နဂါး လေး၏ ကျေးဇူးတော်။
Vol. 72 Ch. 1005
လင်းယွန်၏ စိတ်ဝိညာဉ် နယ်မြေ ထဲတွင်၊ ရေခဲ ဖီးနစ်ကို မြင်လိုက် ရသော အခါ၊ နတ်ဆိုး မာကွင်းစ် တစ်ကောင်မှာ၊ လှုပ်ရှား ဝံ့ကြွားခြင်း မရှိ တော့ချေ။
လင်းယွန်နှင့် နှိုင်းယှဉ် ပါက၊ ဤရေခဲ စာကလေး၏ မူလကို သူ ပိုသိ၏။ ထို့ကြောင့် အိပ်ရာမှ မနိုးခင် တိတ်တဆိတ် ဆုတ်ခွာရန် ပြင်လိုက်သည်။
တစ်ဖက်တွင် ဒါန်တမ်ရှိ ဓားကျိုးမှာ၊ ဆန်းကြယ်သော ဇာစ်မြစ် ရှိသော်လည်း၊ သူ့အား အန္တရာယ် ပြုမည် မဟုတ်ကြောင်း၊ လင်းယွန် သိ၏။
ရေခဲ ဖီးနစ် မှာမူ၊ မည်သို့ သဘော သဘာဝ ရှိသည်ကို မသိချေ။ ဆန္ဒ ရှိပါက သူ့ ခန္ဓာအား အလွယ် တကူ သိမ်းပိုက် နိုင်မည်ဟု၊ ခံစား မိသည်။
ထိုစဉ် မှာပင် နတ်ဆိုး မာကွင်းစ် အနေဖြင့်၊ သူ့ရောင်ဝါ အား ရုတ်သိမ်းလျက်၊ ဖြည်းညှင်းစွာ နောက်ပြန် ဆုတ်နေ သည်ကို မြင်နေ ရသည်။
ယခု အချိန်၌ အလကား ပေးလျှင်ပင်၊ ဤခန္ဓာအား သူ မလိုချင် တော့ချေ။ ထို့စဉ် ရေခဲ ဖီးနစ်မှ ရောင်ဝါများ၊ ထုတ်လွှတ် လာ သဖြင့်၊ မျက်လုံးပြူး သွားသည်။
“ မဟုတ်ဘူး ... စီနီယာ၊ ငါ ... ငါ မင်းကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိ ပါဘူး။ ”
နတ်ဆိုး ဝိဉာဉ်က သူ့အသက် အတွက်၊ ချက်ချင်း တောင်းပန် တော့၏။ ရေခဲ ဖီးနစ်က မျက်လုံး များကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ ခရစ် ... ။ ”
မျက်လုံးများ လုံးလုံး လျားလျား ပွင့်လာ သည်နှင့်၊ နတ်ဆိုး ဝိညာဉ် ခမျာ ချက်ချင်းပင် ကွဲထွက် ပျောက်ကွယ် သွားတော့၏။
၎င်းရေခဲ ဖီးနစ်မှာ၊ သူ့အား မည်ကဲ့သို့ သဘော ထားမည်ကို၊ မသိ သဖြင့်၊ လင်းယွန် သည်လည်း သတိထား နေမိသည်။
“ ထွက်သွားစမ်း ... ငါ အိပ်နေ တာကို မနှောင့်ယှက်နဲ့၊ ဘာကောင်လဲ … ငါ့ အိပ်မက် လှလှ လေးတွေ ပျက်စီး ကုန်ပြီ … ၊ ငါ မင်းကို စား ပစ်လိုက် ရမလား … ။ ”
ကြည်လင် ပြတ်သားသော အမျိုး သမီး တစ်ဦး၏ အသံ၊ အသိ စိတ်ထဲ ထွက်ပေါ် လာ လေသည်။ ထို့နောက် ရေခဲ ဖီးနစ်မှာ၊ ပြန်လည် အိပ်ပျော် သွားတော့၏။
“ ငါ့ကို စားမှာလား။ ”
လင်းယွန် တစ်ယောက်၊ တုန်လှုပ် ချောက်ချား စွာဖြင့်၊ ထိုနယ်မြေ အတွင်းမှ လွတ်ထွက် သွားသည်။
သူ့ခန္ဓာ ကိုယ်ကို ပြန်လည် ထိန်းချုပ် နိုင်သော အခါတွင်၊ ယုဟိုရှင်းအား မတွေ့ရ တော့ချေ။ ဖေးရွယ် တစ်ယောက် တည်းသာ သူ့အား စိုက်ကြည့် နေ၏။
“ နိုးပြီလား ... ၊ နင် ... လင်းယွန် ပဲလား၊ ဒါမှ မဟုတ် ... ။ ”
ဖေးရွယ်က သတိဖြင့် မေးလာသည်။
“ ငါ့ကို လွယ်လွယ်နဲ့ ... ၊ အနိုင်ယူ နိုင်စရာ နည်းလမ်း မရှိ ပါဘူး။ ”
လင်းယွန်က ပြုံးပြ လာသဖြင့်၊ ဖေးရွယ် ခမျာ စိတ် သက်သာရာ ရသွားသည်။
“ ယုဟိုရှင်းရော ... ။ ”
အသိစိတ် အတွင်း၊ တွေ့ကြုံ ခဲ့ရသည် များမှာ၊ ထိတ်လန့် စရာ ကောင်းသော်လည်း၊ ဦးစား ပေးရမည့် အရာများ ရှိပေသည်။
စကားများ အပေါ် အခြေခံပြီး ထိုရေခဲ ဖီးနစ်မှာ သူ့အား ရန်မူမည် မဟုတ်ကြောင်း၊ ပြောနိုင်၏။
အကယ် ၍သာ ရေခဲ ဖီးနစ်မှ၊ သူ့အား သတ်ချင်သော်၊ ယခု အချိန်၌ သေဆုံးပြီး ဖြစ်ပေ မည်။
သို့သော် ရေခဲ ဖီးနစ်သည်၊ ၎င်း၏ ပုံစံ အပြည့် အစုံကို၊ မပိုင်သေး သဖြင့်၊ ဤမျှ အထိ ကြောက် နေရန် မလို အပ်ချေ။
ထို့အပြင် ဓား သူတော်စင်နှင့် ရေခဲ ဖီးနစ်တွင်၊ ပတ်သတ်မှု တစ်စုံ တစ်ရာ ရှိနိုင် လေသည်။
ထို့ကြောင့် ရေခဲ ဖီးနစ်ကို၊ စိတ်ပူ နေမည့် အစား၊ ယုဟိုရှင်း အပေါ်၊ အာရုံစိုက် သင့်သည်။ နတ်ဆိုး မာကွင်းစ်ကို သတ်ခြင်းဖြင့်၊ အန္တရာယ် တစ်ဝက်အား၊ ဖြေရှင်း ခဲ့ပြီး ဖြစ်၏။
“ သူ ထွက်ပြေး သွားတယ်၊ ဒါပေမယ့် ဒဏ်ရာကြောင့် အဝေးကြီး မပြေး နိုင်လောက် သေးဘူး၊ နင့်ရဲ့ နဂါးသွေး ကြောင်က၊ လောချန် တို့ အဖွဲ့နဲ့ အတူ၊ လိုက်သွား တယ်။ ”
ဖေးရွယ် ပြန်ဖြေသည်။
“ ဒါက မသေချာဘူး ... ။ ”
စကားဆုံး သည်နှင့်၊ လင်းယွန် ကျော၌ ရွှေတောင်ပံများ ပွင့်ထွက် လာပြီး၊ ကောင်းကင် ပေါ် ပျံတက် လိုက်၏။
မှိန်ဖျော့ အားနည်းနေ သော်လည်း၊ သူ့ အသွင်မှာ၊ နေနတ် ဘုရား လက်သီးမှ တောင်ပံ လူသားနှင့် တူသည်။
ရွှေတောင်ပံ တစ်စုံအား ရုတ်ခနဲ ခတ်လိုက်သော အခါတွင်၊ ဖေးရွယ် ဘေးမှ၊ ပျောက်ကွယ် သွားသည်။
“ ဘယ်လိုတောင် မြန်လိုက် တာလဲ ... ၊ ဒီရွေ့လျား မှုက၊ ငါ့ရဲ့ တိမ်ပျံ ခြေလှမ်းထက် မနိမ့် ကျဘူး … ။ ”
ဖေးရွယ် တစ်ယောက် အံ့သြမိ သော်လည်း၊ မှင်တက်ချိန် မရဘဲ၊ ခရမ်းရောင် အလင်း အဖြစ် ပျောက်ကွယ် သွား တော့သည်။
ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း၊ (၉)မျိုးကို ထုတ်ဖော် ပြီးနောက်၊ လင်းယွန်၏ အရှိန်မှာ၊ အံ့ဖွယ် မြန်ဆန် လာသည်။
အနက်ရောင် တိမ်ညိုများ အုံ့မှိုင်း နေသော နယ်မြေ တစ်ခု၌၊ လောချန် အဖွဲ့နှင့် အတူ၊ နဂါး လေးကို၊ မြင်လိုက် ရသဖြင့်၊ အရှိန်လျော့ ချမိ၏။
“ လင်း ယွန် ။ ”
ကောင်းကင်မှ ဆင်းသက် လာသော လင်းယွန်ကို ကြည့်ကာ၊ လောချန်နှင့် အဖွဲ့က နှုတ်ဆက် လိုက်သည်။
“ အင်း ... ၊ ယုဟိုရှင်း ဒီထဲ ဝင်သွားတာ သေချာလား။ ”
ခရီးရောက် မစိုက်ပင်၊ လင်းယွန်မှ မေးလိုက်သည်။
“ ဟုတ်တယ် ... ၊ ဒါပေမယ့် ဒါက တားမြစ်ဇုန် ဖြစ်လို့၊ ငါတို့ ဘယ်သူမှ မလိုက် ဝံ့ဘူး၊ ဒါပေမယ့် ... ”
“ ... အပြင် ကနေ တစ်ချိန် လုံးတော့ စောင့်ကြည့် နေတာပဲ၊ သူ ထွက်မလာ သေးဘူး၊ သေ သွားလောက်ပြီ ထင်တယ် ။ ”
လောချန်က ပြန်ဖြေ၏။
“ သေချာအောင် သူ့ခန္ဓာ ကိုယ်ကို ရှာကြည့် ရမယ်။ ”
“ မလုပ်နဲ့ ... ၊ ဒီနေရာက ရှေးဦးခေတ် ကတည်းက တားမြစ် နယ်မြေ ကြီးပါ၊ ပင်မ နတ်ဘုရား နယ်မြေ၊ ကျွမ်းကျင်သူ တွေတောင် အဲဒီ ထဲမှာ ... ”
“ ... ပိတ်မိရင် သေမယ်လို့ ကြားဖူး ထားတယ်၊ ဒီထဲကို ဝင်သွားတဲ့ လူတိုင်း ဘယ်သူမှ ပြန်ထွက် မလာ နိုင်သေးဘူး။ ”
လောချန် စကားကြောင့်၊ လင်းယွန်က ခြေလှမ်းကို ရပ်လိုက်၏။ ကောင်းကင် လမ်း အကြောင်း၊ လောချန်မှာ သူ့ထက် ပိုသိသည်။
“ သူ ပြောတာ မှန်တယ်၊ ရှေးဦးခေတ် တုန်းက မယုံ နိုင်စရာ ကောင်းလောက်အောင်၊ သန်မာတဲ့ ... ”
“ ... စွမ်းအားရှင် နှစ်ယောက်ရဲ့ တိုက်ပွဲ ကြီးကြောင့်၊ ဒီနေရာက ကံဆိုး မိုးမှောင်ကျ သွားရ တာပဲ။ ”
ခရမ်းရောင် မြူခိုးများ ရစ်သိုင်းလျက် ဖေးရွယ် ပေါ်လာပြီး၊ လောချန် စကားကို၊ အတည်ပြု ပေး၏။
“ အင်း ... မဝင် ပါဘူး၊ ငါ ကြည့်ရုံပါ။ ”
ဤတားမြစ် နယ်မြေ အတွင်းမှ၊ ဆန်းပြားသော ရောင်ဝါ အချို့ကို ခံစား နိုင်၏။ ထို့ကြောင့် မျက်လုံး မှိတ်ကာ၊ အသူရာ နဂါး မျက်ဝန်းကို၊ ဖွင့်လိုက်သည်။
မျက်ဆန် အတွင်း၊ မီးလျှံများ တောက်ပ လာချိန်၌၊ မျက်ခွံအား ပြန်ဖွင့်ကာ၊ အနက်ရောင် တိမ်တိုက် များထံ လှမ်းကြည့်၏။
အမြင် အာရုံများ ပြတ်သား ကြည်လင် လာပြီး၊ မြူများ ဖုံးနေသော နယ်မြေ အတွင်းရှိ၊ မြေပြင်ကို မြင်လာ ရသည်။
မြေပြင် ပေါ်တွင် သေဆုံး နေသော အလောင်း များစွာ ရှိ၏။ အသွင် အပြင် အရ၊ သိပ်ကြာ သေးပုံ မရခေျ။
သို့သော် အလောင်း အရေ အတွက်မှာ၊ ကျောရိုးကို စိမ့်တက် လာသည် အထိ၊ များပြား နေချေပြီ။ လူ့ လောဘမှာ၊ မည်မျှ ပြင်းထန် ကြောင်း၊ ပြသရာ ရောက်ပေ၏။
နောက်ဆုံး၌ ယုဟိုရှင်း အလောင်းအား မြင်လိုက် ရသည်။ မျက်လုံးများ ပြူးလျက် နှလုံး တစ်ခြမ်း ပဲ့ထွက် နေပေ၏။
“ နှလုံး ကွဲပြီး၊ သူ သေသွားပြီ။ ”
လင်းယွန်မှ အတည်ပြု ပေးလာ သဖြင့်၊ လူတိုင်း၊ သက်ပြင်းချ မိကုန်၏။ ဤယုဟိုရှင်း မှာ ကြောက်စရာ ကောင်းလွန်း ချေပြီ။ သူအား အသက် ရှင်လျက်၊ မည်သူမျှ မတွေ့ချင် ကြပေ။
ထို့စဉ် မှာပင် လင်းယွန်၏ ကောင်းကင် ဓားမှာ၊ အရှိန် အဟုန်နှင့် ပေါက်ကွဲ ထွက်လာ သဖြင့်၊ လူတိုင်း အံ့ဩ သွားသည်။
“ ဝှစ် ... ။ ”
ပြီးနောက် သိုလှောင် အိတ်ကို ပုတ်ကာ၊ ရှေးဟောင်း ဓား တစ်လက်အား လေထဲ ပျံသန်း စေလျက်၊ ၎င်းကို သွန်းလောင်း လိုက်၏။
ထိုရှေးဟောင်း ဓားအား ‘လက်’ အစား၊ ကောင်းကင် ဓားဖြင့် ထိန်းချုပ်ကာ၊ တားမြစ် နယ်မြေ ထဲသို့၊ ပျံသန်း စေသည်။
“ ဝှီး ... ။ ”
ယုဟိုရှင်း အလောင်းထံ ရောက်သည်နှင့်၊ နဖူး အလယ်ကို ချိန်ရွယ်လျက်၊ သပ်တစ်ချောင်း ကဲ့သို့၊ မြေကြီးထဲ ထိုးသွင်း ပစ်လိုက်၏။
ထိုမြင်ကွင်းကို မမြင်နိုင် သော်လည်း၊ ဦးခေါင်းကို ဓားဖြင့်၊ ထိုးဖောက် နေသည်မှန်း၊ လူတိုင်း ခန့်မှန်း နိုင်၏။
ဤလင်းယွန်မှာ မောက်မာ သော်လည်း၊ စေ့စပ် သေချာ ပေပြီ။ ရန်ငြိုး မရှိခဲ့ သည်မှာ၊ ကံကောင်း လှ၏။
များမကြာခင် အနက်ရောင် မြူ များက၊ ယုဟိုရှင်း အလောင်း ကောင်ထံ ရစ်သိုင်းလျက်၊ လှိုက်စား တော့သည်။
နဂါး လေးက အနား ရောက်လာပြီး၊ ယုဟိုရှင်း၏ သိုလှောင်အိတ်နှင့် လက်အိတ်အား လင်းယွန်ထံ ပေးအပ် လိုက်သည်။
ယင်းက လင်းယွန်ကို ပြုံးရွှင် လာစေ၏။ ရတနာ များမှာ ယုဟိုရှင်း နှင့်အတူ ပါသွားလိမ့် မည်ဟု၊ ထင်နေ မိခြင်း ဖြစ်သည်။
သို့သော် နဂါးလေး၏ ကျေးဇူးကြောင့်၊ လနတ်ဘုရား လက်သီးအား၊ နေနတ် ဘုရား လက်သီးနှင့် ပေါင်းစပ်ကာ၊ ‘နေလ လက်သီး’ ကို ဖန်တီး နိုင်တော့မည် ဖြစ်လေသည်။
***