← Chapters

ကြွယ်ဝမှု။

Vol. 72 Ch. 1004

ကြွယ်ဝမှု။

Vol. 72 Ch. 1004

လင်းယွန် တစ်ယောက် လေထု အလယ်၊ အေးခဲ သွားသည်။ ခန္ဓာ ကိုယ်အား ပင့်တင်ပေး ထားသော ရွှေတောင်ပံ တစ်စုံသာ မရှိ ပါက၊ ပြုတ်ကျ မည်မှာ သေချာ၏။

ယုဟိုရှင်းက နတ်ဆိုး ဝိညာဉ်ကို နှင်ထုတ် ပြီးနောက်၊ သွေး တစ်လုတ် အန်ချကာ၊ ဒဏ်ရာ များကို စစ်ဆေး လိုက်သည်။

သူ ထင်ထား သည်ထက် ပို၍ ပြင်းထန် လှ၏။ အထူး သဖြင့် ရင်ဘတ်ရှိ၊ ကြွက်သား မျှဉ်များ ညှိုးနွမ်း ကုန်လေပြီ။

အက်ကွဲကြောင်း အတွင်းမှ နှလုံး သားကို မြင်နိုင်ပြီး၊ အသက်ရှူ လိုက်တိုင်း၊ နှလုံးသားက၊ နာကျင် လာ၏။

စိတ်ပျက် လက်ပျက်နှင့် သက်ပြင်း ချ လိုက်မိသည်။ ဒဏ်ရာများ ပြန်ကောင်း လျှင်ပင်၊ အခြေခံ အုတ်မြစ်မှာ၊ ကောင်းရန် နည်းလမ်း မရှိ တော့ချေ။

ဆိုလို သည်မှာ သူ့ တစ်သက် တာလုံး၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ပိတ်မိ နေမည် ဖြစ်သည်။

သူတော်စင် ဆေးလုံး သို့မဟုတ် ထူးခြားသော နည်းလမ်းများ မရှိ ပါလျှင်၊ ဒုက္ခိတ ဖြစ်သွား ပေလိမ့်မည်။

ထို့ကြောင့် အဓိက တရားခံ ဖြစ်သော၊ လင်းယွန်ကို မုန်းတီးမှုများ တောက်လောင် နေသော မျက်လုံး များဖြင့် ကြည့်မိသည်။

လက်ရှိတွင် နတ်ဆိုး ဝိညာဉ်၏၊ တိုက်ခိုက်ခြင်း ခံနေရ သဖြင့် လင်းယွန် ခန္ဓာမှာ၊ အေးခဲ နေဆဲ ဖြစ်သည်။

သို့သော် သူ့ကိုယ်သူ ကာကွယ်ရန်၊ ကောင်းကင် ဓားဖြင့် ဖုံးအုပ် ထားချေ၏။ အကောင်း မွန်ဆုံး အခြေ အနေ၌ ဆိုပါက၊ ထိုဓားကို ကြောက်နေမည် မဟုတ်ပေ။

ထိုစဉ် ပုံရိပ် အချို့ ပျံသန်း လာပြီး၊ လင်းယွန်ကို အနီးကပ် ကြည့်လိုက်သည်။ ယင်းမှာ ပြန်လည် သက်သာ လာပြီ ဖြစ်သော လောချန်နှင့် အဖွဲ့ ဖြစ်၏။

“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”

လောချန်က လေထု အလယ် အေးခဲ နေသော၊ လင်းယွန်ကို ကြည့်ကာ မေးမြန်း လိုက်သည်။

“ သူ ... ၊ လုယူ ခံနေ ရတယ်။ ”

ဖေးရွယ်က လောချန် အနား ပျံတက် လာပြီး၊ ပြန်ဖြေသည်။

“ ဘယ်လို ... ။ ”

နောက်ဆုံးတွင် လောချန်နှင့် အဖွဲ့မှာ၊ ဖြစ်ပျက် နေသည် များကို သိရှိလိုက် ရသဖြင့်၊ တုန်လှုပ် သွား၏။

ယုဟိုရှင်း၏ နတ်ဆိုး ဝိညာဉ်မှာ၊ လင်းယွန်အား လုယူရန်၊ ယုဟိုရှင်းကို စွန့်ပစ် လိုက်ချေပြီ။

“ ယုဟိုရှင်း နောက်ကို အရင်လိုက်၊ သူ့ကို မလွတ် စေနဲ့၊ လင်းယွန်ရဲ့ ရလဒ်ကို ငါ ဒီမှာ စောင့်နေမယ်။ ”

ဖေးရွယ်က အကြံပေး လာသဖြင့်၊ ယုဟိုရှင်းကို သတိရ သွားပြီး၊ လှည့်ကြည့် လိုက်မိသည်။ ဤယုဟိုရှင်းမှာ သူတို့ အားလုံးကို၊ အရှက်ခွဲ ခဲ့၏။

လောချန်တို့ သူတို့ သုံးဦးက၊ ယုဟိုရှင်း နောက်ပြေး လိုက်သွား ချိန်တွင်၊ ဖေးရွယ်မှာ စိုးရိမ် စိတ်များ ဖြစ်ပေါ် လာခဲ့သည်။

နတ်ဆိုး ဝိညာဉ်တွင်၊ ဒဏ်ရာရ ထားခဲ့ သော်လည်း၊ လင်းယွန် အတွက် အန္တရာယ် ရှိ နေဆဲ ဖြစ်သည်။

သို့သော် ကြည့်နေစဉ် မှာပင်၊ ဖေးရွယ် မျက်ဝန်း များ၌၊ အံ့အားသင့် မှုများ ထင်ဟပ် လာတော့၏။

“ ကောင်းကင် လမ်းမှာ၊ ထူးခြားတဲ့ ပါရမီရှင်မျိုး ပေါ်လာဖို့ ဆိုတာ မလွယ် လှဘူး၊ မင်း ဒီအတိုင်း အရှုံး မပေးနဲ့ … ။ ”

ဖေးရွယ် တစ်ယောက် ရေရွတ် နေစဉ်၊ လင်းယွန် ခမျာ သူ့နောက် လိုက်လာသော၊ အနက်ရောင် အလင်း တန်းကြောင့်၊ ဗျာများ နေခဲ့သည်။

ဤအခြေ အနေ မျိုးကို၊ ပထမဆုံး အကြိမ် ကြုံတွေ့ ရခြင်း ဖြစ်သည်မို့၊ ပြေးရန် အတွက် သာ အတွေး ရှိချေပြီ။

“ ဟဲ ဟဲ ... ၊ စိတ်မပူ ပါနဲ့၊ ငါက မာကွင်းစ်လို့ ခေါ်တဲ့ နတ်မိစ္ဆာ မျိုးနွယ် ကပဲ၊ ငါနဲ့ ပူးပေါင်းခွင့် ရတဲ့ အတွက်၊ မင်း ဂုဏ်ယူ သင့်တယ်၊ ... ”

“ ... ဒီနဂါး အရိုးနဲ့ မင်းကိုယ်စား ကောင်းကင်လမ်း အဆုံးမှာ၊ ထိပ်ဆုံး အထိ ငါ တက်လှမ်း ပေးမယ်၊ အဲဒီ အချိန်မှာ မင်း နာမည်ကို လူတိုင်း သိရ လိမ့်မယ်။ ”

နတ်ဆိုး မာကွင်းစ်က သဘောကျ စွာဖြင့်၊ ရယ်မော လိုက်သည်။ ဤကဲ့သို့ လုယူ ဝံ့ခြင်းမှာ၊ ဝိညာဉ် များနှင့် ပတ်သတ် ပါက၊ တစ်ဖက် လူသည်၊ အစိမ်း သက်သက် ဖြစ်နေကြောင်း ခန့်မှန်း နိုင်သောကြောင့် ဖြစ်သည်။

ဤသည်မှာ သူ့ အတွက် အန္တရာယ် များသော လုပ်ရပ် တစ်ခု ဖြစ်သော်လည်း၊ အောင်မြင် ပါက ထိုက်တန် ချေပြီ။

“ ထွက် သွား စမ်း ... ၊ ငါ့ ခန္ဓာက မင်းလို မကောင်း ဆိုးရွား အတွက် မဟုတ်ဘူး။ ”

အဖြေ တစ်ခု ရှာရန် အတတ် နိုင်ဆုံး ကြိုးစားလျက်၊ လင်းယွန် တစ်ယောက် ဒေါသ မီးများ၊ တောက်လောင် လာတော့၏။

“ ဟား ဟား ဟား ... ၊ မင်း တက်နိုင်တာ ဘာမှ မရှိ ပါဘူး၊ ဘယ်လောက် ကြာကြာ ငါ့ကို ငြင်းဆန် နိုင်မလဲ ကြည့်ရအောင်၊ စိတ်မပူ ပါနဲ့၊ မင်းကိုယ်စား ငါ ယုဟိုရှင်းကို သတ်ပေးမယ်။ ”

တရွေ့ရွေ့ တိုးကပ် လျက်မှ၊ နတ်ဆိုး မာကွင်းစ်က ဆိုသည်။ သန်မာ လွန်းသော ဖိအားကြောင့်၊ လင်းယွန်၏ စိတ် ဝိညာဉ်မှာ၊ ကွဲကြေ လုနီးပါး ခံစား လာရ၏။

ဤနယ်မြေ ထဲတွင်၊ မူလ စွမ်းအင်နှင့် ဓား ရည်ရွယ် ချက်ကို အသုံး မချနိုင်ချေ။ ရူရ် များကို အသုံးပြု နိုင်ကြောင်း ခံစား မိသော်လည်း၊ သူ၏ နားလည် မှုမှာ၊ နည်းပါး လွန်းလှသည်။

တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ဦး မျှသာ ဖြစ်သောကြောင့်၊ မာကွင်းစ် အပေါ်၊ ခုခံ နိုင်စရာ နည်းလမ်း မရှိချေ။

“ ဟဲ ဟဲ ... ၊ မင်း ငါ့ကို ဝိညာဉ် ရေးရာ ရူရ် တွေနဲ့ ချေမှုန်းဖို့ စဉ်းစား နေတာလား၊ မင်းက နုပါ သေးတယ်။ ”

နတ်ဆိုး မာကွင်းစ်က၊ လင်းယွန်၏ အတွေးကို ကြားနေရ သကဲ့သို့၊ ထုတ်ဖော် ပြောဆို လာသည်။

ထိုစဉ် မှာပင်၊ ထောင့် တစ်နေရာရှိ၊ အပြာရောင် သစ်ပင်ကြီး တစ်ပင်၌၊ ခရမ်းရောင် ပန်းများ ပွင့်အာ လာလေသည်။

သစ်ပင် ထိပ်တွင် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် နေသည့်၊ ရေခဲ ဖီးနစ် တစ်ကောင် ရှိနေ၏။

“ ခရမ်းရောင် ရေခဲ စာကလေး။ ”

ဖီးနစ်ကို မြင်သော အခါ၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားသည်။ အိုင်းရစ် ဓား သုတ္တန်အား မြင့်မြင့် မားမား နားလည်လာ ပါက၊ ၎င်းကို ဆင့်ခေါ် နိုင်ကြောင်း သူ သိ ထားသည်။

သို့သော် စိတ်ဝိညာဉ် နယ်မြေ ထဲ၌၊ ၎င်းက အိပ်မောကျ နေလိမ့် မည်ဟု၊ မမျှော်လင့် ထားမိ ခဲ့ချေ။ ယင်းက သိုင်းဝိညာဉ် များနှင့် မတူဘဲ၊ အသိဉာဏ် ရှိကြောင်း၊ ခံစား မိ၏။

“ ဓား သူတော်စင်ရဲ့ ... ၊ အိုင်းရစ် ဓားသုတ္တန်က၊ ဒီလို လျှို့ဝှက် ချက်မျိုး ရှိနေ တာလား၊ မယုံ နိုင်စရာပဲ။ ”

မမျှော်လင့် ထားသော ဖြစ်ရပ်ကြောင့်၊ လင်းယွန် တစ်ယောက် အကြီး အကျယ် အံ့ဩ သွားသည်။

သည်နေရာ၌ ရေခဲ စာကလေး၊ ရှိနေခဲ့ သည်မှာ၊ မည်မျှ ကြာနေ ပြီကို သူ မသိချေ။ ဓား အစီရင်အား (၉) ကြိမ်မြောက် ပြောင်းပြန် လှည့် ပြီးနောက်၊ ပေါ်လာခဲ့ ခြင်းလည်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် နတ်ဆိုး မာကွင်းစ်ကို၊ သူ မေ့သွားသည်။ မေးခွန်းပေါင်း များစွာနှင့် ရေခဲ စာကလေးထံ ငေးကြည့် နေမိ၏။

“ ရှေးဟောင်း ဖီးနစ် မျိုးနွယ် … ။ ”

ရေခဲ စာကလေးကို လင်းယွန် ကဲ့သို့ သတိထား မိလာသော နတ်ဆိုး မာကွင်းစ်မှာ၊ တုန်လှုပ် သွားသည်။

ရေခဲ စာကလေး ထံမှ ကြောက်စရာ ကောင်းသော ရောင်ဝါကို သူ ခံစား နိုင်၏။ ယခု အချိန်၌ တစ်ခု တည်းသော အတွေးမှာ၊ နောင်တ ဖြစ်သည်။

ထိုအချိန်တွင် လောချန်တို့ သုံးဦးမှာ၊ ယုဟိုရှင်း နောက်သို့ လိုက်နေဆဲ ဖြစ်၏။

“ ယုဟိုရှင်း ... ၊ မင်းမှာ လွတ်မြောက်ဖို့ နည်းလမ်း မရှိ ပါဘူး။ ”

ကျွင့်မုန်ချန်က ဒေါသကြောင့် အော်ဟစ် လိုက်မိသည်။ ပြေးရန် မလွတ် တော့သည်ကို သိသဖြင့်၊ ယုဟိုရှင်းက လှည့်ကာ၊ မျက်နှာချင်း ဆိုင် လိုက်၏။

“ ငါ့ရဲ့ ဒဏ်ရာ တွေ အပေါ်၊ အခွင့်ကောင်း ယူနေ တာလား၊ ဒီအခြေ အနေမှာ ရှိနေ ပေမယ့် မင်းတို့ ငါ့ကို သတ်နိုင်မယ် မထင်နဲ့၊ အခု ချက်ချင်း ပြန်လှည့်ပါ။ ”

သူ့ ဒဏ်ရာမှာ ပြင်းထန် သကဲ့သို့၊ လောချန်တို့ သည်လည်း၊ အရှင်း မပျောက် သေးချေ။ ထို့ကြောင့် ထင်တိုင်းကျဲ နိုင်မည် မဟုတ်ကြောင်း၊ သတိပေး မိခြင်း ဖြစ်သည်။

“ ဟမ့် ... မင်းရဲ့ လက်ရှိ အခြေ အနေကို၊ မင်း ဘာလို့ မသိသေး တာလဲ။ ”

ချင်လင်းက အေးစက်သော အကြည့် များဖြင့် ပြောလာသည်။ သူတို့ သုံးယောက်တွင် ဒဏ်ရာများ ရှိသည် မှန်သော်လည်း၊ ယုဟိုရှင်း ထက် သက်သာ နေပေပြီ။

ယုဟိုရှင်း ဒဏ်ရာမှာ၊ ပြင်းထန် သည်သာ မက၊ နတ်ဆိုး ဝိဉာဉ်ကြောင့် အခြေခံ အုတ်မြစ် ကိုပင် ထိခိုက် ခဲ့သည်။

ထို့ကြောင့် လောချန်တို့ သုံးဦး အမြင်တွင်၊ ယုဟိုရှင်းမှာ နောက်ဆုံး ထွက်သက် ထုတ်ရန် အချိန် ကျပြီ ဖြစ်သည်။

“ ဟား ဟား ဟား ... ၊ ငါ့ ဒဏ်ရာက လင်းယွန်ကြောင့် ရထား တာပါ၊ မင်းတို့ကောင် တွေကြောင့်၊ မဟုတ်ဖူး ဆိုတာ သတိ ပေးပါ ရစေ။ ”

ယုဟိုရှင်းမှ လှောင်ပြောင်လျက်၊ အံကြိတ်ကာ အတုမဲ့ မိစ္ဆာ နည်းစနစ်အား ဖြန့်ကျက် လိုက်သည်။

“ ဂျိန်း ... ။ ”

သူ့ ခန္ဓာ ကိုယ်မှ၊ ငွေရောင် အလင်းများ တောက်ပ လာပြီးနောက်၊ နဂါး အသွင်ဖြင့်၊ လောချန် တို့ထံ ပြေးဝင် လိုက်၏။

ဤနည်းစနစ်ကို ထပ်မံ ထုတ်ဖော် လာသဖြင့်၊ လောချန်နှင့် အဖွဲ့မှာ၊ တုန်လှုပ်သွား မိသည်။

“ ဝှစ် ... ။ ”

နဂါး ကြီးက အမြီးကို လွှဲလိုက်သော အခါတွင်၊ ကျွင့်မုန်ချန်အား ထိမှန် လွင့်စင်သွား တော့သည်။

ထို့နောက် နဂါးက လှည့်၍၊ ချင်လင်း ရင်ဘတ်ကို၊ ကုပ်ချ လိုက်ပြီး၊ လောချန် ရှေ့သို့ ထပ်မံ ရောက်ရှိ လာ၏။

တစ်ချိန်တည်း မှာပင်၊ နတ်အရိပ် လက်အိတ်အား ထုတ်ယူကာ၊ လောချန်ကို တိုက်ခိုက် လိုက်တော့သည်။

“ အွတ် ... ။ ”

လက်သီး ချက်ကြောင့်၊ လောချန် ခမျာ မီတာ တစ်ရာ အကွာသို့၊ လွင့်စဉ် ပြုတ်ကျ သွား၏။

“ အမှိုက် သုံးကောင်၊ ငါ ဒီအခြေ အနေ ရောက်နေလို့၊ မင်း ငါ့ကို အနိုင် မယူနိုင် ဖူးလို့၊ ထင်နေလား၊ ဟမ့် ... ”

“ ... ငါသာ ခွန်အား အပြည့် ပြန်ရရင်၊ လက်ညှိုး တစ်ချောင်း တည်းနဲ့၊ မင်းတို့ ကောင် တွေကို၊ သတ်နိုင် တယ်မှတ် ။ ”

ဒဏ်ရာ ပြင်းထန်ခြင်း မရှိ ပါက၊ ဤသုံးယောက်အား သတ်ပြီး ဖြစ်ပေမည်။ ထို့စဉ် မှာပင် အနက်ရောင် အလင်းတန်း တစ်စ ပြေးဝင် လာပြီး၊ သူ့အား တိုက်ခိုက် လာ၏။

“ ဘုန်း ... ။ ”

နှလုံးသား အက်ကြောင်းမှာ၊ ပို၍ ကျယ်လာပြီး၊ သွေးအန်လျက် လွင့်စဉ် သွားရ သည်။

ဤမျှ ပြင်းထန်သော ဒဏ်ရာကြောင့်၊ နတ်အရိပ် လက်အိတ်အား ဆက်၍ အသုံး မပြု နိုင် တော့ချေ။ ယင်းကို အခွင့်အရေး ယူကာ၊ အလစ်ဝင် တိုက်လာသော ရန်သူက လုယူ သွားသည်။

“ မင်းလား ... ၊ ကြောင်ယုတ် ... ၊ ရွံ့စရာ ကောင်းတဲ့ တိရစ္ဆာန် ကောင်၊ အဟွတ် ဟွတ် ... ဝေါ့ ... ။ ”

ချောင်း တဟွတ်ဟွတ် ဆိုး လျက်ဖြင့်၊ နဂါးသွေး ကြောင်ကို မုန်းတီးစွာ ကျိန်ဆဲမိ လေသည်။

နဂါး လေးက ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်ကို ထပ်မံ ထုတ်ယူ လာ သဖြင့်၊ ယုဟိုရှင်းမှာ ထိတ်လန့် သွားသည်။

“ မင်း ... ။ ”

“ ညောင် ... ။ ”

“ ဘုန်း ... ။ ”

ချက်ချင်း ဆိုသလိုပင်၊ ထွက်ပြေးရန် ကြိုးစား လိုက်၏။ သို့သော် နောက်ဆုံးတွင် ခြေ တစ်လှမ်း နောက်ကျ သွားပြီး၊ အရိုက်ခံ လိုက်ရ တော့သည်။

“ ဝေါ့ ... ။ ”

သိုလှောင်အိတ် ပြုတ်ကျ သွားပြီး၊ နံရိုးများ အနှံ့ အက်ကြောင်းများ ဖြစ်ပေါ် လာသဖြင့် နာကျင်စွာ ညည်းတွား လိုက်သည်။

“ ဂျိန်း ... ။ ”

နဂါးသွေး ကြောင်က လောဘဖြင့်၊ သူ့ သိုလှောင် အိတ်ကို ကောက်ယူ နေစဉ်၊ နဂါး အဖြစ် ပြောင်းလဲကာ၊ ထွက်ပြေး မိ တော့သည်။

သို့သော် နဂါး လေးက၊ ပြုံးလျက် လိုက်ပါ သွားသည်။ တစ်နာရီ အကြာတွင် တိမ်မည်းများ ဖုံးလွှမ်း နေသော နယ်မြေအား၊ မြင်လိုက် ရသဖြင့်၊ ရပ်လိုက် မိ၏။

မြေကြီးမှာ အနီရောင်သို့ ပြောင်းနေပြီး၊ တစ်စုံ တစ်ရာ ဝင်ရောက်၊ လာခြင်း မရှိ စေရန်၊ သတိပေး လိုသော ရောင်ဝါကို၊ ထုတ်လွှတ် ထားသည်။

ထိုအချိန်တွင် လောချန်နှင့် အဖွဲ့မှာ၊ နဂါးသွေး ကြောင်အား လိုက်မီ လာ၏။ မြူများ ဖုံးလွှမ်း နေသော၊ မြင်ကွင်းထံ လှမ်းကြည့်ကာ၊ သုံးယောက်သား သက်ပြင်းချ လိုက်သည်။

“ အဲဒါ တားမြစ် နယ်မြေပဲ … ။ ”

“ သူ ဝင်သွားပြီ ထင်တယ်။ ”

“ ဒါဆို သူ အသက်ရှင် နိုင်မှာ မဟုတ်ဘူး၊ ဒီနယ်မြေက ရှေးဦးခေတ် ထဲက တည်ရှိ နေတဲ့ ဒေသပါ၊ ပင်မ နတ်ဘုရား နယ်ပယ် ကျွမ်းကျင် သူတောင်၊ ရှင်လျက် ပြန်မလာ နိုင်ဘူး။ ”

“ သူ သေမှာ သေချာ ပါတယ်၊ မသေ ရင်တောင် သုံးရ တော့မှာ မဟုတ်ဘူး၊ ပြီးတော့ ဒဏ်ရာက အရမ်း ပြင်းတယ်၊ သူ့ အတွက် ဒီနယ်မြေမှာ ရှင်သန်ဖို့ မလွယ် နိုင်ဘူး။ ”

လောချန်တို့ သုံးဦးမှာ၊ နဂါး လေးအား အသိပေး သကဲ့သို့၊ သူတို့ အချင်းချင်း ပြောဆို လိုက်ကြ၏။

နောက်ဆုံးတွင် သိုလှောင်အိတ်နှင့်၊ နတ်အရိပ် လက်အိတ်အား ဤကြောင်မှ ရယူ နိုင်ခဲ့သည်။

တနည်း အားဖြင့် ဆိုသော်၊ ယုဟိုရှင်း ပိုင်သမျှမှာ၊ လင်းယွန် လက်သို့ ရောက်ရှိ သွားရ လေပြီ။

***

All Chapters