← Chapters

ခုနစ်စဉ်ကြယ်ကို ခုတ်ပိုင်းသော တာအိုဓား

Vol. 63 Ch. 831

ခုနစ်စဉ်ကြယ်ကို ခုတ်ပိုင်းသော တာအိုဓား

Vol. 63 Ch. 831

တာအိုရသေ့များ တာအိုနန်းတော်ထဲမှ ထွက်လာကြပြီး ရပ်ကြည့်နေကြသည်။ ချင်မူ့စကားကို ကြားလျှင် အားလုံး မျက်မှောင်ကြုတ်ကုန်ကြ၏။

ချင်းယွင်ဂိုဏ်းခေါင်းဆောင် တာအိုဘိုးဘေးကြီး၏အမြင်ကို သွားမေးနေသည့်အချိန် ချင်မူနှင့် ရှောင်ချွင်းဖုန်းတို့ကား တစ်ယောက်နှင့်တစ်ယောက် သတ်ရန် အသင့်ဖြစ်နေကြလေပြီ။

“ငါတို့ ဝင်တားသင့်လား”

တာအိုရသေ့အိုကြီးတစ်ယောက်မှာ ခေါင်းကိုက်လာပြီး ခပ်တိုးတိုး ပြောနေသည်။ “ဒါပေမဲ့ ဘယ်လိုတားမှာတုန်းကွာ... သူတို့က ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေလေ... ငါတို့ချင်းယွင်ကောင်းကင်ဘုံမှာ ကြယ်တာရာအရှင်သခင်တွေရဲ့ တပည့်တွေ သေသွားတဲ့ကိစ္စနဲ့တင် ပြစ်မှုကြီး မြောက်နေပြီ... သံတမန်တွေ ကလဲ့စားမချေအောင် တားလိုက်ရင် ပိုဆိုးသွားလိမ့်မယ်... အခြားတစ်ဖက်မှာကျ တာအိုဘိုးဘေးကြီးတောင် ဂါဝရပြုတာ လက်မခံရဲတဲ့ လောကသခင်ခန္ဓာ... သူ့ကို ရိုက်လို့လည်းမရ၊ ဆူလို့လည်းမရ၊ ထိလို့လည်း မရမှတော့ ဘယ်လိုတားမှာလဲ”

ကျန်တာအိုရသေ့များလည်း မျက်မှောင်ကြုတ်နေကြ၏။ ချင်းယွင်ဂိုဏ်းခေါင်းဆောင်လည်း မရှိချေရာ အကုန်လုံး မကြံတတ်တော့ပေ။

ရုတ်တရက် ယွီချိန်ကျစ်က တိုးတိုးကပ်ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာနဲ့ ကောင်းကင်နတ်ဘုံချင်းရှောင်ဖုန်းက ဂိုဏ်းခေါင်းဆောင်ကို တမင်တကာ ပထုတ်လိုက်တာ... ဂိုဏ်းခေါင်းဆောင် တာအိုဘိုးဘေးကြီးဆီက ဆုံးဖြတ်ချက်ရတဲ့အချိန်ကျရင် နောက်ကျသွားလိမ့်မယ်”

တာအိုရသေ့အိုကြီးများက သူ့ကို ကပျာကယာ လှည့်ကြည့်ကြကာ မေးလေသည်။ “မင်း ဆိုလိုတာက”

ယွီချိန်ကျိန် ဆက်ပြောပြလိုက်သည်။ “ဆရာဦးလေးတို့ စဉ်းစားကြည့်ဗျာ... လောကသခင်ခန္ဓာချင် သံတမန်အားလုံးကို သတ်ပစ်လိုက်ရင် ကျွန်တော်တို့ ချင်းယွင်ကောင်းကင်ဘုံအနေနဲ့ ဘာလုပ်သင့်သလဲ”

“အဲဒီခွေးသူ‌တောင်းစားလေးကို သတ်ပြီး သူ့ခေါင်းကို ကောင်းကင်နတ်ဘုံဆီ ဆက်သရမယ်” စိတ်ဆတ်သော တာအိုရသေ့တစ်ပါးက ဝင်ပြောသည်။

ယွီချိန်ကျစ်မှာ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ “ကျွန်တော်တို့ ချင်းယွင်ကောင်းကင်ဘုံမှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ တပည့် အယောက်သုံး၊ လေးရာနဲ့ သံတမန်တွေ အသတ်ခံလိုက်ရတဲ့ ပြစ်မှုက ဘယ်လောက် ကြီးလေးလိုက်မယ်ထင်လဲ... ချင်းယွင်ကောင်းကင်ဘုံ ကမ္ဘာပေါ်က ပျောက်သွားလိမ့်မယ်... အဲဒီလိုဖြစ်လာရင် ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းလမ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပူးပေါင်းပြီး ပုန်ကန်တာပဲ”

အားလုံး သဘောပေါက်သွားကြသည်။

“ရှောင်ချင်းဖုန်းရဲ့ ရည်ရွယ်ချက်ကလည်း အဲဒီလိုပဲ... လောကသခင်ခန္ဓာချင်ကို သတ်လိုက်ရင် တာအိုဘိုးဘေးကြီးအနေနဲ့ ရွေးချယ်စရာမရှိတော့ဘူး... ဒီကိစ္စက တာအိုဂိုဏ်းနဲ့ ချင်းယွင်ကောင်းကင်ဘုံကို ပုန်ကန်ခွင့်မပေးဘဲ ချုပ်ထားနိုင်လိမ့်မယ်... ဘာကြောင့်ဆို တာအိုဘိုးဘေးကြီးသာ လောကသခင်ခန္ဓာချင်ကို ရွေးချယ်လိုက်ရင် ရှောင်ချွင်းဖုန်းတို့တွေ သေရမှာမလို့ပဲ”

ယွီချိန်ကျစ်က ဆက်ပြော၏။ “ဖြစ်ပြီးသွားရင် ပြောင်းလဲလို့ မရတော့ဘူး... သူတို့နှစ်ယောက်လုံးက တာအိုဘိုးဘေးကြီး ဆုံးဖြတ်ချက်မချခင် တစ်ခါတည်း ကိစ္စရှင်းချင်နေတာ... လောကသခင်ခန္ဓာချင် ဂိုဏ်းခေါင်းဆောင်ကို တာအိုဘိုးဘေးကြီးဆီ လွှတ်လိုက်တဲ့အကြောင်းရင်းကလည်း သူ မရှိတဲ့အချိန် လုပ်သင့်တာ လုပ်ဖို့ပဲ.... နောင်တော်ရှောင်ချွင်းဖုန်းရဲ့ ရည်ရွယ်ချက်ကလည်း အတူတူပဲ... သူတို့လို ပါးနပ်တဲ့လူတွေက သူတို့အသက်နဲ့အနာဂတ်ကို အခြားသူရဲ့ လက်ထဲ ဘယ်တော့မှ ထည့်မှာမဟုတ်ဘူး”

အားလုံး သူ့အပေါ် လေးစားသွားကြပြီး ရသေ့အိုကြီးတစ်ယောက်က မေးလေသည်။ “အဲဒါဆို ငါတို့ ဘာလုပ်သင့်လဲ”

ယွီချိန်ကျစ်က ခပ်တိုးတိုး ပြောလိုက်၏။ “သူတို့ကို တားလိုက်ရင် ကျွန်တော်တို့ တာအိုဘိုးဘေးကြီးဘက်က ရပ်တည်လိုက်ပြီလို့ ဆိုလိုတယ်... ဒီတော့ ကျွန်တော်တို့ ဘာပဲလုပ်လုပ် မှားသွားလိမ့်မယ်... အခု လုပ်ရမယ့်အရာက အရှုပ်ထုပ်ကို ရှင်းဖို့ အသင့်ပြင်ထားဖို့ပဲ”

အားလုံး မျက်မှောင်ကြုတ်၍ မေးကြတော့သည်။ “မင်း ပြောချင်တာက”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ နိုင်သွားပြီး ကောင်းကင်နတ်ဘုံရဲ့ သံတမန်တွေကို သတ်နိုင်ခဲ့ရင် ကျွန်တော်တို့ အလောင်းတွေနဲ့ သက်သေတွေကို ဖျောက်ပစ်ရမယ်.... အပြစ်ကို အမိကမ္ဘာမြေအပေါ် ပုံချပြီး ကောင်းကင်နတ်ဘုံနဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ပစ်ရမယ်... ကောင်းကင်နတ်ဘုံ သွားစုံစမ်းရင် အမိကမ္ဘာမြေဆီ ရောက်သွားမှာပဲ... ဒါဆို ကျွန်တော်တို့ရဲ့အပြစ် လျော့သွားလိမ့်မယ်... ပြီးရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့အတူ ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲပြီး ပုန်ကန်နိုင်မယ့် အချိန်ကောင်းကို စောင့်ရမယ်”

ယွီချိန်ကျစ်က ခပ်သွက်သွက် ပြောလိုက်၏။ “သံတမန်တွေ လောကသခင်ခန္ဓာချင်ကို သတ်နိုင်ခဲ့ရင်တော့ ကျွန်တော်တို့အားလုံး ပိုင်ဆိုင်သမျှ ထုတ်ပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးအောင် သံတမန်တွေကို လာဘ်ထိုးရလိမ့်မယ်... ဒီအခြေအနေနှစ်ခုလုံးအတွက် ကောင်းကောင်းပြင်ထားဖို့ လိုတယ်... ဘယ်ဘက်ရှုံးရှုံး၊ တာအိုဘိုးဘေးကြီး ဘယ်သူ့ကို ရွေးချယ်ရွေးချယ် ကျွန်တော်တို့တွေ အေးအေးဆေးဆေး ကိုင်တွယ်နိုင်သွားမယ်”

“ဟုတ်ပြီ”

အားလုံး ချီးကျူးလိုက်ကြပြီး ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် ခပ်သုတ်သုတ် ထွက်သွားကြသည်။

တာအိုနန်းတော်၏အရှေ့တွင် ချင်မူ၊ လင်းရွှမ်၊ ရှောင်ချွင်းဖုန်းတို့လည်း တာအိုရသေ့အိုကြီးများ သူတို့ကို လျစ်လျူရှု၍ ထွက်သွားကြသည်ကို မြင်လျှင် ကြိတ်၍ ချီးကျူးမိလိုက်ကြသည်။ ‘ချင်းယွင်ကောင်းကင်ဘုံမှာ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်တော့ ရှိနေသေးတာပဲ’

ယွီချိန်ကျစ်က သူတို့အတွေးများကို အတိအကျ ခန့်မှန်းနိုင်ခဲ့၏။ ချင်မူနှင့် ရှောင်ချွင်းဖုန်းသည် သူတို့၏အသက်နှင့် အကျိုးအမြတ်များကို တာအိုဘိုးဘေးကြီး၏ ရွေးချယ်မှုအပေါ်တွင်သာ ပုံအပ်မထားလိုပေ။ ထို့ကြောင့် ရန်သူကို ဦးစွာ ရှင်းလင်းပြီးနောက် တာအိုဘိုးဘေးကြီးအား အကြပ်ကိုင်ရန် တွေးထားကြသည်။

“ကောင်းကင်က တကယ် ပြောင်းလဲနေတာပဲ”

ချင်မူ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ထဲတွင် လေလှိုင်းများ တိုက်ခတ်နေပြီး လွင့်မျောနေသော တိမ်တိုက်များက လူလုပ်နေနှင့် လကို လွှမ်းခြုံသွားကာ အမျိုးမျိုးသော လူလုပ်နဂါးငွေ့တန်းများ၊ ကြယ်အစုအဝေးများ ပေါ်လာစေ၏။ မြင်ကွင်းမှာ အလွန်တရာလှပနေသောကြောင့် ချင်မူ တလေးတစား စုပ်သပ်မိသည်။ “တာအိုဂိုဏ်းရဲ့ သင်္ချာကောင်းကင်နတ်သိုင်းက ထူးခြားပါပေတယ်... ဒီကမ္ဘာထဲက တာအိုအားလုံးကို ထိန်းချုပ်နိုင်တယ်”

ရှောင်ချွင်းဖုန်းကလည်း ကောင်းကင်ဆီ ကြည့်၍ ချီးကျူးသည်။ “လောကသခင်ခန္ဓာချင်က အမှန်တကယ် အမြင်ကျယ်ပါပေတယ်... ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်းကို အရေးထားတဲ့ အကြောင်းရင်းက တာအိုဂိုဏ်းရဲ့ သင်္ချာစွမ်းရည်က တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတာကြောင့်ပဲ... သူတို့က ခေတ်အဆက်ဆက် အတော်ဆုံးလူတွေ ဖြစ်ခဲ့ကြတယ်.... အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့အပါအဝင် ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားစစ်တပ်တွေက သူတို့လက်နက်တွေနဲ့ ဝင်္ကပါအခင်းအကျင်းတွေကို တာအိုဂိုဏ်းဆီပဲ အပ်ကြတာလေ”

“ဒါကြောင့်ပဲ ကောင်းကင်နတ်ဘုံနဲ့ ယှဉ်တိုက်ချင်ရင် တာအိုဂိုဏ်းရဲ့ အထောက်အပံ့ကို ငါ လိုအပ်တာပေါ့” ချင်မူက ပြောလိုက်သည်။

ရုတ်တရက် သူ့အနောက်ရှိ လူငယ်တစ်ယောက်သည် မာန်သွင်းဟိန်းဟောက်၍ ကောင်းကင်ထက်သို့ ခုန်တက်လိုက်၏။ သူက လေလယ်တွင် ရပ်ကာ လှမ်းအော်သည်။ “ချင်မျိုးရိုးနဲ့တစ်ယောက်၊ လောကသခင်ခန္ဓာဆိုတာ ဘာလဲ လာပြစမ်း”

ထိုလူငယ်က ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ သူ့အနောက်၌ သူ၏မူလဝိညာဉ် ဖွဲ့တည်လာသည်။ သူ၏မူလဝိညာဉ်သည် လိပ်တစ်ကောင်အသွင် ရှိပြီး မြွေကြီးတစ်ကောင်ကလည်း လိပ်ကို ရစ်ပတ်ထားသေး၏။ လိပ်တွင် နဂါးခေါင်းရှိပြီး မြွေကြီးက ပါးစပ်ကြီးဖြဲလျက် တောင်ပံတစ်‌ထောင်အား ဖြန့်ကားထားသည်။

ယင်းကား လိပ်နက် ဖြစ်လေသည်။

လိပ်နက်မူလဝိညာဉ် ဖွဲ့တည်လာသည်နှင့် လိပ်နက်၏ ခြေထောက်အောက် ကောင်းကင်ထဲတွင် မြစ်ကြီးတစ်စင်းလည်း တမုဟုတ်ချင်း ပေါ်လာ၏။ မြစ်အရှည်ကြီးဆီမှ လှိုင်းပုတ်သံများ ဆူညံနေသည်။

ချင်မူက လင်းရွှမ်ကို ကြည့်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “တာအိုသခင်လင်း၊ မြောက်နတ်မင်းရွှမ်းဝူရဲ့ တပည့်ပဲ... မင်း ယုံကြည်ချက်ရှိလား”

လင်းရွှမ်သည် မြောက်နတ်မင်း၏ တပည့်ဖြစ်သူကို လှည့်၍ပင် မကြည့်ဘဲ ပြုံးလျက် ပြောသည်။ “ဂိုဏ်းသခင်ချင်၊ မင်းရဲ့ဦးနှောက်က သူများတွေရဲ့ ဦးနှောက်နဲ့ မတူဘူး... မင်းမှာ ထူးခြားဆန်းကြယ်တဲ့အတွေးတွေ အမြဲပြည့်နေပေမယ့် ဘယ်တော့မှ ကိုယ်တိုင် အ‌ကောင်အထည်မဖော်ဘဲ ငါတို့လက်ထဲပဲ ထည့်ပေးခဲ့တယ်... မင်းက အမြဲလျှောက်သွားနေပြီး တစ်နှစ်၊ နှစ်နှစ်ကြာတဲ့အထိ ပြန်မလာတတ်ဘူး... ဒီတစ်ခေါက် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ရောက်လာတော့လည်း မင်း အလုပ်များနေတာဆိုတော့ ငါတို့တာအိုဂိုဏ်းရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ဘယ်လောက်အတိုင်းအတာအထိ တိုးတက်လာခဲ့လဲ နားမလည်လောက်ဘူး... ဟုတ်တယ်မလား”

ချင်မူ အနည်းငယ် မှင်သက်သွားသည်။ တာအိုသခင်လင်းရွှမ်က ရှေ့တစ်လှမ်း လှမ်း၍ ကောင်းကင်ထဲသို တစ်လှမ်းချင်းတစ်လှမ်း တက်သွားသည်။ သူက အပြုံးတစ်ခုနှင့်အတူ မြောက်နတ်မင်းရွှမ်းဝူ၏ တပည့်ဆီသို့ လျှောက်သွားလေသည်။ “ရှုရှန်းဟွာ တစ်ခါပြောဖူးတယ်... ထိုက်ဝေသင်္ချာကျမ်းနဲ့ သံလိုက်ဆွဲအား အဲဒီသုတသနနှစ်ခုမှာ သံလိုက်ဆွဲအားဆီက အသီးအပွင့်တွေကို အလွယ်တကူ ခံစားနိုင်ပေမယ့် ... ပြုပြင်ပြောင်းလဲမှုအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိတာက ထိုက်ဝေသင်္ချာကျမ်း ဖြစ်နေတုန်းပဲတဲ့...

“သံလိုက်ဆွဲအားက ကမ္ဘာပေါ်မှာ ကောင်းကင်နတ်သိုင်းစနစ်တစ်ခု တိုးလာစေရုံပဲ ဆိုပေမယ့် ထိုက်ဝေသင်္ချာကျမ်းကတော့ ဒီကမ္ဘာပေါ်မှာရှိတဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ပြောင်းလဲနိုင်တယ်... ဒီနှစ်တွေထဲမှာ ငါတို့တာအိုဂိုဏ်းက ထိုက်ဝေသင်္ချာကျမ်းတစ်ခုတည်းကိုပဲ တစိုက်မတ်မတ် သုတေသန လုပ်ခဲ့ကြတယ်... မင်း ငါ့လက်ထဲ ထည့်ပေးခဲ့တဲ့ ထိုက်ဝေသင်္ချာကျမ်းဟာ အကြမ်းထည်ပဲ ရှိခဲ့ပေမယ့် ဒီနှစ်တွေအတွင်း ငါ့တာအိုဂိုဏ်းက သင်္ချာတွက်နည်းကို အဆင့်မြှင့်ပြီး ကောင်းကင်နတ်သိုင်း တီထွင်နိုင်ခဲ့ပြီးပြီ”

လေလယ်တွင် မြောက်နတ်မင်းရွှမ်းဝူ၏ တပည့်သည် မူလဝိညာဉ်နှင့်အတူ မြစ်ကြီးတစ်စင်းအား ဖန်ဆင်းထားပြီး မြစ်အရှည်ကြီးဆီမှ မိုးကြိုးတိမ်တိုက်ငါးခုလည်း မြောက်တက်လာ၏။ လေပြင်းများ၊ တိမ်တိုက်များ၊ မိုးကြိုးများနှင့်အတူ မြစ်ကြီးသည် နဂါးကြီးသဖွယ် လူးလွန့်လာကာ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် လင်းရွှမ်အပေါ် ရိုက်ချလိုက်သည်။

မြောက်နတ်မင်းက မဟာတာအိုမှ မွေးဖွားလာ‌သော နတ်ဘုရားဘုရင်တစ်ပါး၊ နတ်မင်းလေးပါးထဲမှ တစ်ပါး ဖြစ်၏။ တိရီယွဲ့ပင် သူတို့လက်အောက်တွင် ပညာသင်ကြားခဲ့ရသည်။

မြောက်နတ်မင်း၏ ဤတပည့်တွင်လည်း တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းနေသော ကျင့်စဉ်စွမ်းအင် ပိုင်ဆိုင်ထားသည်။ သူက မြွေပျံကြီး၏ ဦးခေါင်းအပေါ်တွင် ရပ်နေပြီး မြွေပျံကြီးသည် ခရုရစ်ကဲ့သို့ ပျံတက်လာကာ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေ၏။

မြောက်နတ်မင်း၏ တပည့်က မြွေပျံကြီး၏ ဦးခေါင်းအထက်မှ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်သည့်အချိန် လိပ်နက်ကြီးဆီမှလည်း နဂါးတွန်သံ ထွက်ပေါ်လာသည်။ ၎င်းက ချွန်ထက်သော လက်သည်းများ၊ သွားများနှင့်အတူ ကောင်းကင်ကို စုတ်ဖြဲလိုက်သည့်အခါ မိုးကောင်းကင်မှာ မည်းမှောင်သွားသည်။ နောက်တခဏတွင် လျှပ်စီးရောင်ကြောင့် ကောင်းကင်သည် ပြန်လင်းလာ၏။

မြောက်နတ်မင်းသည် သိပ်သည်းသော ကျင့်စဉ်စွမ်းအင်၊ အားကောင်းသော ခံစစ်ကြောင့် ထင်ရှားကျော်ကြား၏။ ဤလူကို လျှော့တွက်မရပေ။

“ငါ ပထမဆုံး ပြောင်းလဲခဲ့တာက တာအိုဓား ဆယ့်လေးခန်းပဲ.... တာအိုဓားရဲ့ ပထမဆုံး ခုနစ်ခန်းကိုပဲ ငါ မွမ်းမံခဲ့ရသေးပေမယ့် ကောင်းကင်နတ်ဘုံက တောသားတွေ ယှဉ်နိုင်ဖို့ကတော့ အဝေးကြီး လိုသေးတယ်”

တာအိုသခင်လင်းရွှမ်က မာန်သွင်းအော်ဟစ်၍ ဓားဆွဲထုတ်ကာ မြောက်နတ်မင်း၏တပည့်အား ရင်ဆိုင်သည်။ သူ့စကားလုံးများနှင့် အပြုအမူများတွင် တုနှိုင်းမဲ့သော ယုံကြည်ချက်တို့ ပြည့်နှက်နေ၏။ “ဂိုဏ်းသခင်ချင်၊ ငါ့ဓားအစစ်ကို ကြည့်လိုက်... မင်း ဒီနှစ်တွေအတွင်း ဘာတွေ လွတ်သွားခဲ့လဲ သိရလိမ့်မယ်”

တာအိုဓား၏ ပထမဓားကွက်၊ အဆုံးမရှိသော လှုပ်ရှားမှုများကို ဆက်သွယ်သည့် အစက်အပြောက်၊ လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန်…။

ကောင်းကင်ထဲတွင် ကိုက်သုံးရာခန့် ကျယ်သော အဖြူရောင်နှင့် အနက်ရောင် ထိုက်ကျအင်းကွက် ဖွဲ့တည်လာသည်။ အတွင်းထဲတွင် ပြောင်းလဲနေသော ယင်နှင့်ယန်သည် အလွန်တရာ အနုစိတ်နေပြီး အတွင်းပိုင်းတည်ဆောက်ပုံမှာလည်း ယခင်တာအိုဓားနှင့် လုံးဝဥဿုံ ကွဲပြားနေချေပြီ။

အတိတ်တုန်းက တာအိုဓား၏ ပထမဓားကွက်သည် ခမ်းနားပြီး အပြောင်းအလဲများသည့်အတွက် ထင်ရှားကျော်ကြား၏။ ယခုတွင် သူ၏တာအိုဓားကား ခမ်းနားပြီး အနုစိတ်နေသလို၊ သင်္ချာအပြောင်းအလဲများကလည်း တိုင်းတာ၍မရအောင် ရှုပ်ထွေးနေပြီဖြစ်သည်။

ဤသည်မှာ တာအိုသခင်လင်းရွှမ် ထိုက်ဝေသင်္ချာကျမ်းကို တစိုက်မတ်မတ် လေ့လာခဲ့ခြင်း၏ အကျိုးရလဒ် ဖြစ်ချေသည်။

ချင်မူ ကောင်းကင်မီးလျှံကို နားလည်အောင် ရှုမြင်ခဲ့စဉ်က ကောင်းကင်မီးလျှံ၏အတွင်းရှိ အနုစိတ်သေးငယ်လှသော တည်ဆောက်ပုံမှတစ်ဆင့် ထိုက်ဝေသင်္ချာကျမ်းကို တွက်ထုတ်နိုင်ခဲ့၏။ သို့သော် ထိုက်ဝေသင်္ချာကျမ်းတွင် အဆုံးမဲ့သော အလားအလာတို့ ရှိနေမှန်း သိခဲ့သော်လည်း သူ့အနေဖြင့် တစ်ဘဝလုံး ပုံအပ်၍ ထိုက်ဝေသင်္ချာကျမ်းအား မွမ်းမံပြုစုနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လင်းရွှမ်နှင့် ရှုရှန်းဟွာလက်ထဲ ထည့်ပေးခဲ့သည်။

ရှုရှန်းဟွာမှာ အထက်ကောင်းကင်ဘုံတက္ကသိုလ်ကို တည်ထောင်ရင်း အလုပ်များခဲ့သည့်အပြင် အဘွားစစ်နှင့်အတူ သံလိုက်ဆွဲအားအကြောင်း သုတသနေ လုပ်ခဲ့ရသည့်အတွက် တာအိုဂိုဏ်းသို့ သွားရန် အချိန်သိပ်မရခဲ့ပေ။

အခြားတစ်ဖက်တွင် တာအိုသခင်လင်းရွှမ်က ထိုက်ဝေသင်္ချာကျမ်းတွင်သာ စိတ်ရောကိုယ်ပါ နစ်မြှုပ်ခဲ့ခြင်းဖြင့် သူ၏တာအိုဓားကို အသစ်ပြန်လည်မွေးဖွားလာသည့်အလား ပြောင်းလဲစေခဲ့သည်။

ထိုက်ဝေသင်္ချာကျမ်း၏ တည်ထောင်သူဖြစ်သူပီပီ ချင်မူသည် တာအိုဓား၏ ဆန်းကြယ်သော သဘောတရားကို မြင်နေရသဖြင့် တစ်ယောက်တည်း စုပ်သပ်နေမိ၏။ ‘ဧကရာဇ်အတိုင်ပင်ခံ မှန်တယ်... ဒီနှစ်ပိုင်းလေးအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ပြောင်းပြန်လှန်သွားခဲ့ပြီ... ငါက အပြင်မှာ လျှောက်သွားနေတော့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လွတ်သွားတယ်... ကံကောင်းလို့ နောက်မကျသေးဘူး... ချင်းယွင်ကောင်းကင်ဘုံကိစ္စ ပြီးသွားရင် တက္ကသိုလ်တွေနဲ့ ကောလိပ်တွေဆီ ပြန်သွားပြီး ပညာထပ်သင်ရမယ်... မသင်လို့ကတော့ ငါ လင်းရွှမ်တို့နောက် ကျကျန်ခဲ့လိမ့်မယ်”

ကောင်းကင်ထဲတွင် မြောက်နတ်မင်း၏ တပည့်ဆီမှ အရှိန်အဟုန်သည် ကြီးမားပြီး ပြိုင်ဘက်ကင်း၏။ သို့တိုင်အောင် လင်းရွှမ်၏ ဓားက တမုဟုတ်ချင်း ထိုးဖောက်သွားသည်။

သူခိုး လိုက်ဖမ်းနေသော ချင်းယွင်ဂိုဏ်းသားများမှာ ဤဓားကြောင့် အံ့အားသင့်သွားကြပြီး ညှို့ငယ်ဖမ်းစားခံလိုက်ရသည့်အလား ကောင်းကင်သို့ မော့ကြည့်နေကြလေသည်။

ချင်းယွင်ကောင်းကင်ဘုံသည် တာအိုဂိုဏ်း၏ ဂိုဏ်းခွဲဖြစ်၍ တာအိုဓားကိုလည်း ကျင့်ကြံကြ၏။ သို့သော် လင်းရွှမ်၏ တာအိုဓားက သူတို့နှင့် ခြားနားနေချေသည်။ မတူညီသော သင်္ချာ၊ မတူညီသော အသေးစိတ်များဖြင့် ခမ်းနားမှုက ဆန်းသစ်နေပြီး တာအိုဓားသည် ဟာကွက်မရှိသည့်တိုင်အောင် ပြီးပြည့်စုံနေ၏။

လင်းရွှမ်၏ တာအိုဓားက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။

စွမ်းအင်ငါးရပ်နှင့် ဒြပ်စင်သုံးပါး ပေါင်းစည်း၍ အထက်ဘုံသို့ တက်လှမ်းစဉ် တိမ်ပျံလှည်းများ ဖြတ်သန်းသွားသည်

ဤဓားကွက် ထွက်ပေါ်လာသည့်အခါ တောင်ပေါ်နှင့် တောင်အောက်ရှိ တာအိုရသေ့အားလုံး တစ်ခဲနက် မကြွေးကြော်မိဘဲ မနေတော့ပေ။ အားလုံး ပို၍ ပို၍ နစ်မျောသွားကြသည်။

တာအိုဓား၏ ဒုတိယဓားကွက်တွင် စွမ်းအင်ငါးရပ်နှင့် ဒြပ်စင်သုံးပါးဖြင့် ဆိုင်သော တြိကိန်းစနစ်နှင့် စတုကိန်းစနစ် ပါဝင်သည်။ ဤဓားကွက်၏ သင်္ချာသဘောတရားက နေ၊လ နှင့် မြေကမ္ဘာကို တည်ဆောက်၍ ဒြပ်စင်များအား ချီစွမ်းအင်ငါးရပ်ဖြင့် ရင်ဆိုင်စေလိမ့်မည်။

သို့သော် လင်းရွှမ် ထုတ်ဖော်လိုက်သည့်အချိန်တွင် တူညီသော ဓားကွက်သာ ဖြစ်ပါသော်လည်း အတွင်းပိုင်းတည်ဆောက်ပုံသည် ခြားနားနေ၏။ ပို၍ အသေးစိတ်နေပြီး ဓားကွက်၏ အတွင်းပိုင်းကို ဖြိုခွဲကြည့်လိုက်ပါက မရေမတွက်နိုင်သော နေလမ်းကြောင်းများ၊ လမ်းကြောင်းများနှင့်၊ စွမ်းအင်ငါးရပ်၏ လမ်းကြောင်းများအား တွေ့ရှိလိမ့်မည်။

ကောင်းကင်ထဲ၌ သွေးရောင် ဖြာသွားသည်။ မြောက်နတ်မင်း၏ တပည့်ကား ဒဏ်ရာရသွားချေပြီ။

ငါးရောင်ခြယ်မင်္ဂလာတိမ်တိုက်များ လွှမ်းခြုံ၍ ကောင်းကင်ဘုံသုံးဆင့်ထက်တွင် ကောင်းကင်တေးသံများ တချွင်ချွင် မြည်လေသည်

တာအိုဓား၏ တတိယဓားကွက် ထွက်ပေါ်လာသည်နှင့် သာယာချိုမြိန်သော တာအိုသံ ပျံ့လွင့်လာပြီး မြောက်နတ်မင်း၏တပည့်မှာ ခေါင်းပြတ်သွားတော့သည်။ သူ၏မူလဝိညာည်က အလျင်အမြန် ထွက်ပြေးသည်။

တာအိုသခင်လင်းရွှမ်၏ တာအိုဓားသည် သူ၏မူလဝိညာဉ်ထံသို့ ခုတ်ချလိုက်၏။ ထိုအခါ ချင်မူ့အနောက်ရှိ အရှေ့နတ်မင်း၊ တောင်နတ်မင်းနှင့် အနောက်နတ်မင်းတို့၏ တပည့်များက လင်းရွှမ်ကို တားရန် ကောင်းကင်သို့ ပျံတက်သွားကြသည်။

လင်းရွှမ်၏ ဓားကွက်က စက်ဝန်းသဏ္ဍာန် လှည့်ပတ်၍ ပြောင်းလဲသွားပြန်သည်။ ကောင်းကင်ထဲ၌ သဘာဝတရား၏ အသွင်အပြင်များ ဖွဲ့တည်လာပြီး တာအိုရသေ့များဆီ အားပေးကြွေးကြော်သံများ သောင်းသောင်းဖြဖြ ဆူညံသွား၏။

ကောင်းကင်သံသရာကို တိတ်တဆိတ် လှည့်ပြောင်း၍ ပြောင်းလဲနေသော သဘာဝတရား၏ အသွင်သဏ္ဍာန်တိုင်းကို ရင်ဆိုင်သည်။

သူ့ဓားကွက် ပြောင်းလဲနေသောနှုန်းက မြန်လွန်းသည်။ သဘာဝတရား၏ အသွင်သဏ္ဍာန်တိုင်း ပေါ်လာပြီး‌ နောက်တခဏတွင် ပဉ္စမဓားကွက်အဖြစ်သို့ ပြောင်းလဲသွား၏။

ပြောင်းလဲမှုအသင်္ချေအား ပြန်လည်ခေါ်ဆောင်သော ကျောက်စိမ်းဂူ၊ ခွန်းလွန်းယွီရှုတောင်ပေါ်က ချစ်ဇာတ်လမ်း

ခွင်းလွန်တောင်၏ ပုံရိပ်အသွင်က လေထဲ၌ ဖွဲ့တည်လာပြီး တာအိုသခင်လင်းရွှမ်က တောင်ထိပ်၌ ရပ်နေသည်။ သူ့လက်ထဲရှိ ဓားသည် တုန်ခါနေပြီး သူ၏ဓားကွက်က သဘာဝရား၏ အသွင်သဏ္ဍာန်တိုင်းကို စုပ်ယူလိုက်သော ကျောက်စိမ်းဂူသဖွယ် ထင်ရ၏။ အရှေ့နတ်မင်း၊ တောင်နတ်မင်းနှင့် အနောက်နတ်မင်းတို့၏ တပည့်များပင် ကျောက်စိမ်းဂူထဲတွင် ဆွဲသွင်းခံလိုက်ရလေသည်။

နဂါးတွန်သံ၊ ကျားဟိန်းသံ၊ မီးငှက်အော်သံများ တရစပ် ထွက်ပေါ်လာကာ သုံးယောက်စလုံး ဂူထဲမှ ရုန်းထွက်လာကြသည်။ သူတို့တစ်ကိုယ်လုံး သွေးများ ရဲပလောင်းခတ်နေ၏။

သူတို့ကို ကြိုဆိုနေသည်မှာ တာအိုဓား၏ ဆဋ္ဌမဓားကွက် ဖြစ်သည်။

ဆန်းကြယ်ရွှေကျိုင်းကောင် ခုနစ်ကောင်၊ သဘောထားကြီးမားသော ချင်းမျိုးဆက်၏ ကြင်နာမှု။

တပည့်သုံးယောက်စလုံး ပြိုင်တူ ခုခံနေသည့်အချိန် တာအိုသခင်လင်းရွှမ်က ကဗျာရွတ်ရင်း ဓားနှင့်အတူ ရွေ့လျားလာသည်။ “အိမ်ခြေရာမဲ့အဖြစ်နဲ့ တစ်ကိုယ်တည်း မျောလွင့်ရင်း၊ အဓိပ္ပါယ်မရှိ ပူပန်နေမယ့်အစား အမြင့်ကိုသာ ငါ တက်လှမ်းမယ်”

ဤသည်ကား တာအိုဓား၏ သတ္တမဓားကွက် ဖြစ်ပေသည်။

တာအိုဓား၏ သတ္တမဓားကွက် ထွက်ပေါ်လာသည့်အခါ ဒဏ်ရာဗလပွ ဖုံးနေသော တပည့်သုံးယောက်က အတူတူ ခုခံကြသည်။ ရုတ်တရက် ဓားရောင်သည် နောက်သို့ပြန်ရုတ်ခံလိုက်ရပြီး တာအိုသခင်လင်းရွှမ်က ဓားရောင်ပမာ ဆင်းသက်လာ၏။

သူသည် ထိုက်ဝေသင်္ချာကျမ်းဖြင့် တာအိုဓား၏ ခုနစ်ခန်းကိုသာ အဆင့်မြှင့်ထားရသေး၏။ သတ္တမဓားကွက်ပြီးလျှင် သိုင်းပညာရှင်သုံးယောက် ခုခံနိုင်သော သာမန်တာအိုဓား ဖြစ်သွားလိမ့်မည်။

ထိုအချိန်မှာပင် ချင်မူနှင့် ရှောင်ချွင်းဖုန်းက ကောင်းကင်ထက်သို့ ပြိုင်တူပျံတက်သွားသည်။ နှစ်ယောက်သား လေလယ်တွင် ထိပ်တိုက်တွေ့၍ ရှောင်ချွင်းဖုန်းမှာ ချင်မူ့သိုင်းကွက်များကို ခုခံနေစဉ် ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်အား ခွာလိုက်ကြောင်း မြင်လိုက်ရ၏။ ချင်မူ ခေါင်းကို ခါလိုက်သည့်အခါ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပေါက်လာပြီး သူ၏ခေါင်းသုံးလုံးဆီမှ အလင်းတန်းသုံးတန်း ထွက်လာသည်။

ရှောင်ချွင်းဖုန်းမှာ သူ၏သိုင်းကွက်များကို ခုခံနေဆဲရှိစဉ် အလင်းတန်းသုံးတန်းက အရှေ့နတ်မင်း၊ မြောက်နတ်မင်းနှင့် တောင်နတ်မင်း၏ တပည့်သုံးယောက်ဆီ တန်းတန်းမတ်မတ် ဝင်သွားကြောင်း တွေ့လိုက်၏။ ‘မဖြစ်ဘူး’

All Chapters