သံမိစ္ဆာ မျောက်ဝံများ။
Vol. 73 Ch. 1017
နတ်ဘုရား အသွေးတော် ဟူသည့်၊ အမည် ကြားရုံ နှင့်ပင်၊ ထူးခြားသော ရတနာ ဖြစ်မည် မှန်း၊ လင်းယွန် သိသည် ။
သို့သော် အဝေးမှ နတ်ဆိုး သားရဲများ ရောက်ရှိ လာပြီ ဖြစ်သဖြင့်၊ ထိုအကြောင်းကို စကား မဆက် ဖြစ်တော့ချေ။
၎င်းတို့ အတွင်းမှ အစွမ်း ထက်သော ရောင်ဝါ များစွာကို ခံစား မိသည်။ အုပ်စိုးရှင် အဆင့် စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ နတ်ဆိုး သားရဲ တစ်ဒါဇင်ခန့် ပါရှိ နေသည်။
“ ငါ့ ဒဏ်ရာ တွေက ပြင်းထန်တဲ့ အတွက်၊ အခြား နည်းလမ်း မရှိ တော့ရင်၊ ငါ့ကို သတ်ပြီး နတ်ဘုရား အသွေးတော်ကို ယူပါ၊ လေးမျက်နှာ မြို့ ရောက်တဲ့ အခါ၊ အင်ပါယာ ငှက်မွေး နယ်မြေ လက်ထဲ အပ်ပေးပါ။ ”
ဖေးရွယ်က ဝမ်းနည်း နေသော လေသံဖြင့် ပြောလာသည်။ သို့သော် သူ့ မျက်လုံး များတွင်၊ မျှော်လင့်ချက် အရိပ် အယောင်များ ရှိနေ သေး၏။
သဲဝါ လွင်ပြင်မှ ထွက်ခွာ နိုင်မည်ဟု၊ မယုံကြည် ရဲသော်လည်း၊ လင်းယွန်နှင့် အတူ ရှိနေ ခြင်းသည်၊ ဆိုးမည်တော့ မဟုတ်ချေ။
သို့သော် တစ်ဖက်တွင် သူတို့ နှစ်ဦးအား၊ စစ်မက် နယ်မြေ သုံးရပ်မှ ဖမ်းယူခြင်း မခံ ရမီ အချိန် တစ်ခုသာ လို ပေမည်။
မြင့်မြတ်မြေ များစွာက ကူညီရန် ဆန္ဒရှိ နေကြသည့် အပြင်၊ ငရဲ နတ်ဘုရား နယ်မြေမှ သားရဲ ဘုရင် နင်းရွှန်လည်း၊ ပါဝင် လာ၏။
ထိုသူမှာ သားရဲ များကဲ့သို့၊ သန်မာသော ရုပ်ခန္ဓာ မျိုးရှိကာ၊ လျှပ်စီးဓား နှစ်ဖော်ထက် ပို၍ ကြောက်စရာ ကောင်းသည်။
၎င်းက သားရဲ များကို၊ ထိန်းချုပ် နိုင်ရုံသာ မက၊ ငရဲ နတ်ဘုရား နယ်မြေ ဗိုလ်ချုပ် လေးဦး အနက်မှ၊ တစ်ဦးလည်း ဖြစ်သည်။
“ ငါတို့ လဝိညာဉ် ဆေးပင်နဲ့ ... ၊ ဘယ်လောက် ဝေးသေးလဲ။ ”
ဖေးရွယ်အား ကျော ပိုးလျက်၊ လင်းယွန်မှ မေးသည်။
“ အနည်းဆုံး နှစ်ရက် လောက်တော့ ... လိုသေးတယ်။ ”
“ ဒါဆို သွားရအောင်။”
ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း၊ ကိုးမျိုးကို ထုတ်ဖော်ကာ၊ ပြေးထွက် မိသည်။ ဖေးရွယ်အား လုံခြု စေရန် အတွက်၊ နဂါး လေးကို နောက်မှ လိုက်စေ ခဲ့၏။
နှစ်ရက် ကြာသည် အထိ၊ နတ်ဆိုး သားရဲ များမှာ၊ သူတို့ နောက်သို့ လိုက်ပါ နေဆဲ ဖြစ် လေသည်။
အထူး သဖြင့် ၎င်း၏ ခန္ဓာ ကိုယ်တွင်၊ အနက်ရောင် အကြေး ခွံများ ဖုံးလွှမ်း နေသည့်၊ သံမိစ္ဆာ မျောက်ဝံ တစ်ကောင် ဖြစ်သည်။
၎င်းက ခွန်အား အရာ၌၊ အထွတ် အထိပ် စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ်တွင် ရှိပြီး အကြေးခွံ များမှာ၊ ချပ်ဝတ် အသွင် ဖြစ်ပေါ် နေသည်။
“ ဂါး ... ။ ”
လင်းယွန် တို့အား လိုက်မီ လာသော အခါတွင်၊ သံချိတ်နှင့် တူသော လက်သည်းကို ဖွင့်ကာ၊ ပြေးလမ်းကို ပိတ်ဆို့ လာသည်။
ပြေးလွှား နေသော အဟုန်အား မြှင့်ပြီး၊ သံမိစ္ဆာ မျောက်ဝံ၏ လက်သည်းကို၊ သူတော်စင် နဂါး ချပ်ဝတ်ဖြင့်၊ ခံယူ လိုက်၏။
“ ထန် ... ထန် ... ။ ”
“ ခ ရစ် ... ။ ”
လက်သည်း များ၊ ချပ်ဝတ်ပေါ် ကျရောက် သွားစဉ်၊ ချက်ချင်း ကျိုးကြေ ကုန်ပြီး၊ သံမိစ္ဆာ မျောက်ဝံကို လွင့်စဉ် သွားစေသည်။
“ ဘုန်း ... ။ ”
မြေပြင်ပေါ် ပြုတ်ကျ သွား ပြီးနောက်၊ ကြောက်ရွံ့မှု အပြည့်နှင့်၊ လင်းယွန်ထံ ပြန် ကြည့် လာသည်။
သူ့အသိ ညာဏ်ဖြင့်၊ ဤသည်မှာ လူသား ပင်လော၊ သားရဲ တစ်ကောင် ပင်လော၊ မခွဲခြား နိုင်တော့ချေ။ ရုပ်ခန္ဓာ သန်စွမ်း မှုမှာ၊ ကြောက်စရာ ကောင်းပေသည်။
ထိုအခိုက်တွင်၊ များပြား လှသော သံမိစ္ဆာ မျောက်ဝံများ၊ ဒါဇင်နှင့် ချီကာ ဝင်ရောက်လာ တော့သည်။
၎င်းတို့ အားလုံးတွင်၊ ရွှေရောင် အကြေးခွံ များ ပါရှိပြီး၊ ဦးစွာ ရောက်ရှိ လာသည့် မျောက်ဝံ ထက်၊ ပို၍ အားကောင်း ချေသည်။
အတိ အကျ ဆိုရ ပါမူ၊ ဤသားရဲ များမှာ၊ အုပ်စိုးရှင် အဆင့် သားရဲများ ဖြစ်၏။ လင်းယွန် ကျောပြင် ပေါ်တွင်၊ မျက်နှာ အပ် ထားသော ဖေးရွယ် ခမျာ၊ တုန်လှုပ် နေသည်။
နောက်ဆုံးတွင် အုပ်စိုးရှင် အဆင့်၊ ဤသားရဲ များ၏ အကြေးခွံ များမှာ၊ တာအို လက်ရာ များကို ယှဉ်နိုင် ပေ၏။
အရေ အတွက်မှာ များပြား လွန်းပြီး၊ သဲဝါ လွင်ပြင်ရှိ အသန်မာ ဆုံးသော နတ်ဆိုး သားရဲ များအနက်၊ အပါ အဝင် ဖြစ်သည်။
အတင်း အကြပ် စေခိုင်း ခံရသည့် အတွက်၊ ပို၍ပင် ဒေါသ ထွက်နေ ကြသည်။ ထိုအချိန်တွင် လင်းယွန် ခန္ဓာ ကိုယ်၌၊ ခရမ်း ရွှေရောင် နဂါး ရူရ်များ တောက်ပ လာကာ၊ နေနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ် ပွင့်လာ ခဲ့သည်။
သူ ရွေ့လိုက်သော အခါတွင် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု ထွက်ပေါ် လာ၏။
“ ဝုန်း ... ။ ”
နောက် တစ်စက္ကန့်တွင်၊ ပစ်မှတ်ထား ခံရသော သံမိစ္ဆာ မျောက်ဝံ ကြီးမှာ၊ ပေါက်ကွဲ သေဆုံး သွားသည်။ ထိုနည်း အတိုင်း၊ သံမိစ္ဆာ မျောက်ဝံ အများ အပြား၊ အသတ်ခံ လိုက်ရ တော့၏။
“ ဂါး ... ။ ”
ရုတ်တရက် သံမိစ္ဆာ မျောက်ဝံ တစ်ကောင်က၊ ၎င်း၏ မျက်ခုံး အလယ်မှ ရွှေရောင် အလင်းများ ထုတ်လွှတ်ကာ၊ လင်းယွန်ကို ဟန့်တား လာသည်။
“ ခရစ် ... ။ ”
ကြယ်တစ်လုံး လောင်ကျွမ်းနေ သကဲ့သို့၊ လက်သည်း များ၌ အလင်းများ တောက်လောင် နေပြီး၊ လင်းယွန်၏ ချပ်ဝတ်အား တစ်ချက် တည်းဖြင့်၊ ဖျက်ဆီး နိုင်ခဲ့၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် ခြေတစ်လှမ်း နောက်ပြန် ဆုတ်ပေး လိုက် ရသော လင်းယွန် ခမျာ၊ ကျန် သံမိစ္ဆာ မျောက်ဝံ များ၏၊ ဝိုင်းရံ တိုက်ခိုက်ခြင်း ခံလိုက်ရ တော့သည်။
အုပ်စိုးရှင် အဆင့်၊ သံမိစ္ဆာ မျောက်ဝံ (၁၅) ကောင် ဟူသော ပမာဏသည်၊ လွယ်ကူ လှခြင်း မရှိချေ။
ထိုထဲတွင် အထူး သန်မာ အားကောင်း နေသော၊ သံမိစ္ဆာ မျောက်ဝံ တစ်ကောင်လည်း ပါရှိ နေသည်။
ဖေးရွယ်အား ကျောပိုးထား ရသောကြောင့်၊ အနည်းငယ် ခက်ခဲ နေခဲ့၏။ သာမာန် အုပ်စိုးရှင် အဆင့်၊ နတ်ဆိုး သားရဲသာ ဆိုပါလျှင်၊ လက်သီး တစ်ချက် တည်းဖြင့် အလွယ် တကူ သတ်နိုင်သည် ။
“ ငါ့ အတွက် စိတ်မပူ ပါနဲ့၊ ထားခဲ့ပါ။ ”
ဖေးရွယ်မှာ စိတ်ပျက် လက်ပျက်ဖြင့် ဆိုလိုက်သည်။ နင်းရွှန်သာ လိုက်မီ လာပါက သူတို့ နှစ်ဦးလုံး၊ သက်သာမည် မဟုတ်ချေ။
စကားဆုံး သည်နှင့် လင်းယွန်က သူမအား မြေပြင်ပေါ် ခွာချ လိုက်သည်။ ထို့ကြောင့် ဒေါသ ဖြစ်မိ သော်လည်း၊ ယင်းကို လက်ခံ ရ ပေမည်။
ဤသည်မှာ သူမ ကိုယ်တိုင်၊ တောင်းဆို ထားသော အရာ ဖြစ်သည်။ သူမအား သတ်ကာ ရတနာဖြင့်၊ ထွက်ပြေး ရပေမည်။ မျက်ရည်များ စီးကျ လာပြီး၊
“ ငါ့ကို သတ်လိုက်ပါ၊ နတ်ဘုရား အသွေး တော်ကို ထုတ်ယူပြီး၊ ဧကရာဇ် နယ်မြေကို ပေး ပေးပါ။ ”
-ဟု ဆိုလိုက် မိ၏။
“ ဘာတွေ ပြော နေတာလဲ၊ မင်းရဲ့ နတ်ဘုရား အသွေးတော် သစ်သီးကို၊ ဘယ်သူ လိုချင် နေလို့လဲ၊ မျက်စိ မှိတ်ထား ... ။ ”
ဓားဆွဲရန် အခက် တွေ့နေ သဖြင့်၊ ဖေးရွယ်အား ဖြုတ်ချ လိုက်ခြင်း ဖြစ်သည်။ ထို့စဉ် သံမိစ္ဆာ မျောက်ဝံ များက၊ ရောက်ရှိ လာတော့သည်။
“ ဂါး ... ။ ”
ဖေးရွယ် မျက်မှာမှာ ဖြူဖျော့လျက်၊ သူမ ခန္ဓာ ကိုယ်အား၊ အစိတ်စိတ် အမွှာမွှာ စုတ်ပြဲ ခံ ရတော့ မည်ဟု၊ တွေးလိုက် မိ၏။
“ မင်းတို့က ငါ့ကို အားနည်း နေတယ်လို့ ထင်နေ တာလား၊ ငါ့ဓား ကိုတောင် မဆွဲရ သေး ဖူးလေ … ။ ”
တိုက်ပွဲဝင် ဆန္ဒများ၊ လောင်ကျွမ်းလျက် ပန်းသင်္ချိုင်း ဓားထံ၊ လက်လှမ်း လိုက်မိ၏။ ဓား လက်ထဲ ရောက်သည်နှင့် တပြိုင်နက်၊ သူ့ အသွင်မှာ၊ သိသိ သာသာ ပြောင်းလဲ သွားသည်။
“ သေ ကြ စမ်း ... ။ ”
ကောင်းကင် ဓားကို ထုတ်လွှတ်ပြီး၊ သံမိစ္ဆာ မျောက်ဝံ များထံ ဦးတည်သော ဓားချက် (၁၅) ချက်အား၊ ခုတ်ပိုင်း ချလိုက်သည်။
“ သေ ကြ စမ်း ... ။ ”
ဓားချက် တိုင်းမှာ၊ မျောက်ဝံ များ၏ နှလုံးသားကို ဖြတ်သန်း သွားပြီး၊ မြေပြင်ပေါ် လဲကျ ကုန်စေသည်။
ရုတ်တရက် နားထဲ၌ အသံများ ငြိမ်သက်သွား သဖြင့်၊ ဖေးရွယ် တစ်ယောက် မျက်ဝန်းများ၊ ပြန်ဖွင့် ကြည့်လိုက်မိသည်။
စောင့်ကြို နေသော မြင်ကွင်းက၊ သူမအား တုန်လှုပ် သွား စေ၏။ မျက်ဝန်းများ မှိတ်ထား မိသည့် အချိန် ခဏလေး အတွင်း မှာပင်၊ အားလုံး အသတ်ခံ ခဲ့ရပြီ ဖြစ်သည်။
“ ပ လောက် ... ၊ ပလောက် ... ။ ”
မနီး မဝေးတွင်၊ သွေးများ စီးကျ နေသည့်၊ ဓား တစ်လက်အား ဆုပ်ကိုင်လျက်၊ ရပ်နေသော အပြာဝတ် လူငယ် တစ်ဦး၏ နောက်ကျောကို မြင်လိုက် ရသည်။
နဖူးမှ ချွေးသီး များကို သုတ်လျက်၊ လင်းယွန်က ပြန်လှည့်ကြည့် လာသည်။ သံမိစ္ဆာ မျောက်ဝံ များမှာ၊ သူ ထင်ထား သည်ထက် ပို သန်မာ၏။ ကောင်းကင်ဓား ဖြင့်ပင်၊ အားနည်း ချက်ကို မနည်း ရှာခဲ့ ရသည်။
“ အကုန် သေသွား ပြီလား။ ”
“ ဘယ်လို ထင်လို့လဲ၊ ငါ ဓားဆွဲ မှတော့ သူတို့ အတွက်၊ အသက်ရှင် နိုင်စရာ နည်းလမ်း မရှိ ပါဘူး။ ”
ရင်ဘတ် ပေါ်ရှိ ဒဏ်ရာကို ငုံ့ကြည့်ကာ၊ ပြန်ဖြေသည်။ သံမိစ္ဆာ မျောက်ဝံ ခေါင်းဆောင်မှ ထားရစ် ခဲ့သော၊ နံရိုး ကျိုးလု နီးပါး လက်သည်း ရာကြီး ဖြစ်၏။
နဂါး အရိုးသာ မရှိပါက၊ သေချာပေါက် ကျိုးကြေ သွားကာ၊ နှလုံး ဆွဲထုတ်ခံ ရမည် ဖြစ်သည်။
“ နင်က တကယ် ကြောက်စရာ ကောင်း တာပဲ … ။ ”
သံမိစ္ဆာ မျောက်ဝံများ မည်မျှ သန်မာ သည်ကို၊ သိထားသော ဖန်းရွယ် ခမျာ တုန်လှုပ် သွား ခဲ့သည်။ သို့သော် လင်းယွန်သည် ၎င်းတို့ထက် သာချေ၏။
“ ဘာလို့လဲ...၊ လျှပ်စီးဓား နှစ်ဖော် ကိုတောင်၊ အနိုင်ယူ နိုင်ခဲ့ တာပဲ မဟုတ်လား၊ ဒါက ဘာဖြစ် လာမယ် ထင်လို့လဲ။ ”
လင်းယွန်မှ ပြန်ပြောသည်။ ဤအဆင့် သားရဲ များနှင့် ရင်ဆိုင် ရာတွင်၊ အနည်းငယ် အန္တရာယ် ရှိနိုင် သော်လည်း၊ သူ့ အသက်အား ယူရန် မလုံလောက် သေးချေ။
“ ဒါက ငါ့ အတွက် ပထမဆုံး အကြိမ် မဟုတ်ဘူး၊ ဒီလို တိုက်ပွဲ မျိုးက ရိုးအီ နေပြီ။ ”
ထိုစကားကို ကြားသော အခါတွင်၊ ဖေးရွယ် ခမျာ လင်းယွန်နှင့် စကား ဆက် မပြောချင် တော့ချေ။
ဤလူငယ်တွင် အရည် အချင်း ရှိသည်မှာ၊ အမှန် ဖြစ်သော်လည်း၊ တဆိတ် ကြွားဝါလွန်း ချေပြီ။
လျှပ်စီးဓား နှစ်ဖော်နှင့်၊ အုပ်စိုးရှင် နတ်ဆိုး သားရဲ ဆယ့်ငါးကောင် တို့ကို အနိုင်ယူ ခြင်းမှာ၊ လုံးဝ သန်မာသည်ဟု မဆိုနိုင် သေးချေ။
“ အဲဒီ လူက ငါတို့ကို တွေ့ပုံ ရတယ် ... ။ ”
လင်းယွန်က အဝေးကို လှမ်းကြည့်ပြီး၊ မေးဆက် ပြ၏။ ထိုအရပ်၌ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို သူ ခံစား ရသည်။
ထိုရောင်ဝါ ပိုင်ရှင်မှာ၊ သူ၏ ကောင်းကင် ဓားကို အာရုံခံ မိပုံ ရသည်။ လမ်း တစ်လျှောက် ဓား မသုံး ရသည့် အကြောင်း ရင်းမှာ၊ ယင်းသို့ သတိထား မိမည်ကို၊ မလိုလား သောကြောင့် ဖြစ်၏။
“ သူက ငရဲ နတ်ဘုရား နယ်မြေက၊ သားရဲ ဘုရင် နင်းရွှန်ပဲ၊ ဗိုလ်ချုပ် လေးယောက် ထဲက တစ်ယောက်။ ”
“ ဗိုလ်ချုပ် လေးယောက် ဟုတ်လား။ ”
“ ဟုတ်တယ် ... ၊ စစ်မက် နယ်မြေ ဆယ်ရပ်မှာ၊ ပင်မ မျိုးနွယ် စုက လွဲရင် လူတိုင်း ကျေးကျွန် တွေပဲ၊ အဲဒါ ကိုမှ အဆင့် အတန်း အမျိုးမျိုး ခွဲခြား ထားတယ်၊ ... ”
“ ... ဗိုလ်ချုပ် တွေက၊ အရည် အချင်း အမြင့်ဆုံး ကျေးကျွန် တွေပဲ၊ မင်း အနိုင်ယူ ခဲ့တဲ့ လျှပ်စီးဓား နှစ်လက်က အားမနည်း ပေမယ့်၊ ဗိုလ်ချုပ် ရာထူးကို ရဖို့၊ ဝေးနေ သေးတယ်။ ”
ဖေးရွယ်က ရှည်လျားစွာ ရှင်းပြ လာသည်။
“ သူတို့က ... ၊ ဒီ လောက်တောင် သန်မာလား။ ”
“ အဲဒီထက် ပိုတယ်။ ”
ဖေးရွယ်မှ ခေါင်းညိတ်လျက်၊ လေးနက်သော အမူ အရာဖြင့်၊ ပြန်ဖြေသည်။
“ ဟမ့် ... ။ ”
ထို့စဉ် လင်းယွန်က၊ သူမအား နောက်တစ်ကြိမ် ကျောပိုး လိုက်ရာ၊ အံ့သြ မိစဉ် ရှေ့သို့ ပြေးထွက် သွားပြီ ဖြစ်သည်။
“ အိုး ... ငါ့ကို အောက်ချ ပေးပါ၊ ငါ့ ဒဏ်ရာတွေ ပြန်ကောင်း လာပြီ၊ ငါ လှုပ်ရှား နိုင်ပါတယ် … ။ ”
ဒဏ်ရာ များမှ အနည်းငယ် သက်သာ လာပြီ ဖြစ်သဖြင့်၊ လက်ရှိ အနေ အထားပေါ် ရှက်စရာ အဖြစ်၊ ခံစားလာ မိသည်။
“ မင်း ဘာလို့ ... ၊ ဒီလောက် အော်နေ ရတာလဲ၊ ငါ ကျောပိုး လာတာပဲ၊ ဘယ်နှစ်ရက် ရှိနေ ပြီလဲ၊ ဒါ ပထမဆုံး အကြိမ် မဟုတ်ဘူး။ ”
“ ဘာ ... နင် ဘာပြော လိုက်တယ်၊ အရူးကောင် အခု ငါ့ကို အောက်ချ ပေးစမ်း ... ။ ”
လင်းယွန် စကားက ဖေးရွယ်ကို ပို၍ ရှက်လာစေ သဖြင့် ရုန်းကန် လိုက်မိသည်။
“ ငါ ... အောက်ချ ပေးချင် ပါတယ်၊ ဒါပေမယ့် မင်းက လိပ် လိုပဲ၊ နဂါး လေးနဲ့ ယှဉ်ရင်၊ အရမ်း နှေးတယ်။
“ ဘယ်က နဂါး လေးလဲ၊ ဘယ်သူလဲ။ ”
နဂါးလေး ဟူသော အမည်ကြောင့်၊ ဖေးရွယ် ခမျာ နားရှုပ် သွားသည်။
“ ဟိုမှာ ... ။ ”
လင်းယွန်မှ နောက်သို့ ပြန်၍ ခေါင်းဆက် ပြလိုက်ရာ၊ ပြုံးလျက် လိုက်ပါ လာသော နဂါး သွေး ကြောင်ကို မြင်လိုက် ရသည်။
သည်ကြောင် စုတ်လား။
အလို မကျ ဟန်ဖြင့် ပါးစပ် ပိတ်ကာ၊ နှုတ်ခမ်း ဆူ မိသည်။ လင်းယွန်မှ ရုတ်တရက် အရှိန် တင်လိုက် သဖြင့်၊ လည်ပင်းအား အမြန် သိုင်းဖက် လိုက်ရသည်။ ယင်းက ဖေးရွယ်ကို လုံးဝ တိတ်ကျ သွားစေ တော့၏။
***