← Chapters

တကယ့် ကောင်တွေပဲ။

Vol. 73 Ch. 1011

တကယ့် ကောင်တွေပဲ။

Vol. 73 Ch. 1011

( ငါကို သံသယ ဝင်နေ တာလား။ )

ဝတ်ရုံ စကို ဦးခေါင်းတွင်၊ ဆောင်းထား သောကြောင့်၊ သူ့ အပေါ်၊ အာရုံ စိုက်မိ သွားပုံ ရသည်။

“ မင်း သေချင် နေတာလား။ ”

လင်းယွန် တုံ့ဆိုင်း နေသည်ကို၊ မြင်လိုက် သဖြင့်၊ မိုရွှမ်၏ မျက်လုံး များက အေးစက်စွာ တောက်ပ လာသည်။

စိတ်ရှည် သည်းခံ မှုမှာ၊ အကန့် အသတ် ရှိပြီး၊ အခေါ် ခံရခြင်း အတွက်၊ တွန့်ဆုတ် နေသူ များသည်၊ သေခြင်းကို တောင်းဆို သူများ အဖြစ် မြင်၏။

“ မိုရွှမ် ... ၊ မင်း လွန်မလာနဲ့၊ သူက ငါ့ မိတ်ဆွေ။ ”

သတ်ရန် ရည်ရွယ် ချက်များ ထုတ်ဖော် လာသည့် မိုရွှမ်ကြောင့်၊ လောချန်က ဝင်ရောက် ပြောဆို လိုက်သည်။

တစ်ဆက် တည်းမှာပင်၊ သူ့ ရောင်ဝါ ကိုလည်း ထုတ်လွှတ် လိုက်၏။ တစ်လကြာ ပြီးနောက်၊ လောချန် တစ်ယောက် များစွာ သန်မာ လာပြီ ဖြစ်သည်။

နောက်ဆုံးတွင် လောချန် ဟူသည် နဂါး ပြည်နယ်၏၊ အကြီး အကဲ ဖြစ်ချေ၏။ သူ့အမည် အား၊ ကောင်းကင် ကြေးမှုံ ၌ပင်၊ တင်ကျန် ရစ်အောင် လုပ်နိုင် ပေသည်။

သူနှင့် လျှပ်စီး နှစ်ဖော် ကြား၊ အတော် အတန် ကွာဟချက် ရှိသော်လည်း၊ အလျော့ ပေးရန် ဆန္ဒ မရှိချေ။

ထို့အပြင် ချင်လင်းနှင့် ကျွင့်မုန်ချန် တို့က၊ အရှိန် အဝါများ ဖွင့်ကာ၊ သူ့ ဘေးသို့ လှမ်းတက် လာခဲ့သည်။

လင်းယွန် ကြောင့်သာ မဟုတ် ပါက၊ ယုဟိုရှင်းမှ သူတို့ (၃) ဦးအား သတ်သွားပြီး ဖြစ်ပေမည်။

လောချန် တို့၏၊ တုံ့ပြန်မှုကို မြင်သော အခါတွင်၊ မိုရွှမ်မှာ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ဖွား လာသည်။

ရုတ်တရက် ပြောင်းလဲ လာသော လေထုကြောင့်၊ ဟန်လဲ့က မိုရွှမ်အား အချက်ပြ လိုက်ပြီး၊

“ လောချန် ... ၊ ငါတို့က သားသတ် သမားတွေ မဟုတ်ဘူး၊ မင်းရဲ့ သူငယ်ချင်း တစ်ဦး တည်းကို ပစ်မှတ်ထား နေတာ မဟုတ်တာ ၊ မင်းလည်း မြင်တာပဲ၊ ... ”

“ ... သူ့ကိုသာ ထွက်လာ ခိုင်းလိုက်ပါ ... ၊ ငါတို့ ရှာနေတဲ့ လူ မဟုတ်ရင်၊ ဒါက ပြဿနာ ရှိလာမှာ မဟုတ် ပါဘူး။ ”

မိုရွှမ်နှင့် ယှဉ်ပါလျှင် ဟန်လဲ့မှာ၊ ပို၍ တည်ငြိမ် လှပေသည်။ စစ်မက် နယ်မြေသား များ အနေဖြင့်၊ ဤနေရာရှိ လူတိုင်းထက် အားကောင်း လှ၏။

ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် တစ်ခု တည်းဖြင့်ပင်၊ အများစုကို ကိုင်တွယ် ဖြေရှင်းရန် လုံလောက်သည်။

သို့သော် လောချန် ကဲ့သို့သော၊ လူ အချို့ အတွက်မူ၊ ဖိနှိမ်ရန် အခက် အခဲ ရှိနေဆဲ ဖြစ်သည်။

လောချန်မှာ သူတို့ အပေါ်၊ မခြိမ်းခြောက် နိုင်သော်လည်း၊ ပြန်လည် တိုက်ခိုက် နိုင်သည်။ သူတို့နှင့် အလုပ်ရှုပ် နေချိန်၌၊ လူအုပ် ကြီးမှာ ပရမ်း ပတာ ဖြစ်လာ ပေလိမ့်မည်။

ထိုအချိန်တွင် သူတို့ ရှာဖွေ နေသော ပစ်မှတ်က၊ လွတ်မြောက်ရန် အခွင့် အရေး ရသွား နိုင်၏။

“ သူက ငါ့ သူငယ်ချင်းပဲ၊ မင်း ရှာနေတဲ့ လူ မဟုတ် ဖူးလို့၊ ငါ ပြောနေတယ် မဟုတ်လား။ ”

လောချန်မှ မတုန် မလှုပ် ရပ်နေ ခဲ့သည်။ လင်းယွန်၌ ရတနာ များစွာ ရှိမှန်း၊ သူ သိထား ပေ၏။

၎င်းကို သခင်ငယ် များမှ၊ စိတ် မဝင်စား သော်လည်း၊ လျှပ်စီး နှစ်ဖော် ကမူ၊ ထိုအတိုင်း ဖြစ်လိမ့် မည်ဟု၊ အာမ မခံ နိုင်ချေ။

“ ဘယ်လို တောင် ... ခေါင်းမာ လိုက်တာလဲ။ ”

နောက်ဆုံးတွင် ဟန်လဲ့ တစ်ယောက် ဒေါသထွက် လာသည်။ ယဉ်ကျေးစွာ ပြောပြပြီး ဖြစ်သော်လည်း၊ လောချန်မှ သူ့အား မျက်နှာသာ ပေးချင်ပုံ မရချေ။

ကောင်းကင် ကြေးမှုံတွင် ရှိသော်မှ၊ လောချန်ဟူ သည်မှာ၊ ပုရွက်ဆိတ် တစ်ကောင် အဖြစ်သာ ရှိနေဆဲ ဖြစ်သည်။

သို့သော် လင်းယွန်က စကား တစ်ခွန်းမျှ မဆိုဘဲ၊ လူအုပ် အတွင်းမှ တိုးထွက်လာ သဖြင့်၊ စကားဆက် မဆို မိတော့ချေ။

“ ညီအစ်ကို လင်း ... ။ ”

လောချန် ခေါ်သံကြောင့်၊ လင်းယွန် ခြေလှမ်းများ တုန့်ဆိုင်း သွားသော်လည်း၊ လှည့် မကြည့်ဘဲ၊ ဆက်လျှောက် မိသည်။

ပြဿနာ များကို ရှောင်ရှား လိုခြင်း မျှသာ ဖြစ်ပြီး၊ ဤ နှစ်ယောက်အား သူ မကြောက်ချေ။ တားမြစ် ပုဂ္ဂိုလ် ဖြစ်လျှင်ပင်၊ ဂရုစိုက် မိမည် မဟုတ်ကြောင်း၊ သိစေ လိုသည်။

လင်းယွန် ထွက်လာ သည်ကို မြင်မှ၊ ဟန်လဲ့နှင့် မိုရွှမ် တို့၏ အမူ အရာများ ပြေလျော့ သွားပြီး၊ ဖေးရွယ်ထံ အာရုံ ပြောင်းသွားကာ၊

“ အဲဒီမှာ ရပ်မနေနဲ့၊ ... ဒီကို ထွက် လာခဲ့ ... ။ ”

-ဟု လှမ်းခေါ် လိုက် တော့သည်။

ဖေးရွယ်က တွက်ဆ ထားပြီး ဖြစ်ပုံ ရကာ၊ အသာ တကြည့်၊ ရှေ့ထွက် လာသည်။ မကြာခင် လူပေါင်း ရာနှင့်ချီ၊ ရွေးထုတ် ခံလိုက် ရ၏။

ထို့နောက် လျှပ်စီး နှစ်ဖော်မှာ၊ လူရွေး ခြင်းအား အဆုံး သတ်လိုက်ပြီး၊ အရွေးချယ် ခံများ ထံသို့၊ အာရုံစိုက် လိုက်သည်။

အရွေး မခံ ရသော လူအုပ် ကြီးမှာ၊ စိတ် သက်သာရာ ရသွား ကြ၏။ သူတို့ကို မစော်ကား သ၍၊ ဘာမဆို လက်ခံ နိုင်သည်။

“ ဒီမှာ ... ငါက ... ၊ မင်းတို့ ရှာနေတဲ့ လူ မဟုတ် ဖူးလို့၊ ပြောနေတာ မကြား ဖူးလား။ ”

သံသယ ဖြစ်ခံ ရသော လူများ ကြားမှ၊ လူငယ် တစ်ဦးမှာ ဒေါသ တကြီး လှမ်းအော် သည်။

နောက်ဆုံးတွင် သူ ဟူသည် မြင့်မြတ် နယ်မြေ တစ်ခု၏ ခေါင်းဆောင် တစ်ဦး ဖြစ် သဖြင့်၊ ဤသို့ ရှေ့ခေါ်ထုတ် ခံရခြင်း အပေါ်၊ မပျော်ရွှင် နိုင်ချေ။

ထိုကြောင့် မည်သို့မျှ မအောင့်သည်း နိုင်တော့ဘဲ၊ မသိ စိတ်မှ ပေါက်ကွဲ ထွက်လာ ခြင်း ဖြစ်လေသည်။

“ ချွတ် ... ။ ”

ဟန်လဲ့က အေးစက်စွာ ပြောသည်။

“ ဘာပြောတယ် ။ ”

လူငယ်မှ မျက်ခုံး ပင့်ကာ၊ ပြန်မေး ၏။

“ မင်းရဲ့ ... အဝတ် အစား တွေကို ချွတ်လိုက်။ ”

ဟန်လဲ့က ထပ်ပြောသည်။

“ မင်း ရူးနေ တာလား။ ”

နောက်ဆုံးတွင် မှင်တက် နေရာမှ၊ သတိ ဝင်ကာ၊ “မင်း လုပ်ရဲလား” ဟု၊ ပြန်၍ ငေါက်ချ လိုက်သည်။

သူသည် မြင့်မြတ် နယ်မြေ တစ်ခု၏ ခေါင်းဆောင် ဖြစ်ရုံသာ မက၊ လိပ်နက် ဒေသ တွင်ပင်၊ မာန ကြီးစွာ ပြုမူ နေထိုင် ခဲ့သူ ဖြစ်သည်။

ထို့ကြောင့်၊ လူတိုင်း သူ့ အပေါ်၊ အဝတ် ချွတ်ကာ၊ ရှာဖွေခွင့် မပြုနိုင် သည်မှာ၊ သဘာဝ ပေပင်။

“ မင်းတို့ ဘယ်လို ကစား ပွဲတွေ ကစား နေတာလဲ၊ ငါ မင်းတို့နဲ့ အချိန် ဖြုန်းဖို့၊ စိတ်မဝင် စားတော့ဘူး။ ”

လူငယ်က အော်ဟစ်လျက် ထွက်သွားရန် ပြင် သည်။

“ မင်းကို ဘယ်သူက ထွက်သွားခွင့် ပေးလို့လဲ။ ”

ဟန်လဲ့က လှောင်ပြောင် လိုက်သော အပြုံးနှင့် အတူ၊ ကြည့်လာ ခဲ့သည်။

“ မင်း ... လွန် မလာနဲ့။ ”

သူ့အား လွှတ်ထားမည် မဟုတ်ကြောင်း၊ နားလည် သဖြင့်၊ ထိုလူငယ်မှ ဟန်လဲ့ထံ ပြန် ကြည့်သည်။

“ ဒါဆို မင်း ... ၊ သေ လိုက်တော့ ... ။ ”

ဟန်လဲ့က ညာလက်ကို မြှောက်ကာ၊ လက်ညှိုး ညွှန်လျက်၊ လူငယ်အား လျှပ်စီးနှင့်၊ လှမ်းပစ် လိုက်သည်။

“ ဝှစ် ... ။ ”

သို့သော် ထိုစက္ကန့်ပိုင်း အတွင်း မှာပင်၊ လူငယ်က မူလ စွမ်းအင်ကို ကန့်သတ် ချက်သို့ တွန်းပို့ကာ၊ လက်ဖဝါးများ ချက်ချင်း ထုတ်ဖော် လိုက်၏။

“ ကောင်းကင်ဘုံ မူလ လက်ဝါး။ ”

ဤသည်မှာ နက်ရှိုင်းသော လက်ဖဝါး နည်းစနစ် တစ်ရပ် ဖြစ်ပြီး၊ ၎င်းကို ငယ်ရွယ်စဉ် ကပင်၊ မြင့်မားသော အဆင့် အထိ ကျင့်ကြံ ထားနိုင် ခဲ့သည်။

ဘုရင် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်ပြီး၊ ဟန်လဲ့အား ခုခံ နိုင်ခဲ့ သဖြင့်၊ လူတိုင်း အံ့ဩ သွား၏။

“ ဟမ့် ... ၊ ”

လူငယ်က အေးစက်စွာ ငေါက်သံ ပြုလျက်၊

“ လွန် မလာဖို့၊ ငါ သတိ ပေးခဲ့တယ် မဟုတ်လား၊ မင်းတို့ နှစ်ယောက်က၊ နာမည် ကျော်ကြား သလို၊ ငါ့ကိုလည်း ... ”

“ .. အလွယ် တကူ အနိုင် ယူလို့ ရတဲ့၊ လူ တစ်ယောက် မဟုတ်ဘူး၊ တခြား သူတွေက မင်း တို့ကောင် တွေကို၊ ကြောက်ကောင်း ကြောက် လိမ့်မယ့်၊ ငါကတော့ မကြောက် … ။ ”

စကားပြော နေစဉ် သူ့မျက်ဝန်း များ၌၊ ကြောက်စိတ်များ ထင်ဟပ် လာပြီး၊ ဟန်လဲ့ကို လက်ညှိုး ထိုးကာ၊

“ မင်း ... မင်း ... ။ ”

-ဟု ဆိုလျက်၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ၊ ဦးခေါင်း တစ်ခုလုံး ပေါက်ကွဲ သွားသည်။

လူအုပ် ကြီးက ထိတ်လန့် စွာဖြင့်၊ ခြေ တစ်လှမ်း ဆုတ်လိုက် ကြသည်။ ကျန်းဝမ်ဟု ခေါ်သော၊ ဤလူငယ်သည် လိပ်နက် ဒေသ၌၊ နာမည် ရှိသူ တစ်ဦး ဖြစ်၏။

ဟန်လဲ့က ကျန်းဝမ်၏ ရုပ် အလောင်းကို စစ်ဆေး ပြီးနောက်၊ မျက်နှာမှာ အပြောင်း အလဲ မရှိဘဲ၊

“ သူ မဟုတ်ဘူး။ ”

-ဟု ဆိုလျက်၊ အလောင်းအား ကန်ထုတ် ပစ် လိုက်တော့သည်။

“ ဖောင်း ... ။ ”

မြေပြင်ပေါ် မရောက်ခင်၊ လေထု အလယ်၌ပင်၊ အလောင်းမှာ တစ်စ ကျန်အောင်၊ ပေါက်ကွဲ သွား ခဲ့သည်။

ယင်းမှာ အလင်း ပိုးအိမ် ကဲ့သို့သော ဓား ကြိုးမျှဉ် ဖြစ်မှန်း သိထား သဖြင့်၊ လင်းယွန်က စိတ်ဝင် စားခြင်း မရှိ တော့ချေ။

အကြောင်းကို သိပါက၊ အရာရာ ရိုးရှင်း ချေမည်။ ယင်းကို မသိ ပါက၊ မြင့်မြင်း မားမား တတ်မြောက် ထားလျှင်ပင်၊ အသုံးချ နိုင်မည် မဟုတ်ချေ။

ဓား ရောင်ဝါအား ဆံချည် မျှင်များ ကဲ့သို့၊ သိပ်သည်း စေခြင်းဖြင့်၊ မူလ စွမ်းအင် အကာ အကွယ်ကို၊ အလွယ် တကူ ထိုးဖောက် ဝင်ရောက် နိုင်မည် ဖြစ်သည်။

၎င်းက လျင်မြန် လွန်းသောကြောင့်၊ အနည်းငယ် မျှသော နာကျင်မှု ကိုမျှ၊ ခံစား ရမည် မဟုတ်ချေ။

လင်းယွန်က ဖေးရွယ်ထံ၊ တစ်ချက် ကြည့်လိုက်သည်။ တည်ငြိမ်မှုကို ထိန်းထားရန်၊ အတတ် နိုင်ဆုံး ကြိုးစားနေ ပုံရ၏။

ယင်းက စစ်မက် နယ်မြေ များမှ၊ ရှာဖွေ နေသော လူမှာ၊ သူမ ဖြစ်နိုင်ကြောင်း သံသယ ကို၊ အတည်ပြု နိုင်ခဲ့သည်။

အဝတ် အစား ချွတ်ခိုင်း ခြင်းသည်၊ အနည်းငယ် လွန်ကြူးရာ ရောက်သော်လည်း၊ အလွယ် ကူဆုံး နည်းလမ်း ဖြစ်သည်။

ကျန်းဝမ်မှာ ဉပမာ အပေးခံ ရသဖြင့်၊ လူတိုင်းသည် နာခံမှု ရှိလာသည်။ ကံကောင်း သည်မှာ၊ လျှပ်စီး နှစ်ဖော်မှ အပေါ်ပိုင်း အဝတ် များကိုသာ၊ ဖယ်ခြင်း ဖြစ်၏။

များမကြာခင် ဖေးရွယ်နှင့် လင်းယွန် တို့သည်သာ ကျန်ရှိ တော့သည်။ အမျိုး သမီး တစ်ဦး အနေဖြင့်၊ လူရှေ့ သူရှေ့တွင် အဝတ် ချွတ်ရန်မှာ၊ အဓိပ္ပါယ် မရှိချေ။

မိုရွှမ်က ဖေးရွယ်ထံ အကြည့်ရောက် လာပြီး၊

“ ချွတ် ... ။ ”

-ဟုဆို လိုက်တော့သည်။

လက်ရှိ အချိန်၌ လင်းယွန် နောက်တွင် လောချန်နှင့် အဖွဲ့ ရှိလေရာ၊ အတင်း အကြပ် မလုပ်ဆောင် သေးရန်၊ စိတ်ကူး မိကြသည်။ ထို့ကြောင့် ဟန်လဲ့ သည်လည်း၊ ဖေးရွယ်ထံ အာရုံစိုက် လာ၏။

ဖေးရွယ်မှာ မျက်နှာ ပျက်သွားသည်။ သူမတွင် ရတနာ တစ်ပါး ရှိသော်လည်း၊ ၎င်းကို လိုအပ် သဖြင့် လွှဲပြောင်းပေး လိုခြင်း မရှိချေ။

အဝတ် ချွတ်ရန် တုန့်ဆိုင်း နေသော ဖေးရွယ်၌၊ ထူးခြားချက် တစ်စုံ တစ်ရာ ရှိနေ မှန်း၊ နားလည် လာသည်။

ထို့ကြောင့် သန့်ရှင်း ကြည်လင်သော ဓားရောင်ဝါအား၊ ဖြည်းညှင်းစွာ ဖြန့်ထုတ် လိုက် တော့၏။

ရောင်ဝါ သမုဒ္ဒရာရှိ၊ လျှပ်စီး ပန်းများပင် ပွင့်လာသည်။ ထိုအချိန်တွင် ဖေးရွယ် ခမျာမှာ တုန်လှုပ် သွားသည်။

သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ စိုက်ကြည့် လာသော မိုရွှမ် တို့နှင့်၊ မျက်လုံးချင်း မဆုံရဲ တော့ချေ။

“ မင်းတို့ နှစ်ယောက်က၊ ယောက်ျားလေး အသွင်ယူ ထားတဲ့၊ မိန်းမ တစ်ဦး ဆိုတာ သိနေ တာတောင်၊ ... ”

“ ... သူ့ကို အဝတ်တွေ ချွတ်စေချင် တာလား၊ ယင်-ယန် သုခဘုံ စစ်မက် နယ်မြေက တကယ်ကောင် တွေပဲ။ ”

ထိုအချိန်တွင် မနေ နိုင်တော့ ဟန်ဖြင့်၊ လင်းယွန်မှ ဝင်ရောက် ပြောဆိုပေး မိသည်။ မိုရွှမ်နှင့် ဟန်လဲ့က ချက်ချင်းပင်၊ လင်းယွန်ထံ လှမ်းကြည့် လာ၏။

“ မင်းက ဒီလို မြင်နေ တာလား ... ။ ”

မိုရွှမ်မှ လှောင်ပြုံးဖြင့် ဆိုသည်။ သူ့၌ တာဝန်သာ မရှိ ပါလျှင်၊ အစောပိုင်း အချိန် ကပင်၊ တိုက်ခိုက်ပြီး ဖြစ်ပေ လိမ့်မည်။

ယခုမူ ပစ်မှတ်အား ရှာတွေ့ သွားပြီ ဖြစ်သဖြင့်၊ တိုက်ခိုက် လိုသော်၊ တိုက်ခိုက်နိုင် သည်။ ပြုံးနေ သော်လည်း၊ သူ ဒေါသထွက် နေသည်ကို၊ လူတိုင်း နားလည်၏။

“ ဘာလို့လဲ ... ၊ ရှက်သွား တာလား ဟား ဟား ဟား ... ။ ”

လင်းယွန်က ရယ်မောလျက်၊ တုန့်ပြန် လိုက်သည်။ သူ့လေသံတွင် အထင်သေး ရိပ်များ ကပ်ညိ နေပေ၏။

“ မင်း သေ လိုက် တော့ ... ။ ”

သူတို့ နှစ်ဦး၏ ခွန်အားကို သက်သေပြ ပြီးနောက် တွင်ပင်၊ ဂရုစိုက်ပုံ မပြ သောကြောင့်၊ မိုရွှမ်က သူ့ညာ လက်အား မြှောက်ကာ၊ လျှပ်စီး ဓား ပိုးမျှဉ်ဖြင့် ပစ်ခတ် လိုက်တော့သည်။

***

All Chapters