← Chapters

ယင်ယန် သုခဘုံ၊ ငရဲ နတ်ဘုရား နှင့် တော်ဝင် နဂါး။

Vol. 73 Ch. 1015

ယင်ယန် သုခဘုံ၊ ငရဲ နတ်ဘုရား နှင့် တော်ဝင် နဂါး။

Vol. 73 Ch. 1015

စစ်မက် နယ်မြေမှ၊ ၎င်းတို့၏ အခြေခံ အုတ်မြစ်ဖြင့်၊ တာအို ချပ်ဝတ် များကို၊ သဘာဝ အတိုင်း ပိုင်ဆိုင် ထားသည်။

တာအို ချပ်ဝတ် ဟူသည် ရှားပါးကာ၊ လက်နက် များထက်၊ များစွာ အဖိုးတန် ချေ၏။ ထို့ပြင် ဘဝ၌ အသက်မှာ အရေး ကြီးသည်။

အခြားသော ရှားပါး ရတနာ များနှင့်၊ ကံကောင်းခြင်း များကို ရှာတွေ့နိုင် သော်လည်း၊ အသက်မှာ တစ်ချောင်းသာ ရှိ၏။

တစ်ဖက် လူ၏ တိုက်ခိုက်မှုမှာ၊ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ မူလ စွမ်းအင် အကာ အကွယ်ကို ဖြိုခွဲ နိုင်ရုံ သာမက၊ တာအို ချပ်ဝတ်ပင် ပြိုကျ သွားသည်။

သူတို့ နှစ်ဦး၏၊ မူလ စွမ်းအင်သည်၊ ရှေးဟောင်း ကံကြမ္မာ ကိုယ်ခံ ပညာ နည်းစနစ် မှ၊ ဆင်းသက် လာခြင်း ဖြစ်သည်။

ထို့အပြင် သူ့ ရောင်ဝါ သမုဒ္ဒရာမှာ၊ တူညီသော နယ်ပယ်ရှိ၊ ပြိုင်ဘက် များကို နှိမ်နှင်း ရန်၊ လျှပ်စီးများ ထုတ်ပေး နိုင်သည်။

မတ်တပ် ထရပ်ရန် ရုန်းကန် လိုက် သော်လည်း၊ မထ နိုင်ဘဲ ပါးစပ်မှ သွေးများ စီးကျ လာကာ၊ ပြန်၍ လဲကျ သွား၏။

အရိုက် ခံရ ခြင်းပင်လော၊ သို့မဟုတ် လူအုပ်ကြီး ရှေ့၌၊ အရှက်ခွဲ ခံရခြင်း ပင်လော။ မည်သည့် အရာက သူတို့အား နာကျင် စေသည် ကို၊ မတွေးတော နိုင်တော့ချေ။

မည်သူမျှ မမျှော်လင့် ထားသော ရလဒ် ဖြစ်သည်။ မိစ္ဆာဓား သမား ဟူသော အမည်နှင့် လိုက်အောင်၊ ကြောက်စရာ ကောင်းချေ၏။

လူအုပ် ကြီး၏ မျက်ဝန်း များ၌၊ ရှုပ်ထွေး မှုများ ပြည့်နှက် လာသည်။ နောက်ဆုံး တိုက်ပွဲ စတင် ရန်၊ သုံးလပင် မလို တော့ချေ။

ဓားသမား တစ်ယောက်မှာ၊ စစ်မက် နယ်မြေများကို အန်တုလျက်၊ သူ့ အမည်ကို ရေးထိုး နေပြီ ဖြစ်သည်။

ယင်းက သူတို့အား သွေးများ၊ ပွက်ပွက်ဆူ လာစေ၏။ လုံလောက်သော အရည် အချင်းသာ ရှိပါက၊ စစ်မက် နယ်မြေ အဆင့်သို့ တက်ရောက် နိုင်ပေမည်။

“ ဝူး ... ။ ”

ရုတ်တရက် မြေပြင်ကို၊ တုန်လှုပ် စေသော လေပြင်း တစ်ချက် တိုက်ခတ် လာ၏။ ချက်ချင်း လူတိုင်း သတိဝင် လာသည်။

“ လာပြီ လား။ ”

အားကောင်းသော ရောင်ဝါ များ၊ ချဉ်းကပ်လာ သည်ကို ခံစား နိုင်သောကြောင့်၊ လင်းယွန် မျက်ဝန်းများ မှေးစင်း သွားသည်။

သူ့အား ခြိမ်းချောက် နိုင်သော၊ ရောင်ဝါ တစ်ခုထက် မက ပါရှိ၏။ ၎င်းတို့မှာ စစ်မက် နယ်မြေ၏ ထိပ်သီး ကျွမ်းကျင် သူများ ဖြစ်နိုင်သည်။

ဤအချိန်သည် သူတို့နှင့် ရင်ဆိုင် ရမည့် အချိန် မဟုတ်မှန်း သူ သိသောကြောင့်၊ ဖေးရွယ် လက်ကို ဖမ်းကိုင်ကာ၊ ‘သွားစို့’ -ဟု ဆိုလျက်၊ ပြေးထွက် လာခဲ့၏။

“ သခင်ငယ် ... ။ ”

ထွက်ပြေးရန် ပြင်နေသော ဟန်လဲ့နှင့် မိုရွှမ်မှာ၊ တုန့်ခနဲ ရပ်သွားပြီး၊ ရွှင်လန်းသော အမူ အရာ နှင့်၊ ရေရွတ် လိုက်သည်။

“ ဘုန်း ... ။ ”

ထို့ကြောင့် သခင်ငယ်များ ရောက်လာချိန် အထိ၊ လင်းယွန်ကို ထိန်းသိမ်း ထားရန် ဟန်ပြင် လိုက်စဉ်၊ ရွှေရောင် တုတ် တစ်ချောင်းက ‘ဘုန်းခနဲ’ ကျရောက် လာ၏။

မျက်ကွယ် အရပ်မှ၊ စောင့်ကြည့် နေသော နဂါးလေး ဖြစ်သည်။ ရိုက်ချက်မှာ အားပါ လှ သဖြင့်၊ ဟန်လဲ့အား ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွား စေ၏။

“ ဝေါ့ ... ။ ”

သွေး တစ်လုတ် အန်လျက်၊ မတ်တပ် ထရပ်ကာ၊ ပြန်ကြည့် လိုက်စဉ်၊ ကြောင်ဖက်တီး တစ်ကောင်မှ ပြုံးပြလျက် ထွက်ပြေး သွား သည်ကို၊ မြင်လိုက် ရသည်။

ဤသည်မှာ နာမည်ကျော် ကြောင်သူခိုး ဖြစ်ချေပြီ။ လင်ယွန် ကဲ့သို့ သန်မာသူ ဟုလည်း လူ သိများ၏။

နဂါး သွေးနှင့် နတ်မိစ္ဆာ မိသားစု၏ သူတော်စင် သိုင်း နည်းပညာကို ကျင့်ကြံထား လေသည်။ ထို့အပြင် မထင်မှတ် လောက်အောင် ကြွယ်ဝသူ တစ်ဦးလည်း ဖြစ်၏။

“ ဒီတိရစ္ဆာန် ... ။ ”

ထိုစဉ်မှာပင် မိုးကုပ် စက်ဝိုင်း အစပ်မှ၊ လျှပ်စီးများ လက်ပြီး၊ မှုန်ဝါး နေသော ပုံရိပ် သုံးရိပ် ပျံသန်း လာသည်။

ထိုသူများ၏ မျက်နှာကို မြင်ချိန်၌၊ လောချန်နှင့် အဖွဲ့မှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။

“ နယ်မြေ သခင်လေးတွေ ... ။ ”

ဤသူများတွင် မြင့်မြတ် မြေ၏ ခေါင်းဆောင်များ ကဲ့သို့၊ တူညီသော ရာထူးများ ရှိသော်လည်း၊ အာဏာ စက်မှာ ပို၍ ပြင်းသည်။

စစ်မက် နယ်မြေ ဆယ်ရပ်သည်၊ မျိုးနွယ်စု ပုံစံဖြင့် တည်ရှိပြီး၊ သခင်ငယ်မှာ မျိုးနွယ် စုတွင် အထက် မြက်ဆုံး လူငယ် ဖြစ်၏။

ထိုလူငယ်အား နယ်မြေ တစ်ခု လုံး၏၊ အရင်းအမြစ် များနှင့်၊ အမွေ အနှစ်များ ခံစား စေမည် ဖြစ်သည်။

ပယင်း နယ်မြေရှိ အရင်း အမြစ်များ အားလုံးကို၊ ခံစား ခဲ့ရသော လင်းယွန်နှင့် ဆင်တူ ချေ၏။

သို့သော် စစ်မက် နယ်မြေများ ၌မူ၊ ပင်မ မျိုးနွယ်စု တစ်စုသာ ရှိပြီး၊ ကျန်လူများ အားလုံး မှာ၊ ကျွန်များ ဖြစ်သည်။

ထို့ကြောင့် ပယင်း နယ်မြေမှာ၊ စစ်မက် နယ်မြေ၏ သခင်ငယ် များအား ယှဉ်နိုင် စရာ နည်းလမ်း မရှိချေ။

သခင်ငယ် များထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထုတ်လွှတ် နေသည့် ပန်း များကို ရောင်ဝါ သမုဒ္ဒရာတွင် မြင်ချိန်၌၊ လူတိုင်း ထိတ်လန့် ကုန်၏။

“ ဒီပန်းလေး တွေကို၊ ဘာလို့ မြင်ဖူး တယ်လို့ ခံစား မိရ တာလဲ။ ”

“ အရူး ... ၊ အဲ့ဒါ ကြယ်မိစ္ဆာ ပန်းတွေပဲ။ ”

“ ကောင်းကင် ဝိညာဉ် နယ်ပယ်မှာ၊ လုံလောက်တဲ့ အခြေ အမြစ် ရှိရင်၊ ကြယ်မိစ္ဆာ ပန်းက၊ ပဉ္စမမြောက် ဒုက္ခမှာ ... ”

“ ... ဆင်းသက်လာ မယ်လို့ အဆို ရှိတယ်၊ အဲဒီ ပန်းပွင့်ကို ချေမှုန်း နိုင်ရင်၊ သူတို့ရဲ့ ရောင်ဝါ သမုဒ္ဒရာ စွမ်းအားက၊ မြှင့်တက် လာလိမ့်မယ်။ ”

“ ဒါဆို သူတို့က ... ၊ တကယ့် ပါရမီရှင် တွေပေါ့။ ”

သခင်ငယ် သုံးယောက်ကို ကြည့်ကာ၊ သဲဝါ လွင်ပြင် တစ်ခုလုံး၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။ သခင်ငယ် များမှာ လူအုပ်ကို လျစ်လျူရှု ထားသည်။ ပစ်မှတ်အား တွေ့ရှိ ပြီဟု ကြားချိန်၌၊ အရှိန် မြင့်ကာ ခရီးနှင် လာခြင်း ဖြစ်သည်။

သို့သော် သူတို့ ရောက်ချိန်၌၊ စုတ်ပြတ် နေသော လျှပ်စီးဓား နှစ်လက်က၊ စောင့်ကြို နေသဖြင့်၊ လူသတ် လိုသော ဆန္ဒများ ပေါက်ပွား လာကြသည်။

“ မြန် မြန် ပြေး ... ။ ”

၎င်းကို အာရုံခံ မိသော လူအုပ် ကြီးမှာ၊ မျက်နှာများ ဖြူဖျော့ သွားသည်။ ထို့ကြောင့် ထွက်ပြေးရန် ဟန်ပြင် လိုက်စဉ်၊ သခင်ငယ် တစ်ပါးမှ၊ အကြည့် တစ်ချက်ဖြင့် သတိပေး လာသောကြောင့်၊ မလှုပ်ရဲ တော့ချေ။

“ မင်းတို့ နှစ်ယောက်ကို၊ ဘယ်သူ ဒဏ်ရာ ရအောင် လုပ်တာလဲ၊ အဲဒီ မိန်းမလား ... ။ ”

အေးစက်သော အသံဖြင့်၊ သခင်ငယ် တစ်ဦးက၊ မေးမြန်း လိုက်သည်။

“ မဟုတ်ဘူး လင်းယွန်ပါ၊ သခင်ငယ် ... ။ ”

မြေပြင်ပေါ် ဒူးထောက် ချပြီး၊ မိုရွှမ်က တုန်ခါသော အသံဖြင့် ပြန်ဖြေသည်။ ထို့နောက် ဟန်လဲ့မှ ဖြစ်ပျက်ခဲ့ သမျှကို ခေါင်းငုံ့လျက် ရှင်းပြ လိုက် တော့၏။

“ အ မှိုက် ... ။ ”

အဖြစ် အပျက်ကို ကြားသည်နှင့်၊ ကောင်းကင် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ် သွားစေသော ဒေါသများ ပေါက်ကွဲ လာ၏။

တစ်ချိန်တည်း မှာပင် ထောင်သောင်း မကသော လူများက၊ အသက်ပင် ရဲရဲ မရှူဝံ့ တော့ချေ။

“ အပြစ်ပေးပါ သခင်ငယ်။ ”

ဟန်လဲ့နှင့် မိုရွှမ်၏ မျက်နှာများ ဖြူဖျော့ လာပြီး၊ ခေါင်းငိုက်စိုက် ကျသွားသည်။

“ ယင်ယန် သုခဘုံ၊ ငရဲ နတ်ဘုရား နဲ့၊ တော်ဝင် နဂါး။ ”

လောချန်က သခင်ငယ် များ၏ ဇာစ်မြစ်ကို၊ မှတ်မိ လာသည်။ ထိုသို့သော နယ်မြေ (၃) ခု အား၊ အတူ ပူးပေါင်း စေသော ဖေးရွယ်၏ ရတနာ အပေါ်၊ စိတ်ဝင်စား သွားသည်။

ဤအင်အား စုသည် နဝမမြောက် ကောင်းကင် လမ်းအား ဖျက်ဆီး ပစ်ရန် လုံလောက် ပေ၏။

စစ်မက် နယ်မြေ ဆယ်ရပ်၏ အခြေခံ အုတ်မြစ်သည် ကြောက်မက်ဖွယ် ကောင်းကာ၊ ၎င်းတို့ ထံမှ ကတိစကား တစ်ခွန်း ရယူနိုင် ပါက၊ ကောင်းကင် လမ်းမှ သာမန် အမွေ တစ်ပါး ရသည် ထက်ပင် သာခေျသည်။

ထို့ကြောင့် ဆန္ဒရှိ ပါက ဦးညွှတ် နိုင်၏။ လောချန် မှာမူ ဆန္ဒ မရှိချေ။ လွတ်လပ် ခွင့်ကို ပို၍ နှစ်သက် ပေသည်။

ဖေးရွယ်အား ကူညီခြင်းဖြင့် လင်းယွန် တစ်ယောက် ဒုက္ခရောက် နေသည်ကို၊ သတိ ရလာသည်။

သူ့ အနေဖြင့် စစ်မက် နယ်မြေ များအား မကြောက် သော်လည်း၊ မစော်ကား မိစေရန် အကြံပေး ခဲ့သည်။

သို့သော် လျှပ်စီး နှစ်ဖော်ကို၊ လူ အများ ရှေ့၌ပင် ပါးရိုက်ကာ၊ အရှက်ခွဲ ပစ်သည်။ ဤ သည်မှာ အဓိပ္ပါယ် ရှိနေ ပြန်၏။

ပြတ်သားသော နှလုံးသားမျိုး မရှိ ပါက၊ ဓားတာအိုတွင် သည်မျှ ခရီး ရောက် နိုင်မည် မဟုတ် ချေ။

“ အစ်ကိုချန် အဲဒါ ဘာလဲ ... ။ ”

မှန် တစ်ချပ်ကို ထုတ်ယူ လိုက်သော၊ ယင်ယန် သုခဘုံ နယ်မြေ၏ သခင် ငယ်အား ကြည့်ကာ၊ ချင်လင်းက တိုးတိုးလေး မေးလာသည်။

“ အဲ့ဒါ ... အချိန် လှည့်မှန်။ ”

လောချန်က ပြန်ဖြေသည်။ အချိန်ကို နောက်ကြောင်း ပြန်လှည့် နိုင်သော ရတနာ တစ်ပါး ဖြစ်၏။

၎င်းအား အသက် သွင်းရန် အတွက်၊ ကျွင်းကျန် ရစ်သော စွမ်းအင် အတက် အကျ ရှိရန် လိုအပ်သည်။

အချိန် လှည့်မှန်ကို အသက်သွင်း လိုက်သော အခါ၊ မှုန်ဝါးဝါး ပုံရိပ်များ တဖြည်းဖြည်း စုစည်း လာသည်။

မိုရွှမ်နှင့် ဟန်လဲ့ တို့၏ ပေါင်းစပ် သိုင်းကွက်အား ဖျက်ဆီးရန်၊ ကောင်းကင်ဓား ထုတ်ပြ လိုက်သည့် မြင်ကွင်း ဖြစ်၏။

“ ဒါ ဘာလဲ ... ။ ”

မိုရွှမ်နှင့် ဟန်လဲ့ တို့၏ ဓားကို၊ နဂါး ချပ်ဝတ်ဖြင့် ပိတ်ဆို့ ထားသော မြင်ကွင်းအား ကြည့်ကာ၊ ယင်ယန် သုခဘုံ သခင်ငယ်၏ မျက်နှာ ပြောင်းလဲ သွားသည်။

သုံးယောက်သား လင်းယွန် ရင်ဘတ်ထံ၊ ကြည့်ရှု လိုက်သော အခါတွင်၊ နတ်ဘုရား ရူရ် တစ်လုံးဖြင့်၊ ထိန်းသိမ်း ထားသော အရိုး တစ်ချောင်းကို မြင်လိုက် ရ၏။

“ စစ်မှန်သော နဂါး အရိုး။ ”

နောက်ဆုံး၌ ဟန်လဲ့ တို့အား၊ အနိုင်ယူ နိုင်သည့် အကြောင်း ရင်းကို၊ နားလည် သွား တော့သည်။

နဂါး နန်းတော်၏ အမွေမှာ၊ နဂါး အရိုး ဖြစ်နေ သဖြင့်၊ သူတို့ အကြည့်များ ပူလောင် လာခဲ့သည်။

“ သူ့ကို မလွတ် စေနဲ့ ... ။ ”

ယင်ယန် သုခဘုံ၏ သခင်ငယ်က၊ ရုတ်တရက် အော်ဟစ်ကာ အမိန့်ပေး လာ တော့သည်။

***

All Chapters