ယွမ်ယောင်
Vol. 32 Ch. 445
ဝတ်ရုံနက်နှင့် အမျိုသမီးသည် ဒေါမာန်ပိုကြီးလာတော့မည့်အချိန် ဟန်လိ၏ အပြုံးသည် ပျောက်ကွယ်သွားပြီး သူက ပြောလာခဲ့တော့သည်။
“နှစ်ပေါင်းတစ်ရာလောက်နဲ့ အမျိုးသမီးယွမ်ဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်ဆီ ဝင်ရောက်နိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ကျုပ် တကယ်ပဲ ဂုဏ်ပြုပါတယ်”
ဟန်လိသည် သူမကို အမျိုးသမီးယွမ်ဟု ခေါ်ဝေါ်သည့်အခါ သူ၏ ရှက်ရွံဒေါသထွက်ဟန် အမူအရာသည် ချက်ခြင်း ပျောက်ကွယ်သွားသည်။ သူမက အကြောက်အကန်ဖြင့် ချက်ခြင်း ငြင်းဆန်လေ၏။
“အမျိုးသမီးယွမ် ဟုတ်လား။ ရှင် မှားနေပြီ ထင်တယ်။ ကျမရဲ့ မျိုးရိုးအမည်က ရွမ်ပါ…”
ထိုအခြေအနေသည် ဟန်လိ ထင်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်လာသည်။ သူသည် ထိုအမျိုးသမီး၏ တလဲ့လဲ့တောက်ပနေသော မျက်လုံးများထံသို့ စိုက်မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
ထိုအခိုက်အတန့်တွင် ကျက်သရေရှိလှသော အမျိုးသမီး၏ အသားအရေသည် ဖြူရော်သွားပြိး သူမ၏လက်က သိုလှောင်အိတ်ပေါ်သို့ ကျရောက်သွားသည်။
ဟန်လိ၏ မျက်နှာထက်တွင်မူ ခပ်ရေးရေး အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သော်လည်း အမှန်တကယ် သူသည်လည်း စဉ်းစားမရ ဖြစ်မိနေသည်။ သည်အခြေအနေအပေါ် နတ်သမီးခရမ်းဝိညာဉ်သည် ပို၍ပင် အံ့အားသင့်သွားသည်။ စဉ်းပင်စဉ်းစားမနေဘဲ သူမက ဟန်လိဘက်သို့ ခြေလှမ်းတဝက်တိုးပြီး သူမ၏ ရပ်တည်ချက်ကို ရှင်းလင်းစေသည်။
ဟန်ပန်အမူအရာ ပြောင်းလဲသွားခြင်းမရှိလေဘဲ ဟန်လိက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“နားလည်မှု လွဲသွားပုံ ရတယ်။ ရောင်းရင်းယွမ်က ကျုပ်ကို မမှတ်မိဖို့ များပါတယ်။ တကယ်တော့ ကျုပ်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က တစ်ကြိမ်သာ တွေ့ဖူးခဲ့တာ မဟုတ်လား…”
“ကျမတို့ တစ်ကြိမ် တွေ့ဖူးခဲ့တာလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကလား…”
ထိုအမျိုးသမီး၏ အမူအရာသည် နည်းနည်းတော့ စိတ်အေးသွားသည်။ သို့သော် သူမ၏ မျက်လုံးထဲတွင်မူ သတိထားနေသည့်ဟန် ပေါ်နေဆဲပင်။ သူမက သံသယဝင်နေသေးသည်။
“ဟန်လိထံသို့ တချက်လှမ်းကြည့်ပြီးနောက်မှာ သူမက သံသယရှိစွာဖြင့် လှမ်းမေးသည်။
ကျမ ရှင့်ကို သေချာ ကြည့်ပြီးပြီ။ ဒါပေမဲ့ ကျမ ရှင်ကို မမှတ်မိဘူး။ ရှင် ကျမကို အကြောင်ရိုက်ဖို့များ ကြိုးစားနေတာလား…”
ထိုသို့ ပြောပြီးနောက်မှာ သူမ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားလေသည်။
ဟန်လိသည် ရယ်ရမလား၊ ငိုရမလားမသိ ဖြစ်မိသွားသည်။ သူက ကွေ့ပတ်၍ မမေးတော့ဘဲ တိုက်ရိုက်သာ မေးသည်။
“ဟိုး လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက အမျိုးသမီးယွမ်ဟာ မာကြောကြယ်ကျွန်းရဲ့ ကောင်းကင်မြို့တော်ကို လာခဲ့သေးတယ်မလား…”
ဝတ်ရုံနက်နှင့်သူသည် ခဏ စိုက်ကြည့်နေပြီးနောက် သူမက ခေါင်းငုံ့ကာ သဘောတူသည်။ ဟန်လိ၏ မျက်နှကို သေချာ ကြည့်ပြီးနောက်မှာ သူမက မေးလာသည်။
“မာကြောကြယ်ကျွန်းရဲ့ ကောင်းကင်မြို့တော်ဈေးလား။ ကျမ အဲ့ကို အကြိမ်ရေ တော်တော်များများ ရောက်ဖူးတယ်။ ရှင်က ကျမကို အဲ့မှာများ မြင်ဖူးခဲ့တာလား…”
သူမသည် တစုံတခုကို ပြန်တွေးမိသွားသည်။
“အမှန်ပါပဲ။ အဲ့အချိန်တုန်းက ခင်ဗျားမှာ လှပတဲ့အမျိုးသမီးမိတ်ဆွေ တစ်ယောက်နဲ့ အတူ ရှိနေခဲ့တာ။ ကျုပ်ဦးလေး ဝိညာဉ်သေနဲ့ ကျုပ်တို့က ဈေးမြို့ရဲ့ အစွန်အဖျားမှာ ခင်ဗျားနဲ့ ဆုံခဲ့တယ်လေ…”
သူသည် ဝိညာဉ်သေဟု ထုတ်ပြောသည့်အချိန်၌ ဟန်လိသည် ဝိညာဉ်သေမှာ သူ့ကိုယ်ပွားဖြစ်ကြောင်းကို သတိပြုမိထားသော နတ်သမီးခရမ်းဝိညာဉ်ထံသို့ အလိုလို လှမ်းကြည့်မိသည်။
နတ်သမီးခရမ်းဝိညာဉ်သည် ဟန်လိက ဝိညာဉ်သေမှာ သူ့ဦးလေးဟု ခေါ်ဝေါ်ပြောဆိုသည့် စကားကို ကြားသည့်အခါတွင် သူမသည် ဆန်းကြယ်စွာ ပြုံးမိသည်။
ဝိညာဉ်သေ ဟူသော အမည်ကို ကြားသည့်အခါ နတ်သမီးခရမ်းဝိညာဉ်သည် ဟန်လိ၏ဘေးတွင် အဘယ်ကြောင့် ခုရှိမနေသလဲအပေါ် စဉ်းစားနေမိသည်။ ဝိညာဉ်သေသည် သူမတို့ကို အတော်လေး အကူအညီ ပေးနိုင်သည် မဟုတ်လား။
ယင်းနောက်မှာ ဝတ်စုံနက်နှင့် အမျိုးသမီးသည် ရုတ်တရက် သဘောပေါက်သွားကာ သူမက မယုံကြည်နိုင်ဟန်ဖြင့် ထုတ်ပြောသည်။
“ရောင်းရင်းရဲ့ စကားလုံးတွေက ကျမအတွက် အတော်လေး ရင်းနှီးသလို ဖြစ်မိပါတယ်။ ရှင်ဟာ အဲ့အချိန်တုန်းက ကောင်းကင်မြို့တော်ဈေးရဲ့ ဝင်ပေါက်မှာ အမြုတေဖွဲ့စည်းခြင်းစီနီယာနဲ့ အတူတူ ရှိခဲ့တဲ့ သူလား…”
ဟန်လိသည် ခါးသီးစွာ ပြုံးမိသည်။
“အမျိုးသမီးယွမ်က နောက်ဆုံးတော့ မှတ်မိသွားပြီပဲ။ ကြည့်ရတာ ကျုပ်က ခင်ဗျားအပေါ်မှာ ပုံမှန်လောက်တော့ အထင်အမြင်ကောင်းတစ်ခု ထင်ကျန်စေနိုင်ခဲ့တဲ့ ပုံပဲ…”
ဟန်လိသည် ရယ်သံစွက်၍ ပြောသည်။
ဝတ်ရုံနက်နှင့် အမျိုးသမီးသည် ဟန်လိ၏ စကားကို ကြားသည့်အခါ မျက်နှာနီမြန်းကာ ရှက်သွေးဖြာသွားသည်။ သို့သော် ခုချိန်တွင် သူမက ဟန်လိကို မှတ်မိသွားပြီ ဖြစ်၍ လုံးဝ စိတ်အေးသွားခဲ့လေပြီ။ သူမက စကားဆိုလာသည်။
“ကျေးဇူးပြုပြီး မစပါနဲ့ ရောင်းရင်းဟန်၊ အဲ့အချိန်တုန်းကတော့ တာအိုရောင်းရင်းဟာ အမှန်တကယ်…”
သူမက စကားဆက်ဖို့ ခက်နေသည်။
ဟန်လိသည် ရယ်ကာမောကာဖြင့် ပြောလိုက်၏။
“ကျုပ်ရဲ့ ပုံပန်းသွင်ပြင်နဲ့ ကျင့်ကြံမှုက တကယ့်ကို သာမန်ဆန်လွန်းခဲ့တာကြောင့် မလား။ ဒါ့ကြောင့် အဲ့အချိန်တုန်းက ခင်ဗျားတို့လို မိန်းမလှနှစ်ယောက်က ကျုပ်ကို သတိမပြုမိခဲ့တာ သဘာဝပါပဲ…”
ဟန်လိသည် တည်ငြိမ်၏။ သူသည် အနည်းငယ်မျှ စိတ်အနှောက်အယှက် မဖြစ်နေပေ။
ဟန်လိ၏ စိတ်သဘောကြောင့် ဝတ်ရုံနက်နှင့်အမျိုးသမီးမှာ များစွာ စိတ်သက်သာရာ ရသွားသည်။ တကယ်တော့ ဟန်လိ၏ ခုလက်ရှိ စွမ်းရည်များသည် အထင်ကြီးဖွယ် ကောင်းလှပြီး ဟန်လိက သူမအပေါ် တမျိုးမြင်သွားမှာကို စိုးမိနေသည်။ သူမ၏ မှော်ရတနာမှာလည်း များစွာ ထိခိုက်ထားသည့်အတွက် သူမသည် ဟန်လိကို လက်လွယ်စပယ် ရန်စမိချင်စိတ် ရှိမနေပေ။
ထိုအတွေးဖြင့် သူမက ဆက်၍ ပြောလာသည်။
“ကျမကလည်း ရောင်းရင်းဟန်ကို ဂုဏ်ပြုပါတယ်။ ဒီနှစ်တစ်ရာလောက်အတွင်း ရောင်းရင်းဟာ ချီစုဆောင်းခြင်းအဆင့်ကနေ အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။ ရှင်ရဲ့ မှော်စွမ်းအားက တစ္ဆေဘုရင်အဆင့်ကိုတောင် အမှန်တကယ် ရှင်းထုတ်နိုင်စွမ်း ရှိနေတဲ့အတွက် တကယ့်ကိုပဲ နက်ရှိုင်းပါတယ်…”
ဟန်လိသည် သူမ၏ တရင်းတနှီး စကားများကို ကြားသည့်အခါ စိတ်ထဲကနေ ခေါင်းခါမိသည်။ သူသည် ထိုစဉ်တုန်းက ချီစုဆောင်းခြင်းအဆင့် ဟုတ်မနေခဲ့ပေ။ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်၌ ရှိနေခဲ့သည်။ အနှစ်သာရသုံးခုဆင့်ကဲ ပြောင်းလဲခြင်းနှင့် မဟာဖွံ့ဖြိုးခြင်းပညာရပ်တို့ကိုသာ မလေ့ကျင့်ခဲ့ပါက သူ့အဖို့ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မရောက်နိုင်မှာကို သူ စိုးမိပါသည်။
သို့သော် ထိုအမျိုးသမီးကမူ ဤမျှ အချိန်ကာလအတွင်း ချီစုဆောင်းခြင်းအဆင့်ကနေ အမြုတေဖွဲ့စည်းခြင်းအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ပေသည်။ သူသည် ဝတ်ရုံနက်အမျိုးသမီးကို မည်သူမည်ဝါမှန်း သိရှိခဲ့သည့်အခါတုန်းက တကယ်ကြီး တုန်လှုပ်အံ့အားသင့်ခဲ့ရသည်။
ထိုအမျိုးသမီးသည် အထင်ကြီးဖွယ်ပါရမီကိုလည်း မပိုင်ဆိုင်ထားပေ။ သို့ဖြစ်၍ သူမသည် သည်နှစ်ရာချီအတွင်း ကံကောင်းမှုကြီးတစ်ခုကို တွေ့ကြုံခဲ့ရတာ ဖြစ်မည်ဟု ဟန်လိက ခန့်မှန်းမိသည်။ မဟုတ်ပါက သူမကဲ့သို့ သာမန်ကျင့်ကြံသူတစ်ယောက်သည် ခုလောက်ထိ လျင်မြန်စွာ တိုးတက်လာနိုင်ဖို့မှာ မဖြစ်နိုင်ပေ။
သူသည် အစောပိုင်းတုန်းက သူမကို သေချာ စူးစမ်းကြည့်ခဲ့သော်လည်း အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်ချင်း တူသည့်အတွက် သူမ၏ စိတ်ဝိညာဉ်ရင်းမြစ်များကို ဖြတ်မြင်နိုင်ခြင်း မရှိခဲ့ပေ။ သူမ၏ မှော်စွမ်းအားများက သူ့အမြင်အာရုံကို ပိတ်ဆို့ထားခဲ့၏။
ထိုအတွေးဖြင့် ဟန်လိသည် ထိုအမျိုးသမီးကို ဆက်လက်၍ စိုက်ကြည့်မနေဝံ့တော့ပေ။ သူက သူတို့ဘေးပတ်လည်ရှိ တစ္ဆေမြူများထံသို့သာ အကြည့်ရောက်သွားသည်။
ဟန်လိသည် ပြုံး၍ တစုံတခုကို တွေးမိ၏။ သို့သော် နတ်သမီးခရမ်းဝိညာဉ်က အရင်ဦးစွာဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လျက် ပြောလာသည်။
“တာအိုရောင်းရင်းတို့…ရှင်တို့ နောက်မှ စကားအေးဆေး ပြောကြပါလား။ ဒီမှာ အကြာကြီး နေတာ သိပ်မကောင်းဘူး။ နောက်ထပ် တစ္ဆေတွေ ပေါ်လာခဲ့ရင် ပြဿနာ တက်နိုင်တယ်…”
ဟန်လိက ပြုံး၍ သဘောတူသည်။ ဝတ်ရုံနက်နှင့်အမျိုးသမီး ယွမ်ယောင်မှာလည်း မငြင်းပေ။ သူတို့၏ ဦးတည်ရာကို သတ်မှတ်ပြီးနောက်မှာ ဟန်လိတို့သုံးယောက်သည် တစ္ဆေမြူများထဲ ခရီးထက်ဆက်လာကြသည်။
……
ဥယျာဉ်တစ်ခုနှင့် အလားသဏ္ဌာန်တူသော နေရာတစ်ခု ရှိနေ၏။ သို့သော် ထိုဥယျာဉ်တွင် အမျိုးအမည် မသိသော ရှားပါးပန်းပင်များနှင့် အပင်များသာ ရှိနေသည်။ ထိုအပင်များကြား၌ အဆောက်အဦရှစ်ခု ရှိနေ၏။ ယင်းအဆောက်အဦများတွင် ကျင့်ကြံသူသုံးဆယ်လည်း ရှိနေသည်။ ထိုကျင့်ကြံသူ အများစု၏ အမူအရာများသည် ဖြူရော်နေကြပြီး သူတို့သည် သွေးများ စွန်းထင်းနေသည်။ သည်နေရာကို ရောက်လာပြီးနောက်မှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြရပုံ ပေါ်၏။ သို့ပေမည့် သူတို့၏ မျက်နှာများထက်တွင်မူ စိတ်လှုပ်ရှားမှုတို့ကို မဖုံးနိုင်မဖိနိုင်ကြပေ။ တစ်ဦးနှင့်တစ်ဦး တီးတိုးစကား ပြောနေသော ကျင့်ကြံသူ တချို့တလေလည်း ရှိကြ၏။
ထိုနေရာတွင် သခင်ကြီးကျိနစ်ယင်၊ ဝမ်ထျန်မင်နှင့် အခြား စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများလည်း ရှိကြသည်။ အင်အားစုနှစ်ခုသည် မတူညီသော အဆောက်အဦနှစ်ခုတွင် တရားထိုင်နေကြသည်။ ကြယ်နန်းတော်မှ အကြီးအကဲနှစ်ယောက်ကမူ နေရာတစ်ခု၌ လေထဲတွင် ရပ်နေသည်။ သူတို့သည်လည်း လေထဲတွင် တင်ပလ္လင်ခွေချိတ်ကာ ထိုင်၍ တရားထိုင်နေကြသည်။ သူတို့သည် ရုပ်တုများအလား။
ထိုဥယျာဉ်နေရာနှင့် မီတာလေးရာလောက်အကွာတွင် ပိန်းပိန်းနက်မှောင်နေသော တစ္ဆေမြူထုက တလိမ့်လိမ့် ရှိနေသည်။ ၎င်းကို မမြင်ရသော နံရံတစ်ခုက ဟန့်တားထားတာ သိသာသည်။
ရုတ်တရက် ထိုမြူသည် ကွဲပိုင်းထွက်ကာ မြူထုကို ဖြတ်၍ တည်ငြိမ်စွာ လျှောက်လာသော အမျိုးသားကျင့်ကြံသူတစ်ယောက်ကို မြင်ရလေသည်။
ထိုအမျိုးသားကျင့်ကြံသူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ထား၏။ ငယ်ရွယ်ပုံ ပေါ်၏။ ကြည့်ကောင်း၏။ သို့သော် အထူးခြားဆုံးကမူ သူ၏ ပုံပန်းသွင်ပြင်သည် ကြည်လင်အေးငြိမ်းပေါ် ပေါ်နေခြင်းပင်။ သူသည် သည်နေရာကို ရောက်လာဖို့ မည်သည့်တိုက်ပွဲမှ မကြုံခဲ့ရသည့်အလား။
ထိုထူးခြားလှသော မြင်ကွင်းက အနီးဝန်းကျင်ရှိ ကျင့်ကြံသူအား၏ အာရုံကို စွဲဆောင်သွားကာ သူတို့အား အံ့အားတသင့် ဖြစ်စေကုန်သည်။ သူတို့သည် ထိုသူ့ကို စိတ်ရှုပ်ထွေးဟန် အကြည့်ဖြင့် လှမ်းကြည့်ကြသည်။
ထိုအခိုက်တွင် သခင်ကြီးကျိနစ်ယင်သည် မျက်လုံးဖွင့်လာပြီး ထိုအမျိုးသားထံသို့ တချက် လှမ်းကြည့်သည်။ ယင်းနောက်မှာ သူသည် စိတ်ပျက်ဟန် ပေါ်သွား၏။ သူသည် သူ့မျက်လုံးကို ထပ်မံ၍ မှိတ်ကာ ထိုသူ့ကို အာရုံထပ်မစိုက်တော့ပေ။
ထိုအမျိုးသားကျင့်ကြံသူက အရှင်သခင်ကျိနစ်ယင်ထံသို့ လှမ်းကြည့်သည့်အခါ သူ့မျက်နှာထက်တွင် ဂရုမစိုက်သည့်ဟန်နှင့် မကျေမနပ်ဟန် ဖြစ်ပေါ်သွားသည်။ သို့ပေမည့် သူ၏ တည်ငြိမ်သော ဟန်ပန်မှာ အလျင်အမြန် ပြန်ဖြစ်ပေါ်ပြီး သူက ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာလေသည်။
သူသည် မည်သည့်အဆောက်အဦထဲကိုမျှ ဝင်မထိုင်ပေ။ ထိုအစား သူသည် လူသူကင်းမဲ့သော ထောင့်တစ်နေရသို့သွားကာ ထိုနေရာတွင် လက်နှစ်ဖက် နောက်ပစ်ကာ ရပ်၍ ကျင့်ကြံသူများကို မထူးခြားနားဟန်ဖြင့် စူးစမ်းနေသည်။ ဟန်လိက ခုထိ မပေါ်လာသေးတာ မြင်သည့်အခါ သူ၏ နူးညံ့သော မျက်နှာမှာ မသိမသာ မျက်မှောင်ကြုတ်သွားသည်။ သို့သော် သိပ်မကြာခင်တွင် သူသည် စိတ်ခံစားချက် ကင်းမဲ့ဟန် ပြန်ဖြစ်သည်။
ထိုအခိုက်တွင် တခြားသူများ မကြားရသော လူတစ်ယောက်၏ အသံသည် ခုမှ ရောက်လာသော လူငယ်၏ စိတ်ထဲ၌ ကြားလိုက်ရသည်။
“ဘာလဲ။ ခင်ဗျားရဲ့ အကူအညီက ဒီကို ရောက်မလာသေးဘူးမလား။ သူက ရန်ငြှိုးစိတ်ဝိညာဉ် တစ်ကောင်ရဲ့ လက်ချက်ကြောင့် သေသွားလောက်ပြီ ထင်တယ်။ ကြည့်ရတာ ခင်ဗျား ရှာနေတဲ့သူဟာ မဟန်တဲ့သူ ထင်တယ်…”
လူငယ်သည် ဒေါသထွက်သွားသည်။ သူက သူ့စိတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး ပြန်တုန့်ပြန်၏။
“တိတ်စမ်း။ ကျုပ် ခန္ဓာကိုယ်ထဲမှာ စကားကို လက်လွတ်စပယ် မပြောနဲ့။ ဒီမှာ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေ အများအပြား ရှိနေတယ်။ သူတို့ထဲက တစ်ယောက်၊ နှစ်ယောက်ကသာ မင်း ပြောတာကို ကြားသွားခဲ့ရင် ဘာဆက် ဖြစ်လိမ့်မယ်လို့ မင်း ထင်လဲ…”