← Chapters

သူတို့ အားလုံးကို သတ်။

Vol. 73 Ch. 1019

သူတို့ အားလုံးကို သတ်။

Vol. 73 Ch. 1019

လင်းယွန် လက်ဖဝါး ပေါ်တွင်၊ ငွေရောင် တံဆိပ် တစ်ခု ဖြစ်တည် နေသည်။ တံဆိပ် ထံမှ ဖြာကျ နေသော အရောင်မှာ၊ သူ့အား ဖုံးအုပ်နေ သဖြင့်၊ သာမန်ထက် ပို၍ တင့်တယ် နေပုံ ရ၏။

ဝံပုလွေ များက၊ ထိုမြင်ကွင်းကို ထိတ်လန့် စွာဖြင့်၊ ကြည့်နေ ကြသည်။ လင်းယွန်ကို ကြည့် မရသော ဝံပုလွေအို ကြီးများပင်၊ လေစား လာ၏။

လဝိညာဉ် ဆေးပင် ဟူသည်၊ သူတို့၏ မြင့်မြတ်သော ဆေးဘက်ဝင် ရတနာ ဖြစ်ပြီး၊ ဤရေကန်သည် အထွတ် အမြတ် ထားရာ၊ အရပ် ဖြစ်သည်။

ယင်းသို့သော မြင့်မြတ် မြေ၌ အဆိုပါ ဖြစ်စဉ်မျိုး၊ မမြင်တွေ့ ရတော့သည်မှာ၊ နှစ် များစွာ ကြာခဲ့ပြီ ဖြစ်သည်။

အပြင် လူ တစ်ဦးက၊ ဤဖြစ်စဉ်ကို ဖန်တီး နိုင်ခဲ့ သည်မှာ မယုံ နိုင်စရာ ပေပင်။ လင်းယွန်မှ ရေကန်ပေါ် နေရာ ရွေ့ကာ၊ လ နတ်ဘုရား လက်သီးကို၊ စတင် လေ့ကျင့်သည်။

နေနတ် ဘုရား လက်သီးကို ကျွမ်းကျင် နေသောကြောင့်၊ အခက်အခဲ မရှိချေ။ လက်ဖဝါး ပြင်တွင်၊ လနတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ်မှာ၊ တောက်ပစွာ ဖြစ်တည် လာသည်။

နေနတ်ဘုရား လက်သီး ပုံစံ များမှာ၊ အရုဏ်တက် ချိန်မှ စကာ၊ နေဝင်ချိန် အထိ ပြောင်းလဲ သွားခြင်း ဖြစ်သည်။

လနတ် ဘုရား လက်သီး အတွက်မူ၊ လပြည့်နေ့ နှင့် စကာ၊ လပြည့်ည ဖြင့်ပင် အဆုံး သတ် သည်။

“ လ ရ နံ့ ... ။ ”

လပြည့် လာစဉ် ပန်း ရနံ့များ သင်းပျံ့ လာသည်။ ဤသည်မှာ လနတ် ဘုရား လက်သီး မှ၊ ပထမဆုံး ဖြစ်စဉ် ဖြစ်၏။

“ အရှိန် အဟုန် မြှင့်တက် လာသော လမင်းကြီး။ ”

ထို့နောက်တွင် ကောင်းကင်သို့ ပျံတက် သွားကာ၊ အပြစ် ကင်းစင်သော လမင်း ကြီးကို လက်၌ ထင်ရှား လာစေ၏။

ဤသည်မှာ ဒုတိယ ပုံစံ ဖြစ်သည်။ စောင့်ကြည့် နေသော ဖေးရွယ် အမူ အရာမှာ၊ လေးနက် သွားသည်။

လင်းယွန်နှင့် ယုဟိုရှင်း တို့ကြားတွင်၊ ကြီးမားသော ခြားနားချက် တစ်ခု ရှိနေ သည်ကို တွေ့ရှိ လိုက်ရ၏။

ယုဟိုရှင်း ဖြစ်စဉ်မှာ၊ မိစ္ဆာ ရောင်ဝါကို အလေးပေး သဖြင့်၊ မရဏ အငွေ့ အသက်များ ပါရှိ လေသည်။

လင်းယွန် ဖြစ်စဉ်တွင် မြင့်မြတ် ခြင်းနှင့် ကြည်ညို ခြင်းများ အပြည့် ရှိသည်။ ဤသည်မှာ စစ်မှန်သော လနတ် ဘုရား ဖျက်ဆီးခြင်း တံဆိပ်ပင် ဖြစ်နိုင်သည်။

လင်းယွန်၏ ထိုးထွင်း ဖန်တီးနိုင် စွမ်းကြောင့်၊ စွမ်းအားများ ဆင့်ကဲ ပြောင်းလဲ လာခြင်းလည်း ဖြစ်နိုင်၏။

လက်ရှိ ဖြစ်စဉ်များ အရ၊ လနတ် ဘုရား လက်သီးမှာ၊ အလွန် လေးနက်ပြီး၊ ထိတ်လန့် စရာ ကောင်းပေသည်။

ရုတ်တရက် ကောင်းကင် အနှံ့၊ အငွေ့ အသက် တစ်ခု စတင် ပျံ့နှံ့ လာပြီး၊ ကြယ်များ ကြွေကျ လာ၏။

ဤသည်မှာ လနတ် ဘုရား လက်သီး၏ ‘ကြယ်တံခွန် လမင်း’ဟု ခေါ်သော၊ တတိယ ပုံစံ ဖြစ်သည်။

ယင်းဖြစ်စဉ်က မိစ္ဆာ ဝံပုလွေ မျိုးနွယ်စုကို၊ ကြောက်ရွံ့ မှုများ ဖြစ်ပေါ် လာစေ၏။ တစ်ဖက် တွင် လင်းယွန်မှာ မရပ်တန့် သေးချေ။

“ ဖောင်း ... ။ ”

ပြုံးလျက် လမင်းကို လေထဲ တွင်ပင်၊ ဖျက်ဆီး ပစ်လိုက်သည်။ ၎င်းကို မြေပြင်ပေါ် သက်ဆင်းခွင့် ပြုလိုက် ပါက၊ သူ့ ခန္ဓာမှာ ဝံပုလွေ များ၏၊ ညစာ ဖြစ်သွား ပေမည်။

နေနတ်ဘုရား လက်သီး ကဲ့သို့ပင်၊ လနတ်ဘုရား လက်သီးတွင် ‘ထာဝရ လမင်း’ဟု ခေါ်သော၊ ဖြစ်စဉ် (၉) ရပ်အား ပေါင်းစည်း ထားသည့်၊ ပုံစံ တစ်ရပ် ပါရှိသည်။

“ ထာဝရ လမင်း။ ”

လင်းယွန်က ရေကန်ကို ကြည့်ကာ၊ ရေရွတ် လိုက်သည်။ လနတ်ဘုရား လက်သီး ပုံစံများက၊ သူ့ စိတ်ထဲ ပေါ်လာ တော့၏။

ထိုစဉ် ကိုယ်ခံ ပညာ နှစ်ရပ်မှာ၊ ဖြည်းညှင်းစွာ ပေါင်းစပ် နေ သည်ကို၊ ခံစား လိုက်မိသည်။

“ ငါ သိ ပြီ … ။ ”

လင်းယွန်က ပြုံး၏။ နေနှင့် လမှာ သဘာဝခြင်း မတူချေ။ သို့သော် တစ်ဖက်ကို တစ်ဖက် အားဖြည့် ပေးနိုင်သည်။

လက်သီး နည်းစနစ် နှစ်ရပ်အား၊ ကျွမ်းကျင်စွာ တတ်မြောက်သွား ပြီးနောက်၊ ဉာဏ် အလင်း ပွင့်လာခြင်း ဖြစ်သည်။

ကံကြမ္မာ ကိုယ်ခံ ပညာ၏ အထွတ် အထိပ်သို့ ရောက်နိုင်ကြောင်း၊ သဘောပေါက် မိသည်။

ထို့ကြောင့် တူညီသော နယ်ပယ်မှ၊ ပြိုင်ဘက်များ၏ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာရပ် များကို၊ ကြောက်ရွံ့ နေစရာ မလို တော့ချေ။

စိတ်လှုပ်ရှား စွာဖြင့်၊ ကျောက်စိမ်းတုံး နှစ်တုံးကို ထုတ်ယူ လိုက်သည်။ ၎င်းတို့ကို ပေါင်းစည်း ရမည် ဖြစ်၏။

ဤသို့ လင်းယွန် တစ်ယောက် နားလည်မှု အသစ် ရှာဖွေ နေစဉ်၊ ငရဲ နတ်ဘုရား နယ်မြေမှ ကွျမ်းကျင် သူများ ရောက်ရှိ လာသည်။

ကောင်းကင် အပြည့် လူရိပ်များ ပြည့်နှက်လာ သဖြင့်၊ ဝံပုလွေ များအား စိတ် မသက် မသာ ဖြစ်သွား စေသည်။

နင်းရွှန်၏ ကျေးကျွန် များနှင့်၊ မြင့်မြတ် နယ်မြေမှ၊ အထက် တန်းစားများ အားလုံး၊ ပါဝင် လာခဲ့၏။

ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ များက၊ နတ်မိစ္ဆာ ဝံပုလွေ များ၏ နယ်မြေကို၊ ဖုံးလွှမ်း သွားသည်။

လင်းယွန် တစ်ယောက် ရောင်ဝါကို၊ မတော်တဆ ထုတ်ဖော် မိသောကြောင့်၊ တည် နေရာအား ရှာတွေ့ သွားခြင်း ဖြစ်သည်။

၎င်းတို့မှာ ကျေးကျွန် များသာ ဖြစ် သော်လည်း၊ ခွန်အားမှာ မြင့်မြတ်မြေ အထက် တန်းစား များ ထက်ပင်၊ သာလွန်သည်။

ကောင်းကင် ပေါ်ရှိ၊ လူရိပ် များကို၊ မော့ကြည့် လိုက်သော အခါတွင်၊ ဖေးရွယ် တစ်ယောက် မျက်နှာ ဖြူဖျော့ သွားသည် ။

အုပ်စိုးရှင် နတ်ဆိုး သားရဲ များနှင့်၊ မြင့်မြတ်မြေ များကို ဖယ်လိုက် ပါလျှင်၊ စစ်မက် နယ်မြေမှ ကျွမ်းကျင်သူ (၇)ယောက် ပါဝင်သည်။

ထိုအင်အား ပမာဏသည် မိစ္ဆာ ဝံပုလွေ မျိုးနွယ်စု ကိုပင်၊ စိတ်မသက် မသာ ဖြစ်လာ စေနိုင် သည်။

လက်ရှိ အခင်း အကျင်း မျိုးဖြင့် နှိုင်းယှဉ် ရသော်၊ ယခင် တိုက်ခိုက် ပွဲများ အားလုံးမှာ၊ ကလေး ကစားသည့် အဆင့် ၌သာ ရှိပေ၏။

“ တကယ့်ကို ထိတ်လန့် စရာ၊ လူအင်အား မျိုးပဲ၊ ဒါပေမယ့် မင်း ပြောတဲ့ ဗိုလ်ချုပ် ပါမလာ တာတော့၊ နှမျော စရာ ... ။ ”

ကောင်းကင်မှ ပုံရိပ် များကို မော့ကြည့်လျက်၊ လင်းယွန် တစ်ယောက် ဖေးရွယ် အနား ရောက်ရှိ လာသည်။

“ လေကြွား မနေနဲ့၊ ငါတို့ အခု ချက်ချင်း ထွက်သွား ရမယ်၊ သူတို့က နင်းရွှန်ရဲ့ အထက် တန်းစား ကျေးကျွန် တွေပဲ၊ ဒါက သူ ဒီနေရာနဲ့ မဝေးတော့ ဖူးလို့ ဆိုလိုတာ ... ။ ”

ဖေးရွယ်က အလောတကြီး ဆိုသည်။ နင်းရွှန် မရောက်ခင် ဤနေရာမှ ထွက်သွား ချင်၏။

“ နေဦး ... ။ ”

လင်းယွန်က အေးစက်စွာ ပြုံးလိုက်သည်။ ထိန်းချုပ် ထား သမျှ၊ ပေါက်ကွဲချိန် တန်ချေပြီ။ မိုရွှမ်နှင့် ဟန်လဲ့အား အသက် ချမ်းသာ ပေးခြင်း ဖြင့်၊ ရန်မီး မပွား စေရန်၊ ရည်ရွယ် ခဲ့သည်။

သေဆုံးသူ မရှိ သ၍ နှစ်ဖက်စလုံး၊ နောက်ပြန် လှည့်နိုင်၏။ သို့သော် သူ့ ဆန္ဒကို စစ်မက် နယ်မြေ များက၊ လျစ်လျူရှု သည်။

သည့်ထက် ပို၍ သည်းခံ နေပါက၊ ကြောက်နေ သည်ဟု၊ ထင်သွား ပေလိမ့်မည်။ ထို့ကြောင့် စစ်မက် နယ်မြေ ဖြစ်လျှင်ပင်၊ သူ့ ဒေါသကို မြည်းစမ်း ရ ပေမည်။

“ နင် ... နင် ၊ ဘာလုပ် မလို့လဲ။ ”

ရုတ်တရက် သူ့လက်ကို လင်းယွန်မှ လှမ်းကိုင် လာသဖြင့်၊ ဖေးရွယ် တစ်ယောက် တုန်တုန် ယင်ယင်ဖြင့်၊ ပြန်မေး မိ၏။

“ ဘာလုပ် ရမှာလဲ၊ သွား ... သတ် မို့လေ။ ”

စကားဆုံး သည်နှင့်၊ ရွှေကျီးကန်း အသွင်ပြောင်း လဲခြင်း ကိုးမျိုးအား၊ ထုတ်ဖော် လိုက်သည်။

“ ဝှစ် ... ။ ”

ထို့နောက် ရွှေရောင် အလင်း အသွင် ပြောင်းလဲကာ၊ ဖေးရွယ် နှင့်အတူ ကောင်းကင် ပေါ် ပျံတက် လိုက်သည်။

တစ်နာရီ အကြာတွင် နှစ်ဦးသား၊ မြေပြင်ပေါ် ဆင်းသက် လိုက်ပြီး၊ နတ်ဆိုး လင်းတ များနှင့် ရင်ဆိုင် လိုက်သည်။ ထို့စဉ် ကောင်းကင်မှ နေ၍၊

“ ဟေး ... ၊ အဲဒါ သူခိုး စုံတွဲပဲ၊ သူတို့ကို မလွတ် စေနဲ့။ ”

-ဟု အော်ဟစ် သတိ ပေးသံ ထွက်ပေါ် လာသည်။

ထိုသို့ အော်ဟစ် လာသူမှာ၊ ရွှေရောင် ချပ်ဝတ် တစ်ထည်ကို ဝတ်ဆင် ထား၏။ ၎င်းမှာ ငရဲ နတ်ဘုရား နယ်မြေကို ဦးဆောင် လာသော၊ အထက် တန်းစား တစ်ဦး ဖြစ်သည်။

နယ်ပယ် အတွက် ပံ့ပိုး ကူညီမှု များစွာ လုပ်ဆောင် ပေးထား သောကြောင့်၊ နာမည်ကြီး ‘အလင်းနက် တိုက်ပွဲဝင် ချပ်ဝတ်’ ကို၊ ဝတ်ဆင် ခွင့် ရခဲ့သည်။

“ နင် ဘယ်သူ့ကို သူခိုးလို့ ပြောလိုက် တာလဲ။ ”

ဖေးရွယ်က ဒေါသထွက် လာပြီး၊ ချက်ချင်း ခွန်းတုန့်ပြန် လိုက်သည်။

“ သားသတ် သမားနဲ့ မြွေဟောက်မ ... ၊ ငါတို့က ဘယ်သူ့ကို ရည်ညွှန်း နေတယ် ဆိုတာ မသိ ဖူးလား။ ”

ခေါင်းဆောင် လူငယ် ဘေးရှိ၊ မီးခိုးရောင် ဝတ်ဆင် ထားသော လူငယ်က၊ ဖေးရွယ်အား အေးစက်စွာ စိုက်ကြည့်ပြီး ပြန်ဖြေသည်။

“ နင်တို့တွေ လွန် မလာနဲ့၊ ငါ ကောင်းကင် လမ်းက ထွက်သွား ပြီးရင်၊ နင်တို့ ဒုက္ခရောက် လိမ့်မယ်။ ”

ဖေးရွယ်က ပြန်၍ ခြိမ်းခြောက် လိုက်သည်။

“ စိတ်ဝင် စားစရာပဲ ... ၊ ”

မီးခိုးရောင်ဝတ် လူငယ်မှာ ထိတ်လန့်ပုံ မရချေ။ ပြုံးလျက်၊

“ ဟမ့် ... ၊ စစ်မက် နယ်မြေ တွေက ခွန်လွန်ဘုံမှာ၊ အာဏာ မရှိ ဖူးလို့ ထင်နေလား၊ နင့်ကို အရှင် လတ်လတ် အရေခွံ ဆုတ် ရဲတယ်။ ”

-ဟု ဆိုလိုက်သည်။

“ တစ်ယောက်က ... ၊ နတ်ဘုရား အသွေးတော် သစ်သီးကို ပိုင်ပြီး၊ တစ်ယောက် မှာ နဂါး အရိုး စစ်စစ် ရှိတယ်၊ ... ”

“ ... ဒါနဲ့ များတောင် ငါတို့ လက်က၊ လွတ်မယ်များ ထင်နေ တာလား၊ နုံအ လိုက်တာ ကျွတ် ... ကျွတ် ၊ ... ”

“ ... မင်းတို့ရဲ့ ရတနာ တွေကို လွှဲပေးပြီး အသက် အတွက် ဒူးထောက်ပါ၊ ဒါဆို စဉ်းစား ပေးနိုင်တယ်။ ”

မီးခိုးရောင် ဝတ် လူငယ်က၊ ဖေးရွယ်ထံ ပြန်ကြည့်ပြီး၊

“ မင်းတို့ မျိုးနွယ် စုက၊ အတော်လေး ထက်မြက် တယ်လို့ ငါကြားတယ်၊ ငါ့ ထံမှာ ဒူးထောက်ရင်၊ မင်းရဲ့ အသက်ကို နှမြောဖို့ ဗိုလ်ချုပ်ကို စည်းရုံး ပေးမယ်။ ”

ညစ်နွမ်းသော အပြုံးဖြင့်၊ စည်းရုံး လေသည်။

“ တိတ်စမ်း ... ။ ”

ဖေးရွယ် တစ်ယောက် ဒေါသကြောင့်၊ တစ်ကိုယ်လုံး တုန်ယင် သွားကာ၊ အော်ငေါက် ပစ်၏။

“ ဟား ဟား ဟား ... ။ ”

သူတို့က လင်းယွန်နှင့် ဖေးရွယ်ကို၊ မျက်လုံးထဲ ထားပုံ မရချေ။ လှောင်ပြောင် ရယ်မော လိုက်ကြသည်။

“ မင်းတို့ ဘာလို့ ခုထိ ... ၊ ဒူးမထောက် သေးတာလဲ ဟမ့် ... ။ ”

အာဏာသံ ပါသော အမိန့်ပေး သံက၊ ရွှေချပ်ဝတ် လူငယ်ထံမှ ထွက်ပေါ် လာပြန်၏။ သားကောင်ကို တွေ့ရှိပြီ ဖြစ်ကြောင်း၊ နင်းရွှန် ထံ သူအသိ ပေးပြီး ဖြစ်သည်။

“ မင်း ဘယ်သူ့ကို ... ၊ သတ်ချင်လဲ။ ”

သို့သော် လင်းယွန်က သူ့အား၊ လျစ်လျူရှု လိုက်ပြီး၊ ဖေးရွယ်ထံ လှည့်ကာ မေး လေသည်။

“ အကုန်လုံး ... ။ ”

ဖေးရွယ်မှ ပြန်ဖြေ၏။ ယခု အချိန်၌ ဒေါသကို၊ မထိန်းနိုင် တော့ချေ။ သို့သော် လက်ရှိ အခြေ အနေအား သတိဝင် လာကာ၊ ချက်ခြင်း နောင်တရ သွားသည်။

“ မင်းပြောတာ မှန်တယ်၊ ငါတို့ အားလုံးကို သတ်သင့်တယ် ။ ”

လင်းယွန်က သူမ စကားကို ခေါင်းညိတ် သဘောတူ လာ၏။ ထို့စဉ် အထက်ပါ စကား ကြောင့်၊ ငရဲ နတ်ဘုရား နယ်မြေသား များမှာ၊ ဒေါသများ တောက်လောင် လာတော့သည်။

***

All Chapters