← Chapters

သွေးဆာ နေသော ဓားမိစ္ဆာ။

Vol. 73 Ch. 1020

သွေးဆာ နေသော ဓားမိစ္ဆာ။

Vol. 73 Ch. 1020

“ မင်းပြောတာ မှန်တယ်၊ ငါတို့ အားလုံးကို သတ်သင့်တယ် ။ ”

လင်းယွန်မှ သတ်ဖြတ် လိုခြင်း၊ ရည်ရွယ်ချက်ကို ထုတ်ဖော်လျက်၊ ငရဲ နတ်ဘုရား နယ်မြေ ကြားနိုင် လောက်အောင် ပြောဆို လိုက်သည်။

“' ငါတို့ အားလုံးကို သတ်ပစ် မလို့ ဟုတ်လား၊ မင်း သေချင် နေတာပဲ၊ မင်းကို ဖမ်းမိတဲ့ အခါ၊ သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားစေ ရမယ်။ ”

မီးခိုးရောင် ဝတ် လူငယ်မှ၊ ပြန်လည် အော်ဟစ် လာသည်။ သူ့ဘေးရှိ ခေါင်းဆောင် လူငယ်က၊

“ ယင်ယန် သုခဘုံရဲ့၊ အမှိုက် နှစ်စကို အနိုင်ယူ နိုင်တာ နဲ့ပဲ၊ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေ တာလား၊ ဟမ့် ... ။ ”

-ဟု ဆိုလာ တော့၏။

“ ဘယ်လို ကြွားဝါ ခြိမ်းခြောက် ရမယ် ဆိုတာ၊ မင်း တကယ် သိတာပဲ၊ အခု ချက်ချင်း ထွက်ပြေး တာက၊ မင်း အတွက် အကောင်း ဆုံးပဲ၊ မဟုတ်ရင် သေရ လိမ့်မယ်။ ”

လင်းယွန်မှ အေးစက် စွာဖြင့် သတိ ပေးသည်။ ထိုစကားကြောင့် ခေါင်းဆောင် လူငယ်မှာ ဒေါသ ထွက်လာပြီး၊ ပြန်၍ အော်ငေါက် လာသည်။

“ တိတ်စမ်း၊ မင်းက စစ်ပွဲ နယ်မြေရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်း စေတဲ့၊ အမှားမျိုး ကျူး လွန် ထားတယ်၊ ဒါကြောင့် အသက်ရှင် ရလိမ့်မယ် မထင်နဲ့။ ”

ဤအခိုက် အတန့်တွင်၊ ငရဲ နတ်ဘုရား နယ်မြေမှ လူတိုင်းသည် အစွမ်း ထက်သော ရောင်ဝါများ ထုတ်လွှတ်ကာ၊ လင်းယွန်ကို အေးစက်စွာ ကြည့်လာသည်။

သို့သော် လင်းယွန်က ဂရု မစိုက်ချေ။ နေနှင့် လ၏ အနှစ် သာရကို နားလည် သောကြောင့်၊ သူ့ အမြင်မှာ စူးရှ နေပြီ ဖြစ်သည်။

သူ့ရှေ့ရှိ ဤလူ များ၏ ရောင်ဝါ သမုဒ္ဒရာ များတွင်၊ ပြေးလွှား နေသော ရူရ် များကို မြင်နိုင် သည်။

ထို ရူရ် များမှာ ကြယ်မိစ္ဆာ ပန်း များနှင့် ယှဉ်ရန် နည်းလမ်း မရှိ သော်လည်း၊ အကျိုး ကျေးဇူး များစွာ ပေးစွမ်း လေသည်။

“ စစ်မက် နယ်မြေရဲ့ ဂုဏ် သိက္ခာကို စော်ကားတဲ့ သူတွေ သေရမယ်၊ ထို့ဟိုင် သူ့ အသက်ကို သွားယူပါ။ ”

“ ဟုတ် ကဲ့ ... ။ ”

ထို့ဟိုင်ဟု ခေါ်သော မီးခိုးရောင် ဝတ် လူငယ်က ခေါင်းညိတ် လိုက်သည်။

“ စိတ်လျော့ပါ ... ၊ လင်းယွန် သားရဲ ဘုရင် နင်းရွှန် မလာခင်၊ ငါတို့ ထွက်သွား ရမယ်။ ”

ဖေးရွယ်မှ တည်ငြိမ်မှု ပြန်လည် ရရှိသွား ဟန်ဖြင့်၊ သတိ ပေးသည်။

“ မင်းတို့ ထွက်သွား နိုင်မယ် ထင်လား။ ”

ထို့ဟိုင်က ဖေးရွယ် စကားကို ကြားသွား ပြီးနောက်၊ အနက်ရောင် မြူ များဖြင့် လွှမ်းခြုံ လျက် ဆိုသည်။

ယင်းမှာ ငရဲ နတ်ဘုရား နယ်မြေ၏ ကျော်ကြားသော၊ ‘အနန္တ ကြယ်တံခွန်’ ဟု ခေါ်သည့်၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် တစ်ရပ် ဖြစ်သည်။

“ ဒူးထောက် စမ်း ... ။ ”

အနက်ရောင် မြူများက၊ ရှေးဟောင်း တံဆိပ်ငယ် တစ်ခု အသွင် ဖြစ်တည်လျက်၊ လင်းယွန် ရှေ့ ရောက်ရှိ လာသည်။

လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်သော၊ ‘ကြယ်ဖျက် လက်ဝါး’ အသုံးပြု လိုက်သည်ကို မြင်သဖြင့်၊ ခေါင်းဆောင်နှင့် အပေါင်း အဖော် များက ပြုံးလိုက် ကြသည်။

၎င်း စွမ်းအားမှာ၊ ဘုရင် အဆင့် နတ်ဆိုး သားရဲကို လက်အောက်ခံ နိုင်လောက်အောင် အစွမ်း ထက်သည်။

လင်းယွန် ကဲ့သို့သော လူမျိုးမှာ၊ ဤအဆင့် လျှို့ဝှက် နည်းစနစ်ကို၊ တစ်ကြိမ်ပင် မြင်ဖူးမည် မဟုတ်ကြောင်း၊ သူတို့ ယုံကြည်သည်။

ထို့ကြောင့် ရန်သူမှာ၊ သူ့ဘဝ အတွက် တောင်းပန် ရန်မှ တပါး၊ အခြား ရွေးချယ်စရာ မရှိပေ။

ယင်းမှာ ရက်စက် သည်ဟု ဆိုနိုင် သော်လည်း၊ ငရဲ နတ်ဘုရား နယ်မြေအား အရှက်ရ စေခြင်း၏ အကျိုးဆက် ပေပင်။

ထိုအချိန်တွင် လင်းယွန်၏ ခန္ဓာကိုယ်မှ အကန့် အသတ်မဲ့ ငွေရောင် အလင်းများ ဖြာ ထွက်လာသည်။

လင်းယွန်ခေါင်း ပေါ်သို့ ရောက်လာပြီ ဖြစ်သော ထို့ဟိုင်ကို၊ ထိုအလင်းက ချက်ချင်း ဝါးမြိုကာ၊ မူလ စွမ်းအင် အပေါ်၊ နှောက်ယှက် လာတော့၏။

နီကပ် လာချိန်၌ သွေးများပင် အေးခဲ ကုန်လျက် အခြေ အနေ ဆိုးရွား သွားပြီး၊ မူလ စွမ်းအင် ထုတ်မရ တော့ချေ။

လက်တစ်ကမ်း အကွာတွင် ရှိသော လင်းယွန်မှာ၊ မိုင်ပေါင်း များစွာ ဝေးကွာသွား သကဲ့သို့၊ ခံစား လာရ သည်။

ဤအခိုက်တွင် လင်းယွန်မှ တံဆိပ် တစ်ခုအား ဖွဲ့တည်ပြီး၊ သူ့ထံ တွန်းထုတ် လာ ၏။

ကောင်းကင်၌ ဒုတိယ လမင်း ထွန်းလင်း လာကာ၊ ပန်း တစ်ပွင့်၏ ရနံ့ ကဲ့သို့၊ ရနံ့ အချို့ ပေးပို့ နေသည်။

ထို့စဉ် လုံးဝ လှုပ်ရှား ရုန်းကန် နိုင်ခြင်း မရှိတော့ဘဲ၊ ဒူးထောက်လျက် မြေပြင်ပေါ် ပြုတ်ကျ သွားတော့သည်။

“ ..... ။ ”

အရိုးများ ကွဲအက် ကုန်ပြီး၊ နာကျင်စွာ အော်ဟစ် လိုက်သော်လည်း အသံမှာ၊ လည်ပင် ဝ၌ ပျောက်ကွယ် သွား၏။

ဤမြင်ကွင်းက လူအုပ်ကို၊ တိတ်ဆိတ် သွားစေ၏။ ထို့ဟိုင် တစ်ယောက် စွမ်းပ ကားကို ထုတ်ပြ တော့မည့် အချိန်တွင်၊ ဒူးထောက် ကျသွား ခြင်း ဖြစ်လေသည်။

“ ဟမ် ... ၊ မင်းက ... ငါ့ကို သတ်ချင်တဲ့ စစ်မက် နယ်မြေရဲ့ ကျွမ်းကျင်သူ မဟုတ်လား၊ ဘာလို့ ငါ့ရှေ့မှာ ... ၊ ဒူးထောက် နေရ တာလဲ၊ ထပါ ငါ မခံယူ ဝံ့ပါဘူး၊ ဟား ... ဟား ... ဟား ... ။ ”

“ လူယုတ်မာ ... ၊ မင်း သတ္တိ ရှိရင် ... ၊ ငါ့ကို သတ်လိုက်စမ်း ... ။ ”

နာကျည်း မှုကြောင့် ထို့ဟိုင်က ပြန်၍ အော်ဟစ် လိုက်စဉ်၊ လက်သီး တစ်လုံး သူ့ထံ ဝင်ရောက် လာသည်။

“ မ လုပ် နဲ့ … ။ ”

ထို့ဟိုင် ခမျာ သေခြင်း တရား နီးကပ်လာ သည်ကို ခံစား လိုက်ရ၏။ ဆက်၍ မတွေး နိုင်မီ၊ သူ့ ခန္ဓာကိုယ် တစ်ခုလုံး၊ အပိုင်းပိုင်း ကွဲထွက် သွားသည်။

“ ဖောင်း ဖောင်း ဖောင်း ... ။ ”

သူ သေဆုံးသွား သည်နှင့်၊ သွေးထံရှိ ရူရ်ငါးလုံးက ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ မီးရှူး မီးပန်းများ ကဲ့သို့ ပေါက်ကွဲ ကုန်၏။

“ ထို့ ဟိုင် ... ။ ”

ရွှေချပ်ဝတ် လူငယ်က အော်ဟစ် လိုက် မိသည်။ မြန်ဆန် လွန်းသည့် အတွက် အချိန်မီ မဟန့်တား နိုင်ခဲ့ချေ။

အထူး သဖြင့် သူ့ မျက်စိ အောက်တွင်၊ ထို့ဟိုင်ကို သတ်ဝံ့ လိမ့်မည်ဟု မထင် ထားခြင်း ကြောင့်လည်း ဖြစ်သည်။

ဤသည်က သူ့ကို ဒေါသထွက် လာစေ၏။ သူတို့အား တားမြစ် ပုဂ္ဂိုလ်များ အဖြစ် လူတိုင်း သတ်မှတ် ထားသည်။ ယနေ့ ကဲ့သို့သော ဖြစ်ရပ် ဆိုးမျိုး၊ မကြုံဖူး ခဲ့ချေ။

ယင်ယန် သုခဘုံ နယ်မြေ၏၊ လျှပ်စီးဓား နှစ်လက် သည်ပင်၊ တာအို ချပ်ဝတ် ကွဲရုံသာ ဖြစ်ပြီး၊ အသက်ရှင် ခဲ့သည်။

“ သူ့ကို သတ် ... ”

အဆုံး မရှိ သတ်ပစ် လိုသော ရည်ရွယ်ချက်များ ထုတ်ဖော်ကာ၊ အော်ဟစ် ကြုံးဝါး လိုက်ကြသည်။

“ ဘယ်လောက်တောင် စိတ်ပျက် စရာ ကောင်းလိုက်လဲ။ ”

လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ လက်ကို မြှောက်လျက် ရိုက်ထုတ်ချ လိုက်သည်။ လမင်းကြီး တစ်စင်း ဖြစ်တည် လာပြီး၊ လူအုပ်ထံ လွင့်ဝဲ ပေါက်ကွဲ သွားသည်။

“ ဘုန်း ... ။ ”

ပေါက်ကွဲမှု ဗဟိုချက်နှင့် နီးကပ် နေသော လူတိုင်း နီးပါး၊ အစ အနပင် မကျန်အောင် ပျောက်ကွယ် သွားတော့သည်။

လမင်း ဖျက်ဆီးခြင်း တံဆိပ်၏ စွမ်းအားသည်၊ ရာနှင့် ချီသော လဝိညာဉ် ဆေးပင် များကို စားသုံး ခြင်းမှ လာ၏။

စွမ်းအားမှာ မယုံနိုင်စရာ ပေပင်။ မြင့်မြတ် မြေမှ အထက် တန်းစား များနှင့်၊ နယ်မြေသား များကို ချက်ချင်း သတ်ပစ် နိုင်ခဲ့သည်။

ထို့အပြင် လက်ရှိ အချိန်၌ တိုက်ပွဲဝင် စွမ်းအားကို မြှင့်တင် လိုပါက၊ နေနှင့် လကို ပေါင်းစပ်ကာ အသုံးပြု နိုင်သည်။

“ ဟိတ် ... ။ ”

နောက်ထပ် လက်သီး နှစ်ချက်၊ ထုတ်ဖော် ပြီးနောက်၊ ထိုးထွင်း သိမြင်မှုများ အချို့ ထပ်မံ ရရှိ လာသည်။ ယင်းကို အတွေ့ အကြုံဟု၊ သတ်မှတ် နိုင်၏။

ဆိုလို သည်မှာ လ နတ်ဘုရား လက်သီးသည် ကန့်သတ် ချက်အား ဖြတ်ကျော် သွားပြီ ဖြစ်သည်။ စင်ကြယ်သော ဝိညာဉ်တော် အဆင့် သို့ပင်၊ ထိတွေ့ လာ၏။

ဖေးရွယ် ခမျာ မယုံဖွယ် မြင်ကွင်းကြောင့်၊ နှုတ်ဆိတ် နေမိသည်။ တစ်စုံ တစ်ခုကို ခန့်မှန်း နိုင် သော်လည်း၊ မယုံချင် သေးချေ။

စင်ကြယ်သော ဝိညာဉ်တော် ဟူသည်၊ သာမာန် လူ တစ်ယောက် ဆုပ်ကိုင် နိုင်သော အရာ မဟုတ်မှန်း၊ သူမ သိထားသည်။

သို့သော် လဝိညာဉ် ဆေးပင်၊ အများ အပြား စားသုံးကာ၊ အသက်ကို လောင်းကြေး ထပ်လာ ပြီးနောက်၊ ရရှိ လာသော စွမ်းအားမှာ၊ ထို အဆင့်ကို မမီ ပါက၊ အဓိပ္ပါယ် မရှိပြန်။

“ အား ... ။ ”

လေထု ထဲတွင် အော်ဟစ်သံများ ဆူညံ လာပြီး၊ ငရဲ နတ်ဘုရား နယ်မြေသား များမှာ၊ ငရဲ ကျနေသည့် အလား၊ ဗြောင်းဆန် သွားသည်။

ထို့ကြောင့် ၎င်းတို့၏ လျှို့ဝှက် နည်းစနစ် များကို ထုတ်ဖော်ကာ၊ တာအို လက်နက်များ ကိုင်ဆွဲ ခဲ့ကြသည်။ အသက် မဆုံးရှုံး လိုသော် အစွမ်းရှိ သမျှ ရုန်းကန် ရမည်မှန်း၊ နားလည် လိုက်၏။

“ ရပ် ... ။ ”

သို့သော် လင်းယွန်က လက်သီးကို နောက်တစ်ကြိမ် ထိုးထုတ် လာသည်ကို မြင် ချိန်၌၊ ရွှေချပ်ဝတ် လူငယ်မှာ၊ ဂရု မစိုက်ဘဲ မနေ ဝံ့ တော့ချေ။ အော်ဟစ် ဟန့်တား မိသည်။

လင်းယွန်မှ မရပ်ချေ။ ထို့ကြောင့် တဖောင်းဖောင်း ပေါက်ကွဲ ကုန်သော ခန္ဓာ များကို၊ သည်အတိုင်း ရပ်ကြည့် နေခဲ့ ရသည်။

ထို့နောက် ပွက်လောရိုက် နေသော အသံများ ချက်ချင်း တိတ်ကျ သွား၏။ အလောင်း များကို အစ အန မျှပင်၊ ရှာမတွေ့ တော့ချေ။

ရန်သူကို သတ်ဖြတ်ရန်၊ လာရောက် ခဲ့ခြင်း ဖြစ်သော်လည်း၊ ဤမျှ ရက်စက် ကြမ်းကြုတ်စွာ တုန့်ပြန် လာခြင်း အပေါ်၊ အသင့် မဖြစ်မိ သေးချေ။

ယနေ့ သွေးဆာ နေသော မိစ္ဆာ တစ်ကောင်ကို၊ ငရဲ နတ်ဘုရား နယ်မြေမှ၊ ရန်စ မိခဲ့သည်။ ထို့ကြောင့် သူတို့၏ သွေးများ၊ ကောင်းကင် တခွင် စွန်းထင်း သွားရ တော့၏။

ရန်သူအား မီးဝင်းဝင်း တောက်လောင် နေသော မျက်ဝန်း များဖြင့် စိုက်ကြည့်ကာ၊ လျှောက်လှမ်း လာမိသည်။

သူ့ ခန္ဓာကိုယ်၌ အနက်ရောင် မြူများ ရစ်သိုင်း လာ၏။ ဤမိစ္ဆာအား သတ်ပစ်ရန် နောက်ဆုံး ဝှက်ဖဲကို၊ အသုံးပြု ရပေ တော့မည်။

သို့သော် ‘လနတ် ဘုရား လက်သီး— ထာဝရ လမင်း၊’ ဟူသော ကြုံးဝါးသံက ရုတ်တရက် ထွက်ပေါ် လာသည်။

ဤလက်သီးတွင် လ နတ်ဘုရား ဖျက်ဆီးခြင်း တံဆိပ်ကို အပြည့် အဝ ပေါင်းစပ် ထားရုံ သာမက၊ ဓားသုတ္တန် နှစ်ရပ်၊ နတ်ဘုရား ရူရ်နှင့် ကောင်းကင်ဓား ရည်ရွယ်ချက် တို့ပါဝင် လေသည်။

ထိုအရာများ ပေါင်းစပ် လိုက်ခြင်းဖြင့်၊ စင်ကြယ်သော ဝိညာဉ်တော် အဆင့်၊ သိုင်းပညာ တစ်ရပ် ဖြစ်လာ တော့သည်။

ယင်းက စင်ကြယ်သော ဝိညာဉ်တော်၏ နယ်နိမိတ်ကို ထိရုံ မျှသာ ဖြစ်သော်လည်း၊ မယုံ နိုင်ဖွယ် အစွမ်းထက် ချေသည်။

“ ဖောင်း ... ။ ”

ထိုနောက် ရွှေချပ်ဝတ် လူငယ်မှာ၊ ရှေ့သို့ ခြေတစ်လှမ်း မြေ မကျမီ၊ လုံးဝ ပျောက်ကွယ် သေဆုံးသွား တော့သည်။

လင်းယွန်ကို သူနှင့် အတူ၊ ခေါ်ဆောင် သွားချင် သော်လည်း၊ ခွန်အားမှာ ထိုအဆင့်၌ မရှိကြောင်း၊ မသိနိုင် တော့ချေ။

အရာ အားလုံး ငြိမ်သက် သွားသည်နှင့်၊ လင်းယွန် တစ်ယောက် လရောင်များ ခြုံလျက် မြေပြင်ပေါ် ဆင်းသက် လာသည်။

***

All Chapters