← Chapters

စွန့်ပစ်ခြင်း။

Vol. 72 Ch. 1003

စွန့်ပစ်ခြင်း။

Vol. 72 Ch. 1003

ကောင်းကင် ဓားဖြင့် စွမ်းအား မြှင့်တင် ထားသော နေနတ် ဘုရား ဓားမှာ အံ့ဩစရာ ကောင်း ပေ၏။

မူလ စွမ်းအင်များ ဓားထဲ လောင်းထည့် လိုက်သည်နှင့်၊ ပန်းသင်္ချိုင်း ဓားမှ စူးရှသော အလင်းများ ပြန်ထုတ် ပေးလာသည်။

“ ဘုန်း ... ။ ”

ဓား တစ်ချက် လှုပ်လိုက်တိုင်း၊ ရွှေရောင် ဓားအလင်း များစွာက၊ ယုဟိုရှင်းထံ ပြေးဝင် ပေါက်ကွဲ သွားသည်။

ယုဟိုရှင်းသည် ပြဿနာ မဟုတ် သော်လည်း၊ နတ်ဆိုး ဝိညာဉ်မှာ၊ လင်းယွန် အတွက်၊ ခေါင်းခဲ စရာ ဖြစ်သည်။

ထို့အပြင် ကောင်းကင်ရှိ အနက်ရောင် လမင်းက၊ သူ၏ ရွေ့လျားမှုနှင့် မူလ စွမ်းအင်ကို ကမောက် ကမ ဖြစ်စေသည်။

ကြယ်မိစ္ဆာ ပန်းများကို စုပ်ယူ ထားခြင်း မရှိပါက၊ လုံးလုံး လျားလျား ဖိနှိပ် ခံရ မည်မှာ၊ သေချာသည်။

ယင်းကြောင့် အချိန် မဖြုန်း တော့ဘဲ၊ ကောင်းကင် ဓားဖြင့်၊ လေဟာ နယ်ကို ခွဲကာ၊ ကန့်သတ် မှုအား၊ ချိုးဖြတ် လိုက်ခြင်း ဖြစ်သည်။

ဓား အလင်း များက၊ လေဟာနယ် အက်ကြောင်း များကို၊ ဖြစ်ပေါ် လာစေသည်။ နတ်ဆိုး ဝိညာဉ်မှာ၊ စိုးရိမ် သွားပြီး၊

“ အတုမဲ့ မိစ္ဆာ — မိစ္ဆာ အက။ ”

-ဟု ဟစ်သံ ပြုလျက်၊ လက် များကို ပုံသဏ္ဍာန် မျိုးစုံ လှုပ်ယမ်းကာ၊ အနက်ရောင် တိမ်များအား စုရုံး စေလိုက်ပြီး၊ အလင်း မြူ များဖြင့်၊ ပစ်ခတ် လာသည်။

၎င်းက ရေဘဝဲ လက်တံ ကြီးများ ကဲ့သို့၊ ခံစားရ သူတိုင်း၏ ဝိညာဉ်ကို ညှိုးနွမ်း စေမည့် ပုပ် ရနံ့အား ထုတ်လွှတ် ပေးသည်။

အထူး သဖြင့် ရေဘဝဲ လက်တံမှ၊ ဖမ်းမိ ပါလျှင် ရုန်းထွက် နိုင်မည့် မဟုတ်ပေ။ ခန္ဓာ ကိုယ်အား ထိုးဖောက် ခံရမည် ဖြစ်သည်။

ဤသည်မှာ သူတော်စင် နဂါး ချပ်ဝတ်ကို ထိုးဖောက်ရန်၊ ရည်ရွယ် ထားသော၊ နတ်ဆိုး ဝိဉာဉ်၏ အပြင်း ထန်ဆုံး တိုက်ခိုက် မှုများ ထဲမှ တစ်ခု ဖြစ်သည်။

“ ဘယ်လိုတောင် သနား စရာ ကောင်းလိုက်တဲ့ လှည့်ကွက် လေး တွေလဲ၊ အရုဏ်ဦး ခရမ်း ရောင်ဝါ။ ”

ပန်းသင်္ချိုင်း ဓားဖြင့်၊ ပြန်လည် ခုတ်ပိုင်းချ လိုက်ရာ၊ ကောင်းကင်နှင့် မြေကြီး တုန်ခါပြီး၊ ခရမ်းရောင် အလင်း တန်းများ ပြေး ထွက် သွားသည်။

ဓား အလင်း သွားရာ လမ်းကြောင်းတွင်၊ ကောင်းကင် ဓားကြောင့်၊ အနက်ရောင် ရေဘဝဲ လက်တံများ အားလုံးကို၊ အပိုင်းပိုင်း ကွဲကြေ သွားစေ ခဲ့သည်။

ဤဓားမှ ထက်ရှသော ခံစား ချက်မှာ၊ လူတိုင်း နှလုံးသား ထဲသို့၊ သပ်ရိုက်ထား သကဲ့သို့ စွဲထင် သွားစေ၏။

“ နေနတ် ဘုရား လက်သီးလား၊ နေနတ် ဘုရား ဓားလား၊ ငါတောင် မခွဲခြား နိုင်တော့ ဘူး။ ”

လေချန်နှင့် အဖွဲ့မှာ အတွေးများ သွား၏။ လက်သီး နည်းစနစ်အား ဓားဖြင့် အစားထိုး အသုံးပြု နိုင်လိမ့် မည်ဟု မကြား ဖူးချေ။

“ မဟုတ်ဘူး ... ။ ”

ခုတ်ဖြတ်ခံ နေရသော ရေဘဝဲ လက်တံ များကို ကြည့်ပြီး၊ နတ်ဆိုး ဝိညာဉ်က ကြောက်လန့် တကြား ထအော်၏။

ကောင်းကင် ဓားဖြင့်၊ စွမ်းအား မြှင့်ထားသော နေနတ် ဘုရား ဓား၏ စွမ်းအားမှာ၊ သူ့ စိတ်ကူး စိတ်သန်းကို ကျော်လွန် သွားခဲ့သည်။

ဓား တစ်လက်၏ ထက်ရှမှု ဟူသည်၊ ဤမည် သည်လော။ ထိတ်လန့် တုန်လှုပ် ခြင်းမှ မသက် သာမီ၊ လင်းယွန်က ဓားအား ထပ်မံ ခုတ်ပိုင်း လာ ပြန်သည်။

ကောင်းကင် တစ်ခုလုံး ရွှေရောင် ဓားအလင်းများ တောက်လောင် လာပြီး၊ ရေဘဝဲ လက်တံ များကို၊ ထပ်မံ ဖြတ်တောက် သွားပြန်သည်။

ရွှေမီးတောက်များ ခြံရံလျက် လေအဝတ် အစားနှင့်၊ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားသည်၊ ကောင်းကင် ဓားကြောင့်၊ ရှိရင်းစွဲ အရောင်ထက် ပို၍၊ တောက်ပြောင် လာသည်။

တစ်ဖက်တွင် ဓား အလင်းကို ကြိုးစား ချေဖြတ် လိုက်သော်လည်း၊ ယုဟိုရှင်း ခမျာ အဝေးသို့ ထပ်မံ လွင့်စဉ် သွားရ ပြန်သည်။

ထို့စဉ် မှာပင် မိစ္ဆာ တစ်ကောင်၊ ကြောက်ရွံ့ နာကျင်စွာ အော်ဟစ်နေ သကဲ့သို့၊ စူးစူး ဝါးဝါး အသံများ လက်အိတ်မှ၊ ထွက်လာ ပေ၏။

ယုဟိုရှင်း မျက်နှာမှာ၊ နာကျင် မှုကြောင့် ရှုံ့တွ သွား၏။ နတ်အရိပ် လက်အိတ်ကို သုံးရန်၊ အင်အား မလုံလောက် တော့ချေ။

သို့သော် ၎င်းအား လျစ်လျူရှုကာ၊ လင်းယွန်ကို တိုက်ခိုက်ရန် လက်အိတ်အား ထပ်မံ အသုံးပြု လိုက်ပြန်သည်။

“ မလုပ်နဲ့ ... ၊ စီနီယာ ငါ့ရဲ့ ခန္ဓာကိုယ်က ကြာကြာ ခံနိုင် တော့မှာ မဟုတ်ဘူး။ ”

နတ်ဆိုး ဝိညာဉ်မှာ သူ့ ခန္ဓာအား၊ လုံးဝ ဂရုမစိုက် သဖြင့်၊ ယုဟိုရှင်းမှ အော်ဟစ် သတိ ပေးလိုက် မိသည်။

ဒဏ်ရာများ ကောင်းမွန် လာ စေရန် အတွက်၊ အတုမဲ့ မိစ္ဆာ နည်းစနစ်ကို နတ်ဆိုး ဝိညာဉ်မှ အသုံး ပြုစဉ် ကပင် အုတ်မြစ်မှာ၊ ထိခိုက် သွားပြီ ဖြစ်သည်။

ယခု တစ်ကြိမ် နတ်အရိပ် လက်အိတ်၏ တုံ့ပြန်မှုကို ခံရသော အခါ၊ ဒဏ်ရာ များမှာ ပို၍ ပြင်းထန် လာပြီး၊ ပြန်လည် ကောင်းမွန် လာရန် နည်းလမ်း မရှိ တော့ချေ။ ထို့ကြောင့် စိတ်ပူ လာခြင်း ဖြစ်သည်။

“ ဟမ့် ... ၊ စုတ်ပြတ်သတ် နေတဲ့ ခန္ဓာ အစုတ် ပလုတ်။ ”

နတ်ဆိုး ဝိညာဉ်က၊ ဟစ်အော် လိုက်ပြီး နတ်အရိပ် လက်အိတ်အား၊ ဆက်၍ အသုံးပြု လေသည်။

ရုပ်ခန္ဓာ ကန့်သတ် ချက်သို့ ချက်ချင်း ရောက်ရှိ သွားကာ၊ အရေပြား အနှံ့ သွေးများ စိမ့်ထွက် လာတော့၏။

“ ရပ် ... ။ ”

ထိုမြင်ကွင်းကြောင့် ယုဟိုရှင်က ဒေါသ ထွက်လာပြီး၊ ခန္ဓာ ကိုယ်ကို ပြန်လည် ထိန်းချုပ် ရန် ကြိုးစား မိသည်။

“ ဘယ်လို လူမိုက်လဲ ... ၊ အဲဒါ နဂါး ဧကရာဇ်ရဲ့ အရိုး အစစ်ကွ၊ မင်း ငါ့ကို နောက် တစ်ခါ လာ စွက်ဖက်ရင်၊ အသတ် ခံရမယ်။ ”

နတ်ဆိုး ဝိညာဉ်က ဒေါသ ထွက်လာပြီး၊ ယုဟိုရှင်း ဝိညာဉ်ကို ကန်ထုတ်ပစ် လိုက်သည်။ ပြုတ်ကျ သွားသည့် နေရာ၌ ငြိမ်သက်လျက်၊ နောက် တစ်ကြိမ် မလှုပ်ရဲ တော့သည် အထိ၊ ကြောက်ရွံ့ သွား၏။

အခွင့် အရေးကို စောင့်ရုံသာ ရှိပေမည်။ သူ့ခန္ဓာ ကိုယ်ကို ပြန်ရမှ သာလျှင်၊ နတ်ဆိုး ဝိညာဉ် အား ရင်ဆိုင်နိုင် ပေမည်။

ဤနတ်ဆိုး ဝိညာဉ်သည် နဂါး ဧကရာဇ် အရိုးကြောင့်၊ မျက်စိ ကွယ်သွားပြီ ဖြစ်သည်။ လင်းယွန်ကို သတ်နိုင်ခဲ့ သော်မှ၊ သူ့ ခန္ဓာမှာ ရလဒ် မကောင်း တော့ချေ။

နတ်ဆိုး ဝိညာဉ်မှ သူ့အား၊ ကျွန် တစ်ယောက် ကဲ့သို့၊ ဆက်ဆံ လာခဲ့သည်။ ထို့ကြောင့် လင်းယွန်ကို မုန်းတီး ခြင်းထက်၊ ပို၍ မုန်းတီး မိချေပြီ။

“ နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်။ ”

အလွန် ထက်ရှသော ဓားရောင်ခြည် တစ်စင်း၊ ပန်းသင်္ချိုင်း ဓားမှ ပေါက်ကွဲ ထွက် လာပြီး၊ အနက်ရောင် တိမ်တိုက် များ၌၊ အပေါက်ကြီး တစ်ခု ဖြစ်လာ စေ၏။

ထို့နောက် လင်းယွန်က၊ ဓားကို ခုတ်ချ ပစ်လိုက်သည်။

“ ဒါက အဆုံးသတ်ပဲ။ ”

ဓား နောက်ကွယ်ရှိ စွမ်းအားမှာ၊ အလွန် ကြောက်စရာ ကောင်းလှပြီး၊ နတ်ဆိုး ဝိညာဉ်ကို အငိုက်မိ စေခဲ့သည်။

“ ဖောင်း ... ။ ”

သည့်နောက် အနက်ရောင် လမင်း၌၊ အစင်းကြောင်း တစ်ခု ထင်ဟပ်လျက်၊ အပိုင်း အစများ အဖြစ်၊ ပေါက်ကွဲ သွားသည်။

လက်ကျန် စွမ်းအင်က၊ ယုဟိုရှင်းပေါ် ကျရောက်ကာ၊ သွေးအန် လွင့်စင်သွား စေ၏။ ဤအရာက နတ်ဆိုး ဝိဉာဉ်ကို ထိတ်လန့် စေပြီး၊ ထွက်ပြေးရန် ဆုံးဖြတ် မိစေသည်။

“ မင်း လွတ်မြောက် နိုင်မယ်လို့ ထင်လား။ ”

ဓား ရည်ရွယ်ချက်ကို၊ ပန်းသင်္ချိုင်း ဓား အတွင်း လောင်းထည့်ကာ၊ ရွှေကျီးကန်း အသွင် ပြောင်းခြင်း (၉) မျိုးကို ထုတ်ဖော် လိုက်၏။

“ ဖ ရူး ... ။ ”

မူလ စွမ်းအင်မှာ ရွှေရောင် ပြောင်းသွား ပြီးနောက်၊ ကျောပြင်၌ တောင်ပံ တစ်စုံ အဖြစ်၊ ပွင့်ထွက် လာသည်။

“ အဲ့ဒီမှာ နေ ... ။ ”

တောင်ပံ များက ရွှေရောင်များ တောက်ပ လာပြီး၊ အဝေးသို့ ပြေးသွားသော ယုဟိုရှင်းကို ချက်ချင်းပင် ကန့်သတ် ပစ်လိုက်၏။

“ ဝှစ် ... ။ ”

ထို့နောက် နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်အား၊ ယုဟိုရှင်းထံ ပစ်ချ လိုက်သည်။ ယင်းက နတ်ဆိုး ဝိဉာဉ်ကို၊ ပြင်းစွာ နာကျင် သွားစေ၏။

“ အား ... ။ ”

နတ်ဆိုး ဝိညာဉ်က ယုဟိုရှင်း၏ ခန္ဓာကိုယ် အတွင်းမှ နေ၍၊ နာကျင်စွာ အော်ဟစ် လိုက်သည်။

ထိုစဉ် မှာပင်၊ ခန္ဓာ ကိုယ်ကို ပြန်လည် လုယူရန် စောင့်ဆိုင်း နေသော ယုဟိုရှင်းက၊ စတင် လှုပ်ရှား လိုက်သည်။

မိစ္ဆာ အငွေ့ အသက်များ ပျောက်ကွယ် သွားကာ၊ မျက်လုံးများ ပြန်လည် တောက်ပလာ ခဲ့သည်။

“ မြေခွေး အိုကြီး၊ ထွက်သွားစမ်း ... ။ ”

“ မင်းက ငါ့ အပေါ်... ၊ ပူးပေါင်း ကြံစည် လိုက် တာကိုး။ ”

နတ်ဆိုး ဝိဉာဉ်က ယုအိုရှင်းအား ကျိန်ဆဲ လေသည်။

“ ဟား ဟား ဟား ... ၊ ငါ ကျေးဇူး ကန်းတာ မဟုတ် ပါဖူး စီနီယာ။ ”

“ မင်းက အမှိုက် တစ်စပဲ၊ ငါ့အကူ အညီ မပါရင်၊ လင်းယွန်က မင်းကို သတ်ပစ် လိမ့်မယ်၊ မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်က ... ”

“ ... ခွေးတစ်ကောင် အဆင့် မှာတောင် မရှိ သေးဘူး၊ ဒီကောင် ခန္ဓာ ကိုယ်ကို ငါပိုင် သွားရင် မင်းကို အရင် ဖြေရှင်းမယ်။ ”

ထို့နောက် နတ်ဆိုး ဝိညာဉ်က ယုဟိုရှင်း ခန္ဓာ ကိုယ်မှ ထွက်ခွာသွား လေသည်။ နတ်ဆိုး ဝိဉာဉ်မှာ၊ အစ ကတည်း ကပင်၊ သူ့အား ကစား နေကြောင်း၊ ယုဟိုရှင်း သိလိုက် ရသည်။

“ ဝှစ် ... ။ ”

ရုတ်တရက် အနက်ရောင် အလင်းတန်း တစ်စ၊ သူ့ဆီသို့ ပျံသန်းလာ သည်ကို မြင်လိုက် ရသဖြင့်၊ လင်းယွန် တစ်ယောက် လျင်မြန်စွာ နောက်ပြန် ဆုတ်မိ၏။

သို့သော် အလင်း တန်းမှာ၊ သူ့ထက် မြန်လှပြီး၊ နဖူးထံ ထိုးဖာက် ဝင်ရောက်လာ တော့သည်။

***

All Chapters