← Chapters

သူက ကပ်ဘေး ဖြစ်လာ နိုင်တယ်။

Vol. 73 Ch. 1022

သူက ကပ်ဘေး ဖြစ်လာ နိုင်တယ်။

Vol. 73 Ch. 1022

လေးနာရီ ကြာ ပြီးနောက်၊ နင်းရွှမ် တစ်ယောက်၊ အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိ လာသည်။

အလောင်း များပင် မကျန် ခဲ့သဖြင့်၊ ဒေါသမှာ အတိုင်း အဆ မရှိ တော့ချေ။ သဲပြင် အနှံ့ စွန်းထင်း နေသော သွေးကွက် များကို ကြည့်ပြီး၊ ‘လင်းယွန်၊’ -ဟု အော်ဟစ် လိုက် မိသည်။

သူ့ထံမှ ထွက်ပေါ် လာသော၊ သတ်ဖြတ်မှု ရောင်ဝါမှာ၊ ကြောက်မက်ဖွယ် ကောင်းသဖြင့်၊ ပတ်ဝန်း ကျင်ကို ပြင်းစွာ လှုပ်ခါ သွားစေ၏။

ဤအခိုက် အတန့်တွင်၊ လင်းယွန်ကို ကိုင်တွယ်ရန်၊ သူ့ကျွန် များကို ပေါ့ပေါ့ တန်တန် စေလွှတ် လိုက်ခြင်းအား၊ နောင်တရ လာသည်။

အနီး နားရှိ တောင်ကုန်းများ ပေါ်တွင်၊ လူများ ဆင်းသက် လာပြီး၊ သွေးစွန်း နေသည့် ဒေသကို စိတ်လှုပ်ရှားစွာ ကြည့်နေ ကြသည်။

ထို့နောက် နင်းရွှမ်၏ ရောင်ဝါ သမုဒ္ဒရာ များတွင်၊ ခရမ်းရောင် အလင်းများ တောက်ပ လာ သည်ကို၊ သတိထား မိကုန် ၏။

ဤနင်းရွှမ်သည် စတုတ္ထ ကောင်းကင် ဝိညာဉ် ၌သာ ရှိသော်လည်း၊ သူတို့ အားလုံးကို၊ အသက်ရှူ ကြပ်လာ စေသည် အထိ၊ ဖိအား ပေးနိုင် လေသည်။

ဤသည်မှာ စစ်မက် နယ်မြေ၏ အခြေခံ အုတ်မြစ် ဖြစ်၏။ ရောင်ဝါ သမုဒ္ဒရာ တည်ငြိမ် စေရန် ရူရ် များ ရေးထွင်း ထားသည်။

ယင်းက တူညီသော နယ်ပယ်မှ၊ ကျွမ်းကျင်သူ များကို ဖိနှိပ်ရန်၊ ရူရ် များက ခွန်အား ပေးနိုင်သည်။

သို့သော် ထိုရူရ် များကို ရေးထွင်းရန်၊ အရင်းအမြစ် များစွာ လိုသည်။ ရတနာများ လုံလောက်ခြင်း မရှိဘဲ၊ အားထုတ် ရုံဖြင့်၊ မရ နိုင်ချေ။

လင်းယွန်ကို ခြေရာ ကောက်ရန်၊ သူ့ ရောင်ဝါအား ထုတ်လွှတ်ခြင်း ဖြစ်သည်။ (၄) နာရီကြာ သည့်တိုင်၊ ခြေရာခံ နိုင်ခြင်း မရှိချေ။

“ မင်း ... ငါ့ လက်မှာ၊ မမိ စေနဲ့။ ”

ခဏ အကြာတွင် နင်းရွှမ်နှင့်၊ တူညီသော ဝတ်ရုံကို ဝတ်ဆင် ထားသည့်၊ လူရိပ် (၃) ရိပ် ထပ်မံ ရောက်ရှိ လာသည်။

“ ဒါ ... ဒါ ၊ ဗိုလ်ချုပ်တွေ မဟုတ်လား၊ သူတို့က ဒီအနားမှာ၊ လင်းယွန်ကို ရှာနေတာ ဖြစ်မယ်။ ”

“ ကြည့်ရတာ ... ငရဲ နတ်ဘုရား နယ်မြေက၊ ဒီဒေသကို တာဝန်ယူ ရတာ ဖြစ်မယ်၊ ဗိုလ်ချုပ် လေးယောက် လုံး စုံနေပြီ။ ”

“ ဘယ်လောက် တောင်၊ အလေး အနက် ထားလိုက်လဲ။ ”

ဗိုလ်ချုပ် လေးယောက်ကို မြင်လိုက် ရသဖြင့်၊ လူအုပ်မှာ ပို၍ စိတ်လှုပ်ရှား လာတော့ သည်။

“ အစ်ကိုကြီး ... ။ ”

နင်းရွှန်မှ ဦးညွှတ်ကာ၊ နှုတ်ဆက် ၏။ ‘အစ်ကို ကြီး’ဟု ရည်ညွှန်းခံ ရသူက၊ ပြန်၍ ခေါင်းညိတ် ပြပြီး၊

“ သူတို့ကို လင်းယွန် သတ်တာ သေချာလား။ ”

“ သေချာ ပါတယ်၊ ကျွန်တော် ဒီကို မရောက်လာ ခင်မှာ၊ လင်းယွန်ကို ရှာတွေ့ပြီ ဆိုတဲ့ သတင်း ရခဲ့တယ်၊ ဒါပေမယ့် … ”

နင်းရွှမ်မှာ စကား မဆက်နိုင် လောက် အောင်ပင်၊ နာကျင် သွားသည်။ ဤ ရလာဒ်မှာ များစွာ အကျိုး သက်ရောက် ချေ၏။

“ ဒီကောင် အရမ်း လွန်သွားပြီ၊ အောက်တန်းစား ပုရွက်ဆိတ် တစ်ကောင်က၊ စော်ကား လိုက်တာ ... ။ ”

ခရီးစဉ် တစ်လျှောက် ငရဲ နတ်ဘုရား နယ်မြေမှ၊ မည်သူ တစ်ဦး တစ်ယောက်မျှ သေဆုံး ခဲ့ခြင်းမျိုး မရှိချေ။

ကျေးကျွန် များသာ ဖြစ်သော်လည်း၊ ၎င်းတို့အား စစ်မက် နယ်မြေ သားများ အဖြစ်၊ သတ်မှတ် နိုင်ဆဲ ဖြစ်သည်။

“ သခင်ငယ် တွေကို၊ ဆုံးဖြတ် ခိုင်းရမယ်။ ”

နင်းရွှမ်မှ အကြံပြု သည်။ ဒေသ တစ်ခု လုံးကို ပိတ်ဆို့ ထားသော်လည်း၊ ဆုံးဖြတ်နိုင် စွမ်းမှာ၊ သခင်ငယ် များတွင်သာ ရှိသည်။

တစ်နာရီ အကြာတွင်၊ တိမ်တိုက်များ အတွင်းမှ၊ လူငယ် တစ်ယောက် အလင်းတန်း သဖွယ်၊ ထွက်ပေါ် လာ၏။ မျက်နှာ မမြင်နိုင် လောက် အောင်ပင်၊ အလင်းမှာ စူးရှ နေချေပြီ။

“ မင်္ဂလာပါ သခင်ငယ်။ ”

ဗိုလ်ချုပ် လေးယောက်က၊ အံ့ဩ တုန်လှုပ် စွာဖြင့်၊ နှုတ်ဆက် လိုက်သည်။ သည်မျှ မြန်မြန် ရောက်ရှိလာ လိမ့်မည်ဟု၊ မထင်ထား မိချေ။

“ ငါ့ အမိန့်ကို နာခံပါ ... ၊ လင်းယွန် သတင်းကို ပေးနိုင် လူတိုင်း၊ နတ်ကြယ် ပုလဲ တစ်ထောင် ချီးမြှင့်မယ်၊ သူ့ကို ဒဏ်ရာ ရစေ နိုင်တဲ့ လူတိုင်း ... ”

“ ... သူတော်စင် ဆေးလုံး၊ ဆယ်လုံး ပေးအပ်မယ်၊ သတ်နိုင်ရင် တာအို ချပ်ဝတ်နဲ့၊ ငါ့ ဆီက အကူညီ တစ်ခု တောင်းဆို နိုင်တယ်။ ”

-ဟု ကောင်းကင်တွင် ရပ်လျက်၊ ကြေငြာ လာတော့သည်။

အဆိုပါ ကြေငြာ ချက်ကြောင့်၊ စောင့်ကြည့် နေသော လူအုပ်မှာ၊ တုန်လှုပ် ခြောက်ခြားသွား မိသည်။

ဤသည်မှာ စစ်မက် နယ်မြေ တစ်ရပ်မှ၊ ပထမဆုံး အကြိမ် အဖြစ် ဆုကြေး ထုတ်ရသော ဖြစ်ရပ်မျိုး ပေပင်။

လူတိုင်းက ဆုလာဘ်၏ သွေးဆောင် ခြင်းအား ခံလိုက်ရ သော်လည်း၊ မည်သူမျှ သတ္တိ မရှိ ကြချေ။

တစ်ဖန် စစ်မက် နယ်မြေ များနှင့် ပတ်သက်ပြီး၊ နှစ်သက်ဖွယ် သဘောထား မရှိ သောကြောင့်၊ ဆုလာဘ်ကို လျစ်လျူရှု သူ များလည်း ရှိသည်။

နောက်ဆုံးတွင် သဲဝါ သဲလွင်ပြင် တစ်ခု လုံးကို၊ အချိန်ကြာ မြင့်စွာ ပိတ်ပစ် ခြင်းဖြင့်၊ သူတို့အား ဒေါသ ထွက်စေ ခဲ့၏။

ငရဲ နတ်ဘုရား သခင်ငယ်က၊ ကောင်းကင်မှ ဆင်းသက် လာပြီး၊

“ မင်းတို့ လေးယောက် အခုက စပြီး အတူသွား အတူ လာပါ၊ သူနဲ့ တွေ့ရင် ငါလာတဲ့ အထိ၊ ထိန်းထား ဖို့ပဲ အာရုံ စိုက် ... ။ ”

“ သခင်ငယ် ... ။ ”

ဗိုလ်ချုပ် လေးဦး၏ မျက်နှာများ ပြောင်းလဲသွား သည်မှာ၊ ဆိုရက်စရာ မရှိ တော့ချေ။ ဤအရာက သူတို့ လေးဦး အပေါ်၊ မယုံကြည် တော့သည့် လဏ္ခာ တစ်ရပ် ဖြစ်သည်။

“ သခင်ငယ် ... ၊ သူက ပုရွက်ဆိတ် တစ်ကောင်ပါ၊ သခင်ငယ် ကိုယ်တိုင် လှုပ်ရှားဖို့ မလို ပါဘူး၊ ကျွန်တော်တို့ လေးယောက်က သတ်နိုင် ပါသေးတယ်။ ”

နင်းရွှန်မှ စောဒက တက်လိုက်သည်။

“ သူ့ကို အသက် ရှင်လျက် လိုချင်တာ။ ”

သခင်ငယ်က ပြန်ဖြေ၏။ အလင်း များဖြင့် ဖုံးကွယ်ထား သောကြောင့်၊ မျက်နှာအား မမြင် နိုင် သော်လည်း လေသံ အရ၊ သေခြင်းထက် ပိုဆိုးသော နာကျင်မှုကို ပေးလိုပုံ ရသည်။

ထိုအခိုက်တွင် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထုတ်ဖော်လျက်၊ တိမ်တိုက်များ အတွင်းမှ၊ နောက်ထပ် လူငယ် နှစ်ဦး တိုးထွက် လာသည်။

၎င်းတို့မှာ ယင်ယန် သုခဘုံမှ၊ သခင် ငယ်နှင့် တော်ဝင် နဂါး သခင်ငယ် တို့ ဖြစ်သည်။

“ ဒီကောင် အရမ်းလွန် သွားပြီ။ ”

ယင်ယန် သုခဘုံ၏ သခင်ငယ်က၊ မြေပြင်အား ကြည့်ကာ၊ ဒေါသ သံဖြင့် ရေရွတ် သည်။ သည် မတိုင်ခင် လျှပ်စီးဓား နှစ်လက်ကို ဒဏ်ရာ ရရှိစေ ခဲ့၏။

ထို့ကြောင့် လင်းယွန်အား အမိ ဖမ်းရန် ကြိုးစားမိ သော်လည်း၊ ငရဲ နတ်ဘုရား နယ်မြေ သား များကို သတ်ကာ၊ ထွက်ပြေး သွားပြန် သည်။

“ သူနဲ့ ပတ်သက်တဲ့၊ သတင်း အချို့ ငါ ရထားတယ်၊ အဲ့ဒီ အမျိုး သမီးက သူတဲ့ အတူ၊ ပယင်း နယ်မြေ ကနေ လာပြီး၊ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိတယ်။ ”

တော်ဝင် နဂါး သခင်ငယ် စကားကြောင့်၊ ကျန်သခင်ငယ် နှစ်ဦးမှာ၊ ဝမ်းသာ သွားလေ သည်။

လင်းယွန်နှင့် တိုက်ပွဲကို ပြန်လည် ကြည့်ရှုရန်၊ အချိန် လှည့်မှန်အား ထုတ်ဖော် လိုက်၏။

ရက်စက် ကြမ်းကြုတ် လွန်းသော သတ်ဖြတ်မှု မြင်ကွင်း တစ်ရပ်၊ ပြန်လည် ထင်ဟပ် လာသည်။

“ ရိုင်း လိုက် တာ ... ။ ”

ဒေါသဖြင့် တုန်ယင် နေသော ငေါက်သံ တစ်သံ ထွက်ပေါ် လာသည်။ အဆုံး မရှိသော ရောင်ဝါများ ငရဲ နတ်ဘုရား သခင်ငယ် ထံမှ ပေါက်ကွဲ သွား၏။

“ ဝုန်း ... ။ ”

ရုတ်တရက် ဖိအားကြောင့်၊ မြေပြင်၌ အက်ကွဲ ကြောင်းများ ပြန့်ကျဲ သွားပြီး၊ အနီး စပ်ဆုံး တောင်ကုန်း အချို့မှာ၊ ပြိုကျ ကုန်သည်။

ယင်ယန် သုခဘုံ သခင်ငယ်က၊

“ လနတ်ဘုရား လက်သီးက၊ ဒီလောက် အစွမ်းထက် မနေဘူး၊ တစ်ချိန် တုန်းက ဒါက ပေါ်ထွက် လာခဲ့ ဖူးတယ်၊ ... ”

“ ... ဒါကြောင့် သူကို နည်းနည်း ရင်းနှီးတယ်၊ သူက ကံကြမ္မာ ကိုယ်ခံ ပညာ အဆင့် မှာပဲ ရှိတယ်၊ လင်းယွန် သုံးခဲ့ သလိုမျိုး၊ ကြောက်စရာ မကောင်းဘူး။ ”

“ အဲ့ဒါက ဒီ ဒေသနဲ့၊ ဆက်စပ် နေလို့ များလား၊ လဝိညာဉ် ဆေးပင် အတွက်၊ သူလာ ခဲ့တာ ဖြစ်မယ်။ ”

တော်ဝင် နဂါး သခင်ငယ်မှ ဆိုသည်။ ထို့နောက် သုံးယောက်သား နတ်မိစ္ဆာ ဝံပုလွေ မျိုးနွယ်စု၏၊ အမာခံ မြေထံသို့၊ လှမ်းကြည့် လိုက်ကြသည်။

ထိုအရပ်၌ ကောင်းကင် ဝိညာဉ် နယ်မြေ အထွတ် အထိပ်သို့၊ ရောက်ရှိ နေသည့် ဝံပုလွေ အိုကြီးများ ရှိသည်။

စစ်မက် နယ်မြေ၏ သခင် ငယ်ကော၊ ဘာကော ညာကော သိမည် မဟုတ်ချေ။ ဝင်မိ သူတိုင်း အတိုက် ခံရ နိုင်သည်။

“ လဝိညာဉ် ဆေးပင် လောက်နဲ့တော့ ဒီလောက် စွမ်းအား မပြင်း နိုင်ဘူး၊ သူ့ ခွန်အား တိုးလာ ပုံက၊ ... ”

“ ... နည်းနည်း ထူးဆန်း နေတယ်၊ သူ့ကို မြန်မြန် သတ်ပစ် ရမယ်၊ မဟုတ်ရင် ငါတို့ နောင် ဒုက္ခ ရောက်လိမ့်မယ်။ ”

ငရဲ နတ်ဘုရား သခင် ငယ်မှ၊ တွေးတွေး ဆဆဖြင့် ဆိုသည်။ ထုတ်ဖော် ပြောဆိုခြင်း မရှိ သော်လည်း၊ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်၊ ဖြစ်ရမည်ဟု နားလည် လိုက်သည်။

“ ငါနဲ့ တွေ့ရင် ... ၊ သူသေ ရမယ်။ ”

ယင်ယန် သုခဘုံ သခင်ငယ်မှ၊ ကတိပြု လိုက်သည်။ သူ့ ဘေးရှိ တော်ဝင် နဂါး သခင် ငယ်က၊ တိုက်ပွဲ မြင်ကွင်း များကို လက် လှိုင်းဖြင့် ပျက်ပြယ် စေကာ၊

“ နဂါး အရိုးကို၊ ငါ စိတ်ဝင် စားတယ်၊ သူ့ ဆီမှာ ဆိုရင်၊ ဒီလို ရတနာ တစ်ခုက ဖြုန်းတီးရာ ရောက်တယ်။ ”

-ဟု ဆိုလျက် စကား ဝိုင်းအား၊ အဆုံးသတ် လိုက်တော့သည်။

သူတို့ စကား များကို၊ ကြားလိုက် ရသော လူအချို့မှာ၊ သဲဝါ လွင်ပြင် ငြိမ်းချမ်း တော့မည် မဟုတ် ကြောင်း၊ နားလည် လိုက်မိသည်။

***

All Chapters