← Chapters

နတ်ဘုရား အသွေးတော်။

Vol. 73 Ch. 1016

နတ်ဘုရား အသွေးတော်။

Vol. 73 Ch. 1016

လင်းယွန်းက ကျောက်ဆောင်ကြီး တစ်ခု ပေါ်တွင် ထိုင်လျက်၊ ကောင်းကင်ရှိ လမင်းကို မော့ကြည့်ပြီး၊ မျက်ဝန်းများ မှိတ်ချ လိုက်သည်။

ကောင်းကင် လမ်းရှိ၊ နေနှင့် လ တို့မှာ၊ ပယင်း နယ်မြေမှ လင်းယွန်တို့ မြင်ရ ခြင်းထက် ပို၍ နီးပေ၏။

ဆံနွယ် များက ပခုံးပေါ်မှ ဖြာကျပြီး လရောင်များ စွန်းထင်း နေသည်။ ထို့စဉ် သူ့ အသွင်မှာ မြင့်မြတ်သော၊ ခံစား ချက်ကို ပေးစွမ်း ချေ၏။

သူ့နောက် ကျော၌ ယုဟိုရှင်း ပြသ ခဲ့ဖူးသည့်၊ ငွေတောင်ပံ လူသား ရပ်နေသည်။ သို့သော် ထိုတောင်ပံ လူသားတွင်၊ မိစ္တာ အငွေ့ အသက်များ မပါ ရှိချေ။

၎င်း၏ မျက်ဝန်း၌ ငွေ မီးလျှံများ တောက်လောင် နေပြီး၊ အဆင်းမှာ ကြည်လင် လှ ပေ၏။

လင်းယွန် အနားတွင် ဖေးရွယ်နှင့် နဂါးလေးက ကာကွယ်ရန် အသင့်ရှိ နေကြ သည်။

သို့သော် ဖေးရွယ် မှာမူ မကျေ မနပ်ဖြင့်၊ စိုက်ကြည့် နေခြင်းဟု ပြောခြင်းက၊ ပို၍ မှန် ပေမည်။

ဤလူငယ်မှာ သူမအား အတင်း အကြပ် ခေါ်ဆောင် လာခြင်း ဖြစ်သည်။ အနား ယူရန် နေရာ ရှာတွေ့သော အခါ၊ နဂါးသွေး ကြောင်အား အစောင့် ထားလျက်၊ ကျင့်ကြံ တော့သည်။

သူမ ထွက်ခွာ တော့မည့် အရိပ် အယောင် ပြမိတိုင်း၊ နဂါးသွေး ကြောင်က စိုက်ကြည့်လာ သဖြင့်၊ စိတ်မသက် မသာ ဖြစ်မိသည်။

ထိုစဉ် ငွေတောင်ပံ လူသား နောက်၌၊ ဝိုးတဝါး နိုင်သော ဖြစ်စဉ်များ ရုတ်တရက် ပေါ်လာ၏။

ပတ်ဝန်း ကျင်၌ ပလွေ မှုတ် နေသော နတ်သမီး တစ်ပါး နှင့်အတူ၊ ကျောက်စိမ်းရောင် ယုန်ငယ်များ ထွက်ပေါ် လာသည်။

သဘာဝ ဖြစ်စဉ် များကို၊ ကြည့်လျက် ထိတ်လန့် သွားသည်။ ဤအခိုက် အတန့်တွင် လင်းယွန်မှာ ကောင်းကင်ရှိ၊ ထာဝရ နတ်ဘုရား တစ်ပါးနှင့် တူ၏။

အချိန် အတော်ကြာ ပြီးနောက်၊ လင်းယွန် မျက်လုံးများ ပွင့်လာပြီး၊ သူမအား လှည့်ကြည့် လာသဖြင့်၊ ဖေးရွယ် တစ်ယောက် ရှက်ရွံ့စွာ မျက်နှာလွှဲ လိုက်မိသည်။

တစ်ဖက် လူအား အချိန်ကြာ မြင့်စွာ စိုက်ကြည့် နေမိ သည်ကို၊ ဖမ်းမိ သွားသည့် အတွက်၊ စိတ်ထဲမှ ကျိန်ဆဲ လိုက်၏။

“ နင် ယုဟိုရှင်းရဲ့၊ လက်သီး နည်းစနစ်ကို လေ့ကျင့် နေတာ မဟုတ်လား။ ”

-ဟု အနေခက် သွားသည့်၊ အခြေ အနေ အပေါ်၊ သက်သာရာ ရစေရန်၊ ဖေးရွယ်မှ စကား ‘စ’ လိုက်သည်။

“ ဒါက ဟုတ်တယ်လို့ ပြောလို့ ရသလို၊ မဟုတ်ဖူး လို့လည်း ပြောလို့ ရပါတယ်။ ”

လင်းယွန်မှ ပြန်ဖြေသည်။ သူ့ အဖြေက ဖေးရွယ်၏ စူးစမ်းလို စိတ်အား၊ ပို၍ တိုးလာ စေသည်။

“ ဘာကို ပြောချင် တာလဲ။ ”

“ ဒါက လက်သီး နည်းစနစ် မဟုတ် သေးဘူး၊ လနတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ်ပဲ ရှိသေးတယ်။ ”

“ အော် ... ၊ အဲဒီ တံဆိပ်က ရှုပ်ထွေး လို့လား။ ”

လင်းယွန် အဖြေကြောင့်၊ အံ့သြ သွားကာ ပြန်မေး မိ၏။

နေနတ် ဘုရား လက်သီးနှင့်၊ လနတ် ဘုရား လက်သီးသည် အခြေခံ တူသည်။ လေ့ကျင့်သူ အပေါ် မူတည်ကာ၊ အဆင့် သတ်မှတ် နိုင်သော ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်၏။

ကံကြမ္မာ ကိုယ်ခံ ပညာဖြင့်၊ တင်းတိမ် ကျေနပ်ခြင်း မရှိ သောကြောင့်၊ နဂါး တားမြစ် နယ်မြေမှ ထွက်လာပြီး ချိန်မှ စကာ၊ တံဆိပ်ကို၊ ကြိုးစား ဖန်တီး နေခဲ့သည်။ လဗိမာန်မှ လမ်းညွှန် မှုကို မရရှိ သဖြင့်၊ အခက် အခဲ ရှိနေ ချေပြီ။

“ နင် ... သရုပ်ဖော် အဆင့်ကို၊ ရောက်နေ ပြီလား။ ”

လင်းယွန်၏ ရှင်းပြချက် များကို နားထောင်ကာ၊ ဖေးရွယ်မှ စိတ်ဝင် တစား မေးမိသည်။ ကောင်းကင်၌ တောက်ပ နေသော လမင်းကို မော့ကြည့်ပြီး၊ လင်းယွန်က ဖြေ၏။

“ ခြေ တစ်လှမ်းပဲ လိုတော့တယ်။ ”

နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်အား၊ သရုပ်ဖော် အဆင့်သို့ ရောက်သည်နှင့်၊ ရွှေရောင် ကျီးကန်းများ ပါဝင်သည့်၊ ဖြစ်စဉ် တစ်ရပ် ပေါ်ပေါက် လာခဲ့သည်။

လနတ်ဘုရား လောင်ကျွမ်းခြင်း တံဆိပ်၏ ဖြစ်စဉ်မှာ၊ ငှက်ပြာလေးနှင့် ထာဝရ ကောင်းချီး သစ်ပင် ကဲ့သို့သော သဘာဝ ဖြစ်စဉ် ထွက်ပေါ် လာမည် ဖြစ်သည်။

သို့သော် သရုပ်ဖော် အဆင့် မရောက် သေးသဖြင့်၊ ၎င်းအား အတည် ပြုရန် လိုအပ်နေ သေး၏။

“ နေနတ် ဘုရား လက်သီးကို၊ ကျွမ်းကျင် နေရဲ့နဲ့၊ ဘာလို့ လနတ် ဘုရား လက်သီးကို လေ့ကျင့် နေရ တာလဲ။ ”

“ ဒါက လျှို့ဝှက်ချက်ပါ။ ”

လင်းယွန်က ပြုံးလျက် ငြင်းဆန် လိုက်သည်။ ၎င်းတို့အား ပေါင်းစပ် ခြင်းဖြင့်၊ စင်ကြယ်သော ဝိညာဉ်တော် ရရှိ မည်ကို၊ ထုတ်ပြောရန် ရည်ရွယ်ချက် မရှိပေ။

ယင်းကို နားလည် မိသော ဖေးရွယ်က၊ ခဏတာ တိတ်ဆိတ် သွားပြီး၊

“ တကယ်ပဲ၊ လနတ် ဘုရား လက်သီး ဆိုရင်၊ ငါ မင်းကို ကူညီပေး နိုင်တယ်။ ”

“ အိုး ... ၊ တကယ်လား။ ”

လင်းယွန်မှာ အံ့သြ စွာဖြင့်၊ ပြန်ကြည့် လိုက်သည်။ ဤဖေးရွယ်မှ ကောင်းကင် လမ်း၏ လျှို့ဝှက်ချက် အချို့ကို သိရှိ နေပေသည်။

“ သဲဝါ လွင်ပြင်မှာ၊ လဝိညာဉ်လို့ ခေါ်တဲ့ ဆေးဘက်ဝင် သဘာဝ ရတနာ တစ်မျိုး ရှိတယ်၊ သူက လရောင်ကို စုပ်ယူပြီး ရှင်သန် မျိုးပွား တယ်၊ ... ”

“ ... အရမ်း သန့်စင်တဲ့ အတွက်၊ လနတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ်ကို နားလည် နိုင်အောင် ကူညီ လိမ့်မယ်။ ”

နောက်ဆက်တွဲ စကားများ အရ၊ ၎င်းဆေးပင် ကိုယ်တိုင်မှာ အဆိပ် ပြင်းပြီး၊ အစွမ်း ထက်သော နတ်ဆိုး သားရဲ များမှ၊ စောင့်ကြပ် နေကြောင်း၊ သိရှိ လိုက်ရ၏။

ယင်းကို နတ်မိစ္ဆာ မြေခွေး မျိုးနွယ်စု၏ နတ်ဘုရား ဆေးပင် အဖြစ်လည်း လူသိ များချေ သည်။

လင်းယွန် တစ်ယောက် ဝမ်းသာ သွားပြီး၊ ရှာဖွေရန် ဆုံးဖြတ်ချက် ချလိုက်သည်။ လနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်မှာ၊ နောက်ဆုံး တိုက်ပွဲ၌၊ သူ့အား ကူညီပေး ပေလိမ့်မည်။

ယင်းမှာ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် တစ်ရပ် ဖြစ်သဖြင့်၊ အလွန် တန်ဖိုး ရှိကာ၊ စွန့်စားရ ကျိုး နပ်ချေ၏။

“ ... သေချာ ပြီလား။ ”

ဖေးရွယ်က လင်းယွန်အား သေချာအောင် ပြန်ကြည့်ပြီး၊

“ ဘာအခက် အခဲမှ မတွေ့ဖူး ဆိုရင် တောင်မှ၊ သဲဝါ လွင်ပြင်က ငါတို့ အတွက် မလုံ ခြုံဖူး၊ ငါတို့ကို လိုက်ရှာမဲ့ လူတွေ အများကြီး ရှိတယ်၊ လေးမျက်နှာ မြို့ကို မြန်မြန် သွားတာ ပိုကောင်းတဲ့ လုပ်ရပ်ပဲ။ ”

“ မဟုတ်ဘူး၊ ငါ ဆုံးဖြတ် ပြီးပြီ ... ၊ ”

-ဟု ဆိုကာ လင်းယွန်က ပြုံးပြ လိုက်ပြီး၊

“ ... မင်းက တစ်သက်လုံး၊ ငါ့ကို ပြေးပုန်း စေချင်နေ တာလား၊ အဲဒါ ငါ့ စရိုက် မဟုတ်ဘူး၊ သူတို့က ငါ့ကို သတ်ချင် နေတဲ့ အတွက်၊ ... ”

“ ... တန်ဖိုး တစ်ခု ရယူ ရမှာပဲ၊ စစ်မက် နယ်မြေ ဆယ်ရပ် ဖြစ်နေ ရင်တောင်၊ ငါ ဂရု မစိုက်ဘူး၊ ချွင်းချက် မရှိဘဲ။ ”

လင်းယွန်၏ အနည်းငယ် ရူးသွပ် လွန်းသော စကား များက၊ ဖေးရွယ်ကို အံ့အားသင့် သွားစေ သည်။

မနက်လင်း သည်နှင့်၊ နတ်မိစ္ဆာ ဝံပုလွေ သားရဲများ ရှိရာ အရပ်သို့၊ ဦးတည် လိုက်ကြ သည်။

လမ်း တစ်လျှောက် သူ့အား ဖမ်းဆီးရန် ကြိုးစား လာသူ များနှင့်၊ တိုက်ပွဲများ ဖြစ်ပွား လာခဲ့သည်။

သူတို့ ထဲမှ အများ စုမှာ၊ မြင့်မြတ် မြေ၏ ကျွမ်းကျင် သူများ ဖြစ်သည်။ ၎င်းတို့က စစ်မက် နယ်မြေ များ၏၊ မျက်နှာသာ ပေးမှုကို လိုချင် ကြချေသည်။

သူတို့ အမြင်၌ ကြောင်နှင့် ကြွက် ကစား ပွဲမှာ စတင် နေပြီ ဖြစ်၏။ သဲဝါ လွင်ပြင်သည် ကျယ်ပြော လှ သော်လည်း၊ လူ နှစ်ဦးအား လုံးဝ ပျောက်ကွယ် သွားစေသည် အထိ၊ မလုံ လောက်ချေ။

သုံးရက် အတွင်း မှာပင်၊ လင်းယွန်း တို့မှာ၊ သူတို့အား သတ်ရန် ကြိုးစား လာသော လုပ်ကြံ သတ်ဖြတ်လှိုင်း၊ ဆယ်ကြိမ် ကြုံ ခဲ့ရသည်။

ဖေးရွယ် ခန္ဓာ ကိုယ်တွင်၊ သွေးများ ပေကျံကာ၊ ဒဏ်ရာများ ရရှိ လာသည်။ သူမကို မြင့်မြတ် နယ်မြေ နှစ်ခု၏၊ ခေါင်းဆောင် များက သတ်လု နီးပါး ပေပင်။

လင်းယွန် ၌မူ ဒဏ်ရာများ မရှိ သော်လည်း၊ လွယ်ကူခြင်း မရှိချေ။ မြင့်မြတ် မြေမှ ခေါင်းဆောင် သုံးဦးကို ရင်ဆိုင် ခဲ့ရသည်။

တိုက်ပွဲကို အဆုံးသတ် လိုက်ချိန်တွင်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် သုံးခု ဦးတည် လာနေ သည်ကို၊ သတိထား မိ၏။ ယင်းမှာ မြင့်မြတ် မြေများ မဟုတ်ဘဲ၊ စစ်မက် နယ်မြေ သားများ ဖြစ်လေသည်။

လက်ရှိ အခြေ အနေ၌ သခင်ငယ် တစ်ဦး နှင့်ပင်၊ သူ့အား ထိန်းထား နိုင်ပြီ သဖြင့် သုံးဦး သာ ဆိုပါက၊ သဲဝါ လွင်ပြင်၌ မြှပ်နှံ ခံရနိုင် ပေမည်။

ထို့ကြောင့် ရောင်ဝါကို ရုတ်သိမ်းကာ၊ လေးကြိမ် တိုင်တိုင် လမ်းကြောင်း ပြောင်း၍ ပြေးလွှား လိုက် ရသည်။

ဤနှုန်း ဖြင့်ပင်၊ ဝံပုလွေ မျိုးနွယ်စု ရှိရာသို့၊ ရောက်ရှိရန် (၄)ရက်မှ (၅)ရက် ခန့်သာ ကြာပေ မည်။

သို့သော် သူ့ ဖြစ်တည် မှုကို၊ လုံးလုံး လျားလျား ဖုံးကွယ်ရန် ဆန္ဒ မရှိ သောကြောင့်၊ မကြာ ခဏ ဆိုသလို၊ အမဲလိုက် သူများနှင့် ဆုံရကာ၊ ခရီးဖင့် ခဲ့ရသည်။

သုံးရက်ကုန် လွန်ပြီးနောက်၊ စစ်မက် နယ်မြေ များမှ၊ ပေးပို့ လာသော ခွေးများ၌၊ ကျွမ်းကျင် သူများ ပါရှိ နေကြောင်း၊ ခံစား လာမိသည်။

၎င်းတို့မှာ သခင်ငယ် များလောက်၊ အားမကောင်း သော်လည်း၊ လျှပ်စီးဓား တို့ထက် ပို၍ သန်မာ ပေ၏။

“ ဒီလူတွေ နည်းနည်းတော့ လွန်လာပြီ။ ”

မြင့်မြတ် မြေ၏ ခေါင်းဆောင်၊ တစ်ယောက်ကို သတ်ပြီးနောက်၊ နှုတ်ခမ်းမှ သွေးအား သုတ်ကာ ညည်းတွား လိုက်သည်။

သူရှေ့ သဲသောင် ပြင်တွင် သွေးချင်းချင်း ရဲနေ ခဲ့၏။ နယ်မြေ ခေါင်းဆောင် တစ်ဦးနှင့် အတူ၊ အထက် တန်းစား ရှစ်ယောက်၏၊ အလောင်းများ ရှိနေသည်။

စစ်မက် နယ်မြေ များ၏ မျက်နှာသာ ပေးမှုကို လိုချင် သောကြောင့်၊ မြင့်မြတ်မြေ ပေါင်းများ စွာက၊ သူ့အား အခမဲ့ အမဲလိုက် နေခဲ့သည်။

လွန်ခဲ့သော ရက် အနည်းငယ် အတွင်း၊ မြင့်မြတ် မြေ၏ ပါရမီရှင် မည်မျှ သူ သတ်ခဲ့ရ သည်ကို၊ မမှတ်မိ နိုင်တော့ချေ။

သို့သော် ကုန်ဆုံး သွားသည် ဟူ၍ မရှိဘဲ၊ အင်အားမှာ တိုးမြဲ တိုးလာ၏။ ကျွမ်းကျင်သူ များ၏ အရည် အချင်း မှာလည်း၊ တရွေ့ရွေ့ မြင့်မား လာခဲ့သည်။

ယခုပင် အဝေးမှ ချဉ်းကပ် လာနေသော အန္တရာယ် ပေးနိုင်သည့် ရောင်ဝါ များကို၊ ခံစား ရမိသည်။

စစ်မက် နယ်မြေ များ၏ သြဇာကို၊ အသိ အမှတ်ပြု လိုက်မိသည်။ ဤမျှလောက် များပြား လှသော၊ မြင့်မြတ်မြေ များ၏ အင်အားကို ငှားယူ နိုင်သည်မှာ၊ မယုံ နိုင်စရာ ပေပင်။

တစ်ယောက် တည်းနှင့် နယ်မြေ တစ်သောင်း အား တိုက်နေရ သကဲ့သို့၊ ထင်လာ မိ၏။ ဤဖြစ်စဉ်မှာ အနည်းငယ် အုတ်အော် သောင်းနင်း နိုင်လှ ပေသည်။

“ နင့်ရဲ့ လျှို့ဝှက် ချက်ကို၊ သူတို့ တွေ့သွားပြီ ထင်တယ်။ ”

လင်းယွန်ကို ကြည့်ပြီး၊ ဖေးရွယ်က ပြောသည်။

“ ဘာ လျှို့ဝှက် ချက်လဲ ... ။ ”

“ နဂါး နန်းတော်ရဲ့ အမွေ ... ။ ”

သူမက ဆက်မပြောမီ ခေတ္တရပ် လိုက်ကာ၊ အဝေးကို မျှော်ကြည့်၏။ ထို့နောက် သက်ပြင်းချ လျက်၊

“ သူတို့မှာ အချိန် လှည့်မှန်လို့ ခေါ်တဲ့ ရတနာ တစ်ခု ရှိတယ်၊ တိုက်ပွဲက စွမ်းအင် တွေကို စုပ်ယူပြီး၊ ဖြစ်စဉ် တွေကို ပြန်ကြည့် နိုင်တယ်၊ လျှပ်စီး ဓား နှစ်လက်နဲ့ နင့်ရဲ့ တိုက်ပွဲမှာ၊ တစ်ခုခုကို တွေ့သွား ပုံပဲ။ ”

စစ်မှန်သော နဂါး အရိုး။ လင်းယွန် တစ်ယောက် မျက်လုံး ပြူးသွား၏။ ဤအရာက ၎င်းတို့အား ဆွဲဆောင်သွား ပုံရသည်။

“ ဒါပေမယ့် ငါ ကလည်း ... ၊ အကြောင်းရင်း တစ်ရပ် ပါပဲ။ ”

ဖေးရွယ်က သက်ပြင်း ချကာ၊ ဝန်ခံ လိုက်တော့၏။ သူမ စကားကြောင့် လင်းယွန်မှ၊ မေးမြန်ရန် ပါးစပ်ဟ လိုက်သော်လည်း၊ နောက်ဆုံး ပိတ် သွားသည်။

တစ်ဖက် လူမှာ၊ ပြောပြချင် ပုံမရ သောကြောင့်၊ မေးရန် စိတ်ကူး မရှိ တော့ခြင်း ဖြစ်သည်။

“ နင် ... ၊ ငါ့ အကြောင်း တစ်ခုခု ကြား ထားလား။ ”

သို့သော် ဖေးရွယ်မှ၊ စကား ‘စ’ လာသဖြင့်၊ လှည့်ကြည့် လိုက်မိသည်။ ဖေးရွယ် ခန္ဓာကိုယ်မှ သွေးစက် များက သဲဝါ လွင်ပြင်ပေါ် တစ်စက်စက် ကျနေသည်။

“ နည်းနည်းပါ ... ။ ”

“ ဒါက ဘာတွေ များလဲ ... ။ ”

ဆုံးဖြတ်ချက် ချလိုက် ပုံဖြင့်၊ ဖေးရွယ်မှ ပြုံးကာ စကား စမြည် ပြောရန်၊ ကြိုးစား လာသည်။ လင်းယွန်က အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက်၊

“ မင်းမှာ နောက်ဆုံး အဆင့်ကို၊ ပြောင်းလဲ နိုင်တဲ့ ရတနာ တစ်ခု ရှိတယ်လို့ ငါ ကြားတယ်၊ ဒါက ကောင်းကင်လမ်း အဆုံးမှာ၊ ထိပ်ဆုံးထိ တက်နိုင်ဖို့ အခွင့် အရေးပဲ။ ”

“ မှားတယ် ... ။ ”

ဖေးရွယ်က ခေါင်းယမ်းကာ ငြင်းဆို လိုက်ပြီး၊

“ ... ဒါက စစ်မက် နယ်မြေ သုံးရပ်က၊ ထုတ်ပြန် လိုက်တဲ့ သတင်း အတုပဲ၊ ငါ့ ရတနာ က၊ နောက်ဆုံး တိုက်ပွဲကို သက်ရောက် စေမှာ မဟုတ်ဘူး။ ”

“ ဟမ် ... ။ ”

“ ဟုတ်တယ်၊ အမှန်တော့ ငါ့ဆီက ရတနာက၊ နတ်ဘုရား အသွေးတော် သစ်သီးပဲ၊ နဝမမြောက် ကောင်းကင် လမ်းမှာ၊ စုစုပေါင်း သုံးလုံး ရှိတယ်၊ ... ”

“ ... ငါက အခု တစ်လုံး ရပြီး၊ အင်ပါယာ ငှက်မွေး နယ်မြေရဲ့ သခင်ငယ်က၊ တစ်လုံး ရရှိ ထားတယ်၊ ... ”

“ ... နင့်ရဲ့ ကောင်မလေး ကတော့ နောက်ဆုံး တစ်လုံး ယူ သွားတယ်၊ ငါရ ခဲ့တဲ့ ရတနာကို၊ ငါ့ ခန္ဓာကိုယ် ထဲမှာ၊ ချိပ်ပိတ် ထားတယ်။ ”

အဆုံး၌ ဖေးရွယ်မှ လိုလို ချင်ချင်ဖြင့်၊ ထုတ်ပြော ပြလာသည်။ ရုတ်တရက် သားရဲ ဟောက်သံ တစ်သံ၊ သူတို့ စကား ဝိုင်းအား နှောက်ယှက် လာ၏။

အဝေးမှ သူတို့ နှစ်ဦးထံ၊ ဦးတည် ပြေးလာ နေသော နတ်ဆိုး သားရဲ အုပ်ကြီးကို မြင်လိုက် ရသည်။ ၎င်းတို့ အသွင် အရ၊ တစ်စုံ တစ်ဦး၏ ထိန်းကြောင်း မှုအား ခံနေရ ပုံရ ချေ၏။

***

All Chapters