← Chapters

လနတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ်။

Vol. 73 Ch. 1018

လနတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ်။

Vol. 73 Ch. 1018

နေ့တစ်ဝက်ခန့် ကြာ ပြီးနောက်၊ ကောင်းကင်မှ ပုံရိပ် တစ်ရိပ် ဆင်းသက် လာသည်။

“ ဝှစ် ... ။ ”

ထိုပုံရိပ် ရှင်မှာ သန်မာသော ရုပ်ခန္ဓာမျိုး ရှိပြီး၊ သားရဲ အရည်ခွံ များဖြင့် ချုပ်ထားသော အဝတ် အစားကို ၀တ်ဆင် ထား၏။

အရေပြား ပေါ်တွင် အရိုင်း ဆန်သော ရောင်ဝါများ တောက်ပ နေသည်။ ဤလူငယ်မှာ ငရဲ နတ်ဘုရား နယ်၏ ဗိုလ်ချုပ်၊ သားရဲ ဘုရင် နင်းရွှန် ဖြစ်သည်။

နဖူး၌ တတိယ မျက်လုံး ပါရှိသော၊ အနက်ရောင် မျောက် တစ်ကောင်က သူ့ပခုံး ပေါ်တွင် ရပ်နေသည်။

၎င်းမှာ ဒဏ္ဍာရီလာ မျက်လုံး သုံးလုံး နတ်မိစ္ဆာ မျောက်ဝံ မျိုးရိုးမှ၊ ဆင်းသက် လာသည့်၊ သားရဲ ဖြစ်သည်။

နင်းရွှန်က မြေပြင်ရှိ သံမိစ္ဆာ မျောက်ဝံ များကို တစ်ချက် ကြည့်ကာ၊ သေဆုံး သွားပြီ ဖြစ်ကြောင်း အတည်ပြု လိုက်သည်။

ထို့ကြောင့် မျက်နှာ တပြင်လုံး၊ ကြောက်မက်ဖွယ် မည်းမှောင် လာ၏။ အုပ်စိုးရှင် သားရဲ တစ်ကောင်ကို ထိန်းချုပ်ရန် အတွက်၊ ထောင်ပေါင်း များစွာသော နတ်ကြယ် ပုလဲ များကို၊ သုံးစွဲ ခဲ့ရသည်။

“ အောက်တန်းစား ဒေသက၊ ပုရွက်ဆိတ် မင်း ဘယ်လောက်ထိ မောက်မာ ဝံ့မလဲ ... ၊ ငါ ကြည့်မယ်။ ”

မျက်လုံး ထဲ၌ အေးစက်သော အလင်း ရောင်များ တောက်ပ လာပြီး၊ ဒေါသ တကြီး အံကြိတ် မိသည်။

သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း ရောင်ဝါမှာ၊ အခြား သူများကို ကြောက်ရွံ့ သွားစေ နိုင်၏။

လျှပ်စီးဓား နှစ်လက် ပါးရိုက်ခံ ရသည့် သတင်းမှာ၊ ကောင်းကင် လမ်းကို တစ်လျှောက် ပရမ်း ပတာ ဖြစ်လာ စေသည်။

နောက်ဆုံးတွင် သဲဝါ လွင်ပြင်အား ပိတ်ဆို့ကာ၊ ယင်ကောင် တစ်ကောင်ပင် ပေး မထွက်ရန် အမိန့်ရ ခဲ့သည်။

သို့သော် လင်းယွန်မှ ထိတ်လန့် ဖွယ်ရာ အမှုကို ထပ်၍ ပြုလာ ပြန်၏။ သူတို့ သတိထား မိချိန်၌ စစ်မက် နယ်မြေ၏ လက်အောက်ခံ မြင့်မြတ်မြေ များစွာမှ၊ ခေါင်းဆောင် များကို ရန်သူက သတ်ပစ် လိုက်ပြီ ဖြစ်သည်။

ဤသတင်းက သူတို့ အတွက် သွေးအန် မတက်၊ ဒေါသ ထွက်စေသော အရှက်ရ မှုမျိုး ပေပင်။

“ ဝှစ် ... ။ ”

များမကြာခင် စူးစမ်း လိုသော လူ အချို့က မကြောက် မလန့်ဖြင့်၊ ကောင်းကင်မှ ဆင်းသက် လာကာ၊ နင်းရွှန်အား အကဲခတ် လိုက်သည်။

“ တကယ်ပဲ သူ့မှာ နဂါး အရိုး ရှိပုံ ရတယ်။ ”

“ နဂါး အရိုး အစစ်လား ... ၊ အိုး ဟိုး … ဒီအခွင့် အရေးက ကံကောင်း လွန်း ပါတယ်၊ ဒါပေမယ့် သူ ကံဆိုးတယ် မဟုတ်လား။ ”

“ သေချာ တာပေါ့ … ။ ”

“ စစ်မက် နယ်မြေသား တွေက၊ အဲဒီ အရိုးကြောင့်၊ အရူး အမူး အမဲလိုက် နေကြတာ မဆန်း ပါဘူး။ ”

“ လင်းယွန်က ... ၊ သူ တစ်ယောက် တည်းနဲ့ စစ်မက် နယ်မြေ သုံးရပ်ကို ရင်ဆိုင် ရဲတာ မယုံ နိုင်စရာ ပါပဲ။ ”

ထိုလူ များက ငြိမ်သက်စွာ ရပ်လျက် ဒေါသကို ထိန်းချုပ် နေရသော နင်ရွန်းထံ ကြည့်ကာ၊ ဆွေးနွေးလာ ကြသည်။

ဤသို့သော ကစားပွဲ မျိုးကို၊ မည်သူမျှ လက်မလွှတ်ချင် ကြသည်မှာ သဘာဝ ပေပင်။

နှစ်ရက် အကြာတွင် လင်းယွန်နှင့် ဖေးရွယ်မှာ၊ နတ်မိစ္ဆာ ဝံပုလွေ မျိုးနွယ်စု ရှိရာ နယ်မြေသို့၊ ရောက်ရှိ လာသည်။

လူဆိတ် ညံပြီး၊ ကျယ်ပြော လှသော ရှေးဟောင်း စစ်မြေပြင် တစ်ရပ် ဖြစ်သည်။ ဝံပုလွေ အူသံ အချို့မှ လွဲ၍၊ အခြားသော သက်ရှိ အရိပ် အယောင် ကိုမျှ မတွေ့ ရချေ။

နောက်ဆုံးတွင် နတ်မိစ္ဆာ ဝံပုလွေ တစ်ကောင်က၊ သူတို့ လမ်းအား ပိတ်ဆို့လာ တော့သည်။

၎င်း၏ ခန္ဓာ ကိုယ်မှာ ကြီးမားလှ သောကြောင့်၊ တောင်ကြီး တစ်လုံး အလား ထင်မှား မိ၏။

သူ့နောက်တွင် သဲမုန်တိုင်း ကြီးများ ဖြစ်ပေါ်လာ သည်အထိ၊ အဟုန် ပြင်းပြင်းဖြင့် ပြေးလာ နေသော ဝံပုလွေ ရာဂဏန်း ခန့်အား မြင်လိုက် ရသည်။

ချက်ချင်းပင် သူတို့ နှစ်ဦးအား ဝိုင်းရံ လာသည်။ နတ်မိစ္ဆာ ဝံပုလွေ များမှာ၊ ဉာဏ်ရည် ထက်မြက်ပြီး၊ အထူး သဖြင့် အကြီးအကဲမှာ လူသား ပါရမီရှင် တစ်ဦး ကဲ့သို့ ခြိမ်းခြောက် နိုင်စွမ်း ရှိလေသည်။

ထို့ကြောင့် နှစ်ဖက် စလုံးက ရှေ့မတိုး ဝံ့ တော့ဘဲ၊ တစ်ဦးကို တစ်ဦး အချိန် ကြာမြင့်စွာ အကဲခတ် နေမိ ကြသည်။

ထိုစဉ် နဂါးလေးက ရှေ့သို့ ခုန်တက်ပြီး၊ လမ်းပိတ် ထားသော အကြီးအကဲ ဝံပုလွေထံ ဆက်သွယ် သည်။

“ သူ ဘာလုပ် တာလဲ။ ”

ဖေးရွယ်က စိုးရိမ် သွား၏။ မိစ္ဆာ ဝံပုလွေ များနှင့် တိုက်ပွဲ ဖြစ်လာ ပါက၊ စစ်မက် နယ်မြေ သုံးရပ်ကို အချက်ပြ သလို ဖြစ်သွား နိုင်သည်။

“ သူ ညှိနှိုင်းဖို့ ... ၊ ကြိုးစား နေတယ်လို့ ငါ ထင်တယ်။ ”

လင်းယွန်က စိတ် လှုပ်ရှားစွာ ပြန်ဖြေသည်။ နဂါး လေးမှာ အချိန် အများ စုတွင်၊ ပျင်းရိ နေပုံ ရ သော်လည်း၊ ယုံကြည် စိတ်ချ ရသော အဖော်ကောင်း ဖြစ်သည်။

ကြည့်နေစဉ် မှာပင်၊ နဂါးလေးက သိုလှောင်အိတ် ပေါင်း များစွာကို ထွေးထုတ် လိုက်ပြီး၊ အကြီး အကဲအား မော့ကြည့်သည်။

အကြီး အကဲက ဖော်ရွေပုံ မပြဘဲ၊ ခေါင်းညိတ်လျက် ရတနာ များစွာနှင့် သားရဲ အမြုတေ အချို့ကို ရွေးကောက် လိုက်၏။

နာရီဝက် အကြာတွင် နဂါး လေးက ရှုံ့မဲ့ စွာဖြင့်၊ ညှိနှိုင်းမှု အောင်မြင်ကြောင်း အချက် ပြကာ၊ နတ်မိစ္ဆာ ဝံပုလွေ နယ်မြေ အတွင်း ဝင်ရောက်ရန်၊ ဦးဆောင် လိုက်သည်။

“ လဝိညာဉ် ဆေးပင် ... ။ ”

များမကြာခင် လ စွမ်းအင်များ ထူထပ်စွာ ရစ်သိုင်း နေသည့် ရေကန်ကြီး တစ်ကန် အနား ရောက်ရှိ လာသည်။

ရေကန် အနား၌ လဝိညာဉ် ဆေးခင်းကို စောင့်ကြပ် နေသည့်၊ ဝံပုလွေ အိုကြီး များစွာက လင်းယွန်အား ရန်လိုစွာ ကြည့်သည်။

သို့သော် အကြီးအကဲ ဝံပုလွေ၏ ခွင့်ပြုချက် ရရှိ ထားမှန်း သိသဖြင့်၊ တိုက်ခိုက်လာ ခြင်းမျိုး မရှိချေ။ လင်းယွန်နှင့် ဖေးရွယ်က လဝိညာဉ် ဆေးခင်း နားသို့ တိုးကပ်ကာ၊

“ အများ ကြီးပဲ။ ”

-ဟု တုန်လှုပ်စွာ ရေရွတ် လိုက်မိသည်။

ဆေးခင်း ပမာဏမှာ၊ ဖေးရွယ်အား အသက်မဲ့ သွားစေ၏။ အနည်းဆုံး အပင်ရေ (၃၀၀) ခန့် ရှိနိုင် သည်။

“ မင်း ... လိုလား၊ ငါးပင်လောက် ယူလို့ ရပါတယ်၊ ငါနဲ့ နဂါးလေး ကတော့ တစ်ယောက် ဆယ့်ငါးပင် ယူမယ်။ ”

လင်းယွန် စကားကြောင့်၊ ဖေးရွယ် ခမျာ မျက်လုံးပြူး သွားသည်။

“ ဒီလောက် အများကြီးကို နင်က သန့်စင်ချင် နေတာလား၊ စိတ်ကူး မယဉ် မနေနဲ့၊ လဝိညာဉ် ဆေးပင်တွေက အဆိပ် ပြင်းတယ်၊ ... ”

“ ... အချိန်တို အတွင်း အများဆုံး သုံးပင်ထက် ပိုပြီး မသန့်စင် နိုင်ဘူး၊ မဟုတ်ရင် ပေါက်ကွဲပြီး သေလိမ့်မယ်။ ”

“ သုံးပင် ... ။ ”

လင်းယွန်က တွေဝေ သွားသည်။

“ ဘာပဲ ဖြစ်ဖြစ် ... ၊ လနတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ်ကို၊ ဆုပ်ကိုင် နိုင်ရင်တော့ စွန့်စား ရတာ ထိုက်တန် ပါတယ်။ ”

စကားဆုံး သည်နှင့်၊ လဝိညာဉ် ဆေးပင် (၃) ပင်အား နှုတ်ယူကာ ဝါးစား လိုက်သည်။ အရည် မျိုချ မိချိန်၌ အလင်းများ ဖြာထွက် လာပြီး၊ သွေးကြောများ ပေါက်ကွဲ တော့မည်ဟု သတိပေး လာသည်။

ချွေးပေါက်များ အတွင်းမှ၊ အခိုး အငွေ့များ တိုးထွက် လာကာ၊ မြူ အဖြစ်သို့ ပြောင်းလဲသွား တော့သည်။

ဖေးရွယ် ပြောခဲ့ သလိုပင်၊ လဝိညာဉ် ဆေးပင်မှာ အလွန် အစွမ်းထက် ချေ၏။ ခန္ဓာ ကိုယ် အတွင်း ချက်ချင်း အစွမ်းပြ လာသည်။

၎င်း၏ အာနိသင်ကို၊ အလော တကြီး ဖိနှိမ်ပစ် လိုက်ရသည်။ ထူးခြားသော သဘာဝ ဖြစ်စဉ်များ စတင် ပေါ်ပေါက် လာပြီး၊ လမင်း တစ်စင်း ဖြစ်တည် လာ၏။

ဖြစ်စဉ် များမှာ မှုန်ဝါး နေ သဖြင့်၊ အများ စုကို သူနား မလည် နိုင်ပေ။

“ မလုံလောက် ဖူးလား။ ”

ထို့ကြောင့် လက် ဝှေ့ယမ်းကာ၊ လဝိညာဉ် ဆေးပင် များအား ပါးစပ်ထဲ ထပ်၍ ထည့်လိုက် သည်။ များ မကြာခင် အရေ ပြား တစ်လျှောက် အက်ကွဲလျက်၊ အလင်း တန်းများ ဖြာထွက် လာ၏။

“ ဒါက ကြောက်စရာပဲ ... ။ ”

မျက်နှာ တစ်ပြင်လုံး ရှုံ့တွ သွားပြီး၊ သူ့ကိုယ်သူ ကာကွယ်ရန် အတွက်၊ သူတော်စင် နဂါး ချပ်ဝတ်အား ဆင့်ခေါ် လိုက်ရသည်။

“ ကန့်သတ်ချက် ရောက်နေပြီ၊ မင်း ထပ် စားလို့ မရဘူး။ ”

ဖေးရွယ်က စိတ်ပူ စွာဖြင့် သတိပေး လာသည်။

“ မဟုတ်ဘူး ... ၊ ဒါက ငါ့ ကန့်သတ်ချက် မရောက် သေးဘူး၊ ဒါပေမယ့် မကြာခင် ရောက် လိမ့်မယ်။ ”

အံကြိတ်လျက် ဆေးပင် များကို ဆက်၍ စားသုံး လိုက်ပြန်သည်။ မျက်စိ တစ်မှိတ် အတွင်း၊ အပင်ရေ (၃၀) ကျော် သွား၏။

ဤလုပ်ရပ်ကို မြင်သော အခါ ဝံပုလွေအို ကြီးများက သည်းမခံနိုင် တော့ပေ။ ထို့ကြောင့် နဂါးလေးမှာ နာကျင် စွာဖြင့်၊ ရတနာ များကို ထပ်၍ ထုတ်ပေး လိုက်ရသည်။

အဆုံးတွင် နဂါး ဝိုင်ကို ထုတ်ပေး လိုက်မှသာ၊ ဝံပုလွေ အားလုံး လင်းယွန်အား၊ မေ့လျော့ သွားကုန်၏။ ရနံ့ ဖြင့်ပင် သူတို့ ခွန်အား များ တိုးလာ နေပြီ ဖြစ်သည်။

ထိုအချိန်တွင် လင်းယွန် ခန္ဓာ ကိုယ်၌၊ အကန့် အသတ် မရှိသော၊ လရောင်များ ဖုံးအုပ် နေကာ၊ အနီရောင် ပြောင်းလဲ သွားသည်။ အရိုးများ အက်ကွဲလု နီးနေပြီ ဖြစ်၏။

“ ရောက်တော့မယ်၊ ရောက်တော့မယ်။ ”

အမျိုး မျိုးသော ဖြစ်စဉ် များကို၊ အံကြိတ်လျက် စောင့်ကြည့် နေစဉ်၊ ဆေးပင် များအား ဆက်၍ စားနေ မိခဲ့သည်။

အရေ အတွက် တစ်ရာ ပြည့်သွား ချိန်၌ အရေပြား အက်ကွဲကြောင်း များမှ၊ သွေးများ စိမ့်ထွက် လာတော့၏။

သို့သော် ကံကောင်း ထောက်စွာဖြင့်၊ နဂါး အရိုးရှိ နတ် ရူရ်က၊ ဆေးပင်၏ အဆိပ် များကို စစ်ထုတ် ပေးလာ တော့သည်။

“ နင် ... ၊ အခု ... ချက်ချင်း ရပ်သင့်ပြီ လင်းယွန်။ ”

လဝိညာဉ် ဆေးပင် အကြောင်း၊ ဤအရူးကို ပြောပြ မိသော ဖေးရွယ် ခမျာ၊ သူမကိုယ် သူမ အပြစ်တင် လိုက်မိ၏။

“ စိတ်မပူ ပါနဲ့ ... ။ ”

လင်းယွန်မှ တုန့်ပြန်၏။ ဝေဒနာကြောင့် စကား အများကြီး မပြော ချင်ချေ။ ဆေးပင်များ အလွန် အကျွံ စားသုံး မိ သဖြင့်၊ များမကြာခင် မြေပြင်ပေါ် လဲကျ သွားတော့သည်။

အဆိပ် များကို နတ် ရူရ်မှ မနှိမ်နင်း နိုင်တော့သည့် အဆင့်သို့၊ ရောက်ရှိ သွားခြင်း ဖြစ၏။

ဝံပုလွေ မျိုးနွယ်စုမှာ တုန်လှုပ် စွာဖြင့်၊ ပတ်ဝန်း ကျင်၌ စုရုံး လာသည်။ သူတို့တစ်သက် ဤမျှ လူ မဆန်သော၊ လူသား တစ်ယောက်ကို မတွေ့ဖူး ခဲ့ချေ။

ထို့ကြောင့် နဂါးလေးမှာ နဂါးဝိုင်ကို တစ်လုံးပြီး တစ်လုံး ထုတ်လျက်၊ ဧည့်ခံ နေရ လေသည်။

နဂါးဝိုင် သောက်ကာ၊ လင်းယွန်ကို စောင့်ကြည့် ရခြင်း အပေါ်၊ ဝံပုလွေတိုင်း အကြိုက် တွေ့လာ တော့၏။

စိတ်လှုပ်ရှားမှု မြှင့်တက်လာ ချိန်တွင်၊ နဂါးသွေး ကြောင်ထံ လှည့်ကြည့် ကြသည်။ နဂါး လေးမှ မချိ ပြုံးဖြင့် နဂါး ဝိုင်ကို ထပ်၍ ထုတ်ပေး ရ၏။

ဤမြင်ကွင်းမှာ သည်းထိတ် ရင်ဖိုဖွယ် ဖြစ်စဉ် များကို ဝိုင်သောက်ပြီး၊ ခံစား နေခြင်းနှင့် တူလာသည်။

ကောင်းကင်၌ လမင်း ထွက်လာ ချိန်တွင်၊ လင်းယွန် နောက်၌ လမင်း တစ်စင်း ဖြစ်တည် လာသည်။

“ အဟွတ် ... ဟွတ်၊ ဝေါ့ ... ။ ”

ထိုအချိန်တွင် အရိုးများ အက်ကွဲ ကုန်ပြီ ဖြစ်သဖြင့် သွေးချောင်းများ ဆိုးလာ၏။ လက်ရှိ အခြေ အနေမှာ ဆိုးရွားလွန်း သောကြောင့်၊ ဒုက္ခိတ ဖြစ်လု နီးနီး ဖြစ်နေသည်။

ဤအချိန်၌ ရောင်ဝါ သမုဒ္ဒရာရှိ ကြယ်မိစ္ဆာ ပန်းများ ပွင့်လာပြီး၊ အဆိပ် များကို စစ်ထုတ်ရန် ကြယ် မီးတောက်များ စတင် ထုတ်လွှတ် တော့၏။

“ ..... ။ ”

တစ်စုံ တစ်ရာကို၊ မသဲ မကွဲ အော်ဟစ် မိသော ဖေးရွယ် ခမျာက၊ သူ့ နှုတ်ခမ်းကို အမြန် ပြန်ကိုက် လိုက်ရသည်။

စည်းချက်ကို အနည်းငယ် မျှပင်၊ အနှောက် အယှက် မဖြစ်စေ လိုချေ။ မဟုတ် ပါက မတွေး ဝံ့ စရာ၊ အဆုံး သတ်သွား နိုင်၏။

လက်ရှိ ဖြစ်စဉ်မှ၊ အသက်ရှင် နိုင်သော်၊ ခွန်လွန် နယ်မြေအား ကိုင်လှုပ် နိုင်မည့်၊ ဘီလူး အဖြစ်သို့ ပြောင်းလဲ သွားမည် ဖြစ်သည်။

“ အဲ့ဒီ ကောင်မလေး ... ။ ”

ယခု အချိန်၌ တစ်ကြိမ် တစ်ခါမျှ မဖြစ် ဖူးသော ခံစား ချက်များ ဝင်ရောက် လာသည်။ ယွဲ့ဝေဝေအား မနာလို တော့ခြင်း ဖြစ်၏။

ကြယ်မိစ္ဆာ ပန်းများ အသက် ဝင်လာ သကဲ့သို့၊ ခရမ်းရောင် ပန်းများ ပွင့်နေသော၊ အပြာရောင် သစ်ပင်ကြီး တစ်ပင် သည်ပါ၊ ထွက်ပေါ် လာသည်။

ထို့ကြောင့် လဲနေသော ခန္ဓာ ကိုယ်အား ပြန်၍ ထူမတ် လာနိုင်၏။ သို့သော် သွေးများ ယိုစိမ့် နေဆဲ ဖြစ်ပြီး၊ အချိန် မရွေး အသက် ဆုံးရှုံး နိုင်သည့်၊ အခြေ အနေ ဖြစ်သည်။

ဤသို့ဖြင့် သုံးရက် ကြာအောင် တည်ရှိ နေခဲ့သည်။ ထို (၃)ရက် အတွင်း လင်းယွန်၏ ပါးစပ် မှာ၊ အငြိမ် မနေချေ။

လဝိညာဉ် ဆေးပင် များကို စားသုံး နေဆဲဖြစ် သဖြင့်၊ ဆေးခင်းမှ အပင်ရေ (၂၀၀) ခန့်၊ လျော့ကျ သွားပြီ ဖြစ်သည်။

ယခု အချိန်၌ နဂါး လေးမှာ ရူးချင်ယောင် ဆောင်လျက်၊ မျက်လုံး မှိတ်ကာ ကျင့်ကြံနေ တော့သည်။ ဝံပုလွေ မျိုးနွယ်စု၏ ဒေါသကို၊ ပြေပျောက်အောင် သူ မစွမ်းနိုင် တော့ချေ။

“ အောင် မြင် ပြီ ... ။ ”

ရုတ်ရက် လင်းယွန် နောက်မှ တောက်ပ နေသော လမင်းမှာ၊ အပိုင်းပိုင်း ကွဲအက် ကုန်ပြီး မျက်လုံးများ ပွင့်၏။

လက်ဖဝါး ပြင်၌ လရောင်များ စိမ့်ထွက် နေသည့် တံဆိပ် တစ်ခု ရှိနေသည်။ ၎င်းတံဆိပ် တွင် မွန်မြတ်သော ရောင်ဝါနှင့် ငွေရောင် ဖီးနစ်များ ပါရှိသည်။

ရွှေကျီးကန်းနှင့် ယှဉ်နိုင်သော နတ်ဘုရား ငှက်မျိုးစိတ် ဖြစ်၏။ လင်းယွန်က ဖြည်းညှင်းစွာ ထရပ် လိုက်ပြီး၊ မူလ စွမ်းအင်ကို ဖြန့်ထုတ် သည်။

ဒဏ်ရာ များမှ အဆုံးသတ် သွေးများ စီးကျ လာပြီး၊ လျင်မြန် လွန်းသော အဟုန်ဖြင့် ပြန်၍ သက်သာ လာတော့သည်။

ဤသည်မှာ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်ကို ထိတွေ့ နိုင်ပြီဟု၊ အဓိပ္ပါယ် ရ၏။ ပျော်ရွှင် မှုမှာ အတော မသတ် နိုင်ချေ။ ယင်းကို ဓားဖြင့် အစားထိုးကာ ‘နေလဓား’ အဖြစ် အသုံးပြု နိုင်ပေ တော့မည်။

နဂါး အရိုး၊ ကောင်းကင် ဓားနှင့်၊ စင်ကြယ်သော ဝိညာဉ်တော် အဆင့်၊ နေလဓား တို့မှာ၊ ကောင်းကင်လမ်း အဆုံးတွင် ရပ်တည် နိုင်အောင်၊ သူ့အား ကူညီ နိုင်ပြီ ဖြစ်လေသည်။

***

All Chapters