← Chapters

ကောင်းကင်လေဟာနယ်ဒယ်စောက်နှင့် ကောင်းကင်ဖာထေးခြင်းဆေးလုံး

Vol. 32 Ch. 435

ကောင်းကင်လေဟာနယ်ဒယ်စောက်နှင့် ကောင်းကင်ဖာထေးခြင်းဆေးလုံး

Vol. 32 Ch. 435

“ဒါက သေတော့ မသေချာဘူး။ လွန်ခဲ့တဲ့နှစ်အချို့တုန်းက ဉာဏ်အလင်းအနန္တဂိတ်တံခါးတွေရဲ့ တပည့်တွေဟာ ရွှေမျှင်ပိုးကောင်တွေကို ရှာဖွေနေတယ်လို့ ကျုပ် ကြားခဲ့ရတယ်။ ဒါပေမဲ့ ရုတ်တရက် သူတို့ရဲ့ အဲ့လို ရှာဖွေတဲ့ သတင်းဟာ ရပ်တန့်သွားခဲ့တယ်။ သူတို့ ဒီရွှေမျှင်ပိုးတွေကို တွေ့သွားတဲ့ ပုံပဲ။ အဲ့ဒီ ထူးခါးတဲ့ ပိုးကောင်တွေရဲ့ အကူအညီနဲ့ ဉာဏ်အလင်းအနန္တဂိတ်တံခါးရဲ့ ခေါင်းဆောင်ဟာ ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို ရနိုင်ဖို့ဟာ အတော်လေး ဖြစ်နိုင်တယ်…”

သခင်ကြီးကျိနစ်ယင်သည် မျက်မှောင်ကြုတ်ကာ ဝမ်ထျန်မင်နှင့် တခြားသူများထံ စိတ်ပူပန်ဟန်ဖြင့် လှမ်းကြည့်သည်။

လမ်းမှန်တာအိုဘက်မှ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသုံးယောက်သည် ခုလက်ရှိတွင် တိုင်လုံးတစ်ခုပေါ်၌ တင်ပုလွေချိတ်ကာ ထိုင်နေကြသည်။

“ဟက်…။ ဝမ်ထျန်မင်ဟာ ရွှေမျှင်ပိုးကောင်တွေကို ပိုင်ဆိုင်ထားရုံသာမက ကျိနစ်ယင်ဆိုတဲ့ မင်းကလည်း လီမီးကျွန်းရဲ့ ဆင့်ကဲအသွင်ပြောင်း မီးမြွေနှစ်ကောင်ကို ပိုင်ဆိုင်ထားတယ်လို့လည်း ကျုပ် ကြားထားတယ်။ ဒီခရီးစဉ်မှာ မင်းရဲ့ ရည်ရွယ်ချက်တွေကလည်း ပေါ့သေးသေး မဟုတ်လောက်ဘူး…”

မန်ဟုဇီသည် ကျိနစ်ယင်ထံသို့ တချက် လှမ်းကြည့်၍ အထိန်းအကွပ်မရှိဘဲ ပြောလေသည်။ သူသည် သခင်ကြီးကျိနစ်ယင်၏ ခိုးကြောင်ခိုးဝှက် အပြုအမူများအပေါ် အထင်သေးနေဟန်လည်း ပေါ်သည်။

သခင်ကြီးကျိနစ်ယင်သည် ထိုစကားကို ကြားသည့်အခါ သူ၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ ပြီးမှ သူက တည်ငြိမ်မှု ပြန်ရ၏။ သို့ပေမည့် သူသည် စိတ်ထဲကနေမူ ကြိတ်၍ ကျိန်ဆဲနေသည်သာ။

ကြည့်ရတာ သက်ရှည်သစ်သီးကို လိုအပ်နေသော မန်ဟုဇီသည် သခင်ကြီးကျိနစ်ယင်၏ အပြုအမူများကို လမ်းတစ်ယောက်တွင် စောင့်ကြည့်နေချင်ပုံ ရသည်။

စိတ်အနှောက်အယှက် ဖြစ်သွားသော်ငြားလည်း သခင်ကြီးကျိနစ်ယင်သည် ပွင့်ပွင့်လင်းလင်း မျက်နှာပေးဖြင့် ပြောလာသည်။

“ကျုပ်က ဆင့်ကဲအသွင်ပြောင်းမီးမြွေနှစ်ကောင်ကို အမှန်တကယ်ပဲ ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီမြွေနှစ်ကောင်ရဲ့ ကျွမ်းကျင်အသုံးတည့်မှုကတော့ မပြောပလောက်ပါဘူး။ အောင်မြင်နိုင်ခြေလည်း သိပ်မရှိတဲ့အတွက် ကျုပ်က အစ်ကိုမန်နဲ့ အစ်ကိုချင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်…”

ပညာရှိအိုကြီး၏စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်သွားပြီး သူက ချီတုံချတုံဟန်ဖြင့် မေးလာသည်။

“မင်းကို ကူညီဖို့လား။ ကျုပ်တို့က ဘာအကျိုးအမြတ် ရမှာမလို့လဲ…”

သခင်ကြီးကျိနစ်ယင်သည် ထိုစကားကို ကြားသည့်အခါ မသိမသာ ပြုံး၍ သူက စကားဖြင့် ဆိုမည့်အစား အသံသာ ပို့လွှတ်သည်။

“ကောင်းကင်လေဟာနယ်ခန်းမ သခင် ချန်ထားခဲ့တဲ့ သတင်းအချက်အလက်အရဆို ရှေးဟောင်းအချိန်တွေရဲ့ နောက်ပိုင်းမှာ ထိပ်တန်းရှေးမှော်ရတနာ( ထီးတည်းရှေးပဝေဏီ)တွေ ကျန်ခဲ့တယ်တဲ့ ။ ဒီမှော်ရတနာတွေရဲ့ စွမ်းအားဟာ သံသယဝင်စရာ မလိုအောင် ပြိုင်ဘက်ကင်းမှာ သေချာတယ်။ ကောင်းကင်ဒယ်ဇောက်နဲ့ ကောင်းကင်ဖာထေးခြင်းဆေးလုံးတို့ကလွဲလို့ တခြားပစ္စည်းတွေကို ကျုပ်တို့ အညီအမျှ ခွဲဝေကြမယ်ဆိုရင် အဆင်ပြေမလား…”

ပညာရှိအိုကြီး၏မျက်နှာထက်တွင် လောဘနှင့် ပြည့်နှက်သွားသည်။ သို့သော် ခဏ စဉ်းစားပြီးနောက်မှာ သူက မန်ဟုဇီထံသို့ လှမ်းကြည့်ပြီးမှ အသံပို့လွှတ်ကာ ပြန်တုန့်ပြန်သည်။ “ဒါနဲ့ ပတ်သတ်လို့တော့ ပြဿနာ မရှိဘူး။ ဒါပေမဲ့ ဒါက အစ်ကိုမန် အပေါ် မူတည်မယ်။ တကယ်တော့ အစ်ကိုမန်ကသာ ဝမ်ထျန်မင်ကို ကိုင်တွယ် မပေးဘူးဆိုရင် ကျုပ်လည်း စွန့်စားဝံ့မှာ မဟုတ်ဘူး…”

သခင်ကြီးကျိနစ်ယင်သည် ထိုစကားကို ကြားသည့်အခါ အံ့အားသင့်မသွားပေ။ သူသည် လူပြီးချင်းရီဟူ အမည်ရသော သည်ပညာရှိအိုကြီးသည် အမှန်တကယ်တော့ ဉာဏ်များလှသော မြေခွေးအိုကြီးမှန်း သိ သိပြီးသားပင်။ သူသာ မန်ဟုဇီကို ဆွဲမထည့်ပါက သည်ကိစ္စသည် အောင်မြင်နိုင်ဖို့ အခွင့်အရေး မရှိလောက်ပေ။

သခင်ကြီး ကျိနစ်ယင်သည် မန်ဟုဇီဘက်သို့ လှည့်ကာ အသံပို့လွှတ်လိုက်သည်။

“အစ်ကိုမန်…ကျုပ်ရဲ့ ကမ်းလှမ်းချက်ကို ခင်ဗျား ဘယ်လိုထင်လဲ။ ခင်ဗျား ပူးပေါင်းဖို့ စိတ်ဝင်စားလား။ တကယ်တော့ ကျုပ်က ကောင်းကင်ဖာထေးခြင်းဆေးလုံးကို မလိုအပ်တာ အစ်ကိုမန်လည်း သိပါတယ်။ ဒီဆေးလုံးက ဒြပ်စင်ငါးခု စိတ်ဝိညာဉ်ရင်းမြစ်တွေရဲ့ အားနည်းချက်ကို ဖာထေးဖို့ကလွဲလို့ ကျုပ် တခြားတွေးမိတဲ့အရာ မရှိပါဘူး။ အစ်ကိုမန်ကသာ ဒီဆေးလုံးကို သောက်သုံးခဲ့ရင်တော့ ခင်ဗျားရဲ့ ကျင့်ကြံမှုဟာ တိုးတက်လာနိုင်ပြီး ခင်ဗျားရဲ့ သက်တမ်းအကန့်အသတ်ကိုပါ ချိုးဖျက်နိုင်ခြေ ရှိတယ်နော်…”

သခင်ကြီးကျိနစ်ယင်သည် အစောပိုင်းတုန်းက သူ မျက်နှာပျက်ယွင်းသွားမှုအပေါ် စိတ်ထဲထားဟန် မရဘဲ စိတ်လှုပ်တရှားဖြင့် ပြောလေသည်။

“ဟက်…မီးမြွေနှစ်ကောင်နဲ့ ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို ရဖို့အတွက် မင်းက ကြံစည်ထားမှတော့ မင်းရဲ့ စိတ်မှာ အကြံအစည်များနေတာ ငါ သိတယ်။ ဒီခန်းမထဲကို စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဘယ်နှစ်ယောက်များ ရောက်လာခဲ့ဖူးလဲ။ ဒါပေမဲ့ သူတို့အားလုံးက စိတ်ပျက်လက်ပျက်နဲ့ ပြန်လှည့်ခဲ့ကြရတာပဲ။ မင်းရဲ့ အစီအစဉ်ဟာ အဲ့ဒီ ကြီးမားတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရဖို့အတွက် ထိုက်တန်လိမ့်မယ်၊ အောင်မြင်နိုင်ခြေ များလိမ့်မယ်လို့ မင်း ယုံလား။ အတွင်းပိုင်းခန်းမရဲ့ အန္တရာယ်ဆို အပြင်ပိုင်းခန်းမတွေထဲ အဆမတန် ပိုများတယ်။ ကျုပ်တို့လို စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ သွားမယ်ဆိုရင်တောင် ကျုပ်တို့ မထိမခိုက်နဲ့ ပြန်ထွက်လာနိုင်ဖို့ အာမခံချက် မရှိဘူး။ ကောင်းကင်လေဟာနယ်ခန်းမ ဖွင့်လှစ်ခဲ့တဲ့ အဆက်ဆက်မှာ ပျောက်ကွယ်သွားတဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေဟာ တစ်ယောက်၊ နှစ်ယောက် မဟုတ်ဘူး…”

မန်ဟုဇီသည် ထိုသို့ နှာခေါင်းရှုံ့ကာ ပြောသည်။

“အစ်ကိုမန်က ဒါနဲ့ ပတ်သတ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ ကျုပ် မေးပါရစေ၊ ဝမ်ထျန်မင်ကသာ ကောင်းကင်ဒယ်ဇောက်ကို အရယူဖို့အတွက် လာခဲ့တဲ့ ဝမ်ထျန်မင်ကိုတော့ အစ်ကိုမန်က ဒီအတိုင်း စောင့်ကြည့်နေချင်စိတ် မရှိဘူးမလား…”

သခင်ကြီးကျိနစ်ယင်က တည်ငြိမ်စွာ မေးလိုက်သည်။

မန်ဟုဇီ၏ အေးစက်စက် အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်လို့သွားသည်။

သူ့မျက်လုံးက မှေးစင်းသွားပြီးနောက်မှာ ဖြည်းဖြည်းချင်း ပြန်ပြောလာသည်။

“ဝမ်ထျန်မင်ကသာ အတွင်းပိုင်းခန်းမတွေထဲ ဝင်ရဲတယ်၊ ဆန္ဒရှိတယ်ဆို ကျုပ်လည်း မင်းနဲ့အတူ သွားပေးမယ်။ ကျုပ်တို့ရဲ့ မိစ္ဆာတာအိုဟာ ကောင်းကင်လေဟာနယ်ဒယ်ဇောက်ကို ရနိုင်စွမ်း မရှိရင်တောင်မှ လမ်းမှန်တာအိုလက်ထဲတော့ ကျရောက်သွားခွင့် မပြုနိုင်ဘူး…”

“ဟားဟား…သိပ်ကောင်းတယ်။ အချိန်ကျလာလို့ အစ်ကိုမန်ကသာ ကူညီပေးမယ်ဆို အစောပိုင်းတုန်းက ကျုပ် ကမ်းလှမ်းထားတဲ့ အတိုင်းပါပဲ။ အမျိုးသမီးဝမ်ကပါ အကူအညီပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့…”

သခင်ကြီးကျိနစ်ယင်သည် အေးတိအေးစက် မိန်းမလှထံ ပြုံးယောင်သမ်း၍ တချက် လှမ်းကြည့်သည်။

“ကျမ ဒီကို လာခဲ့တဲ့ ရည်ရွယ်ချက်က စိတ်ဝိညာဉ်ဆေးပင်တွေကို ခူးဆွတ်ဖို့ပဲ။ အတွင်းပိုင်းခန်းမတွေကတော့ အတော်လေးကို အန္တရာယ်များလှတယ်။ ဒါ့ကြောင့် ကျမ လိုက်ဝင်နိုင်မှာ မဟုတ်ဘူး…”

မိန်းမလှဝမ်သည် သူတောင်းဆိုသည့် အခြေအနေများကို စိတ်မဝင်စားလေသည့်နှယ် အေးတိအေးစက် ငြင်းဆန်သည်။ ကျိနစ်ယင်၏ မျက်လုံးထဲတွင် စိတ်ပျက်ဟန် အရိပ်အမြွက် လှစ်ခနဲ ဖြတ်ပြေးသွား၏။

ထိုမိန်းမလှသည် စဦးစိတ်ဝိညာဉ်အဆင့် အစောပိုင်း ဖြစ်သော်ငြားလည်း သူမ၏ ခင်ပွန်းကမူ လမ်းခြောက်သွယ်၏ လက်နက်သူတော်စင် ဖြစ်ကာ မိစ္ဆာတာအိုဘက်ရှိ ပြိုင်ဘက်ကင်းပုံရိပ်များကြားမှ တစ်ယောက်ပင်။ သူက မန်ဟုဇီရှေ့တွင် အရှက်မကွဲချင်သော်ငြား သူမကို အတင်းအကြပ် ထပ်မံ၍ တောင်းဆိုမနေတော့ပေ။ သူ ပြောမည့်စကားများကိုသာ ပြန်မြိုချလိုက်တော့သည်။

သို့ရာတွင် သူသည် ထိုအမျိုးသမီးကိုလည်း အတင်းအကြပ် ဖိအား မပေးဝံ့ပေ။ သူ တတ်နိုင်တာက ပြုံး၍ သည်ကိစ္စကို လက်လွှတ်လိုက်ရန်သာ။ တကယ်တော့ သူတို့အုပ်စုသည် လမ်းမှန်တာအိုနှင့် ယှဉ်ပါက အားနည်းနေတာတော့ မဟုတ်ပေ။ သူ့အနေဖြင့် ထိုအမျိုးသမီးဝမ်ကို ရန်စမိချင်စိတ် ရှိမနေပေ။

မိစ္ဆာတာအိုဘက်မှ ဆွေးနွေး၍ ပြီးစီးသည့်အခါမှာ ဝမ်ထျန်မင်နှင့် လမ်းမှန်တာအိုဘက်မှ တခြားနှစ်ယောက်ကတော့ ငြိမ်သက်စွာ ဆက်၍ ကျင့်ကြံနေကြသည်။ သူတို့၌ အကြံအစည်များ ရှိနှင့်ထားပြီး၍လား သို့တည်းမဟုတ် တန်ပြန်တိုက်ခိုက်မည့် အကြံများ ပြင်ဆင်ထားပြီး၍လားကိုတော့ မသိရလေပါ။

ဟန်လိသည် ထောင့်တစ်နေရာတွင် ထိုင်နေလျက်ကနေ သည်မြင်ကွင်းအားလုံးကို မြင်သည်။ သူသည် ခပ်လှမ်းလှမ်းတွင် ရှိနေပြီး သူတို့၏ ပြောစကားများက အသံပို့လွှတ်ခြင်းသာ ဖြစ်သော်ငြားလည်း ထိုသူတို့မှာ လမ်းမှန်တာအိုဘက်သို့ မကြာမကြာ ရန်လိုသောသဘောဖြင့် လှမ်းလှမ်းကြည့်နေ၍ မသိမသာ ခန့်မှန်းမိတာတော့ ရှိသည်။

ထိုသူတို့သည် ဉာဏ်အလင်းအနန္တဂိတ်တံခါးများ၏ ဂိုဏ်းခေါင်းဆောင်နှင့် တခြားသူများကို မည်သို့မည်ပုံ ရင်ဆိုင်ကြမည်နည်းဟု ဆွေးနွေးနေကြတာ ဖြစ်ဖို့များသည်။ သို့ဖြစ်၍ ဟန်လိမှာ များစွာ စိတ်ကျေနပ်သွားရသည်။

စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများက သူတို့အချင်းချင်း အာရုံစိုက်နေသ၍ သူသည် ဗရမ်းဗတာအခြေအနေတွင် သူ့ဘေးကင်းမှုကို လုပ်ဆောင်၍ ရနိုင်မည် မဟုတ်လား။ အကောင်းဆုံးကတော့ သခင်ကြီးကျိနစ်ယင်သည် သူ့အပေါ် အာရုံမစိုက်နိုင်ဖို့ များနေခြင်းပင်။

ဟန်လိသည် ထိုသို့ တွေးနေစဉ် ဝတ်ရုံဖြူအဘိုးအိုနှစ်ယောက်သည် ခန်းမဝင်ပေါက်တွင် ပေါ်လာကြသည်။ သူတို့၏ဆံပင်များမှာ ငွေရောင်၊ တလွှားလွှား ဖြစ်နေသော အပေါ်ထပ် ဝတ်ရုံများနှင့်ပင်။ စိတ်ကူးထဲက အင်မောတယ်(တန်ခိုးရှင်) တစ်ယောက်၏ အသွင်ဟန်ပန်မျိုး အတိအကျပင်။

ကျင့်ကြံသူများစွာသည် ထိုနှစ်ယောက်ကို လှမ်းမြင်ပြီး သူတို့ မည်သူမည်ဝါမှန်း သိသွားကြသည်နှင့် သူတို့၏ အကြည့်များထဲတွင် လေးစားသည့်ဟန်ပန်များ ဖြစ်ပေါ်ကြသည်။

ခန်းမထဲရှိ ကျင့်ကြံသူ အများစု၏ ပုံပန်းသွင်ပြင်သည် စိတ်သက်သာရာ ရသွားကြပုံ ပေါ်၏။ မိစ္ဆာနှင့် လမ်းမှန်တာအိုဘက်တို့မှ လူအိုကြီးများ၏ ဟန်ပန်များကမူ စိတ်ရှုပ်ထွေးကုန်သည်။ သူတို့၏ ဟန်ပန်များ၌ မနာလိုဟန်၊ စိတ်ရှုပ်ထွေးဟန်နှင့် အကူအညီမဲ့ဟန်များပါ ရောနှောနေသည်။

ကျင့်ကြံသူများ၏ အကြည့်အောက်တွင် ထိုအဘိုးအိုတို့က ကြင်နာစွာ ပြောသည်။

“ကောင်းကင်လေဟာနယ်ခန်းမရဲ့ ဒီရတနာအမဲလိုက်ပွဲမှာ ကျုပ်တို့နှစ်ယောက် မကြီးမှူးရတော့တဲ့ အကြောင်းရင်းကတော့ သူတော်စင်နှစ်ပါးက တံခါးပိတ်ကျင့်ကြံနေကြလို့ပဲ။ ဒါပေမဲ့ ခုတော့ ကျုပ်တို့ အကြီးအကဲနှစ်ယောက်က ကြယ်နန်းတော်ရဲ့ ကိုယ်စား ဒီအခိုက်သမယမှာ ကြီးကြပ်မှာ ဖြစ်တယ်…”

“ဒီရတနာအမဲလိုက်ပွဲရဲ့ စည်းမျဉ်းတွေကတော့ အရင်ကအတိုင်းပဲ။ အားနည်းတဲ့သူကို အနိုင်ကျင့်တာ ဒါမှမဟုတ် ရတနာတွေ ရှာဖွေရင်း တစ်ယောက်ကို တစ်ယောက် သတ်တာဆိုရင် ကျုပ်တို့က တားဆီးမှာ ဖြစ်တယ်။ ကျုပ်တို့ ကြယ်နန်းတော်ရဲ့ ရှင်းလင်းခံရမှာ ဖြစ်တယ်။ ဒါပေမဲ့ ကျုပ်တို့ ကြီးကြပ်မှုဟာ အပြင်ပိုင်းခန်းမတွေကိုသာ အကန့်အသတ်ထားထားတယ်။ အတွင်းပိုင်းခန်းမတွေထဲ ဝင်ရောာက်တာပဲ ဖြစ်ဖြစ်၊ အဲ့နေရာက ဘာကိစ္စကိုပဲ ဖြစ်ဖြစ် ကျုပ်တို့က ဝင်ပါမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် မသေချာရင်၊ ယုံကြည်မှု မရှိရင်တော့ အတွင်းပိုင်းထဲ မဝင်ကြနဲ့။ ဒါ့အပြင် ကျုပ်တို့က ကောင်းကင်လေဟာနယ်ခန်းမတွေထဲမှာ ခင်ဗျားတို့ အန္တရာယ်ကြုံရရင်လည်း ကူညီပေးမှာ မဟုတ်ဘူး။ ဒီလောက်ပါပဲ။ လူတိုင်းပဲ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ပြီ ထင်ပါတယ်…”

ထိုသို့ ပြောပြီးနောက်မှာ ဝတ်စုံဖြူအဘိုးအိုနှစ်ယောက်သည် ခန်းမထဲရှိ လူတိုင်းကို အလျင်အမြန် ဝေ့ကြည့်သည်။ တခြားသူများက သူတို့၏ အကြည့်ကို ခံစားမိသည့်အခါ ခေါင်းလွှဲသွားကြသည်။ သို့သော် ဝမ်ထျန်မင်နှင့် မန်ဟုဇီတို့ကမူ သူတို့ထံသို့ အကြည့်ရောက်လာသည့်အခါ သူတို့သည် တိုက်ရိုက် ပြန်ကြည့်ကြသည်။

ဆံဖြူအဘိုးအိုနှစ်ယောက်သည် စစချင်းတော့ မင်သက်သွားသေးသည်။ ပြီးမှ သူက မျက်မှောင်ကြုတ်သွားသည်။ သူတို့သည် တီးတိုးရေရွတ်လိုက်ကြ၏။

“ဒီနှစ်ယောက်က ဘာကြောင့်များ ရောက်လာကြတာလဲ။ ကြည့်ရတာ ပြဿနာတော့ ဖြစ်တော့မယ် ထင်တယ်…”

ခဏအကြာတွင် ကြယ်နန်းတော်မှ ထိုအကြီးအကဲနှစ်ယောက်သည် ဝင်ပေါက်ဘေးတွင် ခြေချိတ်ထိုင်ချကာ သူတို့၏ စကားကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခြင်းကို လုံးလုံး အရေးစိုက်မနေတော့ပေ။

တခြားသော အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများ၏ အမူအရာများကမူ ပူပန်မှုကနေ ပျော်ရွှင်ဟန် ဖြစ်ပေါ်ကြသည်။ ဟန်လိက ထိုသည်ကို မြင်သည့်အခါ ထူးခြားသည်ဟု ခံစားမိသည်။ ကြယ်နန်းတော်သည် ထိုသို့ မျှတစွာ လုပ်ဆောင်ခြင်းဖြင့် မည်သည်ကို မျှော်လင့်ထားသနည်း။ ကြယ်နန်းတော်၏ အာဏာစက်ကို ပြသခြင်းလော။

ထိုအခိုက်တွင် သူသည် အရိုးသခင်၏ အသံကို ကြားရသည်။

“ကောင်လေး…ဂရုစိုက်။ ကြယ်နန်းတော်ကလည်း ပြစ်မျိုးမှဲ့မထင် မွန်မြတ်နေတာ မဟုတ်ဘူး။ ငါ့ဗဟုသုတအရ မိစ္ဆာတာအိုပဲ ဖြစ်ဖြစ် လမ်းမှန်တာအိုပဲ ဖြစ်ဖြစ် လွှမ်းမိုးမှုများစွာ ရှိလာတဲ့အခါ ကြယ်နန်းတော်က သူတို့နဲ့ ပုခုံးချင်း တိုင်းလာနိုင်တဲ့သူကို ဖိနှိပ်လိမ့်မယ်။ နှစ်ဖက်လုံး အင်အားကြီးမားမလွန်းသွားအောင် လုပ်လိမ့်မယ်…”

“ဒါ့အပြင် ကောင်းကင်လေဟာနယ်ခန်းမများ ပွင့်ဟတဲ့အခါ လမ်းမှန်နှင့် မိစ္ဆာတာအို ကျင့်ကြံသူများစွာဟာ ထူးခြားဆန်းပြားသော အကြောင်းရင်းများကြောင့် သေကုန်ကြတယ်။ ဒါက ကြယ်နန်းတော်၏ စနက်ကြောင့် ဖြစ်နိုင်သည်။ မင်းက လမ်းမှန် သို့မဟုတ် မိစ္ဆာတာအို နှစ်ဘက်လုံးတွင် မပါဝင်ပေမယ့် မင်းကိုယ်မင်း ဂရုစိုက်တာကသာ အကောင်းဆုံး ဖြစ်လိမ့်မဘ်။ ငါက တခြား သင့်တော်တဲ့ တွဲဖော်တွဲဖက် မရှာနိုင်တဲ့အတွက်ကြောင့် ငါ့အစီအစဉ်တွေ မကျဆုံးချင်ဘူး…”

အရိုးသခင်၏ စကားသံမှာ မထူးခြားနားဟန် ပေါက်သော်လည်း သူ့စကားများသည် ဟန်လိကို အလန့်တကြား ဖြစ်သွားစေသည်ပင်။

All Chapters