← Chapters

တိုက်ပွဲ (၁) ။

Vol. 73 Ch. 1012

တိုက်ပွဲ (၁) ။

Vol. 73 Ch. 1012

မိုရွှမ် လက်မှ အလင်းတန်း ပြေးထွက် လာပြီး၊ ဓား ရောင်ဝါမှာ ခရမ်းရောင် လျှပ်စီး အဖြစ်၊ ကောင်းကင်ပေါ် ပျံ့တက် သွားသည်။

ကျန်းဝမ် ကဲ့သို့ မြင့်မြတ် မြေ၏ ခေါင်းဆောင် တစ်ဦးပင်၊ ဤတိုက်ခိုက် မှုကို တားဆီး နိုင်ခြင်း မရှိ ခဲ့ပေ။ ထို့ကြောင့် လူတိုင်းက လင်းယွန် အသတ်ခံ ရမည်ဟု ယူဆ လိုက်ကြသည်။

စစ်မက် နယ်မြေမှ ပါရမီရှင် တစ်ဦး အနေဖြင့်၊ မိုရွှမ်၏ ခွန်အားမှာ၊ လူတိုင်း အပေါ် လွှမ်းမိုး ကြီးစိုး ထားသည်။ တစ်ဖက်တွင် လင်းယွန်မှာ၊ မလှုပ်ရှား သေးချေ။

“ သူ ဘာလုပ် နေတာလဲ။ ”

“ အရမ်း အံ့အားသင့် နေတာတော့ မဟုတ်ဖူး မဟုတ်လား။ ”

“ သူက တကယ် သေချင် နေတာပဲ၊ မိန်းမ တစ်ယောက် အတွက်၊ သူရဲကောင်း လုပ်ချင်နေ တာကိုး။ ”

လူအုပ် အတွင်း ဆွေးနွေး သံများ ညံလာ တော့သည်။ သူတို့ အမြင်၌ လင်းယွန်မှာ အရူး တစ်ယောက် ဖြစ်၏။

မိုရွှမ်၏ မျက်နှာတွင်၊ လှောင်ပြောင် သရော်မှုများ ပြည့်နှက် နေသည်။ သူ့ဓားမှာ လျင်မြန်လှ သဖြင့်၊ တစ်ဖက်လူ မမြင် နိုင်ဟု ယုံကြည်သည်။

လင်းယွန်အား ကိုင်တွယ် ဖြေရှင်းရန် အနည်းငယ် အခက် အခဲ ရှိမည်ဟု အစပိုင်းတွင် ထင်မိ ခဲ့သည်။

သို့သော် သူ့လျှပ်စီး ပိုးအိမ်အား၊ မလှုပ် မယှက်ဘဲ၊ မတ်တပ် ငေးကြည့် နေပြီးနောက်၊ လှောင်ပြောင် ရယ်မော ချင်လာ၏။

“ ဗျစ် ... ။ ”

ထို့စဉ် လင်းယွန်က၊ သူ့လက်ကို မြှောက်ပြီး၊ လေထဲ ဖမ်းဆုပ် လိုက်ရာ၊ လက်၌ လျှပ်စီးများ ရစ်သိုင်း သွားသည်။

ထို့နောက် လက်ဖဝါးအား ပြန်ဖွင့် ချိန်၌၊ လျှပ်စီးများ လင်းလက် နေသည့်၊ ဓား ကြိုးမျှဉ် လေးအား မြင်လိုက် ရသည်။

“ ဓား ရောင်ဝါက ... ၊ ပိုးသား လေးလို နူးညံ့ ပျော့ပျောင်းတယ် ... ။ ”

“ ဒါ ... လျှပ်စီးဓား နှစ်ဖော်ရဲ့ အစွမ်းလား၊ ငါ နားလည်ပြီ။ ”

လင်းယွန် လက်ဖဝါး ပေါ်ရှိ၊ လျှပ်စီးဓား ကြိုးမျှဉ်ကို မြင်သော အခါ မှသာ၊ လူတိုင်းက နားလည် သွားသည်။

ဓားတာအို၌ နက်နက် ရှိုင်းရှိုင်း ခရီးရောက် နေသူများက၊ ဓားရောင်ဝါ များအား ကြိုး အဖြစ် ဖန်တီး နိုင်ပေ၏။ ဤသို့ ဆိုသော် မည်သို့ ဖမ်းယူ နိုင် သနည်း။

လူတိုင်းက လင်းယွန်ထံ ပြန်ကြည့် လာကြသည်။ သို့မှသာ ကျောပေါ်ရှိ ဓားသေတ္တာ ကြီးအား၊ အာရုံစိုက် မိကုန်၏။

“ သူလည်း ... ဓားသမားပဲ။ ”

“ သေချာကြည့် ... ၊ ဒါကို သူ ပေါ့ပေါ့ ပါးပါး ဖမ်းယူ လိုက်တာ သိသာ နေတယ်။ ”

“ အိုး ... မယုံ နိုင်စရာ ပါပဲ။ ”

စစ်မက် နယ်မြေ များကို၊ တားမြစ် ပုဂ္ဂိုလ်များ အဖြစ်၊ လူ သိများ သော်လည်း၊ ဤလင်းယွန်မှ ဂရုစိုက်ပုံ မပြချေ။

“ ဒီမှာ မင်းရဲ့ ... ပိုးအိမ်ကို၊ မင်းပြန်ယူ ... ။ ”

လူအုပ် ကြီးနှင့် ယှဉ်သော် မိုရွှမ်မှာ၊ ပို၍ တုန်လှုပ် နေခဲ့သည်။ တစ်ဖက် လူမှ ဆိုသော စကား များကြောင့်၊ သာ၍ ဆိုးသွား၏။

လင်းယွန်က လျှပ်စီးဓား ပိုးအိမ်ကို လက်ညှိုးဖြင့် တောက်ကာ၊ မိုရွှမ်ထံ ပြန်ပစ် ပေး လိုက်သည်။

“ ရွှပ် ... ။ ”

လျှပ်စီးဓား ပိုးအိမ်မှာ၊ မည်မျှ အစွမ်းထက် သည်ကို၊ နားလည် ထားသော မိုရွှမ်နှင့် ဟန်လဲ့ တို့က၊ ချက်ချင်း ဆုတ်ခွာ လိုက်မိသည်။

“ ဘုန်း ...။ ”

“ ရွှပ် ... ။ ”

“ ရွှပ် ... ။ ”

သို့သော် ခြေတစ်လှမ်း နောက်ကျ သွား၏။ လျှပ်စီးဓား ပိုးအိမ်မှာ ပေါက်ကွဲလာ သဖြင့်၊ ဓား ဆွဲထုတ်လျက် ဟန့်တား လိုက်ရသည်။

ဖုန်မှုန့်များ ဖုံးလွှမ်း ကုန်ကာ၊ မြေပြင် အနှံ့ အက်ကွဲ ကြောင်းများ ထင်ဟပ် လာ၏။ စစ်မက် နယ်မြေ သားများ အဖြစ်၊ ဝံ့ကြွား နေသော၊ အမူ အရာများ ကြက်ပျောက် ငှက်ပျောက် လွင့်စဉ် ကုန်တော့သည်။

ဘဝ တစ်လျှောက်၊ ဤမျှ ဆိုးရွားသော ရှုံးနိမ့် မှုမျိုး၊ မခံစား ခဲ့ရဖူး သဖြင့်၊ ဟန်လဲ့ ခမျာ မျက်လုံးများ မှေးစင်း သွားပြီး၊ ဖေးရွယ်ထံ တစ်ချက် ကြည့်ကာ၊

“ မင်း ... သူ့ကို ကာကွယ်ဖို့၊ စိတ်ပိုင်းဖြတ် ထားပြီး ပြီလား။ ”

-ဟု မေးယူ လိုက်မိသည်။

“ မင်း ... မဆိုးဘူး၊ ထက်မြက်တယ်။ ”

လင်းယွန်မှ တုန့်ပြန် မိ၏။ အဆုံးတွင် မိန်းကလေး တစ်ဦး အရှက်ခွဲ ခံရ မည်ကို၊ မမြင် လိုချေ။ အထူး သဖြင့် ဖေးရွယ် ဖြစ်သည်။

ဖေးရွယ်နှင့် ယွဲ့ဝေဝေကြား ရန်ငြိုးများ ရှိနေ လျှင်ပင်၊ အရေး မကြီး သေးချေ။ သူမက သူ့ အသက်အား၊ ကြယ်မိစ္ဆာ ပန်းများ လက်မှ၊ တစ်ကြိမ် ကယ်ခဲ့ဖူး လေပြီ။

လက်ရှိ ကျင့်ကြံမှု ဖြင့်ပင်၊ ကြယ်မိစ္ဆာ ပန်းများကို ရင်ဆိုင် ရန်၊ သူ့ အတွက် မလွယ်ကူ သေးချေ။

“ ကောင်းတယ် အရမ်း ကောင်းတယ်၊ ယင်ယန် သုခဘုံက၊ သတ်ချင်တဲ့ လူ တစ်ဦးကို ကာကွယ်ဖို့ ဆန္ဒ ရှိတာ၊ မင်း ပထမ ဆုံးပဲ။ ”

လင်းယွန်ကို ကြည့်ကာ၊ ဟန်လဲ့မှ ပြောသည်။

“ စစ်မက် နယ်မြေ ဆယ်ရပ် ဆိုတာ၊ မြင့်မြတ်မြေ တွေထက်၊ သာလွန်တဲ့ တည်ရှိမှု အဖြစ်၊ ငါ ကြားဖူး နေတာ ကြာပါပြီ၊ ဒါပေမယ့် မင်းရဲ့ အစွမ်း အစက၊ ဒါသာ အကန့် အသတ် ဖြစ်ရင်တော့၊ ငါ မကြောက်ဘူး။ ”

လင်းယွန်မှ ပေါ့ပေါ့ ပါးပါးပင်၊ ‘ခွန်းတုန့်ပြန်’ ၏။ ၎င်းတို့မှာ တားမြစ် ပုဂ္ဂိုလ်များ ဖြစ်လျှင်ပင်၊ ဖေးရွယ်အား လျစ်လျူ မရှု ချင်ချေ။

ယင်းက ဓားသမား တစ်ယောက်၏ နှလုံးသားကို၊ သွေဖယ်သွား စေမည်။ ဤသို့ ဆိုပါက၊ နောင်တွင် စစ်မက် နယ်မြေ များနှင့် ရင်ဆိုင် ရသော အခါ၊ ခေါင်းထောင် နိုင်တော့မည် မဟုတ်ချေ။

သဲဝါ လွင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားပြီး၊ လူတိုင်းက သူ့အား ထိတ်လန့်စွာ ကြည့်လာ ကြသည် ။

သူမအား လင်းယွန်မှ အမှန် တကယ် ကာကွယ် လိုကြောင်း သိလိုက် သဖြင့်၊ ဖေးရွယ် သည်လည်း အံ့ဩ သွား၏။

“ သူ့ကို သတ် ... ။ ”

လင်းယွန် ထံမှ၊ အဖြေကို လက်ခံ ရရှိ ပြီးနောက်၊ ဟန်လဲ့က အချိန် မဖြုန်း တော့ချေ။ မိုရွှမ် သည်လည်း၊ ရောင်ဝါ သမုဒ္ဒရာ ထဲတွင်၊ လျှပ်စီး ပန်းများ ပွင့်လာ ခဲ့သည်။

ကြောက်မက်ဖွယ် မုန်တိုင်း တစ်စင်း တိုက်ခတ် လာစဉ်၊ မူလ စွမ်းအင် များအား၊ ဓားထဲ လောင်းထည့် လိုက်သည်။

ထို့စဉ် လင်းယွန်က ခြေ တစ်လှမ်း၊ ရှေ့လှမ်းတက် လိုက်၏။ နဂါးဓား ရောင်ဝါက၊ ကောင်းကင် ဓားနှင့်၊ ပေါင်းစပ် သွားပြီး၊ ဓား အလင်းများ ထုတ်လွှတ် လာသည်။

“ ဝှစ် ... ။ ”

လက်ဖဝါးအား ဖြန့်လိုက် ချိန်၌၊ နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ် ထွက်ပေါ် လာပြီး၊ မိုရွှမ်ထံ ပျံသန်း သွား၏။

လျှပ်စီး စွမ်းအင်များ မိုရွှမ် ခန္ဓာ ကိုယ်မှ တိုးထွက် လာပြီး၊ လင်းယွန်၏ ရွှေ လက်သီးကို ဟန့်တား လိုက်သည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲမှု လှိုင်း များကြောင့်၊ နှစ်ယောက်သား ချက်ချင်း နောက်ပြန် ဆုတ် မိ၏။

သည်မြင်ကွင်းက လူအုပ် ကြီးကို အံ့အား သင့်စေသည်။ တစ်နည်း အားဖြင့် ဤလင်းယွန် မှာ၊ မိုရွှမ် အဆင့်၌ ရှိသည်ဟု၊ အဓိပ္ပါယ် ရချ၏။

***

All Chapters