ယင်ယန် သုခဘုံမှ၊ လျှပ်စီးဓား နှစ်ဖော်။
Vol. 73 Ch. 1010
ထိုပုံရိပ် ရှင်၏ မျက်လုံး များမှ တဆင့် ကျက်သရေကို ထုတ်လွှတ် နေသဖြင့်၊ လှပသော မိန်းမပျို တစ်ယောက် ဖြစ်မှန်း၊ ကောက်ချက်ချ နိုင်သည်။
သို့သော် အပြာရောင် ၀တ်ရုံကို ဆင်မြန်းကာ၊ ဆံပင် များကို စုချည် ထားသောကြောင့်၊ အသွင် အပြင် အရ၊ ယောက်ျားလေး ဟု ထင်မိ စေ၏။
ဤသို့သော အသွင် အပြင် မျိုးမှာ၊ ကောင်းကင် လမ်း၌ မကြာ ခဏ ဆိုသလို တွေ့ ရှိရတက် သဖြင့်၊ ထူးထွေ ဆန်းပြားခြင်း မရှိချေ။
ယင်းမှာ အပြုံး တစ်ပွင့်နှင့်၊ လူတိုင်း၏ စိတ်ဝိညာဉ်ကို၊ ညို့ယူ နိုင်သော ရေခဲ အလှ တရား ဖေးရွယ် ဖြစ်သည်။
သို့သော် ယခု အခါတွင်၊ သူမ ဟူသည်၊ အရေး မပါတော့ သဖြင့်၊ စိတ်နေ စိတ်ထား သည်လည်း၊ ပြောင်းလဲ သွားခဲ့သည်။
သူမကို မှတ်မိ နေရသည့် အကြောင်း ရင်းမှာ၊ အကြိမ်ပေါင်း များစွာ စကား ပြောဆိုဖူး သောကြောင့် ဖြစ်၏။
သို့သော် လက်ရှိ အသွင် အပြင် အရ၊ လူသိမခံ လိုပုံ ရချေပြီ။ လောချန် သည်လည်း၊ ယင်းကို သတိထား မိသဖြင့်၊ မနှုတ်ဆက် မိစေရန်၊ သူ့အား အချက်ပြ လာ၏။
“ ဒါ ... ဖေးရွယ် မဟုတ်လား။ ”
လင်းယွန်က သေချာအောင် မေးလိုက်သည်။
“ ဟုတ်တယ် ... ၊ သူ့မှာ ခွန်အား မြှင့်တင် နိုင်တဲ့ ရတနာ တစ်ပါး ရှိတယ်လို့ ကြားမိတယ်၊ စစ်မက် နယ်မြေက အဲ့ဒီ ရတနာကို စိတ်ဝင် စားနေပုံ ရတယ်။ ”
စစ်မက် နယ်မြေ များမှပင်၊ စိတ်ဝင် စားစေသော ရတနာ မှာ၊ မည်မျှ တန်ဖိုး ရှိနိုင် မည်ကို၊ လင်းယွန် တစ်ယောက် တွေးလိုက် မိ၏။
“ သူက ... ၊ စစ်မက် နယ်မြေက မဟုတ် ဖူးလား။ ”
လောချန် စကားကြောင့် ရုတ်တရက် ရှုပ်ထွေးသွား ဟန်ဖြင့် လင်းယွန်က ပြန်မေး မိသည်။
“ မဟုတ်ဖူး ထင်တယ် ... ၊ ကြည့်ရတာ စစ်မက် နယ်မြေ တစ်ခု ခုနဲ့၊ အဆက် အသွယ် ရှိပုံ လောက်ပဲ ဖြစ်မယ်၊ မဟုတ်ရင် သူ ဒီလို ပုန်းကွယ် နေမှာ မဟုတ်ဘူး၊ သူ့ အတွက် ထင်ကြေး အချို့လည်း ရှိတယ်။ ”
လောချန်မှ ပြန်ဖြေ သည်။
“ ဘယ်လို ထင်ကြေးလဲ။ ”
“ ဒါက မှန်းဆချက် တစ်ခု ပါပဲ၊ ဒီ အကြောင်းကို ငါတို့ မပြော ရအောင်၊ ဘာပဲ ဖြစ်ဖြစ် ဝင် မစွက် ပါနဲ့၊ ... ”
“ ... သူတို့ကို စစ်မက် နယ်မြေလို့ သတ်မှတ်ရတဲ့၊ အကြောင်းရင်း တစ်ခု ရှိတယ်၊ မင်းက တစ်ယောက် တည်းမို့၊ သူတို့ရဲ့ အာရုံကို မဆွဲဆောင် မိအောင် နေပါ။ ”
-ဟု လောချန်မှ ပြန်ဖြေ လာခဲ့သည်။
လူတိုင်းက လေးမျက်နှာ မြို့ဆီသို့ သွားလိုကြ လေရာ၊ စိတ်မချမ်း မသာ ဖြစ်နေ မိသော်လည်း၊ မလှုပ်ရှား ဝံ့သေးချေ။
စစ်မက် နယ်မြေ တစ်ခု ဖြစ်လျှင်ပင်၊ ဤမျှ စွာသော လူအုပ်ကို၊ ရန်သူ အဖြစ် လိုချင်မည် မဟုတ်ကြောင်း သူတို့ သိသည်။
ရုတ်တရက် မိုးကုပ် စက်ဝိုင်း အစပ်မှ လျှပ်စီးကြောင်း နှစ်ခု ထွက်ပေါ် လာသည်။ ထိုလျှပ်စီး ကြောင်းများ နီးကပ် လာသော အခါတွင်၊ ကြီးမားသော ဖိအားကို ခံစား လာရ၏။
ထိုလျှပ်စီးမှာ ဓား နှစ်လက် ပုံစံ အလင်း တန်းများ ဖြစ်ပြီး၊ ဓားမြည်သံ အချို့ ပဲ့တင်ထပ် လာသည်။
ဓား ရောင်ဝါများ ခြံရံလျက်၊ လေထု အလယ် ရပ်တန့် လိုက်သော အပြာဝတ် လူငယ် နှစ်ဦး ထွက်ပေါ် လာ၏။
ထို့နောက် ၎င်းတို့ ထံမှ လျှပ်စီး များဖြင့်၊ ပေါင်းစပ် ထားသော ဓား အလင်းများ ဖြာထွက် လာလေသည်။
“ အား ... ။ ”
ယင်း အရှိန် အဝါကြောင့်၊ အော်ဟစ် သံများ ညံသွားပြီး၊ အနီး ဝန်းကျင်မှ လူအုပ်မှာ၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ ကုန်၏။
အဆုံးတွင် နောက်ပြန် လဲကျ သွားပြီး၊ ပါးစပ်မှ သွေးများ စီးကျ လာကာ၊ မည်သူမျှ ပြန် မထနိုင် တော့ချေ။
ဤမြင်ကွင်းကို ရှင်းရှင်း လင်းလင်း မြင်နေ ရသော လင်းယွန်မှာ၊ အံ့သြ သွားသည်။ ယင်းမှာ စစ်မက် နယ်မြေ များ၏ စွမ်းအား ပင်လော။
၎င်းတို့ နှစ်ဦးက၊ ဝိညာဉ်ရေး ဓား စွဲကိုင် ထားပြီး၊ လျှပ်စီးဓား ရောင်ဝါအား သန့်စင်ထား လေသည်။
သူနှင့် မတူဘဲ၊ ၎င်းတို့ ထံမှ အလွန် သန့်စင်သော လျှပ်စီးဓား ရောင်ဝါများ၊ ယိုစိမ့် နေပေသည်။
ဘုရင် အဆင့် ရှေးဟောင်း လျှပ်စီး ဓားသုတ္တန်ကို ကျင့်ကြံ ထားခြင်း ဖြစ်နိုင်၏။ ထို့အပြင် ဧကရာဇ် ဓားဆေးပင် ကဲ့သို့သော နှစ်တစ်ထောင် သက်တမ်း ရှိသည့်၊ ရတနာ မျိုးကိုလည်း သန့်စင်ထား ပေမည်။
မဟုတ်သော် ဓားရည်ရွယ် ချက်ကို၊ ဤမျှ သိပ်သည်းသည် အထိ၊ သန့်စင် ထား နိုင်မည် မဟုတ်ချေ။
ကောင်းကင် ဓား ရည်ရွယ် ချက်သာ မရှိ ပါက၊ ထိုလူ နှစ်ယောက်၏ ဖိနှိမ် ခြင်းကို ခံရနိုင် ပေမည်။ စစ်မက် နယ်မြေ အုတ်မြစ်မှာ၊ လန့်စရာ ကောင်းချေပြီ။
၎င်းတို့ ပတ်၀န်း ကျင်တွင်၊ လျှပ်စီးများ ပန်းကဲ့သို့ ပွင့်နေ၏။ အရှိန် အဝါကို ထုတ်လွှတ် ရုံဖြင့်၊ လူအုပ်အား ဦးညွှတ်စေ ခဲ့သည်။
“ သူတို့က လျှပ်စီးဓား နှစ်ဖော်ပဲ။ ”
“ ယင်-ယန် သုခ နယ်မြေက၊ လျှပ်စီးဓား မိုရွှမ်နဲ့ ဟန်လဲ့။ ”
တိုက်ခိုက် လာသူ နှစ်ဦးကို၊ လူတိုင်း ချက်ချင်း မှတ်မိ သွားသည်။ ကြောက်ရွံ့ မှုမှာ၊ ဆိုဖွယ် မရှိ တော့ချေ။
“ လျှပ်စီးဓား နှစ်ဖော် မင်းတို့က၊ ငါတို့ကို ဘယ်လောက် ကြာကြာ ဟန့်တား နေဦး မှာလဲ၊ ခုတောင် လဝက် ရှိနေပြီ။ ”
ရဲဝံ့သော လူငယ် တစ်ဦးက၊ ဒေါသဖြင့် အော်ဟစ် မေးမြန်း လိုက်သည်။ ဤမျှသော လူအုပ်နှင့် ဆိုပါက၊ လျှပ်စီးဓား နှစ်ဖော်ကို အနိုင်ယူ နိုင်မည်ဟု၊ သူ ယုံကြည် သည်။
“ ငါတို့ ... ၊ လူ တစ်ယောက်ကို ရှာနေတာ။ ”
“ ဒါက မင်းတို့ ကိစ္စပဲ၊ ငါတို့ကို သွားခွင့် ပေးပါ။ ”
နောက်ထပ် လူငယ် တစ်ဦးက၊ မကျေ မနပ်နှင့် ရှေ့တိုး လာပြန်သည်။ ဤပတ်ဝန်း ကျင်ရှိ လေထုမှာ၊ ဆိုးရွား သောကြောင့် မည်သူမှ ကြာကြာ မနေ ချင်ချေ။
“ ငါတို့ ရှာနေတဲ့ လူ၊ ထွက်ပြေး သွားရင် မင်း တာဝန် ယူမလား။ ”
ဟန်လဲ့ကို မေးသည်။
“ ဒါဆို ... ၊ မင်းက ငါတို့ကို ဘယ်လောက် ကြာကြာ ဟန့်တား နေဦး မှာလဲ။ ”
ဦးစွာ မေးခွန်း ထုတ်ခဲ့သော လူငယ်က စိတ်မချမ်း မသာဖြင့်၊ ငေါက်ဆက်ဆက် ထပ် မေးသည်။
“ ငါတို့ရဲ့ သခင်ငယ် တွေက၊ တခြား နေရာတွေကို ရှာပြီး သွားပြီ၊ ကျန်တော့တာ ဆိုလို့၊ သဲဝါ လွင်ပြင်နဲ့ မြောက်ပိုင်း လွင်ပြင်ပဲ ရှိတော့တယ်၊ ... ”
“ ... မြောက်ပိုင်း လွင်ပြင်ကို ရှာပြီးရင်၊ မင်းတို့ အလှည့်ပဲ၊ လဝက် လောက်တော့ စောင့်ရ ဦးမယ်။ ”
ဤဖြစ်စဉ်တွင် စစ်မက် နယ်မြေ တစ်ခု ထက်မက၊ ပါဝင် ပတ်သက် နေမှန်း သိလိုက် ရသည်။
လင်းယွန်က ဖေးရွယ်ကို ခိုးကြည့် လိုက်သော အခါတွင်၊ မသက် မသာ ဖြစ်နေ သည်ကို မျက်ဝန်းများ မှတဆင့်၊ သတိပြု မိ၏။
“ ရိုင်းလိုက်တာ ... ၊ မင်းတို့ရဲ့ လူယုတ်မာ တွေက၊ ဒီနေရာမှာ ဘုရင် တပါးလို ပြုမူ ချင်နေ တာလား၊ ငါ အခု သွားမယ်၊ ဘယ်သူ တားရဲလဲ။ ”
နောက်ဆုံးတွင် သည်းမခံ နိုင်တော့သည့် လူငယ် တစ်ဦးမှ ရှေ့လှမ်း တက်ကာ ဆိုလိုက် သည်။
“ ရွှပ် ... ။ ”
သို့သော် သူ့ စကားဆုံး သည်နှင့်၊ မိုရွှမ်က လက်ညှိုး လှမ်းထိုး လိုက်ရာ၊ ခေါင်းပြတ် သွား တော့၏။
တတိယ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦးကို၊ လက်ညှိုး တစ်ချက်နှင့်၊ သတ်ပစ် ခဲ့သော မြင်ကွင်း မျိုးမှာ၊ မယုံနိုင်စရာ ပေပင်။
“ အောက်တန်းစား ပုရွက်ဆိတ် တစ်ကောင်က၊ သခင် ငယ်ကို ရိုင်းရိုင်း စိုင်းစိုင်း ဝေဖန် ဝံ့သလား၊ ဟမ့် ... ။ ”
မိုရွှမ်က အေးစက်သော အသွင်နှင့်၊ အော်ဟစ် လိုက်သည်။ သူ့ တိုက်ခိုက်မှုမှာ ကောင်းကင်ဘုံ သုံးပါး၏၊ အလင်း ပိုးအိမ်နှင့် ဆင်တူ ချေ၏။ ထို့ကြောင့်၊ လင်းယွန်မှာ မျက်လုံးများ မှေးစင်း သွားခဲ့သည်။
“ ဂျူနီယာ ညီ လေး ... ။ ”
မိုရွှမ်နှင့် ဟန်လဲ့မှာ၊ အသက် တစ်ချောင်းအား လွယ်လင့် တကူ ရယူကာ၊ လူအုပ်အား ခြောက်လှန့် ပြခြင်းမှာ၊ ရက်စက် လွန်း လေပြီ။
ခေါင်းပြတ် အလောင်းထံ ကြည့်ကာ၊ လူ နှစ်ယောက် ဒေါသ တကြီး လှမ်းထွက် လာ၏။
“ ဂျူနီယာ ညီလေး အတွက် လက်စား ချေပါ။ ”
ဤအခိုက် အတန့်တွင်၊ လူငယ် အချို့ ထပ်ထွက် လာပြီး၊ လျှပ်စီးဓား နှစ်ဖော်ကို ဝိုင်းရံ တိုက်ခိုက် လိုက်ကြသည်။
သို့သော် မိုရွှမ်မှ လက်ဖဝါး တစ်ချက်ကို ထုတ်ဖော်လိုက် ရုံဖြင့်၊ ကောင်းကင် ပြိုကျသွား သကဲ့သို့၊ ကြေမွ သေကြေ ပျက်စီး ကုန်၏။
ထိုအချိန်၌ မိုရွှမ်၏ ရောင်ဝါ သမုဒ္ဒရာ များတွင်၊ လျှပ်စီး ပန်းများ ပွင့်လာနေ သည်ကို မြင်ရ ချေသည်။
ဤသည်မှာ ရောင်ဝါ သမုဒ္ဒရာ များကို၊ ခိုင်မာ စေသော လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်၏။
၎င်းသည် ကြယ်မိစ္ဆာ ပန်းများနှင့် မယှဉ်နိုင် သော်လည်း၊ အလွန် အားကောင်း နေဆဲ ဖြစ်ပြီး၊ နယ်ပယ် တူညီ ပါက၊ အလွယ် တကူ နှိမ်နင်းနိုင် လေသည်။
ထို့ပြင် ဘုရင် အဆင့်၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်ကို ကျင့်ကြံ ထားသဖြင့်၊ ဒေါသထွက် နေသော လူ အနည်း ငယ်မှ၊ သူ့အား ဖိအားပေး နိုင်မည် မဟုတ်ချေ။
မိုရွှမ်၏ လုပ်ရပ်မှာ အနည်းငယ် လွန်သည်ဟု လင်းယွန် ထင်သည်။ သာဓက ပြချင်သော် ဤမျှသော လူများကို၊ သတ်စရာ မလိုချေ။
၎င်းတို့ ကဲ့သို့သော ကျွမ်းကျင် သူများ မဆိုနှင့်၊ သာမာန် ဓားသမား တစ်ဦး သည်ပင်၊ တိုက်ပွဲ၌ အမြဲတမ်း အားသာချက် ရှိသည်။
ဤလျှပ်စီး နှစ်ဖော်မှာ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို သိသည်။ လင်းယွန် ကိုယ်တိုင် လူများ စွာကို သတ်ခဲ့ဖူး သော်လည်း၊ သွေးဆာ နေသူ တစ်ယောက် မဟုတ်ချေ။
ဘေးမှ ရပ်နေသော ဟန်လဲ့ ခန္ဓာမှာ၊ အနည်းငယ် တုန်ယင် သွားပြီး၊ ရုတ်တရက် မျက်လုံး မှိတ်ချ လိုက်သည်။
ပြန်ဖွင့် လိုက်သော အခါ၊ မျက်ဝန်းများ တောက်ပလျက်၊ လူအုပ် ကြီးထံ လေးနက်စွာ ဝေ့ကြည့် လာသည်။
“ ငါတို့ ရှာနေတဲ့ လူက မြောက်ပိုင်း လွင်ပြင်မှာ မရှိဘူး၊ ဒါကြောင့် အခု မင်းတို့ ဘယ်သူမှ ထွက်သွားခွင့် မရှိ တော့တာ သေချာတယ်။ ”
ပြတ်သားသော ဟန်လဲ့ စကားကြောင့်၊ လူအုပ် ကြီးမှာ တိတ်ဆိတ် သွား၏။ ကြောက်ရွံ့ စွာဖြင့် တံတွေးများ မျိုချ မိပြီး၊ စကား တစ်ခွန်း မျှ၊ မပြော ရဲတော့ချေ။
ယုတ္တိ ကျကျ ပြောရ ပါမူ၊ မိုရွှမ်နှင့် ဟန်လဲ့မှာ၊ လူ တစ်သောင်း ကျော်ကို ၎င်းတို့ နှစ်ဦး တည်းဖြင့်၊ ရင်ဆိုင် နိုင်သည့် နည်းလမ်း မရှိပေ။ သို့သော် သူတို့၏ ပြတ်သား မှုကြောင့် လူတိုင်း၊ ငြိမ်သက် သွားသည်။
ဖေးရွယ် တစ်ယောက် တည်ငြိမ်သွား သော်လည်း၊ စိတ်မသက် မသာ ဖြစ်နေဆဲ ပေပင်။
အခြားသော စစ်မက် နယ်မြေ များမှ ထူးချွန်သူ များ ရောက်လာသော်၊ သူမ အတွက် လွတ်မြောက်ရန်၊ လမ်းမရှိ တော့မှန်း၊ နားလည် လိုက်သည်။
“ ငါတို့ ရှာနေတဲ့ လူက၊ ဒီလူအုပ် ထဲမှာ ရှိတယ်။ ”
မိုရွှမ်နှင့် ဟန်လဲ့က လူအုပ်ထံ စူးစူး စိုက်စိုက် ကြည့်လာ တော့သည်။
“ မင်း ထွက် လာ ခဲ့ ... ၊ ပြီးတော့ မင်း ... ၊ မင်း ... ။ ”
ထို့နောက် သံသယ ဖြစ်ဖွယ် လူများကို ခေါ်ထုတ် တော့၏။ တုန့်ဆိုင်း နေသော လူငယ် အချို့မှာ၊ ချက်ချင်း အသတ်ခံ ရသည်။
လူအုပ်မှာ ပို၍ ထိတ်လန့် လာသည်။ ခဏ ချင်း မှာပင် သံသယ ရှိသူ တစ်ရာခန့်၊ ခေါ်ထုတ် သွား၏။
ရုတ်တရက် ဟန်လဲ့ အကြည့်များ ဖေးရွယ်ပေါ် ကျရောက်စဉ်၊ မိုရွှမ်က လင်းယွန် အား၊ ခေါ်ထုတ် တော့သည်။
“ မင်း ... ။ ”
***