနိုင်၏။

“ နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်။ ”

သို့သော် အဖြစ် အပျက် များကို နားလည် နေသော လင်းယွန်က၊ ယုဟိုရှင်း ရင်ဘတ်အား လက်သီးနှင့် ထိုးချ လိုက်သည်။

ရွှေတောင်ပံ လူသား ထွက်ပေါ် လာပြီး၊ ယုဟိုရှင်း၏ နှလုံးထံ ဦးတည်ကာ၊ လက်သီးနှင့် ထိုးချ လိုက်သည်။

“ သေ ... လိုက် စမ်း ။ ”

ရွှေရောင် အလင်းတန်း များက၊ ယုဟိုရှင်း ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက် လာပြီး၊ ခန္ဓာ ကိုယ်ထဲ ထပ်မံ စိမ့်ဝင် သွား၏။

ရင်ဘတ်၌ လောင်ကျွမ်း ရာကြီး တစ်ခု ဖြစ်ပေါ် လာပြီး၊ သွေးများ ပန်းထွက် လာကာ၊ လွင့်စင် သွားလေသည်။

ဤအခြေ အနေနှင့် ပတ်သက်၍၊ ထူးခြားသော တစ်စုံ တစ်ရာအား သတိပြု မိ သည်။

သူ့ လက်သီး များသည်၊ ယုဟိုရှင်း၏ အရေပြားနှင့် ကြွက်သား များကို ဖြတ်သန်းနိုင် သော်လည်း၊ အရိုးများ ပေါ်ရှိ အနက်ရောင် အငွေ့ အသက်ကို မဖြတ်နိုင် ခဲ့ချေ။

“ အတုမဲ့ မိစ္ဆာ - ပြောင်းပြန် မျိုးဆက်သစ်။ ”

ယုဟိုရှင်း ခန္ဓာ ကိုယ်ကို ထိန်းချုပ် ထားသော နတ်ဆိုး ဝိညာဉ်က၊ ရှေးကျသော ရောင်ဝါအား ထုတ်လွှတ် လာသည်။

ထို့နောက်တွင် ဒဏ်ရာ များက၊ လျင်မြန်စွာ ကောင်းမွန် လာပြီး၊ ပြန်လည် ရှင်သန်လာ သကဲ့ သို့၊ ပြောင်းလဲ သွား၏။

“ ဒါ နတ်ဆိုး ရောင်ဝါပဲ … ။ ”

ယင်းမှာ အပြာရောင် နေမင်း နယ်မြေ၌ ဓားသူတော်စင် နှိမ်နင်း ထားသော နတ်ဆိုး အလောင်းများ ထံမှ ရောင်ဝါနှင့် ဆင်တူသည်။

ဤယုဟိုရှင်းတွင် နတ်ဆိုး တစ်ပါး၏ ကျန်ကြွင်းသော ဝိဉာဉ် တစ်ခု ရှိနေကြောင်း ထင်ရှား လေသည်။

ဒဏ်ရာ များမှ လျင်မြန်စွာ၊ သက်သာ ပျောက်ကင်း လာ သော်လည်း၊ ၎င်း သက်တမ်း အပေါ်၊ သက်ရောက် မှုများ ရှိနိုင် ပေမည်။

“ ကျွတ် ... ကျွတ် ... နတ်ဆိုး တဲ့လား၊ ငါက မြင့်မြတ်သော Ultan မျိုးနွယ် ကပဲ၊ ငါတို့က မင်း တို့လို သတ္တာဝါ တွေထက်၊ အဆပေါင်း များစွာ သန်မာတယ်၊

“ ... ဒါပေမယ့် မင်းရဲ့ ခန္ဓာ ကိုယ်မှာ၊ နတ် ရူရ် တစ်လုံး ပါတဲ့၊ နဂါး အရိုး ရှိနေတဲ့ အတွက်၊ ငါ့ ကိုတောင် မျက်စိကျ စေတယ်။ ”

နတ်ဆိုး ဝိညာဉ်က သူ့ လောဘကို ဖုံးကွယ်ရန် စိတ်ကူး မရှိ တော့ချေ။ မျက်ဆန် များက ကြက်သွေးရောင် ကျောက်မျက် တစ်စုံ ကဲ့သို့၊ ရဲရဲနီ လာသည်။

အနက်ရောင် လမင်း ထံမှ အလင်းရောင် များက၊ လေဟာနယ်ကို ကန့်သတ် ပစ်သဖြင့်၊ သူတို့ နှစ်ဦး ပြောဆိုသော စကား များကို မည်သူမျှ မကြား နိုင်ခေျ။

“ မင်း အများကြီး ... ၊ သိနေပြီ။ ”

လင်းယွန်က အေးစက်စွာ ပြောသည်။ ဤနတ်ဆိုး ဝိညာဉ်နှင့် ယုဟိုရှင်းကို ဖယ်ရှား ရပေမည်။ မဟုတ်သော် နောင်တွင် ကပ်ဘေး ဖြစ်လာ မည်မှာ သေချာ၏။

“ ဟီး ဟီး ... ၊ ဟား ဟား ဟား ... ၊ မင်းမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်ပဲ ရှိရှိ၊ အားလုံး ငါ့ ဆီ ရောက်လာ မှာပါ။ ”

နတ်ဆို ဝိညာဉ်က ရယ်၏။ ထို့နောက် ကောင်းကင်ရှိ အနက်ရောင် လမင်းကို၊ အရှိန် ပြင်းစွာ လည်ပတ် စေလိုက်သည်။

“ ငါ မင်းကို ... ၊ နောက်ထပ် အခွင့် အရေးတွေ မပေး တော့ဘူး။ ”

အမွေမှ ရရှိသော ရွေ့လျားမှု နည်းပညာကို ထုတ်ဖော် လိုက်ရာ၊ အပြာရောင် နဂါး အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ လင်းယွန်ထံ ပြေးဝင် တိုက်ခိုက် လိုက်တော့သည်။

“ ဂျိန်း ... ။ ”

ဤမြင်ကွင်းက လင်းယွန်ကို မျက်မှောင်ကြုတ် သွားစေ၏။ အမြန် နှုန်းချင်း ယှဉ်လို ပါက ကြောက်စရာ မရှိချေ။

ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို ထုတ်ဖော်ကာ၊ နဂါးနှင့် ထိပ်တိုက် တွေ့လိုက်သည်။

“ ဝုန်း ... ။ ”

ကြောက်မက် ဖွယ်ရာ ပေါက်ကွဲ မှုများ ဆက်တိုက် ဖြစ်ပေါ် လာပြီး၊ လေဟာ နယ်ကို၊ အက်ကွဲသွား စေ၏။

ပွဲကြည့် ပရိသတ်များ အတွက်၊ အံ့အားသင့် စေသော ရွေ့လျားမှု များဖြစ်ပြီး၊ မည်သူ အနိုင်ရ မည်ကို မသိနိုင် တော့ချေ။

ကောင်းကင်၌ နဂါးနှင့် ကျီးကန်းတို့ အသက်လု နေသည် ဟုသာ မြင်မိ ချေပြီ။ ဤတိုက်ပွဲမှ ရှင်သန် နိုင်သူ မည်သူ မဆို ကောင်းကင်လမ်း အဆုံးတွင်၊ တောက်ပ နေမည်မှာ သေချာသည်။

စွမ်းအင် အတက် အကျ လှိုင်း များက ပိတ်ဆို့ ထားသော လေဟာ နယ်ကို ဖြတ်ကာ၊ လူတိုင်းကို ထိမှန် သွား၏။

“ ယုဟိုရှင်းမှာ တစ်ခုခု မှားနေပြီ၊ သူနဲ့ မတူတော့ သလိုပဲ … ။ ”

လောချန်က အပြာရောင် နဂါးကို မော့ကြည့်ကာ ဆိုသည်။

“ မှန်တယ်၊ ဒါပေမယ့် ... ဒါက အလုံးစုံ သိမ်းပိုက် ခြင်းမျိုး မဟုတ်ဘူး၊ ယှဉ်တွဲ နေထိုင် တဲ့ ဆက်ဆံ ရေးမျိုးပဲ ဖြစ်ရမယ်၊ ... ”

“ ... ဒီယုဟိုရှင်းမှာ ရှိနေတဲ့ အရာက၊ ဘယ်သူ ဖြစ်ဖြစ်၊ လင်းယွန်ရဲ့ ရတနာ တွေကို လုယူချင် နေတယ်၊ မဟုတ်ရင် ဒီလောက်ထိ ပြဿနာ ကြီးလာမှာ မဟုတ်ဘူး။ ”

-ဟု ဖေးရွယ်မှ ပြောလာသည်။

ကောင်းကင်လမ်းသည် ဒဏ္ဍာရီ ဆန်သော စစ်မြေပြင် ဖြစ်သောကြောင့်၊ အကြွင်း ဝိညာဉ် များကို ရှာတွေ့ရန် မရှား လှချေ။

သို့သော် ထိုအကြွင်း ဝိညာဉ်သည် ယုဟိုရှင်းအား ထိန်းချုပ် နိုင်သည့် အတွက် အလွန် အံ့သြ စရာ ဖြစ်သည်။

အကြွင်း အကျန် ဝိညာဉ် အများ စုသည် အားနည်း လှပြီး၊ ထင်ထင် ပေါ်ပေါ် မလှုပ်ရှား ရဲ ကြချေ။

သို့မဟုတ် ပါက အင်အား ကြီးမားသော ဂိုဏ်းကြီး များ၏၊ သုတ်သင် ခြင်းကို ခံရမည် ဖြစ်သည်။

“ တကယ်တော့ လင်းယွန် ကမှ ကြောက်စရာ အကောင်းဆုံး လူပါ၊ သူက အကြွင်း အကျန် ဝိညာဉ် ကိုတောင်၊ ... ”

“ ... လက်ရည်တူ တိုက်ခိုက် နိုင်တယ်၊ အိုး ... ကြည့်စမ်း သူတို့ နှစ်ယောက် လုံးရဲ့ ရောင်ဝါ သမုဒ္ဒရာ မှာ၊ ကြယ်မီးတောက် တွေတောင် ရှိတယ် … ။ ”

ချင်လင်းက လင်းယွန်အား မနာ လိုစွာ စိုက်ကြည့်ပြီး ဆိုသည်။ ရောင်ဝါ သမုဒ္ဒရာ များရှိ တောက်လောင် နေသော ကြက်သွေးရောင် မီးတောက် များကို ခံစား နိုင်၏။

သူ့ စကားကြောင့် ဖေးရွယ်နှင့်၊ လောချန်က တိုက်ပွဲထံ ပြန်ကြည့် မိသည်။ စမ်းသပ်မှု မစမီ လင်းယွန်မှာ၊ အထွတ် အထိပ် ဒုတိယ ကောင်းကင်၌ ဖြစ်၏။

ထို့ကြောင့် တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ တက်ရောက် နိုင်သည်မှာ၊ အံ့သြ စရာ မဟုတ်ပေ။

သို့သော် ရောင်ဝါ သမုဒ္ဒရာ၌ ကြယ် မီးတောက် များကို မြင်ရ ခြင်းသည် သူတို့အား အံသြ လာစေပြီ။

“ အိုး ... မဟုတ်ဘူး၊ သေချာကြည့် အဲ့ဒါက ကြယ်မိစ္ဆာ ပန်း တွေပဲ။ ”

ဖေးရွယ်က ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။ ကြယ်မိစ္ဆာ ပန်း များကို ရောင်ဝါ သမုဒ္ဒရာ၌ စိုက်ပျိုး နိုင်ခဲ့ ခြင်းသည်၊ အဓိပ္ပါယ် များစွာ သက်ရောက် ပေ၏။

ယင်းမှာ စတုတ္ထ ကောင်းကင် ဒုက္ခကို ခံယူ ခြင်းနှင့် ညီမျှပြီး၊ ဤအမှုကို ခွန်လွန် နယ်မြေမှ ပါရမီရှင် များပင် မလုပ် ဝံ့ချေ။

ကြောက်စရာ ကောင်းသော စိတ်ကူး ဖြစ်သည်။ ပဉ္စမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ ရောက်ပြီး မှသာ၊ ပြိုင်ဘက်ကင်း ပါရမီရှင် အချို့က စိတ်ကူးရဲ ချေမည်။

ဆိုလို သည်မှာ လင်းယွန်၏ အရည် အချင်းနှင့်၊ ဆုံးဖြတ် နိုင်စွမ်းသည်၊ ထိုအဆင့် ပါရမီရှင် များကို မီသည်ဟု၊ အဓိပ္ပါယ်ရ ပေ၏။

ထိုသို့သော ပါရမီရှင် များမှာ၊ သူတော်စင်များ ဖြစ်လာရန် သေချာ လှပြီး၊ ပါရမီရှင် ဟူသော ဝေါဟာရထက်၊ ပို၍ အစွမ်းထက် ပေသည်။

“ ဘီလူး ... ၊ ဒီကောင်လေးက တကယ့် ဘီလူးပဲ။ ”

နဝမမြောက် ကောင်းကင် လမ်း၌၊ အကျော် ဇေယျ ပုဂ္ဂိုလ် တစ်ဦး မွေးဖွားပေး တော့မည့် လက္ခဏာ တစ်ရပ် ပေပင်။

ယွဲ့ဝေဝေ တစ်ယောက် ဤလူငယ် အပေါ်၊ အဘယ်ကြောင့်၊ အလေး အနက်ထား ရသည်ကို နားလည် လာတော့သည်။

အရွယ် မရောက် သေးသော ဘီလူး တစ်ကောင်ကို၊ ရှာဖွေ တွေ့ရှိ ခြင်းသည်၊ ကြောက်စရာ ကောင်းသော ဝှက်ဖဲ တစ်ချပ် ရှိခြင်းနှင့် ညီပေသည်။

ကောင်းမွန်စွာ ကြီးထွား လာပါက၊ မည်သို့သော နယ်မြေကို မဆို၊ နှစ်တစ်သောင်း တည်မြဲအောင် ကူညီ နိုင်ချေ၏။

ထိုအခိုက်တွင် စူးရှသော မြည်သံ ပြုလျက်၊ ပန်းသင်္ချိုင်း ဓားက လင်းယွန် လက်ထဲ ပျံသန်း လာသည်။

ပွဲစဉ် တစ်လျှောက် ပန်းသင်္ချိုင်း ဓားကို မသုံးရ သေးကြောင်း၊ လူတိုင်း သတိရ သွား၏။ ဆိုလို သည်မှာ သည်နေ့ ယုဟိုရှင်းကို သတ်မည်ဟု အဓိပ္ပါယ်ရ ချေပြီ။

“ ပန်းသင်္ချိုင်း ... ။ ”

“ သူ ... ဓား ဆွဲပြီ ... ။ ”

ထိုမြင်ကွင်းက လူတိုင်း၏ သွေးများကို ပွက်ပွက် ဆူလာ စေသည်။ လင်းယွန်မှ မူရှို့ဟန် တို့ သုံးဦးအား၊ ဓားတစ်ချက် တည်းနှင့်၊ သတ်ပစ် ခဲ့ဖူး လေသည်။

ထိုသို့သော ဓား တစ်လက် အစွမ်းကို နောက်တစ်ကြိမ် ထပ်၍ မြင်ခွင့် ရပေ တော့မည် ဖြစ်သည်။

“ နေနတ် ဘုရားဓား - တိမ်များကို လွင့်စဉ် စေသော ဓား။ ”

လင်းယွန် ထံမှ၊ ကျယ်လောင်သော ကြုံးဝါးသံ ထွက်ပေါ် လာသည်။ ချက်ခြင်းပင် အဆုံး မရှိ၊ နေမင်းကြီး တစ်စင်း သကဲ့သို့၊ ဓား အလင်း များက တိမ်များကို၊ ခွဲချလိုက် လေပြီ။

***

All Chapters