ဆံချည် တစ်မျှဉ် အတွက်၊ ကတိပေး ထားခြင်း။
Vol. 72 Ch. 1006
ယုဟိုရှင်း သေဆုံးမှု နှင့်အတူ၊ နဂါး နန်းတော်၏ တိုက်ပွဲ များမှာ၊ အဆုံးသတ် သွားသည်။
လင်းယွန် အမည်မှာ၊ လောချန်နှင့် အဖွဲ့ ထက်ပင်၊ ကောင်းကင်လမ်း တစ်လျှောက် ပျံ့နှံ့ သွားပြီ ဖြစ်၏။
နဂါး နန်းတော်မှ အမွေ သာမက၊ ယုဟိုရှင်း၏ ရတနာ လက်အိတ် ကိုပါ၊ ရယူ နိုင်ခဲ့သည်။
နတ်အရိပ် လက်အိတ်ဖြင့်၊ ယုဟိုရှင်းမှ သူတို့အား အနိုင်ယူ ခဲ့သောကြောင့်၊ လောချန် နှင့် အဖွဲ့မှာ၊ မနာလို ဖြစ်လာသည်။
နတ်အရိပ် လက်အိတ်တွင်၊ ချိပ်ပိတ် ထားသော ဝိညာဉ် အပိုင်း အစ တစ်ခု အပြင်၊ ကြယ်မီးတောက် သဘာဝလည်း ပါဝင် ချေပြီ။
ထို့ကြောင့် လက်သီး နည်းစနစ်များ တက်ကျွမ်း ထားခြင်း မရှိ လျှင်ပင်၊ ပြိုင်ဘက်ကင်း စွမ်းအားမျိုး၊ ထုတ်လွှတ် နိုင်သည်။
လင်းယွန် တစ်ယောက် ရတနာ များကို စစ်ဆေး နေစဉ်၊ လောချန် အဖွဲ့မှာ၊ မျက်တောင် မခတ် ခဲ့ချေ၊။
ဖေးရွယ် အမြင် အရ၊ ဤလင်းယွန်မှာ ရောင်ဝါ သမုဒ္ဒရာ များ၌၊ ကြယ်မိစ္ဆာ ပန်းများ စိုက်ပျိုး ထားသော၊ အရူး တစ်ယောက် အဖြစ် သိရှိ ထားသည်။
“ ညီအစ်ကို လင်း ... ၊ ယုဟိုရှင်းကို သတ်ပေးလို့၊ ကျေးဇူး တင်ပါတယ်၊ မဟုတ်ရင် ငါတို့ ဒုက္ခ ရောက် လိမ့်မယ်။ ”
လောချန်က အသိဝင် လာပြီး၊ ပြုံးကာ ဆိုသည်။ ဤလူငယ်အား စောလျင်စွာ မိတ်ဖွဲ့ မိခဲ့ သည်မှာ၊ ကံကောင်း ချေ၏။
“ သူနဲ့ ငါ့ ကြားမှာ၊ မပြေလည် နိုင်တဲ့ ရန်ငြိုး ရှိတယ်၊ ဒီလောက်ထိ ယဉ်ကျေး နေဖို့ မလို ပါဘူး။ ”
လင်းယွန်မှ တုန့်ပြန် ပြုံးပြသည်။
ယခင် ကဲ့သို့၊ စိတ်သဘော ထားမျိုး ရှိနေဆဲ ဖြစ်မှန်း၊ သိလိုက်ရ သဖြင့် လောချန် ခမျာ၊ လင်းယွန် အပေါ်၊ ပို၍ လေးစား လာ၏။
“ ဒါက ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်၊ ဒါပေမယ့် မင်းက ငါတို့ကို ကယ်တင် ခဲ့တယ် ဆိုတာတော့၊ ငြင်းလို့ မရ ပါဘူး၊ အခု မင်းမှာ ... ”
“ ... ဘာအစီ အစဉ်တွေ ရှိလဲ၊ ကောင်းကင်လမ်း က လေး- ငါးလ နေရင်၊ အဆုံးသတ် တိုက်ပွဲကို စတင် တော့မယ်။ ”
လောချန်က ကောင်းကင်လမ်း ပိတ်တော့မည့် အချိန်အား ဝေမျှ လိုက်သည်။
“ ဒီတိုက်ပွဲကို အရမ်း စိတ်ဝင် စားတယ်၊ ဒီပွဲမှာ နဂါးတွေ ကျားတွေ ပေါ်လာမှာ အမှန်ပဲ၊ အခုတော့ ရထားတဲ့ အရာ အားလုံးကို အမိ အရ ဆုပ်ကိုင်ဖို့၊ အချိန် လိုတယ်။ ”
-ဟု လင်းယွန်မှ ဆိုလာ၏။
“ အဟဲ ... ၊ နင်က လက်တွေ့ ဆန်တယ်၊ နတ်ဆိုး ဝိဉာဉ်ကြောင့် မာန ထောင်လွှား နေတဲ့၊ ယုဟိုရှင်းလို မဟုတ်ဘူး၊ နင့်ရဲ့ လက်ရှိ ခွန်အား အရဆို၊ ... ”
“ ... ထိပ်တန်း ဆယ်ဦး အတွင်း၊ ဝင်နိုင်တယ်၊ နင့် အသက်က ငယ်သေးတဲ့ အတွက်၊ အဆင့် မဝင် မှာကို၊ ... ”
“ ... စိတ်ပူနေ စရာတော့ မလို ပါဘူး၊ နင့်အရည် အချင်းကြောင့် အင်အားကြီး ဂိုဏ်း တွေကို ရွေးခွင့် ရမှာပါ။ ”
ဖေးရွယ် စကားမှာ အမှန် ပေပင်။ လမ်းအဆုံး ပြိုင်ပွဲ၌ အဆင့် မချိတ် လျှင်ပင်၊ အသက်နှင့် အလား အလာကြောင့်၊ မဟာ ဂိုဏ်းကြီး များက စိတ်ဝင်စား ပေမည်။
သို့သော် ထိပ်ဆုံး ဆယ်ဦး အတွက်သာ ယှဉ်ပြိုင် နိုင်မည်ဟု ထင်ကြေး ပေးခံလိုက် ရသည့်၊ လင်းယွန်မှာ သူ့ကိုယ်သူ လှောင်ပြုံး ပြုံး မိ၏။
နောက်ဆုံး တိုက်ပွဲ၊ ဤမျှ ကြောက်စရာ ကောင်းလိမ့် မည်ဟု၊ မထင်ထား သည်မှာ အမှန် ပေပင်။
“ ဘာလဲ ... ၊ ငါ ပြောတာကို မယုံ ဖူးလား၊ ကောင်းပြီ ကောင်းကင်လမ်း အဆုံး ရောက်ရင်၊ စစ်မက် နယ်မြေတွေ အကြောင်း၊ နင် သိပါ လိမ့်မယ် ... ”
“ ... သူတို့မှာ၊ မင်းရဲ့ ကောင်မလေးလို ဘီလူး မျိုးတွေ ရှိိတယ်၊ ဒါပေမယ့် စိတ်မပူ ပါနဲ့၊ မင်း ကိုတော့ အင်အားကြီး ဂိုဏ်းတွေက၊ လိုချင် လာပါ လိမ့်မယ်။ ”
ဖေးရွယ် အမြင် အရ၊ လင်းယွန်တွင် အလား အလာ များစွာ ရှိသော်လည်း၊ ငယ်လွန်းနေ သေးသည်။
လောချန် အရွယ်ခန့် ဆိုပါက၊ မည်သူမျှ လိုချင် တော့မည် မဟုတ်ချေ။ ဖေးရွယ် စကား ကြားချိန်၌၊ လင်းယွန်က ရုတ်တရက် ထူးခြား သည့် အကြည့်ဖြင့်၊ ကြည့်လိုက်သည်။
ကျယ်လောင်သော ညည်းသံနှင့်၊ ဓားတစ်လက် ဝင်ရောက် လာသဖြင့်၊ ဖေးရွယ် ခမျာ သွေး စီးဆင်းမှု နှေးကွေးကာ၊ နှလုံး ခုန်နှုန်းများ ဗရမ်း ဗတာ ဖြစ်ကုန်၏။
ဤအရာကို သူမ တစ်ဦး တည်းသာ၊ ခံစား နိုင်သော အရာ ဖြစ်သည်။ လောချန်နှင့် အဖွဲ့မှာ လေထဲ၌ တစ်စုံ တစ်ရာ ရှိနေမှန်း ကိုသာ ခံစား မိပြီး၊ ချက်ချင်း လေးနက် လာသည်။
လင်းယွန်မှာ ယုဟိုရှင်း ကဲ့သို့ ဖေးရွယ်အား တိုက်ခိုက်လို သည်လော။
“ မင်းမှာ ... ၊ ငါ့ကို ပြောစရာတွေ ရှိလိမ့် မယ်လို့ ငါ ယုံတယ်။ ”
ဖေးရွယ်ကို စိုက်ကြည့် နေသော၊ လင်းယွန်၏ မျက်ဝန်း များတွင်၊ ဓားတစ်လက် ထွက်ပေါ် လာပြီး၊ သူမ ပတ်ဝန်း ကျင်ရှိ ရောင်ဝါ အား၊ ဖြည်းညှင်းစွာ လှီးဖြတ် တော့သည်။
“ ယွဲ့ဝေဝေ အကြောင်း၊ မေးချင်တာ မဟုတ်လား ဝမ်းနည်း ပါတယ်၊ အဲဒါကို အခု ပြောပြလို့ မရ သေးဘူး၊ နောက်တစ်ခါ ပြန်ဆုံ ရင်တော့ ပြောပြမယ်။ ”
ဖေးရွယ်မှာ ပြုံးလျက် ဆိုသည်။ သူမ အပြုံးသည် ယွဲ့ဝေဝေ ကဲ့သို့၊ ချစ်စရာ ကောင်း နေ၏။
လင်းယွန် ဓားက သူမ တစ်ဝိုက်ရှိ ရောင်ဝါကို၊ ဖျက်ဆံပင်၊
ဆီးရန် ကြံရွယ် နေချိန်တွင် ခရမ်းရောင် မြူများ ရစ်သိုင်း လာပြီး၊ ချက်ချင်း ပျောက်ကွယ် သွားတော့သည်။
လင်းယွန် ခေါင်းမော့ ကြည့်လိုက် ချိန်၌၊ ဖေးရွယ် ပုံရိပ်မှာ၊ အဝေးသို့ ရောက်ရှိ နေပြီ ဖြစ်သည်။
ဆက်၌ မတိုက်ခိုက် ရသည့် အကြောင်း ရင်းမှာ၊ ရန်သူ မိတ်ဆွေ မကွဲသေး သောကြောင့် ဖြစ်၏။ ထို့အပြင် သူမ၌ ဝှက်ဖဲများ မရှိဟု၊ အာမ မခံ ဝံ့ချေ။
ကောင်းကင်ဓား မရှိ လျှင်ပင်၊ သူမ ခန္ဓာကိုယ် အတွင်း အစွမ်း ထက်သော တံဆိပ် တစ်ခု ရှိနေကြောင်း၊ မြင်နိုင်သည်။
“ အစ်ကို လောချန်၊ အဲဒီ အမျိုး သမီးနဲ့ သိလား။ ”
လင်းယွန်က လှည့်မေး လိုက်သည်။
“ သူ့ကို မီးငှက် ပြည်နယ်ရဲ့၊ ရေခဲ အလှ တရားလို့ လူ သိများတယ်၊ သူမ လက်ထဲမှာ လူ တော်တော် များများ၊ ခံစားခဲ့ ဖူးတယ်၊ ... ”
“ ... စစ်မက် နယ်မြေ ကလို့၊ လူတိုင်း ထင်ကြေး ပေးကြတယ်၊ ဒါကို သူက အတည် မပြု သလို၊ ငြင်းလည်း မငြင်းဘူး။ ”
ဖေးရွယ် အကြောင်းကို၊ ပထမ ဦးဆုံး အကြိမ် ကြားရခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းယွန် မျက်လုံးများ မှေးစင်း သွား၏။
“ ကောင်းကင် လမ်းမှာ၊ စစ်မက် နယ်မြေ တွေက တားမြစ် ခံရတဲ့ ပုဂ္ဂိုလ် တွေပဲ၊ မြင့်မြတ် မြေတွေ ကတောင် သူတို့ကို၊ ရန်မစ ဝံ့ဘူး၊ ညီအစ်ကို လင်း၊ မင်း သူ့ကို ရန်မစ ခဲ့တာ မှန်တယ်။ ”
သူတို့ သုံးယောက် လုံးမှာ၊ ပတ်သတ် ဆက်နွယ် နေသဖြင့်၊ လင်းယွန် တစ်ယောက် ဖေးရွယ်အား တိုက်ခိုက် မည်ကို၊ တကယ် စိုးရွံ့ ခဲ့သည်။
“ စစ်မက် နယ်မြေ ဆယ်ခုက ၊ ဒီလောက်တောင် အားကောင်း တာလား။ ”
လင်းယွန်က ပြန်မေး၏။ ကောင်းကင်လမ်း ရောက်စဉ် ကတည်း ကပင်၊ ဖန်ရှောင်ယု ထံမှ ထိုနယ်မြေများ အကြောင်း ကြားသိ ခဲ့ရသည်။
“ ဟုတ်တယ် ... ၊ အရမ်း သန်မာတယ်။ ”
လောချန်မှ လေးနက်သော အမူအရာဖြင့်၊
“ စစ်မက် နယ်မြေ ဆယ်ပါးက၊ ခွန်လွန် နယ်မြေကို၊ တိုက်ရိုက် သွားနိုင်တယ်၊ စစ်မက် နယ်မြေ တစ်ခု အဖြစ်၊ သတ်မှတ် ခံရ ဖို့ဆိုရင် ... ”
“ ... ရှေးဟောင်း အမွေနဲ့၊ နတ်ဘုရား ရတနာ ဒါမှ မဟုတ်၊ ထက်မြက်တဲ့ မျိုးဆက် တွေ ရှိဖို့ လိုတယ်၊ ... ”
“ ... သူတို့ နယ်မြေရဲ့ အမွေ တွေက၊ ခွန်လွန်ဘုံ မှာရှိတဲ့၊ အင်အားကြီး ဂိုဏ်းတွေကို ယှဉ်နိုင် တယ်။ ”
လောချန်မှ ဝေမျှလာ မှုကြောင့်၊ စစ်မက် နယ်မြေ ဆယ်ရပ်၏ သဘော သဘာဝအား၊ အကြမ်းဖျင်း နားလည် မိသည်။
“ နဂါး ပြည်နယ်ကို ... ၊ သူတို့တွေ ရောက်လာ သေးတယ်၊ ဒါက တစ်ခု ခုကို ရှာနေ ပုံပဲ၊ မကြာဖူး ပြန် ထွက်သွား ကြတယ်၊ ... ”
“ ... သူတို့ လာခဲ့ တုန်းက ခွန်အား အရ၊ မင်းထက် မနိမ့် ကျဖူး၊ ဒါက နှစ်ဝက် ကြာခဲ့ပြီ ဆိုတော့ ... ၊ အခု ဘယ်လောက်ထိ သန်မာ နေမလဲ၊ တွေးသာ ကြည့် ... ။ ”
အတိ အကျ မဟုတ် သော်မှ၊ ထိုလူငယ် များမှာ၊ လင်းယွန်ထက် အများကြီး သန်မာနေ ကြောင်းကို၊ လောချန်မှ ခံစား မိသည်။
၎င်းတို့မှာ တစ်ခု ခုကို ရှာဖွေ နေသည်ဟု ဆိုချိန်၌၊ ယွဲ့ဝေဝေ သည်လည်း၊ တစ်စုံ တစ်ရာ ရှာဖွေ နေကြောင်းကို၊ လင်းယွန်က သတိရ လိုက်သည်။
ထိုတစ်စုံ တစ်ရာမှာ၊ တူညီသော အရာများ၊ ဖြစ်နိုင် သည်လော။ ဤသို့ ဆိုသော် ... ။
“ ရှင်းပြမှု အတွက် ကျေးဇူး တင်ပါတယ် ။ ”
လင်းယွန်က လက်ဝှေ့ ယမ်းကာ ဆိုသည်။
“ မင်းက ယဉ်ကျေး လွန်းတယ်၊ ကောင်းကင်လမ်း အဆုံးမှာ၊ ငါတို့ ပြန်ဆုံ ရအောင်။ ”
လောချန်နှင့် အဖွဲ့က၊ လင်းယွန်အား နှုတ်ဆက်လျက် ထွက်ခွာ သွားကုန် တော့၏။ ခဏချင်း မှာပင် လင်းယွန်နှင့်၊ နဂါး လေးသာ ကျန်ရစ် ခဲ့လေသည်။
ယွဲ့ဝေဝေ တစ်ယောက် စစ်မက် နယ်မြေ ဆယ်ရပ်နှင့်၊ ရန်စများ ရှိပုံ ရသည်။ ထို့ကြောင့် ကောင်းကင် လမ်းပေါ် ရောက်ချိန် ကတည်း ကပင်၊ သူ့အား ထားခဲ့ခြင်း ဖြစ်နိုင်၏။
မဟုတ် ပါက သူ့ ခွန်အားဖြင့်၊ အလွယ် တကူ အသက် ဆုံးရှုံး ရပေ လိမ့်မည်။ သို့သော်မှ သူ့ကို ကူညီရန် တိတ်တဆိတ် ပြန်လာ ခဲ့သည်။
“ ဒီ ကောင်မလေး … ။ ”
‘အစ်ကိုကြီး ယွန်’ဟု ခေါ်သော အပြုံး ချိုချိုနှင့် ကောင်မလေးအား ပြန်မြင် ယောင်လာ ပြီးနောက်၊ မျက်မှောင် ကြုတ် လိုက် မိသည်။
အမှတ်ရ စရာများ၊ အစီ အရီ ထင်ဟပ် လာကာ၊ သူ့ မျက်ဝန်းများ ပြုံးရိပ် သမ်းလာ၏။ သည့်နောက် ချက်ချင်း အေးစက် သွားသည်။
“ သူတို့ ... ၊ အဲ့ဒီ အရူးမ လေးကို ဒဏ်ရာ မပေးရင် ပိုကောင်းမယ်၊ မဟုတ်လို့ … ။ ”
စစ်မက် နယ်မြေ (၁၀)ခု ဖြစ်လျှင်ပင်၊ သူ ဂရုစိုက်မည် မဟုတ်ချေ။ ထိုကောင်မ လေး၏ ဆံချည် တစ်မျှင်ကို၊ ထိဝံ့ သူတိုင်း၊ သေရ မည်ဟု ကျိန်ဆို ထားခဲ့ လေသည်။
***