← Chapters

နေကိုးစင်း လင်းခြင်း။

Vol. 73 Ch. 1014

နေကိုးစင်း လင်းခြင်း။

Vol. 73 Ch. 1014

“ နေနတ် ဘုရား ဓား— တိမ်များကို လွင့်စဉ် စေသော နေမင်းကြီး။ ”

တောက်ပသော နေရောင် များဖြင့် ဖုံးအုပ်ထား သောကြောင့်၊ လင်းယွန်ကို လူအုပ် ကြီးမှ၊ မမြင် နိုင်ပေ။

ဤသည်မှာ အဆုံး မရှိသော ဓား ရည်ရွယ်ချက်နှင့်၊ ဖွဲ့စည်း လိုက်သည့် နေမင်းကြီး ဖြစ်သည်။

လင်းယွန်က ရွှေကျီးကန်း တစ်ကောင် အဖြစ် ပြောင်းလဲ သွားပြီး၊ မိုရွှမ်နှင့် ဟန်လဲ့ တို့အား တိုက်ခိုက် လိုက်သည်။

“ သူ ... လျှပ်စီး နှစ်ဖော်ကို၊ တကယ် ရင်ဆိုင်ဝံ့ တယ်လား၊ အိုး ... ချေးပဲ၊ ဒါ ... ဒါက စစ်မက် နယ်မြေ တွေလေ။ ”

လူအများ စုမှာ မယုံကြည် နိုင်ချေ။

“ မင်း သေချင် နေတာပဲ။ ”

လင်းယွန်အား မော့ကြည့်ကာ၊ မိုရွှမ်နှင့် ဟန်လဲ့၏ မျက်ဝန်း၌ ရက်စက်သော အလင်း တန်းများ တောက်ပ လာခဲ့သည်။

သူတို့ နှစ်ယောက်အား၊ အမှန် တကယ် အနိုင်ယူ နိုင်မည်ဟု၊ ဤလင်းယွန်မှ ထင်နေပုံ ရ၏။

ယင်ယန် သုခ ဘုံမှာ၊ ပုရွက်ဆိတ် တစ်ကောင်၏ လျော့တွက်ခြင်း ခံနေရ လေပြီ။

ဒေါသ တကြီးဖြင့် အဝတ် ဓားကို ဆုတ်ဖြဲရန်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါအား၊ လွှတ်ပေး လိုက်သည်။

ထို့နောက် ရောင်ဝါ သမုဒ္ဒ ရာများ ပွက်ပွက်ဆူ လာပြီး၊ ရှေးဟောင်း တံဆိပ်ကို စတင် ဖွဲ့စည်း လိုက်၏။

“ အားလုံး သွားရအောင်၊ ဘာပဲ ဖြစ်ဖြစ် သူ သေရ မယ်။ ”

ရောင်ဝါ သမုဒ္ဒရာ အတွင်း၊ လျှပ်စီး ပန်းများက တောက်ပစွာ ပွင့်လာသည်။ လျှပ်စီး ပန်း ပွင့်လာသော အခါ၊ မူလ စွမ်းအင် များက၊ အနီရောင် အဖြစ် ပြောင်းလဲ သွား၏။

ထိုအချိန်တွင် လျှပ်စီး စွမ်းအင်မှာ၊ မီးတောက် အဖြစ်သို့ အသွင် ယူကာ၊ မိုရွှမ်နှင့် ဟန်လဲ့ ခန္ဓာ၌ တောက်လောင် လာသည်။

ကြောက်စရာ ကောင်းသော ကြက်သွေးရောင် မီးတောက် များကြောင့်၊ လူတိုင်း စိတ်မသက် မသာ ဖြစ်လာသည်။

ရောင်ဝါ သမုဒ္ဒရာများ အတွင်းရှိ၊ လျှပ်စီး ပန်းပွင့် များမှာ ယင်ယန် သုခဘုံ၏ ဝှက်ဖဲများ ဖြစ်သည်။

ဆိုလို သည်မှာ လင်းယွန်အား တစ်ချက် တည်းဖြင့် သတ်ရန် အထိ ကြံစည် နေကြခြင်း ဖြစ်၏။

“ လင်းယွန် ... မင်း ငါတို့ကို ဒီအထိ လုပ်ရအောင်၊ အတင်း အကြပ် ဖိအား ပေးတဲ့ အတွက်၊ နောင်တ ရနိုင်ပြီ။ ”

စကားဆုံး သည်နှင့်၊ သူတို့၏ ဓားရှည် နှစ်လက်၌ လျှပ်စီး မီးလျှံများ တောက်လောင် လာကာ၊ ပတ်ဝန်း ကျင်အား ကန့်သတ် ပစ် လိုက်သည်။

သူတို့ နှစ်ဦးက အဆိုပါ လျှပ်စီး မီးတောက် ဓားကြီး နှစ်လက်နှင့်၊ တစ်သားတည်း ဖြစ်တည် လာပေ၏။

ဤသည်မှာ သူတို့ နှစ်ဦး၏ ဝှက်ဖဲ တစ်ချပ် ဖြစ်သော၊ ပေါင်းစပ် တိုက်ကွက် တစ်ခု ဖြစ်လေ သည်။

“ သေ လိုက် တော့ ... ။ ”

“ ထာဝရ အလင်း - အာကာပြင် တုန်ဟည်း စေသော လျှပ်စီး။ ”

“ ကောင်းကင်နှင့် မြေကြီး၊ ယင်-ယန် ပန်းချီကား- ထာဝရ နတ်ဘုရား မီးတောက်။ ”

ထိုတိုက်ခိုက် မှုကြောင့်၊ ပေပေါင်း ရာဂဏန်းမျှ ရှိသော၊ မိုးကြိုး မုန်တိုင်း တစ်စင်း ဖြစ်ပေါ် လာ၏။

မိုးကြိုး မုန်တိုင်း အတွင်းရှိ၊ မိုရွှမ်နှင့် ဟန်လဲ့၏ အကြည့် များမှာ၊ အေးစက် နေသည်။ အဆိုပါ မြင်ကွင်းက လူအုပ် ကြီးကို၊ အသက်မဲ့ သွားစေသည်။

လင်းယွန် တစ်ယောက်၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိလိမ့် မည်ဟု၊ သေချာပေါက် ယူဆ လိုက်မိ၏။

“ ပေါင်းစပ် တိုက်ကွက်လား … ။ ”

မုန်တိုင်း၏ ပေါက်ကွဲ စွမ်းအားနှင့်၊ ၎င်းအတွင်းရှိ လူသတ် လိုသော ရည်ရွယ် ချက်ကို၊ လင်းယွန်မှ ခံစား မိသည်။

ဘုရင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ နှစ်ရပ်၏ ပြီးပြည့် စုံသော ပေါင်းစပ်မှု ဖြစ်ချေ ၏။ ထို့ကြောင့် ယင်-ယန် သုခဘုံ နယ်မြေကို လျော့တွက်၍ မရကြောင်း၊ သိလိုက် ရသည်။

“ သနား စရာပဲ ... ၊ မင်းတို့ နှစ်ယောက်၊ အားနည်း နေသေးတယ်။ ”

စကားဆုံး သည်နှင့်၊ ခန္ဓာ ကိုယ်မှ အပြာရောင် ဓား ရောင်ခြည်များ ဖြာထွက် လာပြီး၊ လင်းယွန်က ပြုံးလိုက်သည်။

ဓား ရောင်ခြည်မှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ လာသော အခါတွင်၊ ကောင်းကင် တစ်ခုလုံး တုန်လှုပ် သွားတော့သည်။

အဆုံးတွင် ဓားသုံးလက် ကောင်းကင်၌ ထွက်ပေါ် လာ၏။ လင်းယွန်တွင် ကောင်းကင် ဓား ရှိကြောင်း၊ ကောလ ဟလများ ထွက်ပေါ် ထားသည်။

ထိုအရာမှာ အင်ပါ ရီယန်များ အတွက် ပင်လျှင်၊ ဖမ်းဆုပ်ရ ခက်သော ဓားဖြစ် ပေ၏။ ထို့ကြောင့် လင်းယွန်မှ ကောင်းကင် ဝိညာဉ် နယ်ပယ်ဖြင့်၊ လုပ်ဆောင် ထားနိုင် သည်မှာ၊ အိပ်မက် တစ်ခု ပေပင်။

“ ချိုး ဖြတ် စမ်း ... ။ ”

လင်းယွန်၏ မျက်လုံးများ အေးစက်စွာ တောက်ပ လာသည်။ သူ့ အသတ်အား လိုချင် သည်လော။ ထိုက်သင့်သော တန်ဖိုး တစ်ရပ် ပေးချေ ရပေမည်။

“ ဟိတ် ... ။ ”

ကောင်းကင်သို့ ခုန်တက် လိုက်ပြီး၊ အရုဏ်ဦး ခရမ်း ရောင်ဝါနှင့်၊ မီးတောက် များကို ငြိမ်းသက် ပစ်၏။

ထိုတိုက်ခိုက်မှု များက၊ မိုးကြိုး မုန်တိုင်းကို၊ အပိုင်းပိုင်း ပြတ်တောက် သွားစေကာ၊ မိုရွှမ်နှင့် ဟန်လဲ့ တို့အား မီတာ တစ်ရာ ကျော်ထိ၊ လွင့်စဉ် သွားစေ ခဲ့သည်။

ပေါင်းစပ် ထားသော ဝိညာဉ်ရေး ဓားကို၊ တစ်ချက် တည်းဖြင့်၊ ဖျက်ဆီးခံ လိုက်ရ သဖြင့်၊ မျက်နှာများ ပျက်ယွင်း သွား၏။

ဓားရှည် ကိုင်ထားသော လက်များမှ သွေးများ စီးကျ လာသည်။ သူတို့၏ ဝိညာဉ်ရေး ဓားမှာ၊ ဤလူအုပ် ထက်ဝက် ခန့်အား သတ်ရန်၊ လုံလောက် ပေ၏။

သို့သော် ကောင်းကင် ဓားနှင့်၊ ကြုံသော အခါတွင်၊ အလဟသ ဖြစ်သွားသည်။ သည်ဓား ဘီလူးမှာ၊ မည်သည့် အရပ်မှ လာသည်ကို သိချင် မိ၏။

“ ဒီလို အားနည်းတဲ့ လူ နှစ်ယောက်က၊ ကိုယ့်ကိုကိုယ် တားမြစ် ပုဂ္ဂိုလ် အဖြစ်၊ ခေါ်ဝံ့ သတဲ့လား။ ”

မိုရွှမ်နှင့်၊ ဟန်လဲ့အား လှောင်ပြောင်သော မျက်လုံး များဖြင့် ကြည့်ကာ၊ လင်းယွန်မှ ဆို လေသည်။

“ ပန်းသင်္ချိုင်း မင်းလွန် မလာနဲ့။ ”

မိုရွှမ်မှ အံကြိတ်လျက် တုန့်ပြန် လိုက်သည်။

“ ငါတို့ ယင်ယန် သုခဘုံကို စော်ကားရင်၊ ကောင်းကင်လမ်းမှာ၊ ဘယ်သူမှ မင်းကို မကယ် တင် နိုင်ဘူး။ ”

မိုရွှမ်၏ ခြိမ်းခြောက်မှုက၊ လင်းယွန်အား ဒေါသ ထွက်လာ စေသည်။ ဤနှစ်ယောက်အား ရွံ့ရှာ လာပြီ ဖြစ်၏။ အထူး သဖြင့် မိုရွှမ် ကိုပင်။

“ ငါ့ကို ဘယ်သူမှ မကယ်တင် နိုင်ဘူး ဟုတ်လား၊ အခု ဘယ်သူက မင်းကို ကယ်တင် ပေးနိုင် မလဲ ကြည့်မယ်။ ”

သက်တံကြီး တစ်စင်း ကဲ့သို့၊ ထက်ရှသော ဓား အလင်းများ နောက်တစ်ကြိမ် ထွက်လာ၏။ နေမှ မွေးဖွား လာသော မြွေဟောက် တစ်ကောင် လို ပေပင်။

လင်းယွန်၏ လွှမ်းမိုးမှုကို အစွမ်းကုန် ချေဖြတ်ရန် ကြိုးစား လိုက်ရသည်။ သို့သော် အချည်းနှီး ဖြစ်၏။

ထိုအချိန်တွင် ကောင်းကင် လမ်း၏၊ တားမြစ် ပုဂ္ဂိုလ်များ ဟူသော သူတို့ ပုံရိပ်မှာ၊ လုံးဝ ပျက်စီး သွားပြီ ဖြစ်သည်။

လင်းယွန် ရောင်ဝါမှာ၊ သူတို့ နှစ်ဦးထက် များစွာ သိပ်သည်း လှပြီး၊ သဲဝါ လွင်ပြင် ကိုပင် တုန်လှုပ် သွားစေ ခဲ့၏။

ကောင်းကင် ဓားဖြင့်၊ ပေါင်းစပ် ထားသော လင်းယွန် ဓားရောင်ဝါမှာ၊ သူတို့ စိတ်ကူး ကိုပင်၊ ကျော်လွန် သွားသည်။

“ ငါတို့ မထိန်းနိုင် တော့ဘူး၊ သွား ရအောင်။ ”

“ ဟင့် အင်း၊ ဒီကောင်က မာနကြီး လွန်းတယ်၊ သခင်ငယ် ရောက်လာရင်၊ သူ့ကို သင်ခန်းစာ ပေးလိမ့်မယ်၊ အချိန် ဆွဲထား ... ။ ”

ဟန်လဲ့နှင့် မိုရွှမ် တို့၏ မျက်နှာများ လေးနက် သွားသည်။ ကောင်းကင် လမ်းသို့ ရောက်ပြီး နောက်၊ ဤမျှလောက် အရှက် ကွဲခြင်းမျိုး မကြုံဖူး ခဲ့ချေ။

ယခုမူ လင်းယွန်မှ လူပြက်များ ကဲ့သို့၊ သူတို့အား ဆက်ဆံလာ ခဲ့သည်။ ကြေကွဲဖွယ် ကောင်းချေ၏။

မဆိုင်း မတွဘဲ၊ လင်းယွန်အား တားဆီးရန် ၎င်းတို့၏ ဝိညာဉ်ရေး ဓားကို၊ ထပ်၍ ထုတ်ဖော် လိုက်ရသည်။

ဝိညာဉ်ရေး ဓား နှစ်လက်က၊ ပေါင်းစပ် သွားကာ၊ ဧရာမ တောင်ကြီးများ ကဲ့သို့ သူတို့ နှစ်ဦးကို၊ ကာကွယ် ပေးလာသည်။

“ လင်းယွန် ... ၊ လေးမျက်နှာ မြို့က၊ သခင်ငယ်တွေ ရောက်လာ တော့မယ်၊ အရှင် လတ်လတ် မြေမြှပ် ခံရဖို့ ပြင်ထားပါ။ ”

“ ယင်-ယန် သုခဘုံကို စော်ကား ခဲ့တဲ့ အတွက်၊ မင်း နောင်တရ လိမ့်မယ်။ ”

ယာယီ အတား အဆီး နောက်ကွယ်မှ နေ၍၊ နှစ်ဦးသား အဆက် မပြတ် ခြိမ်းခြောက် လိုက်မိ လေသည်။

“ မင်းတို့ နှစ်ယောက်ကို၊ ငါက သွားခွင့် ပေးလို့လား။ ”

စကားဆုံး သည်နှင့်၊ လင်းယွန် နောက်၌၊ နေကိုးစင်း ထွက်ပေါ် လာပြီး၊ ပန်းသင်္ချိုင်း ဓား ကို၊ ဖြည်းညှင်းစွာ ပြင်ယူ လိုက်သည်။

များမကြာခင် ပန်းသင်္ချိုင်း ဓား ထံမှ၊ အလင်းများ ဖြာကျ လာပြီး၊ ကောင်းကင် တခွင် ရဲရဲနီ သွားတော့၏။

နေကိုးစင်းက ပတ်ဝန်း ကျင်မှ ကြယ် စွမ်းအင်များ အားလုံးကို စုပ်ယူပြီး၊ ပြင်းစွာ လောင်မြိုက် လာသည်။

ဤသည်မှာ နေနတ်ဘုရား ဓား၏ အစွမ်းထက် ဆုံးသော တိုက်ခိုက်မှု ဖြစ်သည်။ နေကိုးစင်းမှ အလင်းများ မိုးကုပ် စက်ဝိုင်းကို ပြည့်နှက် သွားသော အခါ၊ ဓား အလင်းတန်း တစ်ခုက၊ လှံ တစ်စင်း ကဲ့သို့ ပြေးထွက် လာသည်။

ထို့နောက် ဟန်လဲ့နှင့် မိုရွှမ်၏ အကာ အကွယ်မှာ၊ ပြိုပျက် သွားသည်။ ဤအခိုက်တွင် သူတို့ နှစ်ဦး ရင်၌၊ ကြောက်စိတ်များ ပြည့် လာ၏။

မိုရွှမ်က မော့ကြည့် လိုက်သော အခါ၊ လင်းယွန် တစ်ယောက် ဓားဆွဲလျက် ခုတ်ပိုင်း လာသည်ကို၊ မြင်လိုက် ရသည်။

“ မ လုပ် နဲ့ ... ။ ”

၎င်းအား တားဆီးရန်၊ ခွန်အားရှိ သမျှ ထုတ်ဖော်လျက်၊ ထိတ်လန့် တကြား အော်ဟစ် လိုက်မိ တော့၏။

***

All Chapters