တိုက်ပွဲ (၂) ။
Vol. 73 Ch. 1013
လင်းယွန် တစ်ယောက် မြေပြင်ပေါ် ဆင်းသက်လျက်၊ ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင် လှိုင်း များကို၊ ဖိနှိပ် မိသည်။
“ ဟိတ် ... ။ ”
ထို့နောက် မြေပြင်အား ခြေဖြင့် နင်းကာ၊ ရွှေရောင် အလင်းတန်း အသွင် ရှေ့သို့ တိုးပြီး၊ မိုရွှမ်ထံ လက်သီး များဖြင့်၊ တရစပ် ထိုးချ လိုက်သည်။
“ မင်း ... ၊ သေချင် နေတာပဲ။ ”
လင်းယွန်မှ ရဲဝံ့စွာ တိုက်ခိုက် လာ သောကြောင့်၊ ဟန်လဲ့ မျက်နှာပျက် သွားပြီး၊ မိုရွှမ်အား ကူညီရန် ဓားဖြင့် ဝင်ရောက် လိုက်သည်။ ဖေးရွယ်မှာ စိုးရိမ် သွား၏။
“ သတိ ထား ... ။ ”
ထို့ကြောင့် သူမ သည်လည်း၊ ကူညီရန် ခရမ်းရောင် မြူများကို ထုတ်ဖော် လိုက်ချိန်တွင်၊ လင်းယွန် အသံက နားထဲ ဝင်ရောက် လာသည်။
“ သူ လာပါစေ။ ”
နဂါး တားမြစ် နယ်မြေမှ ထွက်ခွာ ပြီးနောက်၊ ခွန်အားကို စမ်းသပ် လိုသဖြင့်၊ နဂါးလေး ကိုပင်၊ ကူညီခွင့် မပေး ခဲ့ချေ။
ဟန်လဲ့ ဓားမှ၊ လျှပ်စီးများ ဖြာလျက် လျင်မြန်စွာ ကျဆင်း လာ၏။ ၎င်း၏ တိုက်ပွဲဝင် စွမ်းအားမှာ၊ မြင့်မြတ် မြေမှ စတုတ္ထ ကောင်းကင် ဝိညာဉ်၊ ကျွမ်းကျင်သူ ထက်ကို၊ ကျော်လွန် သွားသည်။
ထို့ကြောင့် လျှပ်စီးဓား နှစ်ဖော်သည်၊ အလွယ်တကူ အနိုင် ယူ၌ ရသူများ မဟုတ် ကြောင်း၊ လင်းယွန် သိလိုက်၏။ သို့သော် သူ သည်လည်း၊ ခပ်ညံ့ညံ့ တစ်ယောက် မဟုတ်ချေ။
“ ရွှပ် ... ။ ”
နတ်ဘုရား ပုံရိပ်ယောင် ဓားကို ထုတ်လွှတ်ကာ လေထုထဲ ပျံဝဲပြီး၊ ဟန်လဲ့၏ ဓားရှည်အား၊ ဟန့်တား လိုက်သည်။
ဟန်လဲ့ ဓားမှာ တုန်ခါလျက်၊ ကွေးညွှတ် သွားပြီး၊ လက်မှ လွတ်ကျလု နီးပါး၊ ဖြစ်လာ၏။
“ ..... ။ ”
ဓား ရည်ရွယ် ချက်က ဆက်လက်၊ ပေါက်ကွဲလာ သဖြင့်၊ တစ်ပတ်ဂျွမ်း ပစ်ကာ ရှောင်တိမ်း လိုက် ရသည်။
ဟန်လဲ့နှင့် အလုပ်ရှုပ် နေသော လင်းယွန်အား ကြည့်ကာ၊ မိုရွှမ်၏ မျက်လုံးများ တောက်ပ လာပြီး၊ လျှပ်စီး များနှင့် ပိတ်လှောင် လိုက်သည်။
“ ဗျစ် ... ။ ”
လျှပ်စီး များက လှောင်အိမ် သဖွယ်၊ လင်းယွန်အား ချုပ်နှောင် နေစဉ်၊ သူ့ဓားက ဆက်၍ တိုးဝင် သွားသည်။
လျှပ်စီး လှောင်အိမ် အတွင်း၊ မီးပွားများ ပျံ့လွင့် လာပြီး၊ မြေပြင် အနှံ့ ပြင်းစွာ တုန်လှုပ် လာတော့သည်။
ဤသည်မှာ မိုရွှမ်၏ အပြင်း ထန်ဆုံး လှုပ်ရှားမှု ပေပင်။ ပြိုင်ဘက်အား ပိတ်လှောင်ရုံ သာမက၊ မူလ စွမ်းအင်အား ကန့်သတ်ထား နိုင်သည်။
သို့သော် လင်းယွန်က မလှုပ်ချေ။ ကျောက်တုံးကြီး တစ်တုံး ကဲ့သို့ပင်၊ ကျုံ့ဝင် လာသော လျှပ်စီး လှောင်အိမ်အား ကြည့် နေသည်။
“ ဟိတ် ... ။ ”
လက်တစ်ကမ်း အလို၌၊ ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင် တောက်လာပြီး၊ လက်သီးနှင့် ပြန်၍ ထိုးနှက် လာသည်။
“ ဗျစ် ဗျစ် ... ဘုန်း ။ ”
နေနတ်ဘုရား လက်သီးကို ကန့်သတ်ချက်သို့ တွန်းပို့ ထားသဖြင့်၊ လျှပ်စီး လှောင်အိမ်မှာ တစ်ချက် တည်းနှင့်၊ ပျက်စီး သွားတော့၏။
သို့သော် အသက် ဝဝ မရှူ နိုင်ခင်၊ ဟန်လဲ့နှင့် မိုရွှမ် တို့က၊ တိုက်ခိုက်မှု များကို၊ ပြင်ဆင် နေပြီ ဖြစ်သည်။
သည့်နောက် လျှပ်စီးကြောင်း အဖြစ် ပြောင်းလဲ သွားကာ၊ ၎င်းတို့၏ ဘွဲ့ အမည် အတိုင်း၊ ပေါင်းစပ် လှုပ်ရှား လိုက်သည်။
“ သေ လိုက် တော့... ။ ”
လျှပ်စီး လှောင်အိမ်မှ ထွက် လာသည့်၊ လင်းယွန် ရင်ဘတ်ပေါ်၊ ဟန်လဲ့နှင့် မိုရွှမ် တို့၏ တိုက်ခိုက်မှု ကျရောက် လာသည်။
သူတို့ ဓားများမှ၊ လေဟာ နယ်အား အေးခဲ သွားစေသည့်၊ စူးရှ တောက်ပသော ထက်ရှ မှုကို ထုတ်လွှတ် နေသည်။
ပေါက်ကွဲ စွမ်းအားများ ပြည့်လျှံ နေသော ဓားရောင်ခြည် များထံ၊ လူအုပ်က ကြောက်ရွံ့မှု များဖြင့်၊ ကြည့်လိုက် မိ၏။
ယခု ချိန်၌ သူတို့၏ ဆုံးဖြတ် ချက်များ အပေါ်၊ သူတို့ ပြန်၍ ကျေးဇူးတင် မိလေသည်။ သို့ မဟုတ်ဘဲ ရူးသွပ်စွာ တိုက်ပွဲဝင် မိပါက၊ ဤဓားကြောင့် သေဆုံး သွားနိုင်၏။
ထို့ကြောင့် လင်းယွန် တစ်ယောက် သွေး မြူအဖြစ်၊ ပြောင်းလဲသွား လိမ့်မည်ဟု ထင်မြင် လာကြ သည်။
“ ဝှစ် ... ။ ”
မြေကမ္ဘာ တုန်ဟည်း သွား သကဲ့သို့၊ ဟန်လဲ့နှင့် မိုရွှမ်၏ ဓား များက လျင်မြန်စွာ ကျရောက် လာသည်။
သို့သော် လင်းယွန်မှာ၊ မတ်တပ်ရပ် နေဆဲ ဖြစ်၏။ နဂါး ချပ်ဝတ်အား ဆင့်ခေါ် ထားရာ၊ ဆံပင်များ လေထဲ၊ တဖျပ်ဖျပ် လွင့်လာသည်။
“ ထန် ... ထန် ... ။ ”
ဤအခိုက် အတန့်တွင် သူ့ထံမှ၊ မြင့်မြတ်သော ရောင်ဝါကို ပေးဆောင် နေသည်။
“ မဖြစ် နိုင်တာ ... ။ ”
ဟန်လဲ့နှင့် မိုရွှမ်မှာ၊ မယုံကြည် နိုင်စွာ၊ မျက်လုံးများ ပြူး ကုန်သည်။ ဤချပ်ဝတ်သည် ကိုယ်ခံ ပညာ တစ်ရပ်၊ ဖြစ်မှန်း သိ သော်လည်း၊ အဘယ်ကြောင့် ဤမျှ မာကျော နေသည်ကို နားမလည် နိုင်တော့ချေ။
ထိုစဉ် မှာပင် လင်းယွန် ထံမှ အကန့် အသတ် မရှိသော၊ နဂါး အငွေ့ အသက်များ၊ ပေါက်ကွဲ လာသည်။
“ ဖြန်း ... ၊ ဖြန်း ... ။ ”
သည့်နောက် သူ့လက် တစ်ဖက်လုံး၊ အကြေးခွံများ အထပ်ထပ် ဖြစ်ပေါ် လာကာ၊ ဓား ကိုင်လျက် အံ့အားသင့် နေသော ဟန်လဲ့နှင့် မိုရွှမ် တို့ကို၊ ပါးရိုက် လွှတ်လိုက်သည်။
“ ဘုန်း ... ။ ”
ကျယ်လောင်သော ပါးရိုက်သံ နှစ်ချက် နှင့်အတူ၊ ဟန်လဲ့တို့ နှစ်ဦး ကောင်းကင်မှ ပြုတ် ကျပြီး၊ မြေကြီးထဲ နစ်ဝင် သွား၏။
ဤအခိုက်တွင်၊ လေထု အလယ် ရပ်တန့် နေသော အပြာဝတ် လူငယ်ထံ၊ လူတိုင်း ပြန်၍ ကြည့်လာ မိကြသည်။
“ ဝှစ် ... ။ ”
ထို့စဉ် မြေကြီးပုံ အတွင်းမှ ဟန်လဲ့နှင့်၊ မိုရွှမ်မှာ ရောင်ရမ်း နေသော မျက်နှာ များဖြင့်၊ ကောင်းကင်ပေါ် ပျံတက် လာ၏။
နှစ်ယောက် စလုံးက၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့် အံကြိတ်ကာ၊ လင်းယွန်ကို ကြည့်သည်။
သူတို့ အတွက်၊ အကြီးမား ဆုံးသော အရှက်ခွဲ ခံရမှု ပေပင်။ တစ်စုံ တစ်ယောက်မှ ယင်-ယန် သုခဘုံသား များကို၊ ပါးရိုက် ခဲ့သည် ဟူသော သတင်း စကားသာ ပျံ့နှံ့ခဲ့ ပါက၊ သေတာ ထက်ပင်၊ ဆိုးချေမည်။
“ မင်း ဘယ်သူလဲ။ ”
ဟန်လဲ့မှ မေးသည်။ သူ တင် မကဘဲ၊ လူအုပ်ကြီး သည်ပါ၊ လင်းယွန် အမည်ကို၊ သိချင် လာ ကြ၏။
တိုက်ပွဲ အစတွင်၊ လင်းယွန် တစ်ယောက် ကိုယ့်သေတွင်း ကိုယ်တူး နေသည်ဟု ထင်ခဲ့ကြ သော်လည်း၊ မှားယွင်းကြောင်း သက်သေပြ လာသည်။
သူ့ကဲ့သို့ အရည် အချင်း ရှိသူ တစ်ယောက် အတွက်၊ ကောင်းကင် လမ်း၌ အမည်မဲ့ နေမည် မဟုတ်ချေ။
အဝတ် ပါးပြင်း အောက်ရှိ၊ လင်းယွန် မျက်နှာ ပေါ်တွင်၊ လှောင်ပြုံး တစ်ပွင့် ဖြစ်ပေါ် လာသည်။
သူ့ကိုယ်သူ ဖုံးကွယ်ရန်၊ ရည်ရွယ်ချက် မရှိသောကြောင့်၊ အဝတ် ပါးပြင်းအား ဖြုတ်ချ ကာ၊
“ ငါ့ နာမည် ... လင်းယွန်၊ ... ပန်းသင်္ချိုင်း။ ”
-ဟု ပြန်ဖြေ လိုက်လေသည်။
ငယ်ရွယ် သော်လည်း၊ မာန ကြီးသော မျက်ဝန်းများ တောက်ပ နေသည့်၊ မျက်နှာကို မြင်တွေ့ လာရသည်။
“ အဲ့ဒါ မင်းလား ... ။ ”
ဟန်လဲ့နှင့် မိုရွှမ်၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ဤ အမည်ကို ကောင်းကင် လမ်း၌ မကြားဖူး သူ ဟူ၍၊ မရှိချေ။
လင်းယွန်ကို မြင်သည်နှင့်၊ လူအုပ် ကြီးက အံဩ သွားသည်။ သို့သော် ယင်းက အဓိပ္ပါယ် ရှိနေ ပြန်၏။ ကောင်းကင် လမ်း၌ ပန်းသင်္ချိုင်း မှလွဲ၍၊ ဤသို့ မည်သူမျှ မရူး မိုက်ချေ။
အခြားသော ပါရမီရှင် များမှာ၊ စစ်မက် နယ်မြေကို ရင်ဆိုင်ရန် ခွန်အားရှိ နေခဲ့ လျှင်ပင်၊ သတ္တိ ရှိမည် မဟုတ်ကြောင်း ပြောနိုင်သည်။
လင်းယွန်မှာ အောက်တန်း နယ်မြေမှ ဖြစ်သော်လည်း၊ သူ့ဓားဖြင့် လူပေါင်း များစွာကို သတ်ပြီး၊ နဂါး ပြည်နယ်၌ ပြိုင်ဘက်ကင်း လာခဲ့သည်။
ထို့ကြောင့် သွေးဆာပြီး၊ မာန ကြီးသော ဓားသမား တစ်ယောက် အဖြစ် ကျော်ကြားလှ ပေ၏။
သို့သော် စစ်မက် နယ်မြေ များအား၊ ရင်ဆိုင်ဝံ့ သည် အထိ၊ မာနကြီး နေလိမ့် မည်ဟု မထင်ထား သည်မှာ၊ အမှန် ပေပင်။
“ အခု ငါ့ အလှည့့် ... ။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ သူ့စကားကို မည်သူမျှ မတုံ့ပြန် နိုင်ခင်၊ ဝတ်ရုံ စကို စုတ်ဖြဲကာ၊ ဓား တစ်လက် ကဲ့သို့၊ ပစ်ထုတ် လိုက်သည်။
“ ဝှစ် ... ။ ”
ဝတ်ရုံစမှာ နေရောင်ခြည် ကဲ့သို့၊ ဓား အလင်းများ ပေါက်ကွဲ လာပြီး၊ ဟန်လဲ့နှင့် မိုရွှမ် ထံ၊ ပြေးဝင် သွား၏။
“ ဟိတ် ... ။ ”
ဝတ်ရုံစမှာ အန္တရာယ် ရှိမှန်း သိ သည်မို့၊ မျက်နှာများ ပြောင်းလဲ သွားကာ၊ တားဆီးရန် လက်သီးနှင့် ထိုးချ လိုက်သည်။
ထိုအချိန်တွင် လင်းယွန် ကျောပေါ်ရှိ၊ ဓားသေတ္တာမှာ ပွင့်လာပြီး၊ နဂါး တစ်ကောင်က သူ့ လက် ထဲသို့ ပျံသန်း သွားသည်။
“ ... မဟုတ်ဖူး ဒါက ဓား။ ”
ဓားဆွဲ လိုက်သော အခါ၊ ပေါက်ကွဲ လာသည့် ရောင်ဝါမှာ၊ တောက်ပလွန်း သဖြင့်၊ တိမ်တိုက် များပင် ရွေ့လျား သွားကုန် တော့၏။
***