နင်က သူတို့မှ မဟုတ်တာ။
Vol. 73 Ch. 1021
မီးခိုးရောင် လူငယ်ကို သတ်လိုက်စဉ် ကတည်းကပင်၊ သဲဝါ လွင်ပြင်၌ တုန်လှုပ်ဖွယ် လှိုင်းများ၊ လှုပ်ခတ် လာခဲ့သည်။
ရူရ် လေးလုံး ပျံတက် လာကာ၊ မီးရှူး မီးပန်းများ ကဲ့သို့၊ ပေါက်ကွဲ ကုန်သည့် မြင်ကွင်း မျိုးမှာ၊ လူတိုင်းအား မှင်တက် စေရန် လုံလောက် လေသည်။
“ အဲဒါ ဘာလဲ၊ ရတနာ တစ်ပါး မွေးဖွား လာတာလား။ ”
“ အရူး ... ၊ အဲဒါက ငရဲ နတ်ဘုရား နယ်မြေရဲ့ လျှို့ဝှက် နည်းစနစ်ပဲ၊ သူတို့ နယ်မြေ သားတွေရဲ့ ရောင်ဝါ သမုဒ္ဒရာ ထဲမှာ၊ ရူရ် တွေ ရေးထွင်း ပေးထားတယ်၊ အဲ့ဒီ ရူရ်တွေ ပျံထွက် လာတာပဲ။ ”
ငရဲ နတ်ဘုရား နယ်မြေ အကြောင်း၊ သိရှိ ထားသူ များက ချက်ချင်း ရှင်းပြ လာလေသည်။
“ ငါ့ ကောင်းကင် ... ၊ ဒါဆို ငရဲ နတ်ဘုရား နယ်မြေသား တစ်ယောက် သေသွား တာများ ဖြစ်နိုင် မလား။ ”
“ ဖြစ်နိုင်တယ်၊ ရူရ် တွေက သူတို့ရဲ့ ခန္ဓာကိုယ် ပိုင်ရှင်ထံ ကနေ၊ ထွက်လာဖို့ ဆိုတာ အဓိပ္ပာယ် မရှိဘူး။ ”
“ မယုံနိုင် စရာပဲ ...၊ ဘယ်သူက သူတို့ကို သတ်ရဲ တာလဲ။ ”
လူတိုင်းက မည်သည့် အရာများ ဖြစ်ပျက် နေသည်ကို စပြီး၊ မှန်းဆ လာသည်။ ထိုမတိုင်မီ နတ်မိစ္ဆာ ဝံပုလွေ နယ်မြေနှင့်၊ မိုင်ရာချီ ဝေးနေ သေးသော နင်းရွှန်က၊ အပြေး အလွှား ခရီးနှင် နေခဲ့သည်။
သူ့ကျွန် ထံမှ၊ လင်းယွန်အား တွေ့ပြီ ဟူသော သတင်းကို၊ ရရှိထား သဖြင့်၊ ရွှင်မြူး နေမိ သည်။ ၎င်းတွင် နဂါး အရိုး ရှိပြီး၊ ဖေးရွယ် ၌၊ နတ်ဘုရား အသွေးတော် ရှိ၏။
နှစ်ယောက် စလုံးကို ဖမ်းဆီးနိုင် ပါက၊ ရရှိနိုင်မည့် ဆုလာဘ်မှာ အတောသတ် နိုင်မည် မဟုတ်ချေ။
သို့သော် ကောင်းကင်၌၊ သွေး ရူရ်များ ရုတ်တရက် ပေါက်ကွဲ လာသည်ကို မြင်လိုက် ရသည်။
မယုံကြည် နိုင်စွာဖြင့် အပြုံးများ ပျောက်ကွယ် သွားကာ၊ အရှိန်ကို မြှင့်တင် လိုက်မိ၏။
ပုရွက်ဆိတ် တစ်ကောင်မှ နယ်မြေသား တစ်ယောက်ကို သတ်ဝံ့ လိမ့်မည်ဟု မယုံနိုင် သေးချေ။ ထို့ကြောင့် အလျင်လို လာသည်။
သူတို့၏ ဖြစ်တည်မှု မျိုးမှာ၊ ကောင်းကင်လမ်း၌ မည်သူမျှ အပြစ် မပြု ဝံ့သော၊ နောက်ခံမျိုး ဖြစ်သည်။
“ ..... ။ ”
ယင်းကို တွေးနေစဉ်၊ မြေပြင်ကို တုန်ခါ သွားစေသော ကြောက်စရာ ကောင်းသည့် ရောင်ဝါ တစ်ခု နှင့်အတူ၊ ပေါက်ကွဲ သံများ ကြားလာ ရသည်။
သွေး ရူရ်များ ဆက်တိုက် ဆိုသလို ကောင်းကင်ပေါ် ပျံတက် လာပြီး၊ ပေါက်ကွဲ သွားကုန်၏။
ထိုအချိန်တွင် သူ့၏ မျက်နှာမှာ၊ မြင်ရက် စရာ မရှိ တော့ချေ။ ယင်းသည် သူ့ ကျွန်များ သေဆုံး ကုန်ကြခြင်း ဖြစ်၏။
သို့သော် ယန်ချွမ် ရှိနေ သည်ကို သတိရ သွားကြောင့်၊ အနည်းငယ် စိတ်သက် သာရာ ရသွားသည်။
ယန်ချွမ် ဆိုသူမှာ၊ အလင်းနက် တိုက်ပွဲဝင် ချပ်ဝတ်ကို၊ ၀တ်ဆင် ထားသော ရွှေရောင် လူငယ် ဖြစ်သည်။
ထိုလူငယ်မှာ အဆိုပါ ကျွန်များ အနက်၊ အသန်မာဆုံး ဖြစ်၏။ ထို့အပြင် ၎င်း၏ ရောင်ဝါ သမုဒ္ဒရာ များရှိ ရူရ် များမှာ၊ သူတော်စင် အဆင့်နှင့် နီးစပ် နေပြီ ဖြစ်သည်။
လင်းယွန် တစ်ယောက် မည်မျှပင် သန်မာ စေကာမူ၊ သူ အနီးတွင် ရှိပါက လွတ်မြောက်ရန် နည်းလမ်း မရှိပေ။ ဤမျှ အထိ၊ ယန်ချွမ် ခွန်အား အပေါ်၊ ယုံကြည်သည်။
သို့သော် ထိုအခိုက်တွင်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါက၊ သူနှင့် မိုင်ရာဂဏန်း အကွာ တိုင်အောင်၊ တိုး၍ ပျံနှံ့ လာသည်။
သည့်နောက် ကြယ်တံခွန် များကဲ့သို့၊ တောက်ပ နေသော ရူရ် များကို မော့ကြည့်ကာ၊ နောက်ဆုံး မျှော်လင့်ချက် ဆုံးရှုံး သွားပြီ ဖြစ်ကြောင်း၊ သိလိုက် ရသည်။
“ မ ဟုတ် ဘူး။ ”
သူ့ ကျွန်များ အားလုံးကို လင်းယွန်မှ သတ်ပစ် လိုက်ပြီ ဖြစ်သည်။ ယင်းမှာ တိုင်းတာ ၍ မရသော ဆုံးရှုံးမှု တစ်ရပ် ပေပင်။
သဲဝါ လွင်ပြင် တစ်ခုလုံး တုန်ခါသွား စေသော လှိုင်း များကြောင့်၊ ကြက်သွေးရောင် ကောင်းကင် ကြီးထံ၊ လူတိုင်း မော့ကြည့် မိသည်။
ကြောက်ခမန်း လိလိ မြင်ကွင်း တစ်ရပ် ဖြစ်၏။ စစ်မက် နယ်မြေသား များအား မည်သူ မှ၊ သတ်ဝံ့ သည်ကို၊ ခန့်မှန်း လာမိသည်။ သို့သော် မယုံချင် ကြသေးချေ။
မကြသေးမီ ကပင်၊ စစ်မက် နယ်မြေ သုံးရပ်မှ ပူးပေါင်းကာ၊ မြင့်မြတ်မြေ များနှင့် အတူ၊ လင်းယွန်အား အမဲလိုက် ခဲ့၏။
သို့သော် ရလာဒ်မှာ အစုလိုက် အပြုံလိုက် အသတ်ခံ ရခြင်း ဖြစ်သည်။ ဤသည်က စစ်မက် နယ်မြေ များအား၊ လုံးဝ ဂရု မစိုက်ကြောင်း၊ ပြသရာ ရောက်၏။
တားမြစ် ပုဂ္ဂိုလ် များမှာ၊ သူတို့ ထင်သလောက်၊ အစွမ်းထက်ပုံ မရ တော့ချေ။
ထိုအချိန်တွင် လင်းယွန်ကို ဖေးရွယ်မှ၊ ထိတ်လန့်စွာ ကြည့်နေ မိသည်။ ယင်းက သူမ၏ နောက်ဆုံးသော မာနကို ကြေမွ သွားစေ၏။
လင်းယွန်က ပြုံးလျက်၊ အနား လျှောက်လာပြီး၊ ‘မင်း ဆန္ဒ အတိုင်း၊ သူတို့ အားလုံး သေပြီ၊’ -ဟု ဆိုလာ တော့သည်။
“ ဒါက ကောင်း တယ် ... ၊ ဒါပေမယ့် ... နင်က တကယ့် ကြောက်စရာ ကောင်းတဲ့ မိစ္ဆာပဲ။ ”
“ မင်းကရော ... ၊ လူ တွေကို ပြုစား တက်တဲ့ မိစ္ဆာမ လေးပဲ၊ မဟုတ်လား။ ”
လင်းယွန်မှ ပြုံးလျက် တုန့်ပြန် လာသည်။
“ ငါ ... ဒီလိုမျိုး တစ်ခါမှ မလုပ် ဖူးဘူး။ ”
ဖေးရွယ်က ချက်ချင်း ပြန်လည် ငြင်းဆို၏။
“ ထားပါ သွား ရ အောင် ... ၊ နင်းရွှန် လာနေပြီ၊ ငါ သူ့ကို မကြောက် ပေမယ့်၊ ရင်ဆိုင် ရတာ နည်းနည်း ခက်ခဲ လိမ့်မယ်။ ”
သူ့ ထံသို့ အရှိန် ပြင်းပြင်းဖြင့်၊ ခရီးနှင် လာသော ဒေါသ ရောင်ဝါကို ခံစား နိုင်သည်။ ထို စကားကြောင့် ဖေးရွယ်မှ ခေါင်းညိတ်၏။
“ သူက ဗိုလ်ချုပ် လေးယောက် ထဲက၊ တစ်ယောက် ဖြစ်လို့၊ လျှော့တွက်လို့ မရဘူး၊ ဒါပေမယ့် သူ့ ရတနာတွေ ကိုတော့ ... ၊ မင်း မျက်စိ ကျမှာ အမှန်ပဲ။ ”
သူမက နဂါးသွေး ကြောင်အား၊ မနာလို စွာဖြင့် ပြန်ကြည့်ပြီး၊ စကားကို အဆုံးသတ် လိုက်သည်။
ကြောင် တစ်ကောင်က၊ တိုက်ပွဲ မြေပြင်မှ၊ သိုလှောင်အိတ် များကို လိုက်လံ ကောက်ယူနေ သည့် မြင်ကွင်း မျိုးမှာ၊ သူမအား ခံရခက် စေသည်။
“ သွား ရ အောင်။ ”
လင်းယွန်က ဖေးရွယ် လက်ကို ဆွဲကာ၊ ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း (၉) မျိုးဖြင့်၊ ကောင်းကင်ပေါ်၊ ပျံတက် လိုက်သည်။
“ ဒါနဲ့ ... မင်း အသုံးပြု ခဲ့တာက၊ လနတ်ဘုရား လက်သီး ပဲလား။ ”
ယင်းကို ယုဟိုရှင်း အသုံးပြု ခဲ့သည်အား၊ မြင်ထား ဖူး၏။ အတုမဲ့ မိစ္ဆာ စွမ်းအင်အား ပေါင်းစပ်လျက်၊ လောချန်နှင့် သူမကို၊ အလွယ် တကူ နှိမ်နင်း ပြခဲ့သည်။
ကြောက်စရာ ကောင်းသော ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်၏။ သို့သော် လင်းယွန် အသုံးပြုစဉ် စွမ်းအားမှာ၊ လုံးဝ ခြားနား သွားသည်။
“ ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး။ ”
လင်းယွန်မှ မရေ မရာ၊ ပြန်ဖြေ လာ၏။ လနတ်ဘုရား လက်သီး ဖြစ်သော်လည်း၊ နေ နတ်ဘုရား လက်သီးမှ၊ ထိုးထွင်း သိမြင်မှု အချို့ကို၊ ထည့်သွင်း ခဲ့သည်။
စင်ကြယ်သော ဝိညာဉ်တော် အဆင့်ဖြင့်၊ နီးကပ်သွား သောကြောင့်၊ စွမ်းအားမှာ လုံးလုံး အသွင် ပြောင်းသွားခြင်း ဖြစ်၏။
နေ နတ်ဘုရား လက်သီးနှင့် ပေါင်းစပ် ခြင်းမှာ၊ အန္တရာယ်များ လှသော်လည်း၊ ရှေ့ကို ဆက်လျှောက် ရပေမည်။ ထိုမှသာ အဆင့်သစ် တစ်ခုသို့ ယူဆောင် သွားနိုင်မည်။
“ ဒါက စင်ကြယ်သော ဝိညာဉ်တော် လား။ ”
ယင်းမှာ ဖေးရွယ်၏ မှန်းဆချက် မျှသာ ဖြစ်သည်။ မသေချာ လှချေ။ ထိုအဆင့် ပညာရပ် ကို၊ ကောင်းကင် ဝိညာဉ် နယ်မြေဖြင့်၊ မည်သူမျှ မလေ့ကျင့် နိုင်သေးမှန်း သိရှိ ထားသည်။
“ ဒီလို သတ်မှတ် လို့လည်း ရပါတယ်။ ”
“ ဟမ် ... မဖြစ် နိုင်တာ၊ မင်းက အရည် အချင်း ရှိတယ် ဆိုရင်တောင်၊ ဒါကို နားလည် နိုင်စရာ နည်းလမ်း မရှိ ပါဘူး။ ”
ဖေးရွယ်မှ ချက်ချင်းပင် ပြန်၍ ငြင်းဆို လိုက်မိသည်။ ယုံနိုင် စရာ မရှိချေ။ သို့သော် လင်းယွန်က ထပ်မံ အတည် ပြုခြင်း မရှိ တော့ဘဲ၊ အပြုံး နှင့်သာ တုန့်ပြန် မိလေသည်။
မဖြစ်နိုင် သည်လော။ ယင်းကို ထိတွေ့ မိနေပြီ ဖြစ်သည်။ နောက် တစ်လှမ်း လှမ်းနိုင် ပါက၊ အမှန် တကယ် ဆုပ်ကိုင် နိုင်ပြီ ဖြစ်၏။
“ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် ဆိုတာက၊ ကောင်းကင် ဝိညာဉ် နယ်ပယ်နဲ့ နားလည် နိုင်တဲ့ အရာ မဟုတ်ဘူး၊ ဒီလိုသာ ... ”
“ ... နားလည် ရကြေး ဆိုရင်၊ စစ်မက် နယ်မြေရဲ့ သခင်ငယ် တွေက၊ ဒါကို ပြီးမြောက် နေတာ ကြာပေါ့။ ”
ဖေးရွယ်မှ သက်ပြင်း ချလျက် ဆိုမိသည်။ သူမ အနေြဖင့်၊ အင်ပါယာ ငှက်မွေး နယ်မြေနှင့် ပတ်သတ် နေသောကြောင့်၊ ၎င်းတို့အား ပို၍ နားလည်သည်။ စစ်မက် နယ်မြေ များ၏ အုတ်မြစ်မှာ၊ အမှန် တကယ်ပင် နက်ရှိုင်း လှပေ၏။
“ ဟုတ်လား ... ၊ ဟား ဟား ဟား ... ။”
ထိုစကားကို ကြားသော အခါတွင်၊ လင်းယွန်က သဘောကျ စွာဖြင့်၊ ရယ်မော လိုက်သည်။
“ မင်းရဲ့ သခင်ငယ်တွေ မလုပ် နိုင်တဲ့ အရာကို၊ ငါ ... လုပ်နိုင် လိမ့်မယ်လို့၊ ဘာလို့ မထင် ရတာလဲ။ ”
“ ဒါက ... နင်က သူတို့မှ မဟုတ်တာ။ ”
“ ဟား ဟား ဟား ... ၊ မှန်တယ် ဒီမှာ၊ အခွင့်ရေးတွေ ရှိတယ်၊ ဘယ်သူ မဆို ဆန္ဒ ရှိရင်၊ အောင်မြင် နိုင်တယ်၊ ကောင်းကင်လမ်း ဆိုတာ စစ်မက် နယ်မြေတွေ အတွက်ပဲ မဟုတ်ဘူး။ ”
လင်းယွန်မှ သခင်ငယ်များ အပေါ်၊ အထင်သေး နေဟန် ဆိုလာ သဖြင့်၊ ဖေးရွယ် တစ်ယောက် အံ့သြ သွားသည်။
“ မင်း စောင့် ကြည့် လိုက် ... ၊ ကောင်းကင်လမ်း အဆုံးမှာ၊ သူတို့ကို ငါ စိန်ခေါ် ပြမယ်၊ ဘယ်သူ ရယ်နိုင် မလဲ ဆိုတာတော့ ... ။ ”
ကောင်းကင် ဓားနှင့် နဂါး အရိုးအား မြင်ရုံနှင့်၊ သူ့ ဝှက်ဖဲကို အကုန် အစင် သိပြီဟု ထင်နေ သည်လော။
ဤသခင် ငယ်များ ဟူသည်၊ သူ့ဓား အောက်၌ ပေါင်းပင် များသာ ဖြစ်ကြောင်း၊ လူတိုင်း သိစေ ရမည် ဖြစ်သည်။
***