← Chapters

တရားခံစစ်စစ်

Vol. 63 Ch. 827

တရားခံစစ်စစ်

Vol. 63 Ch. 827

ချင်မူက စဉ်းစားပြီး ပြောလိုက်သည်။ “သိလောက်တယ်... သူက မင်းထက် ငယ်ပေမယ့် အများကြီး ငယ်တာမဟုတ်ဘူး... အသက်အရွယ်အရဆို ကောင်းကင်နတ်အရှင်ခုနစ်ပါးထက် နည်းနည်းပဲ ငယ်တာဆိုတော့ လူသားမျိုးနွယ်ရဲ့ အသက်အကြီးဆုံး လူတစ်ယောက်လို့လည်း သတ်မှတ်လို့ရတယ်... သူ အမျာကြီးသိလောက်တယ်”

ကောင်းကင်နတ်အရှင်ယွီ စိတ်အားတက်လာတော့သည်။

သူတို့အားလုံး အစိမ်းရောင်အလင်းထဲ ဝင်လိုက်သည့်အခါ မျက်စိအရှေ့မှ အစိမ်းရောင်အလင်း မှေးမှိန်ပျောက်ကွယ်သွားသည်။ ထို့နောက် ချင်းယွင်ကောင်းကင်ဘုံ ပေါ်လာပြီး ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ အပြင်၌ နေဝင်စပြုနေသော်လည်း ဤနေရာတွင် နေသည် လင်းထိန်တောက်ပနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ချင်မူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာတွင် ကောင်းကင်ထဲရှိ နေက နေအစစ်မဟုတ်ကြောင်း မြင်လိုက်ရသည်။ ဤနေရာရှိ နေသည် တာအိုရသေ့များမှ ဖန်တီးထားသော နေဖြစ်ပြီး ထိုနေထဲမှ ထွက်ချည်၊ ဝင်ချည် ပျံသန်းနေသော တာအိုရသေ့များကို တွေ့ရသည်။

“လင်းရွှမ်၊ မင့်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခွဲက သင်္ချာစွမ်းရည် အင်မတန် မြင့်မားတာပဲကွ” ချင်မူ တာအိုသခင်လင်းရွှမ်ထံ ပြောလိုက်သည်။

တာအိုသခင်လင်းရွှမ်မှာ အလွန်ပျော်နေပြီး အပြုံးပန်းများ ဝေဆာစွာဖြင့် ပြောသည်။ “ဒီကမ္ဘာပေါ်က အရာအားလုံးကို သင်္ချာနဲ့ ဖော်ပြလို့ရတယ်လေ... ငါ့တာအိုဂိုဏ်းက အက္ခရာသင်္ချာတာအိုမှာ ကျွမ်းကျင်တော့ ဒီလိုလုပ်နိုင်တာ မထူးဆန်းပါဘူး”

သူက ပို၍ပင် စိတ်ကြည်လာကာ ဘေးဘီဝဲယာသို့ ကြည့်ရင်း ခေါင်းတညိတ်ညိတ် ဖြစ်နေ၏။

ချင်းယွင်ကောင်းကင်ဘုံတွင် တောင်တန်းများ၊ မြစ်ပြင်များ ရှိသော်လည်း နေရာကား သိပ်မကျယ်ပေ။ မိုင်တစ်သိန်း ကျယ်ဝန်းသော ယခင်ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် အရွယ်အစားတူတူခန့် ရှိသည်။

နေရာက ကျဉ်းသော်လည်း ရှိသင့်ရှိထိုက်သည်များ ရှိလေသည်။ လူလုပ်လတစ်စင်းနှင့် လူလုပ်နဂါးငွေ့တန်းတစ်ခုကို ချင်မူ မြင်တွေ့ရသည်။ နဂါးငွေ့တန်းအတွင်းရှိ လနှင့် ကြယ်တာရာများက သိပ်မကြီးပေ။ ကြယ်များသည် လုံးဝန်းပြီး ကိုက်သုံးရာခန့်သာ ကြီးမား၏။ အတော်များများအပေါ်တွင် နန်းဆောင်တစ်ခုစီ ရှိကြသည်။

ကြယ်တို့၏ နေရာအကျယ်အဝန်းက နန်းဆောင်တစ်ဆောင် ကွတ်တိဆန့်ရုံသာ ဖြစ်သည့်အတွက် အနည်းငယ် ကြပ်သပ်နေသယောင် ထင်ရသည်။

လောလောဆယ်တွင် တာအိုရသေ့များသည် နဂါးငွေ့တန်းထဲ၌ သွားလာပြီး ကြယ်တို့၏ နေရာများအား ရွှေ့ပြောင်းကာ ကြယ်ဝင်္ကပါများ တည်ဆောက်နေကြ၏။ သူတို့ဘေးတွင် ဝင်္ကပါတည်ခင်းနည်း သင်ပေးနေသော အသက်ကြီးကြီး တာအိုရသေ့များလည်း ရှိကြသည်။

ကောင်းကင်အနေအထား၊ ကြယ်ဝင်္ကပါများ၊ နက္ခတ်တာရာများနှင့် နဂါးငွေ့တန်းက ခမ်းနားကြီးမြတ်သော နတ်ဘုရားတစ်ပါး၏ ကောက်ကြောင်းကို ဖွဲ့တည်ထားကြသည်။ နတ်ဘုရား၏မျက်လုံးနေရာတွင် နဂါးငွေ့တန်းနှစ်ခု ဖွဲ့တည်နေပြီး ဓာတ်ငွေ့မျှင်တို့က ‌သွေးကြောများကို ‌ဖော်ဆောင်ကာ ကြယ်တာရာများသည် ရုပ်ခန္ဓာကို တည်ဆောက်ထားကြ၏။

“ကောင်းကင်နယ်စားမင်းလား”

ချင်မူ တအံ့တဩ စုပ်သပ်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်မိသည်။ “ချင်းယွင်ကောင်းကင်ဘုံက ကြယ်တာရာတွေ သုံးပြီး ကောင်းကင်နယ်စားမင်းရဲ့ အသွင်သဏ္ဍာန် တည်ဆောက်ထားတာပဲ... ဒီလိုသင်္ချာစွမ်းရည်က အမှန်တကယ် အဆင့်မြင့်လွန်းတယ်”

ယွီချိန်က ပြောသည်။ “ဒါ ပုံမှန်ပါပဲ... ငါတို့တာအိုဂိုဏ်းက အက္ခရာသင်္ချာမှာ ကျွမ်းကျင်လို့ ကောင်းကင်နတ်ဘုံက ငါတို့ကို အင်မတန် အရေးထားပြီး ကောင်းကင်နယ်စားမင်းရဲ့ ရုပ်ခန္ဓာတည်ဆောက်ပုံကို ခွဲခြမ်းစိတ်ဖြာခိုင်းခဲ့တယ်... ငါတို့ချင်းယွင်ကောင်းကင်ဘုံရဲ့ တာအိုရသေ့တွေကလည်း ရွှမ်တုဆီ မကြာခဏ သွားပြီး ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို တိုင်းတာတတ်ကြတယ်... အခုဆို ကောင်းကင်နယ်စားမင်းရဲ့ ကိုယ်ပေါ်မှာ တာအိုဂိုဏ်းသားတွေ အများကြီးပဲ”

ချင်မူ့မျက်ဝန်းထောင့်စွန်းများ ပြင်းပြင်းထန်ထန် တွန့်သွားသည်။

ကောင်းကင်နတ်ဘုံက တာအိုဂိုဏ်းကို ကောင်းကင်နယ်စားမင်းအား လေ့လာစေ၍ သူ၏ရုပ်ခန္ဓာတည်ဆောက်ပုံကို တိုင်းတာခိုင်းခဲ့သည်တဲ့လော။ ထို့အပြင် ချင်းယွင်ကောင်းကင်ဘုံထဲရှိ ကြယ်များဖြင့် ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကို တည်ဆောက်နေကြသေးသည်။ ကောင်းကင်နတ်ဘုံ ဘာလုပ်ဖို့ ကြံစည်နေသနည်း။

ချင်မူ ခံစားချက်မကောင်းတော့ပေ။ ‘သူ့ကို အစားထိုးတော့မှာပဲ... ကောင်းကင်နယ်စားမင်း အန္တရာယ်ထဲ ရောက်နေပြီ... ကောင်းကင်နယ်စားမင်းကို ဖယ်ရှားပီးရင် ကောင်းကင်နတ်ဘုံက ကောင်းကင်နယ်စားမင်းနောက်တစ်ယောက် ဖန်တီးပစ်လိမ့်မယ်’

“မင်းတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တာအိုဂိုဏ်းက ဘာမှမဟုတ်ပေမယ့် တာအိုဂိုဏ်းအစစ်ရဲ့ ဂိုဏ်းခွဲသေးသေးလေး ဖြစ်နေသေးတယ်”

ယွီချိန်က လင်းရွှမ်ကို ပြောသည်။ “ငါတို့က တစ်ဂိုဏ်းတည်းဆိုတော့ မင်းကို ဘိုးဘေးကြီးတွေနဲ့ တွေ့ခွင့်ပေးမယ်”

တာအိုရသေ့ချာမှာ မျက်ခုံးပင့်သွားပြီး ဘဝင်မကျ ဖြစ်သွား၏။ တာအိုသခင်လင်းရွှမ်က ပြောသည်။ “ကျေးဇူးအများကြီးတင်ပါတယ်... နောင်တော်ယွီချိန်”

ယွီချိန်က ချင်မူ့ကို ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။ “လောကသခင်ခန္ဓာချင်၊ မင်း ငါတို့ချင်းယွင်ကောင်းကင်ဘုံဆီ လိုက်မလာသင့်ဘူး... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ကောင်းကင်နတ်ဆိုးဂိုဏ်းလို့လည်း ခေါ်တယ်မဟုတ်လား... မိစ္ဆာနတ်ဆိုးတွေကို နှိမ်နင်းဖို့က တာအိုဂိုဏ်းရဲ့ တာဝန်ပဲ... ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကလည်း ကောင်းကင်နတ်ဘုံ ဖယ်ရှားချင်တဲ့ ပစ်မှတ်ဖြစ်နေသေးတယ်”

ချင်မူသည် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို ကြည့်နေ၏။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ဖြစ် လိုက်လာဖို့ လိုလို့ လိုက်လာတာပါ.... ငါ လိုက်မလာရင် ကမ္ဘာကြီး ပြောင်းလဲသွားလိမ့်မယ်”

ယွီချိန် သူ့ဆီသို့ ကြည့်နေရင်း သူ့စကားထဲတွင် အဓိပ္ပါယ်ပါနေကြောင်း ခံစားရသည်။ သို့သော် ထွေထွေထူးထူး မတွေးမိပေ။ “တာအိုနန်းတော်က ဟိုမှာပဲ... မင်းတို့ကို ငါ့ချင်းယွင်ကောင်းကင်ဘုံရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ တွေ့ပေးဖို့‌ ခေါ်သွားပေးမယ်.... ဂိုဏ်းခေါင်းဆောင် မင်းတို့ကို လက်ခံတွေ့၊ မတွေ့တော့ ငါလည်း မသိဘူး”

တာအိုနန်းတော်သည် ချင်းယွင်ကောင်းကင်ဘုံ၏ အချက်အချာ နှလုံးသားနေရာတွင် တည်ရှိပြီး တောင်တန်းများဖြင့် ကာရံထား၏။ နန်းဆောင်ခန်းမ နှစ်ဆယ့်ဆောင်သည်လည်း တာအိုနန်းတော်အား ဝန်းရံထားကြောင်း တွေ့မြင်ရသည်။ ယင်းတို့က ချင်းယွင်ကောင်းကင်ဘုံ၏ လက်အောက်ရှိ နတ်ဘုရားနိုင်ငံနှစ်ဆယ့်လေးနိုင်ငံနှင့် ဆက်စပ်နေသော နန်းဆောင်ခန်းမများ ဖြစ်လိမ့်မည်။

ယွီလင်ကောင်းကင်ဘုံကား အင်အားကြီးမားလာခဲ့သော တာအိုဂိုဏ်းခွဲတစ်ခွဲ ဖြစ်၏။ တာအိုဂိုဏ်းတွင် အခြားသော ဂိုဏ်းခွဲများစွာ ရှိနေသေးရာ မူရင်းတာအိုဂိုဏ်း မည်မျှအင်အားကြီးမားကြောင်း ကောင်းကောင်းစိတ်ကူးကြည့်နိုင်ပေသည်။

အားလုံး တာအိုနန်းတော်၏အပြင်သို့ ရောက်လာသည့်အခါ စီးတော်သားရဲများအပေါ်မှ ဆင်းလိုက်ကြသည်။ ယွီချိန်က သူတို့ကို အပြင်ံ၌ စောင့်ခိုင်းခဲ့ကာ လှေကားထစ်များအတိုင်း ခပ်သုတ်သုတ် တက်သွားပြီး တောင်ထွတ်အပေါ်ရှိ ရွှေနန်းတော်ဆီ ဦးတည်သွား၏။

ထိုကျောက်လှေကားထစ်များက တောင်သားထဲတွင် ထွင်းလျက် တည်ဆောက်ထားခြင်းဖြစ်ကာ ဘယ်နှထစ်ရှိကြောင်း ရေတွက်၍ပင် မရပေ။

“ဒါက ဧည့်သည်ကို ဆက်ဆံတဲ့ပုံလား”

တာအိုရသေ့ချာသည် ဒေါသများဖြင့် ရယ်လိုက်ပြီး တာအိုဒေါက်ချာထဲမှ ခက်ရင်းခွတစ်လက် ဆွဲထုတ်လိုက်၏။ “ငါတို့က တာအိုဂိုဏ်းကပဲလေ.... မူရင်းဂိုဏ်းမဟုတ်ရင်တောင် အခုလို ပစ်မထားခဲ့သင့်ပါဘူး... တာအိုသခင်၊ ငါတို့ အပေါ်အထိ တိုက်ခိုက်သွားပြီး သူတို့နန်းတော်ကို ဇောက်ထိုးလုပ်ပစ်ရအောင်”

လင်းရွှမ်က လက်ခါကာ ပြောသည်။ “ဧည်သည့်တွေအနေနဲ့ အိမ်ရှင့်ဆုံးဖြတ်ချက်ကို လိုက်နာသင့်တယ်... ဟိုနားသည်နား လျှောက်ကြည့်တာပေါ့”

ဤတာအိုနန်းတော်သည် အလွန်ကြီးမားပြီး တာအိုသိုင်းကျင့်ကြံနေသော တာအိုရသေ့များစွာ ရှိ၏။ တာအိုရသေ့များ လေ့ကျင့်နေသော နေရာသို့ ချင်မူတို့ ရောက်လာသည့်အခါ ကိုက်ပေါင်းများစွာ မြင့်မားသော ကြေးနံရံတစ်ခုအရှေ့တွင် ရပ်နေကြသည့် တာအိုရသေ့များအား မြင်လိုက်ကြရသည်။ ရသေ့အိုကြီးတစ်ပါးက သူတို့ကို ဖြည်းဖြည်းချင်း ရှင်းပြနေ၏။ “ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကိူ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတယ်.... လူ့ခန္ဓာလည်း အတူတူပဲ... ဒီကြေးနံရံလည်း အတူတူပဲ... မင်းတို့ ဒါကို မြင်နိုင်သရွေ့ ကိုယ့်ခန္ဓာတည်ဆောက်ပုံကို ပြောင်းလဲပြီး အမှုန်တွေကို ဟော့ဒီကြေးနံရံရဲ့ တုန်ခါနှုန်းအတိုင်း တုန်ခါစေလိုက်ရင် မင်းတို့အားလုံး ဒီနံရံကို ဖြတ်သွားနိုင်လိမ့်မယ်... နံရံဖြတ်လျှောက်အတတ်ကို တတ်သွားရင် ဘယ်လိုတားမြစ်အစီအရင်ဖြစ်‌စေ၊ ဘယ်လိုချိတ်တံဆိပ်ဖြစ်စေ မင်းတို့အတွက် ပြဿနာမဟုတ်တော့ဘူး... ငါ့ကို ကြည့်”

သူက ကြေးနံရံအရှေ့သို့ လျှောက်သွားပြီး နံရံကို ဖြတ်လျှောက်လိုက်ကာ အခြားတစ်ဖက်၌ ပြန်ပေါ်လာသည်။ “စမ်းကြည့်ကြ”

ရသေ့ပျိုများလည်း စိတ်လှုပ်ရှားလာကြကာ စမ်းကြည့်ကြသည်။ တချို့မှာ နံရံနှင့် နဖူး ဆောင့်မိသွားသဖြင့် ဖူးယောင်သွားကြသော်လည်း တချို့ကတော့ ဖြတ်ကျော်နိုင်သွားကြ၏။ ရသေ့အိုကြီးက မျက်လုံးများမှေးကျဉ်းလျက် ဤရသေ့ငယ်များကို ကြည့်ကာ အမှားများ တစ်ချက်ပြီးတစ်ချက် ထောက်ပြနေသည်။

နဂါးချီလင်မှာ ဤမြင်ကွင်းကို စပ်စပ်စုစု ကြည့်နေရင်း မချုပ်တည်းနိုင်တော့ဘဲ မေးလိုက်သည်။ “ဆရာကြီး၊ တပည့်တစ်ယောက် ပျောက်နေတယ်နော်... စောစောက ဆယ့်ခုနစ်ယောက် ရှိတာလားလို့... အခု ဆယ့်ခြောက်ယောက်ပဲ ကျန်တော့တယ်”

ရသေ့အိုကြီးလည်း ရေကြည့်ပြီးနောက် ပျာယာခတ်သွားတော့သည်။ သူက ကြေးနံရံကို အလျင်အမြန် ထိုးချလိုက်၍ နံရံထဲ၌ ပိတ်မိနေသည့် ရသေ့လေးတစ်ယောက် ရိုက်ထုတ်ခံလိုက်ရ၏။ သူ့မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း သေလုမျောပါးဖြစ်နေလေသည်။

ရသေ့အိုကြီးက နဂါးချီလင်ကို ကြည့်၍ ချီးကျူးသည်။ “မင်းက ဉာဏ်ကောင်းသားပဲ... ငါ့ချင်းယွင်ကောင်းကင်ဘုံထဲ ဝင်ပြီး ငါနဲ့အတူ ကျင့်ကြံမလား”

နဂါးချီလင် ခေါင်းယမ်းလိုက်သည်။

“နံရံဖြတ်လျှောက်အတတ်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တစ္ဆေအရိပ်ကျင့်စဉ်နဲ့ တူတယ်... ဘိုးဘိုးထော့ကျိုးရဲ့ ကောင်းကင်ခိုးယူနေမင်းလဲလှယ်လက်သိုင်းနှင့်လည်း ဆင်ပါတယ်”

ချင်မူက လှမ်းကြည့်၍ ကောင်းကင်နတ်အရှင်ယွီဆီသို့ ပြောလိုက်သည်။ “သ‌ဘောတရားတွေက နည်းနည်းပဲ ကွာတယ်.... သဘောတရား နားလည်သရွေ့ တတ်သွားဖို့ မခက်ဘူး”

ကောင်းကင်နတ်အရှင်ယွီလည်း စမ်းကြည့်ချင်လာ၏။ “ကျွန်တော် နားလည်သွားပြီ... စမ်းကြည့်လို့ရမလား”

ချင်မူ ခေါင်းညိတ်ပြလိုက်သည်။

ကောင်းကင်နတ်အရှင်ယွီက ကြေးနံရံအရှေ့၌ ရပ်ပြီး နံရံထဲ ဝင်သွားသည်။ ထို့နောက် အခြားတစ်ဖက်မှ ပြန်ထွက်လာသည်။

တာအိုရသေ့အိုကြီး၏ မျက်လုံးများ အရောင်လက်သွား၏။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဒီညီလေးကလည်း ဉာဏ်ကောင်း....”

ချင်မူ ကောင်းကင်နတ်အရှင်ယွီကို ကပျာကယာ ဆွဲခေါ်သွားကာ တာအိုနန်းတော်၏ အခြားတစ်ဖက်သို့ ရောက်လာကြသည်။ ရသေ့တချို့က စုဝေးနေကြပြီး စက်ဝန်းသဏ္ဍာန်စင်မြင့်အထက်တွင် မြေပုံတစ်ပုံ ရေးဆွဲနေကြ၏။

ချင်မူက ရှေ့တိုး၍ ကြည့်လိုက်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွား‌တော့သည်။ သူက အလေးအနက် မေးလိုက်လေသည်။ “နောင်တော်တို့၊ ကြယ်တွေရဲ့ ကောင်းကင်မြေပုံ ဆွဲနေကြတာလား”

“မင့်အမြင်က မဆိုးဘူးပဲ... မင်းက ဘယ်နတ်ဘုရားနိုင်ငံတော်ရဲ့ တပည့်လဲ” ရသေ့တစ်ယောက်က ခေါင်းထောင်လာကာ မေးသည်။

တာအိုသခင်လင်းရွှမ်လည်း ရှေတိုးကြည့်ပြီးနောက် ဝင်္ကပါမြေပုံကို မြင်လျှင် အကြီးအကျယ် အံ့အားသင့်သွားတော့သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လွှမ်းခြုံထားတဲ့ ကောင်းကင်မြေပုံက ချင်းယွင်ကောင်းကင်ဘုံ ဖန်တီးထားတဲ့ဟာလား”

သူတို့ ရေးဆွဲနေသော ကောင်းကင်မြေပုံသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်မြေပြင်နှင့် ချွပ်စွပ်တူ‌နေ၏။ ကြယ်တာရာ လှည့်ပတ်ပုံလမ်းကြောင်းများကလည်း တစ်ထပ်တည်းဖြစ်သည်။

ချင်မူနှင့် လင်းရွှမ်သည် ကောင်းကင်မဟာမိတ်အဖွဲ့ကို စတင်တည်ထောင်ခဲ့ကြသူများ ဖြစ်ပြီး ကောင်းကင်မဟာမိတ်အဖွဲ့ တည်ထောင်ခဲ့ရသည့်အကြောင်းရင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်အတုကို စုတ်ဖြဲ၍ အပြင်လောကကြီးအား မြင်ရစေရန် ဖြစ်သည်။

ကောင်းကင်အတုကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်း၏ တာအိုသခင်များမှာ ဆယ့်လေးခန်းမြောက် တာအိုဓားကို မကျင့်ကြံနိုင်ခဲ့ကြပေ။ ဆယ့်လေးခန်းမြောက် တာအိုဓားအတွက် သူတို့တစ်ဘဝလုံးနှင့် အသက်ကိုပါ ပေးဆပ်ခဲ့ကြရ၏။

လင်းရွှမ်၏ ဆရာ၊ ယခင်တာအိုသခင်မှာလည်း တစ်သက်လုံး လေ့လာသုံးသပ်ပြီးနောက်တွင်ပင် ဓားကွက်တစ်ဝက်မျှသာ ထုတ်လွှတ်နိုင်ခဲ့သည်။ တာအိုသခင်ကြီး နတ်သက်ကြွေ‌တောင်ကြော၌ သေဆုံးခဲ့ရသော အကြောင်းရင်းမှာ ဆယ့်လေးခန်းမြောက် တာအိုဓားကို မကျင့်ကြံနိုင်ခဲ့၍သာ ဖြစ်သည်။ ကျင့်ကြံထားခဲ့လျှင် သူ သေခဲ့မည်မဟုတ်ပေ။

ကောင်းကင်၏ နက္ခတ်တာရာတို့က အတုဖြစ်နေသည့်အတွက် ယခင်တာအိုသခင်အားလုံး လမ်းကြောင်းမှားခဲ့ကြသည်။ မည်မျှတွက်ချက်စေကာမူ ရလဒ်က မှားနေသည့်အတွက် ဆယ့်လေးခန်းမမြောက် တာအိုဓားအား မကျင့်ကြံနိုင်ခဲ့ကြခြင်း ဖြစ်သည်။

ဤကောင်းကင်မြေပုံကြောင့်ပင် လင်းရွှမ်၏ တာအိုနှလုံးသားလည်း ကြေမွသွားပြီး ရူးတော့မလိုပင် ဖြစ်ခဲ့ရသေးသည်။ ကံကောင်းထောက်မ၍ ချင်မူ ၊ ရှုရှန်းဟွာနှင့် ကျန်ရှိသူများ အနား၌ ရှိနေပြီး သူ့ကို အားပေးခဲ့ကြ၏။ ထို့ကြောင့် သူ အမှောင်ရိပ်ထဲမှ ထွက်လာနိုင်ခဲ့သည်။

ယခုတွင် ကောင်းကင်နတ်ဘုံ၏ တာအိုရသေ့များ ရေးဆွဲနေသော ကောင်းကင်မြေပုံကို မြင်သည့်အခါ သူ့တာအိုနှလုံးသားမှ ဒဏ်ရာများ ပြန်ထလာသည်။ သူ့ရင်ထဲတွင် ဒေါသအမျက်တချောင်းချောင်း ပြည့်လာ၏။

တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းကောင် ပြင်းထန်သော အမျက်ဒေါသ။

ရသေ့တချို့က ချင်မူနှင့် လင်းရွှမ်ကို အကဲခတ်နေကြသည်။ ရသေ့တစ်ပါးက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။ “ကမ္ဘာဦးဘုံအပေါ်က ကောင်းကင်မြေပုံကို ပြောတာလား... ဟုတ်တယ် ငါတို့တာအိုဂိုဏ်း ဆွဲခဲ့တာ.. ငါတို့တာအိုဂိုဏ်းက ကောင်းကင်နတ်ဘုံရဲ့ အမိန့်အတိုင်း ကောင်းကင်မြေပုံ ရေးဆွဲပြီး ကမ္ဘာဦးဘုံအပေါ်မှာ ခြုံလွှမ်းခဲ့ရတာလေ... ဒါပေမဲ့ အဲဒီတုန်းက ရေးကြီးသုတ်ပျာ ဖန်တီးခဲ့ရတော့ အခု အားနည်းချက်တွေ အများကြီး ပေါ်လာတယ်... ဒီတစ်ခေါက် ကောင်းကင်မြေပုံကို ပြန်ပြင်ပြီး လိုအပ်နေတဲ့နေရာတွေမှာ ဖာမလို့ လုပ်နေကြတာ”

ကျန်တစ်ယောက်က ပြောသည်။ “ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေက ကောင်းကင်မြေပုံကို တခြားလူတွေ တွက်မထုတ်နိုင်အောင် အမှားတချို့လည်း ထည့်ထားခဲ့သေးတယ်... ကမ္ဘာဦးဘုံသားတွေ နက္ခတ်တာရာတွေကို ကြည့်ပြီး ဆန်းကြယ်နက်နဲတဲ့ သဘောတရားတွေ တွက်ကြည့်ဖို့ ကြိုးစားကြရင် ဘယ်တော့မှ အဖြေမထွက်ဘဲ တွက်ပြီးရင်း တွက်နေရမှာ... အဲဒါကြောင့် ငါတို့ကောင်းကင်မြေပုံမှာ ဟာကွက်ရှိနေပေမယ့် အဆုံးမရှိတဲ့ တွက်ချက်မှုတွေကြောင့် အဲဒီပါရမီရှင်တွေ ပင်ပန်းသွားကြလိမ့်မယ်... ဒါဆို ကောင်းကင်အတုဖြစ်ကြောင်း သူတို့မသိတော့ဘူးပေါ့... ငါတို့‌ကောင်းကင်မြေပုံကို ရေးဆွဲနေမှန်း မြင်နိုင်တာ ကြည့်ရင် မင်းရဲ့ သင်္ချာစွမ်းရည်က မသေးဘူးပဲ.... မင်း ဘယ်နတ်ဘုရားနိုင်ငံတော်က လာတာလဲ”

တာအိုသခင်လင်းရွှမ်မှာ အံတင်းတင်းကြိတ်ထားရပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာနေသည်။

“ဒီတစ်ခေါက် ကောင်းကင်နတ်ဘုံကနေ ဧည့်သည်တွေ ရောက်လာပြီး ကောင်းကင်မြေပုံ ပျက်စီးသွားလို့ ပြန်ပြင်ပေးဖို့ ပြောတယ်...... ပြန်ပြင်ပြီးသွားရင် ဘယ်သူမှ အမှားမြင်နိုင်မှာ မဟုတ်တော့ဘူး” ရသေ့များက ပြုံးရယ်လျက် ပြောနေကြသည်။

တာအိုသခင်လင်းရွှမ်ဆီမှ အံကြိတ်နေသည့်အသံများ ထွက်လာ၏။ သူက ခံစားချက်မဲ့သော အသံဖြင့် ပြောသည်။ “ဂိုဏ်းသခင်ချင် ပြန်လိုက်ပါ... ဒါက ငါ့တာအိုဂိုဏ်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ”

ချင်မူ သူ့ကို တစ်ချက်ကြည့်၍ ခေါင်းခါလိုက်သည်။ “ဒါက တာအိုဂိုဏ်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ဘူး... ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အလုပ်ကိစ္စပဲ... ဒီကောင်းကင်အတုကို စုတ်ဖြဲပစ်ဖို့က ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ရည်ရွယ်ချက်ပဲ မဟုတ်လား”

တာအိုသခင်လင်းရွှမ်က သွေးများနှင့် ကြေသွားသည့် သွားအစများကို ထွေးထုတ်ကာ ဟက်ခနဲ ရယ်သည်။ “ကောင်းကင်မြေပုံ၊ ကောင်းကင်မြေပုံ... ငါ့တာအိုဂိုဏ်းကို နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် ဖျက်စီးခဲ့တဲ့ ကောင်းကင်မြေပုံက ငါတို့တာအိုဂိုဏ်းက ဖန်တီးထားတာပဲ ဖြစ်နေပါလား.. ဆရာ၊ ဆရာ ကောင်းကင်ဘုံက ဒီအဖြစ်ကို မြင်ရဲ့လား”

သူက နာကြည်းမှုအပြည့်ဖြင့် အော်ဟစ်လိုက်ပြီး သွေးမျက်ရည်စီးကြောင်းနှစ်ကြောင်းသည် ပါးပြင်ထက်သို့ စီးကျလာ၏။

ချွင်

တာအိုဓားက ဓားအိမ်ထဲမှ ထွက်လာကာ ဓားချီများ တိမ်တိုက်များအထက်သို့ ဖြာတက်သွားသည်။

ရုတ်တရက် ချင်မူက သူ့ပခုံးကို ဆုပ်လိုက်၏။

“ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်က စိတ်မထိန်းနိုင်တာတော့ မဟုတ်ဘူးမလား” ချင်မူက နွေးထွေးစွာ ပြုံးနေသည်။

တာအိုသခင်လင်းရွှမ်သည် သူ၏နွေးထွေးသော မျက်ဝန်းများကို ကြည့်ပြီး ဒေါသူပုန်ထနေသောစိတ်များ ပြန်လည်ငြိမ်သက်သွား၏။ သူက မျက်လုံးပိတ်လိုက်ပြီး တခဏကြာသော် တိမ်တိုက်များအထက်သို့ တက်နေသည့် ဓားချီက ဓားအိမ်ထဲ ပြန်ဝင်လာကြသည်။

ချင်မူက အူကြောင်ကြောင်ဖြစ်နေသော တာအိုရသေ့များဘက်သို့ လှည့်၍ အပြစ်ကင်းဖြူစင်စွာ ပြုံးပြပြီး မေးလိုက်သည်။ “ကောင်းကင်နတ်ဘုံက သံတမန် ဘယ်မှာရှိလဲ သိခွင့်ရမလားဗျ”

All Chapters