← Chapters

စင်ကြယ်သော ဝိညာဉ်တော်။

Vol. 72 Ch. 1007

စင်ကြယ်သော ဝိညာဉ်တော်။

Vol. 72 Ch. 1007

နဂါး နန်းတော် ဝင်ပေါက်ကို၊ မီးလျှံ များဖြင့် ပိတ်ဆို့ ထားသည်။ ယင်းအား မဖြတ် ကျော်နိုင် သူ များက၊ ထွက်ခွာ သွားခြင်း မရှိဘဲ၊ တံခါး ဝ၌ တစ်လ ကြာ သည့်တိုင်၊ စောင့်မျှော် နေခဲ့သည်။

မည်သူ အနိုင်ရ မည်ကို၊ သိချင် နေကြ၏။ ထို့စဉ် မီးလျှံ များကို ဖြတ်ကာ၊ တံခါးဝ၌ ပုံရိပ် များ ထွက်ပေါ် လာတော့သည်။

ဤသူ များမှာ အဆုံးထိ အောင်နိုင် သူများ ဖြစ်သည်။ ထို့ကြောင့် ပုံရိပ် များကို ကြည့်ကာ၊ လူတိုင်း စိတ်လှုပ်ရှား လာကုန်၏။

ကံကြမ္မာ ကိုယ်ခံ ပညာ အထက်၊ သာလွန်သော ပညာ ရပ်အား မည်သူ ရရှိ မည်ကို သိရ တော့မည် ဖြစ်သည်။

လူအုပ် ကြီး၏ အကြည့် များက၊ လောချန်ပေါ် ကျရောက် လာသည်။ ဤလူငယ် သည် နဂါး ပြည်နယ်၏ အကြီး အကဲ ဖြစ်၏။

တစ်ချိန် တည်းမှာပင်၊ ပထမ တန်းစား ပါရမီရှင် ခုနစ်ပါး အနက်၊ လေးပါးအား မတွေ့ မိကြောင်း၊ လူအုပ်က သတိပြုမိ လာသည်။

ဤသည်မှာ သေဆုံး ခဲ့သည်ဟု ယူဆရ မည်လော။ သူတို့ မှန်းဆ၍ မပြီးခင် လောချန် နှင့် အဖွဲ့က ဆက်လက် ထွက်သွားသည်။ သူတို့ အသွင် အရ၊ အောင်နိုင်သူ မဟုတ် ခဲ့ပုံ မရချေ။

ထို့ကြောင့် လူတိုင်း စိတ်လှုပ်ရှား လာစဉ်၊ နဂါး နန်းတော် အတွင်းမှ အဖြစ် အပျက်များ စတင် ကြားလာ ရတော့သည်။

မူရှို့ဟန် သုံးဦးကို၊ လင်းယွန်မှ သတ်ပစ် လိုက်ပြီ ဖြစ်ပြီး၊ လောချန် တို့မှာ ယုဟိုရှင်းကို ရှုံးနိမ့် သွားကြောင်း ဖြစ်သည်။

မည်သူမျှ ယုံစရာ မရှိသော သတင်းများ ဖြစ်ပေ၏။ ထို့နောက် ယုဟိုရှင်းကို လင်းယွန်မှ သစ်ပစ်လိုက် ခြင်းဖြင့်၊ အဆုံးသတ် သွားသည်။

ကံကြမ္မာ ကိုယ်ခံ ပညာထက် သာလွန်သော၊ အမွေကို လင်းယွန်မှ ရရှိခဲ့ သဖြင့်၊ ယုဟိုရှင်းနှင့် နတ်ဆိုး ဝိဉာဉ်ကို သတ်ပစ် နိုင်ခဲ့ သည်။

နဂါး ပြည်နယ်တွင် လင်းယွန် အမည်မှာ၊ ကြယ်တံခွန် တစ်စင်း အဖြစ် တောက်ပ သွားပြီ ဖြစ်သည်။ ပါရမီရှင် ခုနစ်ပါးမှာ၊ သူ့အား လုံးဝ မယှဉ်နိုင် တော့ချေ။

တစ်နာရီ အကြာတွင်၊ ရွှေကျီးကန်း တစ်ကောင် ပျံသန်း လာ သဖြင့်၊ တံခါးမှ ရွှေ မီးတောက်များ လျှံထွက် လာသည်။

မီးလျှံများ ပျောက်ကွယ် သွား ပြီးနောက်၊ ဓားသေတ္တာ တစ်လုံးအား ထမ်းပိုးလျက်၊ အပြာ ဝတ် လူငယ် တစ်ဦး၊ လှမ်းထွက် လာ၏။

“ လင်းယွန် ထွက်လာပြီ ... ။ ”

“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ရောင်ဝါလဲ၊ ကံကြမ္မာ ကိုယ်ခံပညာ အထက်၊ အခွင့် အရေးကို တကယ် ရခဲ့ပုံ ရတယ်။ ”

အားလုံးက လင်းယွန်ကို သံသယဖြင့် ကြည့်လာ မိ၏။ သို့သော် လင်းယွန်မှ သူတို့အား လျစ်လျူ ရှုပြီး၊ မီးတံခါးကို ပြန်ကြည့်သည်။

တံခါးမှာ ပျောက်ကွယ်မည့် အရိပ် အယောင်မျှ မပြဘဲ၊ အချိန် ကြာမြင့်စွာ ပွင့်နေဦး မည်ဟု၊ ခံစား မိ၏။

ထို့နောက် ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို ထုတ်ဖော်ကာ၊ ပျံသန်း ထွက်ခွာ သွားတော့သည်။

ရိတ်သိမ်း နိုင်သမျှကို ပြန်လည် သုံးသပ်ရန် လူသူ ကင်းရှင်းသော ဆိတ်ငြိမ်ရာ အရပ် တစ်ခု လိုအပ် ချေ၏။

ထို့အပြင် နေလ လက်သီးကို စူးစမ်းချင် သေးသည်။ ဤ လုပ်ငန်းစဉ် များအတွက် (၁၀) ရက်ခန့် အချိန် ပေးရ ပေမည်။

နေ့ဝက် ကြာပြီးနောက်၊ ချိုင့်ဝှမ်း တစ်ခုအား တွေ့ရှိ လာ၏။ ချိုင့်ဝှမ်းကို အုပ်စိုးသော စတုတ္ထ ကောင်းကင် ဝိညာဉ် သားရဲကို၊ နဂါးလေးမှ၊ အလွယ် တကူ သတ်ပစ် လိုက်သည်။

မိုင်တစ်ရာ အတွင်း မည်သူမျှ မရှိမှန်း အတည်ပြု ပြီးနောက်၊ ယုဟိုရှင်း သိုလှောင် အိတ်အား သွန်ချ လိုက်သည်။

ထို့နောက်တွင် ရွှေရောင် အလင်းများ ဖြာထွက် နေသည့်၊ နတ်ကြယ် ပုလဲများ ဦးစွာ ထွက်ကျ လာသည်။

“ အိုး ... ၊ ဒီလူက တကယ် ကံကောင်း တာပဲ ... ။ ”

သူ၏ နတ်ကြယ် ပုလဲ (၁၀,၀၀)မှာ၊ သိပ်မကျန် ရှိတော့ချေ။ ထို့ကြောင့် သူ့အား ပြုံးရွှင် လာစေသည်။

ခန့်မှန်းချေ အရ ပမာဏမှာ၊ အနည်းဆုံး (၈၀၀၀) ခန့် ရှိမည်။ ယုဟိုရှင်း ထွက်ပြေးသွား ခဲ့သည်မှာ၊ သူ့အား ကံကောင်း စေ၏။ မဟုတ် သော် လောချန်ပင်၊ ဣန္ဒြေဆည် နိုင်မည်ထု အလယ် ရပ်နေသော လင်းယွန်မှာ၊ နေနတ် ဘုရား တစ်ပါး ကဲ့သို့၊ ထင်မှား လာစေ၏။

မဟုတ်ချေ။

“ အခုတော့ ... ၊ အားလုံးက ငါ့ အပိုင်ပဲ။ ”

မဆိုင်း မတွဘဲ၊ သူ့ အိတ်ထဲ ပြောင်းထည့် လိုက်သည်။ နောက်ဆုံးတွင် ကောင်းကင် ဒုက္ခ ခံယူ ရာ၌၊ နတ်ကြယ် ပုလဲများ အတွက်၊ ခေါင်းကိုက် စရာ မလို တော့ချေ။

“ မရဏ လမင်း သုတ္တန်၊ သခင့်ဓား သုတ္တန် ၊ အတုမဲ့ မိစ္ဆာ ပညာရပ်နဲ့ နဂါး အမြီး ရွေ့လျားမှု ပညာရပ်၊ နေဦး ... ဒါက ... ”

“ ... မရဏ လမင်း ကမ္ဘာရဲ့ လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်ပုံပဲ၊ သူတို့က ပြိုင်ဘက် တွေရဲ့ မူလ စွမ်းအင်ကို စုပ်ယူ နိုင်တာ အံ့သြ စရာ မရှိတော့ ပါဘူး၊ ... ”

“ ... ဟမ့် ၊ ဒါက ဘာလဲ ... ဒီပုလင်းက သူတော်စင် ဆေးလုံး တွေလား၊ ကြည့်ရတာ သွေးမီးတောက် ဆေးလုံးနဲ့ တူသလိုပဲ။ ”

ရတနာ အနည်းငယ် သည်သာ၊ အလင်း အမှောင် လမင်း ကမ္ဘာမှ ပါလာ ခဲ့ခြင်း ဖြစ်ပြီး၊ အများ စုကို ကောင်းကင် လမ်းမှ ရရှိ ထားခြင်း ဖြစ်ပေမည်။

ထို့အပြင်၊ သူတော်စင် ရူရ်များ ပါသော သွေးမီးတောက် ဆေးလုံး ငါးလုံး ကိုလည်း၊ တွေ့ရှိ ရသည်။

ယင်းမှာ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်မှ၊ သန့်စင် ထားသော ဆေးလုံး ဖြစ်သည်။ အရိုးများ အပိုင်းပိုင်း ကြေမွ ခံရ လျှင်ပင်၊ အမြန် ပြန်ကောင်း လာဖို့ရန်၊ အာမခံချက် အပြည့် ရှိသည်။

ယင်းကို နတ်ဆိုး သားရဲ များ၏၊ သွေး အဆီအနှစ် များဖြင့် သန့်စင် ထားသောကြောင့်၊ ခန္ဓာကိုယ် အပေါ်၊ များစွာ သက်ရောက်မှု ရှိပေ၏။

အထူး သဖြင့် ရွှေကျီးကန်း၊ ငှက်ပြာနှင့်၊ ဖီးနစ် ကဲ့သို့သော ရှေးဦး သားရဲ များ၏ မျိုးဆက်သွေး ဆက်ခံ ထားသည့် သားရဲ များမှ ဖြစ်သည်။

သူတော်စင် ရူရ်နှင့်၊ ဆေးလုံး သန့်စင် နည်းကို ဆုပ်ကိုင် ထားနိုင် သော်မှ၊ ဤဆေးလုံး မျိုးအား သန့်စင်ရန်၊ အောင်မြင်မှု နှုန်း နည်းပါး ကာ၊ ပြဿနာ အချို့ ရှိနေ သေးသည်။

ကောင်းကင် ပြည်နယ် အကယ်ဒမီ၌ ၎င်းတို့ကို လေ့လာဖူး သဖြင့်၊ သွေးမီးတောက် သန့်စင် ရာတွင်၊ မည်မျှ ခက်ခဲ သည်အား၊ မှတ်မိ နေပေသည်။

သို့သော် ဤဆေးလုံး၏ အာနိသင်ကို၊ ယုဟိုရှင်း မသိချေ။ မဟုတ် ပါက သူ့ ခွန်အားကို မြှင့်တင်ရန် အသုံး ပြုပြီး ဖြစ်ပေ လိမ့်မည်။

သူတော်စင် နဂါး ပညာ ရပ်ကို ကျင့်ကြံ ရာတွင်၊ နတ်ကြယ် ပုလဲ များမှာ အသုံး မဝင် ချေ။ ထိုပြဿနာအား သွေးမီးတောက် ဆေးလုံးမှ ဖြေရှင်း ပေးနိုင်သည်။

ထို့နောက် ကျေနပ်စွာ ပြုံးလိုက်ပြီး၊ ဆက်လက် စစ်ဆေး လိုက်စဉ်၊ သားရဲ အမြုတေ များစွာကို တွေ့ရှိ ခဲ့သည်။

၎င်းတို့ အားလုံးကို နဂါးလေးထံ လွဲပြောင်းပေး လိုက်ပြီးနောက်၊ ငွေရောင် ကျောက်တုံး တစ်တုံးအား၊ တွေ့လိုက် ရ၏။

အဆိုပါ ကျောက်တုံးမှ၊ မြင့်မြတ်ပြီး ရှေးကျသော ရောင်ဝါများ ထုတ်လွှတ်နေ သဖြင့်၊ ချက်ချင်း ကောက်ယူ လိုက်သည်။

“ လနတ်ဘုရား လက်သီး ... ။ ”

ဤသည်မှာ လနတ် ဘုရား လက်သီး ဖြစ်ကြောင်း ခန့်မှန်း နိုင်ကာ၊ နှလုံးသား တစ်ခုလုံး တုန်ခါ လာ၏။

မဆိုင်း မတွဘဲ နဖူးပေါ် တင်လိုက်ရာ၊ အချက် အလက် များစွာ စီးဝင် လာသည်။ အချိန် အတော်ကြာ ပြီးနောက်၊ ကျောက်စိမ်း တုံးအား ဖယ်ခွာ လိုက်သည်။

သူ မျှော်လင့်ထား သလို ပေပင်။ လနတ် ဘုရား လက်သီးနှင့်၊ နေနတ် ဘုရား လက်သီး ကြားတွင်၊ တူညီမှု များစွာ ရှိသည်။

ဆိုလို သည်မှာ၊ ကံကြမ္မာ ကိုယ်ခံ ပညာ အထက်၊ သိုင်းပညာကို ဖန်တီးရန်၊ ၎င်းတို့အား ပေါင်းစည်း နိုင်၏။

အခြေခံ အားဖြင့် သူတော်စင် နဂါး ပညာ ရပ်သည်၊ ထိုအဆင့် ပညာရပ် မဟုတ်ချေ။ နဂါး အရိုး ကိုသာ၊ ရည်ညွှန်း ပေသည်။

နေလ လက်သီး မှာမူ၊ ကံကြမ္မာ ကိုယ်ခံ ပညာထက် သာလွန်သော ပညာရပ် တစ်ခု ဖြစ် ချေပြီ။

“ ကံကြမ္မာ ကိုယ်ခံ ပညာ အထက်၊ ပညာ ရပ်ကို၊ စင်ကြယ်သော ဝိညာဉ်တော်လို့၊ ခေါ်တာ ကြားဖူးတယ်။ ”

သတိရသွား ဟန်ဖြင့်၊ ရေရွတ် လိုက်သည်။ ဤအဆင့် ကိုယ်ခံ ပညာမှာ၊ ရိုးရှင်းသော ပညာ ရပ်မျိုး မဟုတ်ဘဲ၊ နတ်ဘုရား များ၏ နိယာမ များ ပါ၀င် လေသည်။

ရှေးဦးခေတ်၌ ဤသို့သော ကိုယ်ခံ ပညာအား၊ လေ့ကျင့်ထား နိုင်သူ များကို နတ် ဒေဝါ များ ကဲ့သို့၊ လေးစား ကြည်ညို ကြသည်။

“ ယုဟိုရှင်း ... ယုဟိုရှင်း ... ၊ မင်းက ငါ့ အတွက်တော့ တကယ့်ကို ကံကောင်း စေတဲ့ ကြယ် တစ်ပွင့်ပဲ၊ ဒါက မယုံ နိုင်စရာပါ။ ”

အသက် ပြင်းပြင်း ရှူကာ၊ ရေရွတ် လိုက်သည်။ လနတ်ဘုရား လက်သီးကို ရရှိ ခြင်းဖြင့်၊ မျှော်လင့် ချက်များ ပြည့်လျှံ လာစေ၏။

တစ်နာရီ ကြာပြီးနောက်၊ ပင်ပန်း နွမ်းနယ်စွာ အပြီးသတ် နိုင်ခဲ့သည်။ ဤအချက် တစ်ချက် တည်းကပင်၊ ယုဟိုရှင်း၌ ရတနာ မည်မျှ များပြား သည်ကို ပြောပြ နိုင်၏။

ထိုကဲ့ သို့ပင်၊ ယုဟိုရှင်းသာ သူ့အား အနိုင် ရရှိ ခဲ့ပါက၊ နဂါး ဝိုင်နှင့် မိုးကြိုး မီးလျှံ ကြာပွတ် ကဲ့သို့သော ရတနာ များကို ရရှိနိုင် ပေမည်။

***

All Chapters