← Chapters

အခန်း (၈၆၉)

Vol. 63 Ch. 869

အခန်း (၈၆၉)

Vol. 63 Ch. 869

သွေးစစ်ပွဲဂိုဏ်း၏ ဂုဏ်သတင်းထိခိုက်မှုသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းအတွက် အောင်မြင်မှုဖြစ်သည်။ ထိုအောင်မြင်မှုကို ဂိုဏ်းတွင် မှတ်သားထားလိမ့်မည်။

သို့သော် ဟန်မူယဲ့က နာမည်ကို ဖုံးကွယ်ထားသောကြောင့် အပြင်လူများ သိနိုင်မည်မဟုတ်ပေ။

အများရှေ့တွင် ချမပြနိုင်သော အောင်မြင်မှုအပြင် ဟန်မူယဲ့က တိုက်ပွဲနှစ်ခုကိုလည်း ဆက်တိုက်အနိုင်ရခဲ့သည်။ ပထမတိုက်ပွဲတွင် သူက ပြောက်မြောက်သော ဓားနည်းစနစ်များကို အသုံးပြု၍ ဖန်ကျန်းယောင်ကို ဖိနှိပ်ခဲ့သည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီး၏ ပျက်စီးခြင်းငါးပါးကပ်ဘေးကို ကျော်လွှားနိုင်အောင် ကူညီပေးခဲ့သည်။

ဒုတိယတိုက်ပွဲတွင် နှစ်ပေါင်းသုံးသောင်းကြာသည်အထိ ရှုံးပွဲမရှိသော နတ်ဘုရားမဲ့ဓားအင်မော်တယ် ရှကျွင့်၏နောက်ခံကို ဖော်ထုတ်ခဲ့သည်။ ထို့ကြောင့် သူက သေဆုံးသွားရသည်။

အထူးသဖြင့် ကျွမ်းကျင်သူများကို စောင့်ကြည့်ရန် ဖိတ်ခေါ်ခဲ့သော ဒုတိယတိုက်ပွဲကြောင့် မိုင်တစ်သန်းပတ်ဝန်းကျင်သည် တုန်ခါသွားခဲ့သည်။

အစပိုင်းတွင် ယွင်လန်ဓားအင်မော်တယ်က ရှကျွင့်၏နောက်ခံကို ဖော်ထုတ်ပြီး သွေးစစ်ပွဲဂိုဏ်း၏ အကြွင်းအကျန်ဝိညာဉ်များကို စုဆောင်းခဲ့‌သောကြောင့် သွေးစစ်ပွဲဂိုဏ်း၏ဒေါသကို ခံစားရလိမ့်မည်ဟု လူတိုင်းက ထင်ထားခဲ့ကြသည်။

သို့သော် ဆယ်ရက်ကြာသွားသည်အထိ သွေးစစ်ပွဲဂိုဏ်း၏လှုပ်ရှားမှုကို မမြင်ရပေ။ ယွင်လန်ဓားအင်မော်တယ်က မြို့ပြင်သို့ ထွက်သွားလျှင်ပင် ငြိမ်းချမ်းနေသည်။

ထို့ကြောင့် ယွင်လန်မြို့ကို ပိုမိုအထင်ကြီးလာကြသည်။

ကျင့်ကြံသူအများအပြားက ရောင်းဝယ်ဖောက်ကားရန်နှင့် ကျင့်ကြံရန် ယွင်လန်မြို့တွင် တိတ်ဆိတ်စွာ စုစည်းလာကြသည်။

ယွင်လန်ဓားအင်မော်တယ်၏ ဂုဏ်သတင်းကလည်း မိုင်တစ်သန်းပတ်ဝန်းကျင်တွင် လွှမ်းမိုးထားသည်။

ပြိုင်ဘက်ကင်းဟန်သည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသည်။

ဟန်မူယဲ့၏ နာမည်အမှန်ကို မည်သူမှ ဂရုမစိုက်ကြတော့ပေ။

ဟန်မူယဲ့က ယာယီတည်ဆောက်ထားသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါမှတစ်ဆင့် လုမင်မြို့သို့ ထွက်လာခဲ့သည်။

ယခုအချိန်မှစ၍ ယွင်လန်မြို့သည် ကြာရှည်ခံသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါတစ်ခုကို တည်ဆောက်လိမ့်မည်။

ဟန်မူယဲ့ထွက်သွားသော သတင်းကို ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့က ဖြန့်ပေးလိုက်သည်။

ဓားသမားတစ်ယောက်၏ စိန်ခေါ်မှုခရီးစဉ်ကို လူအများအပြားက စိတ်ဝင်စားနေကြသည်။

ကျင့်ကြံသူအများအပြားက လုမင်မြို့သို့ အပြေးရောက်လာကြသည်။

ထိုလူများထဲတွင် ကျင့်ကြံဆင့်နက်နဲသော ကောင်းကင်အင်မော်တယ်များ ပါနေသည့်အပြင် ကြွယ်ဝမှုအားလုံးကို အသုံးပြု၍ တည်နေရာရွှေ့ပြောင်းလာသော ကောင်းကင်အဆင့် ကျင့်ကြံသူများလည်း ပါဝင်ကြသည်။

သူတို့က လုမင်မြို့သို့ ရောက်လာသောအခါတွင် ပြိုင်ဘက်ကင်းဟန်က ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ဖြင့် အဆင့်နိမ့်ဝိညာဉ်ရတနာဓားတစ်လက်ကို ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့မှ ဝယ်ယူခဲ့ကြောင်း သိလိုက်ရသည်။

ပြိုင်ဘက်ကင်းဟန်က ထိုဓားကို လောင်းကြေးအနေဖြင့် အသုံးပြုပြီး မိုင်သုံးသိန်းအကွာတွင်ရှိသော ခုနစ်စင်ကြယ်မြို့၏ ဓားအင်မော်တယ်ရှုချီမင်ကို စိန်ခေါ်ရန် သွားရောက်ခဲ့သည်။

ဓားအင်မော်တယ်ရှုချီမင်သည် ကောင်းကင်အင်မော်တယ်အဆင့်တွင်ရှိသော နာမည်ကြီးဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ ကြယ်အသွင်ပြောင်းဓားသည် ကောင်းကင်တွင်ရှိသော ကြယ်များအဖြစ် ပြောင်းလဲသွားနိုင်သည်။

လွန်ခဲ့သော နှစ်တစ်သောင်းတွင် ရှုချီမင်က လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲသည် မိုင်သုံးသောင်းပတ်ဝန်းကျင်ကို တုန်ခါသွားစေပြီး သုံးနှစ်ကြာခဲ့သည်။ အဆုံးတွင် ရှုချီမင်က အဆင့်တက်သွားပြီး တိုက်ခိုက်နိုင်စွမ်းတိုးလာခဲ့သည်။ တစ်ဖက်လူက ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်သွားရသည်။

ရှုချီမင်က ထိုတိုက်ပွဲကြောင့် ကျော်ကြားလာခဲ့သည်။

“ခုနစ်စင်ကြယ်မြို့ကို မြန်မြန်သွားကြမယ်”

“တကယ်လို့ ရှုချီမင်နဲ့ ပြိုင်ဘက်ကင်းဟန်ရဲ့တိုက်ပွဲကို ကြည့်နိုင်ရင် တစ်ခုခုရလာမှာ သေချာတယ်”

မိုင်သုံးသိန်းသည် သိပ်မဝေးပေ။ သူတို့က အရှိန်ကုန်မြှင့်၍သွားလျှင် လျင်မြန်စွာရောက်သွားလိမ့်မည်။

အင်မော်တယ်ကျင့်ကြံသူများက ခုနစ်စင်ကြယ်မြို့သို့ ရောက်လာသောအခါတွင် တိုက်ပွဲစနေပြီဖြစ်သည်။

ထိုတိုက်ပွဲသည် ခုနစ်စင်ကြယ်မြို့နှင့် မိုင်သုံးထောင်အကွာတွင်ရှိသော တောရိုင်းမြေတွင် ဖြစ်ပွားခဲ့သည်။ ဓားတာအို၏ ကျွမ်းကျင်သူနှစ်ဦးက တိမ်တိုက်များကို ပြောင်းလဲသွားစေပြီး တိုက်ခိုက်နေကြသည်။

ပေါက်ကွဲသံများကို ဆက်တိုက်ကြားနေရသည်။ ကြယ်လေပြင်းနှင့် ဓားအလင်းများသည် ကောင်းကင်နှင့်မြေကြီးကြားတွင် သွယ်ယှက်နေကြသည်။

ထိုတိုက်ပွဲသည် သုံးရက်သုံးည ကြာမြင့်ခဲ့ပြီး နောက်ဆုံးရလဒ်ကို မသိနိုင်ခဲ့ပေ။

သို့သော် ရှုချီမင်က ဟန်မူယဲ့ကို ခုနစ်စင်ကြယ်မြို့သို့ဖိတ်ခေါ်ပြီး ပျော်ရွှင်စွာ စကားပြောခဲ့သည်။ သူတို့က ဓားများပင် လဲလှယ်ခဲ့ကြသည်။

ဟန်မူယဲ့က အဆင့်နိမ့်ဝိညာဉ်ရတနာဓားကို အသုံးပြုပြီး ပိုမိုကောင်းမွန်သောဓားတစ်လက်ကို လဲလှယ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟန်မူယဲ့နှင့်ပါလာ‌သော ဇောင်ပိုင်ချွမ်က ခုနစ်စင်ကြယ်မြို့သခင်နှင့် သဘောတူညီချက်ရပြီး ယွင်လန်မြို့နှင့် ခုနစ်စင်ကြယ်မြို့က ပူးပေါင်းခဲ့ကြသည်။ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကိုလည်း ဆောက်လုပ်ခဲ့သည်။

ထိုသတင်းများအရ ယွင်လန်ဓားအင်မော်တယ်က ရှုချီမင်ကို သိမ်းသွင်းနိုင်ခဲ့လိမ့်မည်ဟု အပြင်လူများက ခန့်မှန်းနေကြသည်။

သို့သော် ခုနစ်စင်ကြယ်မြို့မှ ဟန်မူယဲ့ထွက်သွားသည်အထိ တိကျသောအဖြေကို မသိရပေ။ အနိုင်ရသွားသောလူကိုလည်း မည်သူမှ မသိနိုင်ပေ။

“ဂိုဏ်းတူအစ်ကို၊ ပြိုင်ဘက်ကင်းဟန်က ကျူးမင်ကိုစိန်ခေါ်ဖို့ လော့ကျားမြို့ကို သွားနေပြီ။ သူက အနိုင်ရမှာလား”

ခုနစ်စင်ကြယ်မြို့၏ အဓိကခန်းဆောင်တွင် မြို့သခင်တုရှန်က အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသော တည်ငြိမ်သောမျက်နှာထားနှင့် ရှုချီမင်ကို ကြည့်လိုက်သည်။

“ဓားအင်မော်တယ်ကျူးမင်က ငါ့ထက် နည်းနည်းလေး သန်မာတယ်။ ဂိုဏ်းတူညီလေးဟန်ရဲ့ စွမ်းရည်နဲ့ဆိုရင် သူ့ကို အနိုင်ရလိမ့်မယ်”

ရှုချီမင်က ညင်သာစွာပြောသည်။

သူ့စကားများကြောင့် တုရှန်က အနည်းငယ် အံ့အားသင့်သွားသည်။

ရှုချီမင်က တစ်ဖက်သို့လှည့်ပြီး ပြောလိုက်သည်။

“ဂိုဏ်းတူညီလေးဟန်နဲ့ တိုက်ပွဲမှာ ဘယ်သူနိုင်သွားလဲ သိချင်နေတာမဟုတ်လား”

ထိုစကားများကြောင့် တုရှန်က ကမောက်ကမဖြစ်သွားပြီး ခေါင်းကုတ်လိုက်သည်။

“အနိုင်အရှုံးကို ဂရုစိုက်နေစရာမလိုဘူး။ ဂိုဏ်းတူညီလေးဟန်ရဲ့ ဓားတာအိုကျင့်ကြံခြင်းက ငါ့ထက် အများကြီးသာတယ်။ သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ မျိုးဆက်သစ်တွေထဲမှာ အစစ်အမှန်လက်ရွေးစင်တစ်ယောက်ပဲ”

“ငါက သူနဲ့တိုက်ပွဲမှာ ဉာဏ်အလင်းတွေ ရခဲ့တယ်။ တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်”

ရှုချီမင်က ခေါင်းခါလိုက်ပြီး အငွေ့အသက်များကို ရုတ်သိမ်း၍ ခန်းဆောင်ထဲမှ ပျောက်ကွယ်သွားသည်။

“ဂုဏ်ယူပါတယ်အစ်ကိုကြီး ....”

တုရှန်က အားကျနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှာ လက်ရွေးစင်မျိုးဆက်သစ်တွေ ရှိနေပေမဲ့ ဒီလိုလူမျိုးကို တစ်ခါမှ မကြားဖူးဘူး။ ဂိုဏ်းက ဖွက်ထားတဲ့လူလား”

တုရှန်က ရေရွတ်လိုက်‌သော်လည်း အကြောင်းပြချက်ကို မသိနိုင်ခဲ့ပေ။

သို့သော် သူက လော့ကျားမြို့သို့ တိုက်ခိုက်ရန်သွားရောက်သော ဟန်မူယဲ့ကို စိုးရိမ်နေဆဲဖြစ်သည်။

နှစ်ရက်အကြာတွင် လော့ကျားမြို့၏ ဓားအင်မော်တယ်ကျူးမင်က ပြိုင်ဘက်ကင်းဟန်၏ စိန်ခေါ်မှုကို လက်ခံလိုက်ကြောင်း သတင်းပြန့်လာသည်။

သူတို့ရွေးချယ်လိုက်သော တိုက်ပွဲမြေပြင်သည် လော့ကျားမြို့နှင့် မိုင်ရှစ်ထောင်အကွာတွင်ရှိသော မင်ထန်တောင် ဖြစ်သည်။

ထိုတောင်တန်းသည် ပေသုံးထောင်သာ မြင့်မားသော်လည်း မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် အမြင့်ဆုံးတောင် ဖြစ်သည်။

ထိုသတင်းကို ကြားလိုက်ရသောအခါတွင် ကျွမ်းကျင်သူများက အပြေးရောက်လာကြပြန်သည်။

“ဘုန်း”

သူတို့က မင်ထန်တောင်၏ အပြင်ဘက်သို့ ‌ရောက်လာသောအခါ ဓားများထိတွေ့သံကို ကြားလိုက်ရသည်။

အနက်ရောင်နှင့်အဖြူရောင် ဓားအလင်းနှစ်ခုသည် ထိတွေ့သွားပြီး အင်မော်တယ်စွမ်းအင်များကို လှုပ်ရှားစေသည်။ လေဟာနယ်သည် မတည်မငြိမ်ဖြစ်နေသောကြောင့် နတ်အာရုံဖြင့် စစ်ဆေးကြည့်ရန် မဖြစ်နိုင်ပေ။

သူတို့နှစ်ယောက်က တခြားလူများကို မြင်စေချင်ပုံမပေါ်ပေ။

ထိုအရာသည် ပုံမှန်သာဖြစ်သည်။

ပြိုင်ဘက်ကင်းဟန်က ယွင်လန်မြို့၏ အပြင်ဘက်တွင် တိုက်ပွဲကိုစောင့်ကြည့်ရန် ကျွမ်းကျင်သူများကို ဖိတ်ခေါ်ခဲ့ခြင်းသည် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။

ပြိုင်ဘက်ကင်းဟန်နှင့် ဓားအင်မော်တယ်ကျူးမင်၏ တိုက်ပွဲက တစ်ရက်ကြာမြင့်ခဲ့သည်။ အဆုံးတွင် ပေသုံးထောင်မြင့်မားသော ယွင်ထန်တောင်က ပြိုကျသွားသည်။ ဓားအင်မော်တယ်ကျူးမင်က ပြိုင်ဘက်ကင်းဟန်နှင့် မယှဉ်နိုင်ဘဲ အရှုံးပေးလိုက်ရသည်။

သို့သော် ဓားအင်မော်တယ်ကျူးမင်၏ ဓားကျင့်ကြံခြင်းက သန့်စင်ပြီး တိုးတက်လာနိုင်သည်ဟု ပြိုင်ဘက်ကင်းဟန်က ပြောခဲ့သည်။ သူက အချိန်တိုအတွင်း၌ ကောင်းကင်အထိ ရောက်သွားလိမ့်မည်။

သူက ဓားအင်မော်တယ်ကျူးမင်၏ ဓားနည်းစနစ်တချို့ကိုလည်း ထောက်ပြခဲ့သောကြောင့် ဓားအင်မော်တယ်ကျူးမင်က စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုအချိန်တွင် တိုက်ပွဲက ပြီးဆုံးသွားပြီး ပတ်ဝန်းကျင်က ငြိမ်သက်နေသောကြောင့် နတ်အာရုံဖြင့် လှမ်းကြည့်နိုင်သည်။

ထိုမြင်ကွင်းကြောင့် ကျွမ်းကျင်သူများက သက်ပြင်းချလိုက်ကြသည်။

ကျင့်ကြံခြင်းလောသည် ဤသို့ပင် ဖြစ်သည်။

ဓားတာအို၏ ကျွမ်းကျင်သူနောက်တစ်ဦးသည် ခြေနင်းတုံးဖြစ်သွားပြန်သည်။

ဓားအင်မော်တယ်ကျူးမင်က အလယ်အလတ်အဆင့် ဝိညာဉ်ရတနာဓားကို ထုတ်ယူပြီး ဟန်မူယဲ့၏ဓားနှင့် လဲလှယ်လိုက်သည်။ ထို့နောက် လော့ကျားမြို့နှင့် ယွင်လန်မြို့က ပူး‌ပေါင်းလိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို တည်ဆောက်ခဲ့သည်။

လူများ၏ အာရုံစိုက်မှုအောက်တွင် ယွင်လန်ဓားအင်မော်တယ်က စိန်ခေါ်မှုခရီးကို ဆက်လက်လျှောက်လှမ်းခဲ့သည်။

သုံးနှစ်ကြာသွားသည်။

ထိုသုံးနှစ်အတွင်း၌ ဟန်မူယဲ့က ဓားကျွမ်းကျင်သူငါးဆယ်ကျော်ကို စိန်ခေါ်ခဲ့သည်။ ထိုလူများသည် ပတ်ဝန်းကျင်တွင် မကျော်ကြားလျှင် နယ်မြေတစ်ခုကို ထိန်းချုပ်ထားကြသည်။

ဟန်မူယဲ့က ထိုဓားကျင့်ကြံသူများနှင့် တိုက်ပွဲတွင် တစ်ကြိမ်မှ မရှုံးဖူးပေ။

ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်၏ ဂုဏ်သတင်းသည် ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့၏ လှုပ်ရှားမှုကြောင့် ယွင်ထန့်တောရိုင်းမြေတွင် ပျံ့နှံ့သွားခဲ့သည်။

သူ၏ တိုက်ပွဲမှတ်တမ်းတချို့သည် အင်အားစုကြီးများ၏လက်ထဲသို့ ရောက်သွားကြသည်။

တောရိုင်းမြေတွင်ရှိသော ကျွမ်းကျင်သူများက ယွင်လန်ဓားအင်မော်တယ်၏ ဓားနည်းစနစ်များကို လေ့လာနေကြသည်။

“သုံးနှစ်အတွင်းမှာ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အနည်းဆုံး နှစ်ဆတိုးလာတယ်”

လူတစ်ယောက်က တီးတိုးပြောလိုက်သည်။ အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်များက တိုက်ပွဲမှတ်တမ်းကို ကြည့်ရှုနေကြသည်။

“ငါတို့ ထပ်စောင့်နေလို့ မဖြစ်တော့ဘူး။ သူ့ကို နှစ်တစ်ရာလောက် အချိန်ပေးလိုက်ရင် မိစ္ဆာအနှစ်သာရဂိုဏ်းက လက်စားချေနိုင်တော့မှာမဟုတ်ဘူး”

သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသော အေးစက်နေသည့်အသံက ပြောလိုက်သည်။

သူတို့၏ရှေ့တွင်ရှိသော အလင်းလွှာတွင် ဟန်မူယဲ့၏ ဓားကိုလွှဲခုတ်နေသော ပုံရိပ်က ရပ်တန့်သွားသည်။

ဓားအလင်းသည် အလွန်တောက်ပနေသည်။

ခန်းဆောင်က တိတ်ဆိတ်သွားသည်။

“အမှန်အတိုင်းပြောရရင် ငါတို့က လက်စားချေဖို့ မလိုအပ် ....”

လူတစ်ယောက်က တုံဆိုင်းစွာ ပြောလိုက်သော်လည်း ဖြတ်ပြောခံရသည်။

“ဒါက တာအိုဂိုဏ်းရဲ့ ဆန္ဒပဲ”

ကျယ်လောင်သောအသံကို ကြားနိုင်သည်။

လူတိုင်းက ခန်းဆောင်၏ထိပ်ဆုံးသို့ လှည့်ကြည့်မိကြသည်။

ခရမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က နက်ရှိုင်းသောအကြည့်နှင့် ခေါင်းခါသည်။

“ငါတို့က သူနဲ့ရန်ငြိုးရှိတာကို ထည့်မတွက်ရင်တောင် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်နေတဲ့အတွက် သူ့ကို သတ်ပစ်သင့်တယ်”

“တာအိုအင်အားစုက သူ့ကို စုံစမ်းခဲ့တယ်။ သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနဲ့ ခွဲခြားလို့မရနိုင်အောင် ဆက်သွယ်နေတာကို သိခဲ့ရတယ်”

တာအိုတန်ခိုးရှင်က အလင်းလွှာတွင်ရှိသော ဟန်မူယဲ့၏ပုံရိပ်ကို ကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြောသည်။

“အဲဒီသတင်းကိုရဖို့အတွက် တာအိုဂိုဏ်းက ဒါဇင်ချီတဲ့ကျွမ်းကျင်သူတွေကို စတေးခဲ့ရတယ်”

ခန်းဆောင်က အေးစက်သွားသည်။

“တစ်ခုခုမှားယွင်းတာမျိုး မရှိအောင် ငါက အကြီးအကဲလော့ယန်နဲ့အတူ တိုက်ခိုက်မယ်”

“ဂိုဏ်းကို စောင့်ကြပ်ထားကြ”

တာအိုတန်ခိုးရှင်က မတ်တပ်ရပ်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“မင်းတို့က ဓားဂိုဏ်းရဲ့လက်စားချေမှုကို သတိထားရမယ်”

“အကြီးအကဲလော့ယန်နဲ့ငါက အဲဒီလူကို သတ်ပြီးရင် ဓားဂိုဏ်းရဲ့တိုက်ခိုက်မှုကနေ ထွက်ပြေးရလောက်တယ်”

“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ဒီလိုမျိုး လက်ရွေးစင်တစ်ယောက် ဆုံးရှုံးသွားတာကို သည်းခံနေမှာမဟုတ်ဘူး”

....

ယွင်လန်မြို့နှင့် မိုင်သုံးသန်းအကွာတွင်ရှိသော ထို့ပိုင်မြို့တွင် ဟန်မူယဲ့က ဦးညွတ်ထားသော တာအိုတန်ခိုးရှင်ထံမှ ကျောက်စိမ်းပေလွှာတစ်ခုကို လက်ခံလိုက်သည်။

“မိစ္ဆာအနှစ်သာရဂိုဏ်းရဲ့ ဂိုဏ်းချုပ်လင်ယွမ်နဲ့ အကြီးအကဲလော့ယန်က ငါ့ကို တိုက်ခိုက်ချင်နေတယ်”

ကျောက်စိမ်းပေလွှာ၏သတင်းသည် မရိုးရှင်းပေ။ ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့တွင်ရှိသော တာအိုတန်ခိုးရှင်ကို ကြည့်သည်။

“အရှင်၊ မိစ္ဆာအနှစ်သာရဂိုဏ်းမှာ ပုန်းကွယ်နေတဲ့ ကလန်းသားက ဒီသတင်းကို ပေးပို့နိုင်ဖို့အတွက် အသက်စွန့်ထားရပါတယ်။ ဒါက မမှားနိုင်ပါဘူး။ ကလန်အကြီးအကဲက အရှင့်ကိုကာကွယ်ဖို့ ကျွမ်းကျင်သူတွေ လွှတ်လိုက်ရမလား မေးနေပါတယ်”

တာအိုတန်ခိုးရှင်က မိစ္ဆာအငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ မိစ္ဆာလောကလန်သားတစ်ယောက် ဖြစ်သည်။

မိစ္ဆာအနှစ်သာရဂိုဏ်း၏ နောက်ကွယ်တွင် ကျန်းယွမ်ဘုရားကျောင်း ရှိနေသည်။ ဟန်မူယဲ့က ကျန်းထျန်းမင်ကို ဖိနှိပ်ခဲ့သောအချိန်တွင် ထိုအချက်ကို ဖော်ထုတ်ခဲ့သည်။

အဓိကဂိုဏ်းများသည် ရည်ရွယ်ချက်တစ်ခုဖြင့် ယွင်ထန့်တောရိုင်းမြေတွင်ရှိသော မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းကို ထောက်ပံ့ပေးနေကြသည်။

ထိုသတင်းသည် ကျန်းယွမ်ဘုရားကျောင်း၏ ဂုဏ်သတင်းကို မထိခိုက်စေသော်လည်း တာအိုအင်အားစု၏ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ဖြောင့်မတ်သည့်ပုံစံကို ပျက်စီးသွားစေခဲ့သည်။

ခွန်အားကို တန်ဖိုးထားသော ဂိုဏ်းများတွင် ထိုကိစ္စသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

သို့သော် အဆင့်နိမ့်ကျင့်ကြံသူများ၏ကြားတွင် ဟာသများရှိနေပြီး တာအိုအင်အားစု၏ ဂုဏ်သတင်းကို ပိုမိုထိခိုက်စေခဲ့သည်။

ထိုကိစ္စကြောင့် သူတို့က လာရောက်တိုက်ခိုက်နိုင်ကြောင်း ဟန်မူယဲ့က ခန့်မှန်းထားခဲ့သည်။

ကံကောင်းစွာဖြင့် မိစ္ဆာအနှစ်သာရဂိုဏ်း၏ ‌ရွှေအင်မော်တယ်က လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်တွင် ထွက်သွားခဲ့သည်။ ထိုသို့မဟုတ်လျှင် သူက ရွှေအင်မော်တယ်တစ်ပါးနှင့် ခက်ခဲစွာ ရင်ဆိုင်ရလိမ့်မည်။

သူက လက်ရှိခွန်အားဖြင့် ရွှေအင်မော်တယ်ကို မယှဉ်နိုင်သေးပေ။

All Chapters