← Chapters

ကျုံးသွင်း ခံရခြင်း။

Vol. 72 Ch. 1008

ကျုံးသွင်း ခံရခြင်း။

Vol. 72 Ch. 1008

ယုဟိုရှင်း၏ ရတနာများ အတွက်၊ နာရီ အနည်းငယ် ကြာသည် အထိ၊ ခွဲခြမ်း စိပ်ဖြာနေ မိသည်။

ပထမ ဦးစွာ၊ အတုမဲ့ မိစ္ဆာ ပညာရပ်၊ မရဏ လမင်း သုတ္တန်နှင့်၊ လျှို့ဝှက် နည်းစနစ် များကို ဘေးဖယ် ထားလိုက်၏။

ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုး ရှိနေပြီ ဖြစ်သဖြင့်၊ နဂါး အမြီးမှ ရရှိ ထားသော၊ ရွေ့လျားမှု နည်းစနစ် သည်လည်း၊ မလိုအပ် တော့ချေ။

သူ့ နည်းစနစ်မှာ၊ ၎င်းထက် များစွာ သာချေပြီ။ သို့သော် နဂါး လေးတွင် နဂါးသွေး ပါရှိ သောကြောင့်၊ အသုံးဝင် နိုင်၏။

နေလ လက်သီးနှင့် ပတ်သက် ၍မူ၊ ကျင့်ကြံရန် မလွယ် ကူကြောင်း သိရှိ ခဲ့သည်။ ၎င်းသည် စင်ကြယ်သော ဝိညာဉ်တော် အဆင့်၊ သိုင်းနည်း ပညာ တစ်ရပ် ဖြစ်၏။

ဦးစွာ လနတ်ဘုရား လက်သီးနှင့်၊ နေနတ်ဘုရား လက်သီး၏ အနှစ် သာရကို သင်ယူ ရမည် ဖြစ်သည်။

ထိုနည်းစနစ် များ၏၊ အနှစ် သာရကို နားမလည်ဘဲ၊ ပေါင်းစပ် ဖို့ရန် အတွက် မဖြစ်နိုင် သေးချေ။

လနတ်ဘုရား လက်သီးကို ဆုပ်ကိုင် နိုင်ခြင်းသည် လနတ်ဘုရား ဓားအား၊ ဆုပ်ကိုင် နိုင်ခြင်း မည်၏။

၎င်းနည်းစနစ် နှစ်ရပ်မှာ၊ တိုက်ပွဲဝင် စွမ်းအားကို များစွာ မြှင့်တင် ပေးနိုင် သဖြင့်၊ စစ်မက် နယ်မြေ များအား ရင်ဆိုင် နိုင်ပေမည်။

၎င်းနယ်မြေ များအား အနိုင်ယူရန် ခွန်အားမျိုး မရှိ ပါက၊ ယွဲဝေဝေအား ကူညီနိုင် မည် မဟုတ်ချေ။ ထို့ကြောင့် နေနတ် ဘုရား လက်သီးကို၊ စတင် လေ့ကျင့် လိုက်သည်။

“ ဒီနေနတ် ဘုရား လက်သီးကို ပြီးပြည့် စုံအောင် လုပ်ဖို့ လိုတယ် ... ။ ”

နောက်ဆုံး ပုံစံ (၃)မျိုး ဖြစ်သော၊ ကြက်သွေးရောင် နေမင်း၊ နေဝင် ချိန်နှင့်၊ နေကိုးစင်း လင်းခြင်း၊ တို့အား လေ့ကျင့်ရန် အချိန် တန်ပြီ ဖြစ်၏။

အတိတ် ကာလ၌ မလေ့ကျင့် ဝံ့သည်မှာ၊ ကျင့်ကြံမှု နိမ့်ကျလွန်း သောကြောင့် ဖြစ်သည်။

ယခုမူ တတိယ ကောင်းကင် ဝိညာဉ် နယ်မြေ သာမက၊ ရောင်ဝါ သမုဒ္ဒရာ များတွင်၊ ကြယ်မိစ္ဆာ ပန်းများ ကိုပါ၊ စိုက်ပျိုး နိုင်ခဲ့သည်။

အဆိုပါ ပန်းများ ပွင့်လာသော်၊ စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ်ရောက်၊ ပါရမီရှင် များအား၊ နှိမ်နင်း နိုင်မည် ဖြစ်၏။

သုံးရက်ကြာ ပြီးနောက်၊ နေမင်းကြီး တစ်စင်း လင်းနေ သကဲ့သို့၊ ချိုင့်ဝှမ်း အတွင်း၌၊ ရွှေရောင် အလင်းများ လွှမ်းခြုံ သွားသည်။

“ တိမ်များကို လွင့်စဉ် စေသော နေမင်းကြီး၊ ”

“ အရုဏ်ဦး ခရမ်း ရောင်ဝါ၊ ”

“ လောင်ကျွမ်းခြင်း မီးလျှံ။ ”

စက္ကန့်ပိုင်း အတွင်း ဖြစ်စဉ် သုံးခုပေါ် လာသောကြောင့်၊ လင်းယွန် လှုပ်ရှားမှု များကို၊ ပြတ်ထင်စွာ မမြင် ရတော့ချေ။

“ ပျံဝဲ နေသော နေမင်း၊ ”

“ အထီးကျန် နေမင်း၊ ”

ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးအား ထုတ်ဖော်ကာ၊ စတုတ္ထ၊ ပဉ္စမနှင့်၊ ဆဋ္ဌမ ပုံစံ များကို လေ့ကျင့် လိုက်သည်။

ရောင်စဉ် (၇)သွယ် ပါရှိသော၊ အလင်းများ ခန္ဓာမှ တောက်ပစွာ ပွင့်ထွက် လာ၏။ ယင်းက နေထီး ဆောင်းစဉ်၊ ထွက်ပေါ် လာသော သက်တံ တစ်စင်းနှင့် တူသည်။

“ အကြွင်းမဲ့ စိုးမိုးမှု။ ”

နောက်ထပ် လက်သီး တစ်ချက်ကို ရှေ့သို့ ပစ်ချ လိုက်ရာ၊ သက်တံသည် ကောင်းကင်အား ဖြတ်လျက်၊ ပျောက်ကွယ် သွားတော့၏။

တစ်ချိန် တည်းမှာပင်၊ ချိုင့်ဝှမ်းမှာ ပြင်းစွာ တုန်လှုပ် လာသည်။ ယင်းက ဓား ရည်ရွယ်ချက် မသုံးဘဲ၊ လက်သီး သက်သက်သာ ထုတ်ဖော် ထားခြင်း ဖြစ်၏။

“ ဟိတ် ... ။ ”

လက်သီး နှစ်ချက်၊ ဆက်တိုက် ထပ်မံ ထုတ်လိုက်ရာ၊ ကောင်းကင် တစ်ခွင်လုံး ရဲရဲနီ လာတော့သည်။

အဆုံးတွင် ကြက်သွေးရောင် အလင်းများ ပျံတက် သွားပြီး၊ ကောင်းကင် ကြီးကို ရွေ့လိုက် သကဲ့သို့ ထင်မြင် လာစေ၏။

“ နေကိုးစင်း လင်းခြင်း။ ”

ငေါက်သံ ပြု လိုက်စဉ်၊ လင်းယွန် နောက်ပါး၌၊ နေကိုးစင်း ထွက်ပေါ် လာသည်။ ထို့နောက် ချိုင့်ဝှမ်း အနှံ့ အက်ကြောင်း များနှင့် အတူ၊ ချက်ချင်း လောင်ကျွမ်း လာကုန်၏။

“ ဝုန်း ... ၊ ဝုန်း ဝုန်း ... ။ ”

လက်သီးအား ထိုးလိုက်သော အခါတွင်၊ ပေါက်ကွဲ စွမ်းအားကြောင့်၊ ချိုင့်ဝှမ်း တစ်ခုလုံး ပြိုကျ သွားသည်။

သည့်နောက် လေထု အတွင်း၊ မရဏ အငွေ့ အသက်နှင့် အပျက် သဘော ဆောင်သော ခံစား ချက်များ၊ ချက်ချင်း ရစ်သိုင်း လာသည်။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ … ။ ”

ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့်ကာ၊ ထိတ်လန့် သွား၏။ နေနတ်ဘုရား လက်သီးမှာ၊ အလွန် ကြောက်စရာ လှပြီဖြစ် သဖြင့်၊ ‘နေလ လက်သီး’ ဆိုပါက၊ မည်မျှ ပြင်းထန် မည်ကို မတွေးဆ ရဲတော့ချေ။

ရွှေကျီးကန်း တောင်ပံကို ဖန်တီး နိုင်ပြီ ဖြစ်သောကြောင့်၊ နေနတ် ဘုရား လက်သီးအား၊ လေ့ကျင့် ရာတွင်၊ လွယ်ကူ ခဲ့သည်။

ထို့ကြောင့် လမင်း ဖျက်ဆီးခြင်း တံဆိပ်၊ ဖွဲ့စည်းရန် ဆက်၍ ကြိုးစား မိသည်။ ယင်းမှာ နေနတ် ဘုရား တံဆိပ် ကဲ့သို့၊ အရေး ကြီး၏။ လနတ်ဘုရား လက်သီး ကို လေ့ကျင့်လို ပါက၊ ကျော်ဖြတ် ရမည့်၊ ပထမဆုံး တံခါး ဝလည်း ဖြစ်သည်။

“ ဒါကို ... ကောင်းကောင်း နားလည်ဖို့ လိုတယ်၊ မဟုတ်ရင် ငါ့ရဲ့ ကောင်းကင်ဘုံ သုံးပါး ကိုလည်း၊ သရုပ်ဖော် အဆင့်ထိ၊ နားလည်မှာ မဟုတ်ဘူး။ ”

ကောင်းကင်၌ ထွန်းလင်း နေသော လမင်းကို မော့ကြည့်ကာ၊ ရေရွတ် လိုက်မိသည်။ နောက်ရက် များတွင် နေ့စဉ် ညတိုင်း၊ ၎င်းအား မော့ကြည့်လျက်၊ ‘လမင်း ဖျက်ဆီးခြင်း တံဆိပ်’ ကို၊ သုံးသပ် နေမိ တော့သည်။

အားလပ်ချိန် များ၌ နေနတ် ဘုရား ဓားနှင့်၊ နဂါး အရိုးကို လေ့လာကာ၊ နတ်ကြယ် ပုလဲများ သန့်စင် မိသည်။ ထို့ကြောင့် တစ်လ အတွင်း အုတ်မြစ်မှာ၊ တည်ငြိမ် လာ၏။

ယုဟိုရှင်း ကျန်ခဲ့သော သွေးမီးတောက် ဆေးလုံး ငါးလုံးကို အသုံးပြုပြီး၊ သူတော်စင် နဂါး ပညာ ရပ်အား၊ ကနဦး ကျွမ်းကျွင်မှု အထိ၊ ရယူနိုင် ခဲ့သည်။

နဂါး အရိုး အပေါ်၊ ပိုမို နားလည်လာ သည်နှင့် အမျှ၊ သူတော်စင် နဂါး ချပ်ဝတ်မှာ၊ တံဆိပ် မဖွဲ့ဘဲ ဆင့်ခေါ် လာနိုင်သည်။

အတွေး တစ်ချက်ဖြင့်၊ နဂါး အရိုးတွင် ပါရှိသော၊ နတ်ဘုရား ရူရ်ကို (၅)ပေ ပတ်လည် အတွင်း၊ သက်ရောက် စေနိုင်၏။

ထိုအကွာ အဝေးသည် အနီးကပ် တိုက်ပွဲ များ၌၊ ပြိုင်ဘက်အား သတ်ပစ်ရန် လုံလောက် လေပြီ။

နတ်ဆိုး ဝိညာဉ်များ ကိုပင်၊ နှိမ်နှင်း နိုင်သောကြောင့်၊ နယ်ပယ် တစ်ခု တည်း၌ ရှိနေ ပါက၊ မည်သူ မဆို ဒုက္ခရောက် ရပေမည်။

သို့သော် ပြိုင်ဘက်တွင်၊ အလားတူ နည်းလမ်းများ ရှိနေ ပါလျှင်၊ မသုံးဝင် နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် နေနတ် ဘုရား တံဆိပ် ကိုသာ၊ အလေးပေး မိရာ၊ သရုပ်ဖော် အဆင့် ရောက်ရှိ ရန်၊ အချိန် တစ်ခု မျှသာ လိုပေ တော့သည်။

ယခု အချိန်၌ ကောင်းကင်လမ်း အဆုံးရှိ၊ တိုက်ပွဲ ဟူသော တိကျ သေချာသည့်၊ ပန်းတိုင် တစ်ခု ရှိလာပြီ ဖြစ်၏။

“ အချိန် ကျပြီ။ ”

ကောင်းကင်ပေါ် ခုန်တက်ကာ၊ ထွက်ခွာ လာမိ တော့သည်။ ကောင်းကင်လမ်း ဟူသည်၊ ကျယ်ပြော လှပြီး၊ နဂါး ပြည်နယ်မှာ၊ အစွန် အဖျား မျှသာ ဖြစ်ချေ၏။

အင်ပါ ရီယန် တစ်ဦး ပင်လျှင်၊ ကောင်းကင်လမ်း အနှံ့ ခရီးဆက် လိုပါက၊ အချိန် တစ်နှစ်ကျော် လိုအပ် ပေမည်။

လမ်းကြောင်း တစ်ခုတည်း၊ ဦးတည် သွားသော်မှ၊ လမ်းဆုံး ရောက်ရန်၊ လင်းယွန် အတွက် အချိန် အတော် ပေးရပေ ဦးမည်။

သို့သော် ထိုမျှထိ တွေးစ မလိုဘဲ၊ အနီးဆုံး မြို့ ဖြစ်သော၊ ‘လေးမျက်နှာ’ မြို့သို့ ရောက်ရန် သာ လို၏။

ကောင်းကင်လမ်း အဆုံး မရောက်ခင်၊ ထိုမြို့အား ဖြတ်ရ ပေမည်။ ထိုမြို့၌ နဂါး ဒေသ အပြင်၊ အခြားသော ဒေသ များမှ ကျွမ်းကျင်သူ များလည်း၊ ရှိမည် ဖြစ်သည်။

အဆင့် သတ်မှတ် ချက်ရှိ၊ ပါရမီ ရှင်များ အပြင်၊ စစ်မက် နယ်မြေ ဆယ်ရပ်မှ၊ ပါရမီရှင် လူငယ်များ ရှိနိုင်၏။

များမကြာမီ အဝါရောင် သဲသောင်ပြင် ကြီးအား မြင်လိုက် ရသည်။ ဤလွင်ပြင်အား ‘သဲဝါ လွင်ပြင်’ဟု ခေါ်၏။

မြင့်မားသော အပူ ချိန်ကြောင့်၊ တံလျှပ် လှိုင်းများ ဖြစ်ပေါ် နေပြီး၊ လေးမျက်နှာ မြို့အား ပျပျလေး မျှသာ မြင်ရသည်။

၎င်းသည် အန္တရာယ် ရှိသော ဒေသ တစ်ခုလည်း ဖြစ်၏။ ပါရမီရှင် များပင် အဖော် များနှင့်သာ၊ ဤနယ်မြေကို ဖြတ်သန်း ဝံ့ချေ မည်။

နတ်ဆိုး သားရဲများ အပြင်၊ အခြား ဒေသ များရှိ ပြိုင်ဘက် များကိုလည်း၊ ရင်ဆိုင် ရမည့် အန္တရာယ်မျိုး ရှိနေ၏။

လင်းယွန် မှာမူ၊ စိတ်ပူခြင်း မရှိချေ။ လူသူ ကင်းရှင်းသော လွင်ပြင်၌၊ တစ်ယောက်တည်း ခရီးဆက် ရသည် ကိုပင်၊ ကျေနပ်လာ မိသည်။

ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း (၉) မျိုးကို၊ အသုံးပြု ထားသဖြင့်၊ ခြေ တစ်လှမ်းနှင့်၊ မီတာ ရာဂဏန်း အကွာသို့၊ ရွေ့လျား နိုင်၏။

ဤရွေ့လျားမှု နည်းစနစ်မှာ၊ လျင်မြန်လွန်း သောကြောင့်၊ မိုးကုတ် စက်ဝိုင်းအား ဖြတ်သန်း နေသော ရွှေရောင် အလင်းတန်း အဖြစ်သာ၊ မြင်ရ စေသည်။

ရက် အနည်းငယ် ကြာပြီးနောက်၊ မြေပြင် တစ်နေရာ၌ အလောင်းများ မြင်လိုက် ရသဖြင့်၊ မျက်မှောင်ကြုတ် သွားမိ လေသည်။

ထိုအလောင်း များမှာ၊ မြင့်မြတ်မြေ အသီးသီးမှ၊ လူငယ်များ ဖြစ်ချေ၏။ သည့်စဉ် ရုပ်ဖျက် ထားသော၊ လူတစ်စု ကောင်းကင်ပေါ် ပျံတက် လာကာ၊ လင်းယွန်အား ဝိုင်းရံ လိုက်ကြသည်။

၎င်းတို့ အားလုံးမှာ၊ တူညီသော ဝတ်ရုံ များကို၊ ဝတ်ဆင် ထားကြပြီး၊ ထုံးစံ အတိုင်း၊ သူ့အား ဟန့်တား လိုပုံ ရ၏။ သို့သော် နဂါး လေးမှ၊ ထပ်မံ သတ်ပစ် လိုက်ပြန်သည်။

“ နေဦး ... ၊ တစ်ခု ခုတော့ မှားနေပြီ ... ။ ”

ယင်းက သူ့အား၊ (၉) ကြိမ်မြောက် ဟန့်တားမှု ဖြစ်သည်။ ဤဒေသတွင် အန္တရာယ် ရှိသော် ငြားလည်း၊ သည်မျှ အထိ၊ ကြုံရ စရာ အကြောင်း မရှိချေ။

ထို့ကြောင့် အဝေးသို့ မျှော်ကြည့် မိသော အခါ၊ ခမ်းနား ထည်ဝါသော လေးမျက်နှာ မြို့၏ အသွင် အပြင်ကို မြင်လိုက် ရသည်။ သည်လမ်း အတိုင်း ဆက်သွား ပါက၊ သုံးရက် အတွင်း မြို့ကို ရောက်နိုင်၏။

“ လမ်းကြောင်း ပြောင်းရအောင်။ ”

သတိ ကြီးစွာဖြင့်၊ ဦးတည်ချက် ပြောင်းကာ၊ ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးအား ကန့်သတ် ချက်သို့ တွန်းပို့ မိသည်။

ဤလမ်း ကြောင်းတွင်၊ သူ့အား ထိတ်လန့် စေသည့်၊ အငွေ့ အသက် များကို ခံစား မိသော ကြောင့်၊ ဖြစ်လေသည်။

ကောင်းကင်လမ်း ပိတ်ရန်၊ သုံးလသာ ကျန်တော့ ချိန်တွင်၊ လေးမျက်နှာ မြို့ကို၊ တစ်စုံ တစ်ယောက်မှ ထိန်းသိမ်း ထားပုံ ရ၏။

ဆိုလို သည်မှာ သူ့အား ဤနယ်မြေမှ ခရီးသွား လာခြင်းကို၊ သဘောကျပုံ မရချေ။ သူတို့ သတ်မှတ် ထားသော လမ်းကြောင်းထံ၊ ပြောင်းလဲ စေလိုပုံ ရလေသည်။

All Chapters