← Chapters

အခန်း (၈၇၂)

Vol. 63 Ch. 872

အခန်း (၈၇၂)

Vol. 63 Ch. 872

မိုင်တစ်ရာအကွာတွင်ရှိသော ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

လခြမ်းကွေး၏ တိုက်ခိုက်မှုကို ခံစားနေရသော လှံရှည်သည် တုန်ခါနေပြီး အသိစိတ်ပျောက်ကွယ်သွားသည်။

‘လှံရှည်ရဲ့ပိုင်ရှင်က သေသွားပြီလား’

သူက လေပြင်းဓားပြ၏ ကမ္ဘာငယ်ကို သိမ်းယူလိုက်လျှင်ပင် သေဆုံးသွားသည်အထိ မဖြစ်နိုင်ပေ။

ယခုအချိန်တွင် ထိုဓားပြခေါင်းဆောင်က သေဆုံးသွားခဲ့သည်။

သူနှင့်အတူ လေပြင်းဓားပြ တစ်ရာခန့်လည်း သေဆုံးသွားသည်။

ထိုနည်းလမ်းသည် အမှန်တကယ်ပင် ရက်စက်သည်။

‘သူတို့ကို နှုတ်ပိတ်ဖို့လား’

‘ဒါမှမဟုတ် ငါ့ကို ချောက်ချဖို့လား’

ဟန်မူယဲ့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်ထွက်လာသည်။ သူ့ဓားဆန္ဒက လှုပ်ရှားနေသည်။

လေပြင်းဓားပြများ၏ သေဆုံးမှုသည် သူနှင့် သက်ဆိုင်မှုရှိလိမ့်မည်။

ဟန်မူယဲ့က လှံရှည်ကို ဆုပ်ကိုင်ပြီး ဓားချီကို ထည့်သွင်းသည်။

လှံရှည်၏ မှတ်ဉာဏ်များသည် သူ့စိတ်ထဲတွင် လျင်မြန်စွာ ပြေးလွှားသွားသည်။

“ဒီလေပြင်းဓားပြတွေက အင်မော်တယ်မိစ္ဆာဘုရင်ရဲ့ လက်အောက်ကပဲ။ ပြီးတော့ တာအိုအင်အားစုနဲ့လည်း ဆက်သွယ်နေတယ်”

“လေပြင်း၊ မိုးကြိုးနဲ့ ခရမ်းရောင်လျှပ်စီး အားလုံးက လူသားအင်အားစု၊ မိစ္ဆာအင်အားစုတွေနဲ့ ဆက်သွယ်နေကြတယ်”

ဟန်မူယဲ့က လှံရှည်ကို ဆုပ်ကိုင်ထားပြီး ရှေ့သို့ကြည့်သည်။

ထိုနေရာတွင် အနက်ရောင်အလင်းစက်ကွင်းများသည် ကောင်းကင်ထက်တွင် ပြည့်နှက်နေသည်။

အငြိုးအတေးစွမ်းအား ....

ထိုအငြိုးအတေးများသည် သူ့ကို ရည်ရွယ်ထားပုံရသည်။

အငြိုးအတေးစွမ်းအားထဲတွင် သွေးနှင့်ချီများသည် သွေးဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထွက်ပြေးသွားခဲ့သော လေပြင်းဓားပြများ၏ သွေးနှင့်ချီ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူတို့၏ သွေးနှင့်ချီသည် ဝံပုလွေတစ်ကောင်အဖြစ် စုစည်းခံလိုက်ရပြီး သူတို့၏ အသက်စွမ်းအားသည်လည်း ကုန်ဆုံးလုနီးပါး ဖြစ်နေသည်။

“မိစ္ဆာအနှစ်သာရဂိုဏ်း”

ဟန်မူယဲ့က နက်ရှိုင်းသောအကြည့်ဖြင့် ဓားချီကို ဖြည်းဖြည်းချင်း လှည့်ပတ်သည်။

လေပြင်းဓားပြများက သူ့ကြောင့် ဒဏ်ရာမရခဲ့လျှင် လွယ်ကူစွာ သေဆုံးသွားကြမည်မဟုတ်ပေ။

ထို့ကြောင့် စုစည်းလာသော အငြိုးအတေးစွမ်းအင်များသည် သူ့ကို ဦးတည်နေသည်။

မိစ္ဆာအနှစ်သာရဂိုဏ်းသည် နောက်ကွယ်မှ လှုပ်ရှားပြီး သူ့ကို အကွက်ချခဲ့သည်။

သူက လေပြင်းဓားပြများနှင့် ရန်ငြိုးဖွဲ့မိသွားသည်။

သူက ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် လက်ထဲတွင်ရှိသောဓားကို ယုံကြည်ပြီး အကွက်ချမှုများကို မုန်းတီးသည်။

“အငြိုးအတေးစွမ်းအင်ဝင်္ကပါ၊ ဝင်္ကပါကျွမ်းကျင်သူ”

မီးခိုးရောင် အငြိုးအတေးစွမ်းအင်များ၏ နောက်ကွယ်တွင် မတ်တပ်ရပ်နေသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။

အငြိုးအတေးစွမ်းအင်များကို ထိန်းချုပ်နေသော တာအိုတန်ခိုးရှင်တစ်ဦး ....

ခရမ်းရောင်ဝတ်စုံနှင့် ရွှေသရဖူကို ဝတ်ဆင်ထားသော တာအိုတန်ခိုးရှင်တစ်ဦး ....

မိစ္ဆာအနှစ်သာရဂိုဏ်း၏ ဂိုဏ်းချုပ်လင်ယွမ်နှင့် အကြီးအကဲ လော့ယန် ....

“သတ်”

ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ဓားဖြင့် ခုတ်ချသည်။

ဓားအလင်းသည် အငြိုးအတေးဝင်္ကပါကို ထိုးဖောက်သွားသည်။

ထိုဓားချက်သည် မယုံကြည်နိုင်စရာကောင်းအောင် သန်မာသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူကပင် ထိုခွန်အားမျိုးကို ပိုင်ဆိုင်မည်မဟုတ်ပေ။

လော့ယန်၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ဓားအလင်း ဆင်းသက်လာသည်။

အငြိုးအတေးဝင်္ကပါသည် တစ်ခါတည်း ပျက်စီးသွားသည်။

ဓားသွား၏ အေးစက်မှုသည် အဆင်အခြင်မဲ့စွာ ပျံ့နှံ့လာပြီး လူတစ်ယောက်၏ ဝိညာဉ်ကို အေးခဲသွားစေနိုင်သည်။

လော့ယန်က မျှော်လင့်ချက်ကင်းမဲ့သွားသည်။

သူက ထိုဓားချက်ကို မတားဆီးနိုင်ပေ။ သူက နည်းလမ်းများအားလုံးသည် ထိုဓားချက်၏ရှေ့တွင် အသုံးမဝင်ပေ။

ထိုအရာသည် ဓားသမားတစ်ယောက်၏ ညှာတာမှုမရှိသော အစစ်အမှန်ခွန်အား ဖြစ်သည်။

“ခလွမ် ....”

ရွှေရောင်အလင်းလွှာသည် လော့ယန်၏ရှေ့ သုံးပေအကွာတွင် ကျဆင်းလာသော ဓားချက်ကို တားဆီးလိုက်သည်။

ဓားချက်၏အောက်တွင် အလင်းလွှာ၏ အင်မော်တယ်အင်းကွက်များက လင်းလိုက်မှိန်လိုက် ဖြစ်နေပြီး ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော ဓားအလင်းကို အစွမ်းကုန်သုံး၍ ခုခံနေရသည်။

လော့ယန်က ထိတ်လန့်စွာ နောက်ဆုတ်လိုက်ပြီး လောင်ကျွမ်းနေသော အင်းကွက်တစ်ခုအား ကိုင်ထားသည့် ဂိုဏ်းချုပ်လင်ယွမ်ကို ကျေးဇူးတင်စွာ ကြည့်သည်။

“ကျေးဇူးပါဂိုဏ်းချုပ်”

ဂိုဏ်းချုပ်၏အကူအညီ မရှိလျှင် သူသေသွားလိမ့်မည်။

ထိုသို့ သေခြင်းရှင်ခြင်း ရုန်းကန်မှုမျိုးကို မည်မျှကြာအောင် မခံစားခဲ့ရသနည်း။

‘နှစ်တစ်ထောင်လား’

‘နှစ်တစ်သောင်းလား’

‘ဒါမှမဟုတ် ....”

လော့ယန်က ခေါင်းငုံ့လိုက်သည်။ သူ့မျက်လုံးထဲတွင် သတိမထားမိနိုင်သော အနက်ရောင်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။

“ပြိုင်ဘက်ကင်းဟန်၊ တကယ်ကို ပြိုင်ဘက်ကင်းဓားအင်မော်တယ်ပဲ”

တာအိုတန်ခိုးရှင်လင်ယွမ်က ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော အင်းကွက်များက ပေါင်းစပ်သွားပြီး ရွှေရောင်အလံတစ်ခု ဖြစ်လာသည်။

ထိုအလံသည် ပေတစ်ထောင်ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

စွမ်းအားသည် စုစည်းလေ ပျောက်ကွယ်ရန်ခက်လေ ဖြစ်သည်။

ယခုအချိန်တွင် ပေတစ်ထောင်အတွင်း၌ ရွှေရောင်အင်မော်တယ်အလင်းသည် ပုံစံဖြစ်တည်လာပြီး ဓားမော့တစ်လက်ကဲ့သို့ ကျဆင်းလာသည်။

“ဓာတ်စင်ငါးပါးအလံလား”

“ကျန်းယွမ်ဘုရားကျောင်းရဲ့ အင်မော်တယ်ရတနာပဲ။ တာအိုတန်ခိုးရှင်လင်ယွမ်က ဖုံးကွယ်ထားဖို့ မကြိုးစားတော့ဘူးပေါ့”

ဟန်မူယဲ့က လက်မြှောက်ပြီး ဓားရှည်ဖြင့် ညွှန်ပြလျက် အေးစက်စွာပြောသည်။

အင်မော်တယ်ရတနာတစ်ခုနှင့် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ....

ထိုရန်သူမျိုးကို အလေးအနက်ထား၍ ရင်ဆိုင်ရမည်။

ဟန်မူယဲ့၏ ဓားအလင်းသည်လည်း ပုံစံဖြစ်တည်လာသည်။

ထိုအရာသည် အင်မော်တယ်ချီကျင့်ကြံခြင်းမှ ဖြစ်တည်လာသည်။ ထိုဓားသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် စွမ်းအားကိုသာ ပိုင်ဆိုင်သည်။

အစိမ်းရောင်ဓားရှည်တစ်လက်သည် ဟန်မူယဲ့၏ လက်ထဲတွင် ပေါ်လာသည်။

အစိမ်းရောင်ကံကြမ္မာဓား ....

အစိမ်းရောင်ကံကြမ္မာဓားသည် ဟန်မူယဲ့နှင့်အတူ အမြဲရှိခဲ့သည်။

ယခုအချိန်တွင် ထိုဓားသည် မှော်ရတနာအဆင့်သို့ ရောက်ရုံသာရှိသော ဓားတစ်လက် မဟုတ်‌တော့ပေ။

အစိမ်းရောင်ကံကြမ္မာဓားက ဝိညာဉ်ရတနာဓားများထက် သာလွန်ပြီး အသိစိတ်သည် အင်မော်တယ်အဆင့်နှင့် ယှဉ်နိုင်သည်။

လုံလောက်သည်။

ဟန်မူယဲ့က အစစ်အမှန် အင်မော်တယ်ရတနာတစ်ပါး၏ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သေးပေ။

အင်မော်တယ်ရတနာနှင့် အထွတ်အထိပ်အဆင့် ရတနာများသည် သန်မာသော်လည်း အသုံးပြုရန်အတွက် စွမ်းအင်ကုန်ဆုံးမှု များပြားသည်။ သူနှင့် ရင်းနှီးနေသော အစိမ်းရောင်ကံကြမ္မာဓားနှင့် မယှဉ်နိုင်ပေ။

ဟန်မူယဲ့က အစိမ်းရောင်ကံကြမ္မာဓားကို ကိုင်ထားပြီး အချိန်ဆွဲမနေဘဲ လှုပ်ရှားလိုက်သည်။

“ဓားသွားမဲ့၊ ပုံရိပ်ယောင်ဖျက်ဆီးခြင်း”

ဟန်မူယဲ့က တီးတိုးရေရွတ်သည်။ သူ့လက်ထဲတွင်ရှိသော ဓားက ထူးခြားသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ဓားဖြင့် ထိုးသွင်းလိုက်သောအချိန်တွင် အသွားမရှိသော တုတ်တစ်ချောင်းနှင့် တူညီသည်။ အင်မော်တယ်ချီကိုပင် မလှုပ်ရှားစေခဲ့ပေ။

သို့သော် ထိုဓားသည် တာအိုတန်ခိုးရှင်လင်ယွမ်အတွက် မိုးကြိုးတစ်စင်းနှင့် တူညီသည်။

မမြင်နိုင်သောစွမ်းအားသည် စုစည်းလာပြီး ပေတစ်သောင်းရှည်လျားသော နဂါးပုံရိပ်အဖြစ် ပြောင်းလဲ၍ ပတ်ဝန်းကျင်တွင် လှုပ်ရှားနေသည်။

အသွားမဲ့ဓား၊ အသွားမဲ့ဓားကွက် ....

သို့သော် လောကတွင် ဓားများသည် အထက်မြိဆုံးလက်နက် ဖြစ်သည်။ ဓားတစ်လက်သည် မည်သို့ ဓားသွားမရှိပဲ နေမည်နည်း။

ဓားသွားမရှိသော်လည်း ထက်မြိမှုကို ဆန့်ကျင်နိုင်သည်။

ဓာတ်စင်ငါးပါးအလံ၏ ထက်မြိသော အငွေ့အသက်သည် ဖျက်ဆီးခံလိုက်ရပြီး ဓားအလင်းက လွှမ်းမိုးသွားသည်။

သူက ဓားတစ်ချက်ဖြင့် အင်မော်တယ်ရတနာ၏ ချုပ်နှောင်မှုကို ဖျက်ဆီးခဲ့သည်။

“ဓားသွားမရှိပေမဲ့ ထက်မြိမှုကို ဆန့်ကျင်နိုင်တယ်။ ငါက ဒီလိုနည်းစနစ်မျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းမှာ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း ထျန်းကျန်းခန်းဆောင်ရဲ့ ကျွမ်းကျင်သူတစ်ယောက်ဆီကနေ မြင်ဖူးခဲ့တယ်”

တာအိုတန်ခိုးရှင်လင်ယွမ်၏မျက်နှာထားက လေးနက်နေသည်။ သူက တုန်ခါနေသော ဓာတ်စင်ငါးပါးအလံကို ဆွဲကိုင်လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။

“တာအိုဂိုဏ်းက မင်းကိုသတ်ချင်နေတာ မထူးဆန်းတော့ပါဘူး”

“မင်းလိုမျိုး ဓားသမားတစ်ယောက်က တည်ရှိမနေသင့်ဘူး”

တာအိုဂိုဏ်း ....

တည်ရှိမနေသင့် ....

ဟန်မူယဲ့က ဂုဏ်ယူရမည်လား သို့မဟုတ် ထိတ်လန့်ရမည်လား မသဲကွဲတော့ပေ။

လုံလောက်သောခွန်အားနှင့် ပါရမီကို ပိုင်ဆိုင်မထားလျှင် တာအိုဂိုဏ်း၏ အာရုံစိုက်မှုကို ရရှိမည်မဟုတ်ပေ။

သို့သော် တာအိုဂိုဏ်းများ၏ ပစ်မှတ်တစ်ခု ဖြစ်သွားသောကြောင့် သူ၏ အနာဂတ်ကျင့်ကြံခြင်းလမ်းစဉ်သည် အလွန်ခက်ခဲနေလိမ့်မည်။

တာအိုဂိုဏ်းများက အလွန်သန်မာကြသည်။

“တာအိုဂိုဏ်းလား။ လာစမ်းပါ”

ဟန်မူယဲ့က ပေါ့ပါးစွာပြောလိုက်ပြီး ဓားမြှောက်သည်။

လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် သတိထားရမည်။ ထို့အပြင် တာအိုဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ခံနေရသောကြောင့် သူက တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

သူက ဓားကိုင်ခဲ့သောအချိန်မှစ၍ မည်သူ့ကိုမှ မကြောက်ရွံ့ခဲ့ပေ။

တိုက်ခိုက်စရာရှိလျှင် တိုက်ခိုက်ရမည်။

“အဌမလမင်း၊ လွှမ်းမိုးခြင်း”

“နဝမလမင်း၊ လျှံပယ်ခြင်း”

လပြည့်ဝန်းသည် ပြီးပြည့်စုံနေသည်။

အစိမ်းရောင်ဓားအလင်းသည် လပြည့်ဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားချီအမျှင်တန်းများကို ထုတ်လွှတ်သည်။

အစိမ်းရောင်ဓားချည်မျှင်များသည် လေထုထဲတွင် ပြည့်နှက်သွားသည်။

ဓားကို ဓားချည်မျှင်အဖြစ် ပြောင်းလဲခြင်းသည် ဓားကျင့်ကြံသူများ၏ အခြေခံနည်းစနစ်တစ်ခု ဖြစ်သည်။

သို့သော် ဟန်မူယဲ့၏ လက်ထဲတွင် အခြေခံဓားနည်းစနစ်သည် မယုံကြည်နိုင်စရာကောင်းသော စွမ်းအားကို သယ်ဆောင်ထားသည်။

ဓားချည်မျှင်တစ်ခုချင်းစီသည် ပေတစ်သိန်းမြင့်မားသောတောင်တန်းကို ထိုးဖောက်ပြီး နဂါးတစ်ကောင်ကို သတ်ပစ်နိုင်သည်။

လရောင်ဓားနည်းစနစ်၏ နဝမလမင်း၊ လျှံပယ်ခြင်း ....

ထိုဓားနည်းစနစ်၏ ရှေ့တွင် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကောင်းကင်အင်မော်တယ်ဖြစ်သော မိစ္ဆာအနှစ်သာရဂိုဏ်း၏ ဂိုဏ်းချုပ် လင်ယွမ်က နောက်ဆုတ်လိုက်ရသည်။ သူ့နောက်တွင် လေဟာနယ်နှင့် ပေါင်းစပ်နေသော ကမ္ဘာငယ်တစ်ခု ပေါ်လာသည်။

“ကောင်းလိုက်တဲ့ဓားနည်းစနစ်ပဲ။ ငါ့ကမ္ဘာငယ်ရဲ့စွမ်းအားကို မင်းရဲ့ဓားချက်က ခုခံနိုင်မလား ကြည့်ရအောင်”

တာအိုတန်ခိုးရှင်လင်ယွမ်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ့နောက်တွင်ရှိသော ကမ္ဘာငယ်ထဲမှ မရေမတွက်နိုင်သော ရွှေအင်းကွက်များ ကျဆင်းလာသည်။ ထိုအင်းကွက်များသည် ရွှေရောင်ချပ်ဝတ်စစ်သည်များအဖြစ် ပြောင်းလဲသွားကြသည်။

စစ်သည်များ၏ တိုက်ပွဲဝင်္ကပါသည် ပေတစ်သောင်းရှည်လျားသော ဓား‌မော့တစ်လက်ကို ဖန်တီးလိုက်သည်။

တာအိုစစ်သည်များ၏ စွမ်းအား ဖြစ်သည်။

“ရွှပ် ....”

ဓားချည်မျှင်များသည် ရွှေရောင်ဓားမော့နှင့် ထိတွေ့သွားသည်။

အစိမ်းရောင်ဓားချည်မျှင်များသည် တစ်လွှာပြီးတစ်လွှာ ပေါ်ထွက်လာပြီး အဆုံးမရှိပေ။

သို့သော် ကမ္ဘာငယ်မှထွက်လာသော တာအိုစစ်သည်များက အလွန်သန်မာပြီး လေဟာနယ်ကိုပင် ထိုးခွဲနိုင်သည်။

အစိမ်းရောင်ဓားချည်မျှင်များသည် တစ်ခုပြီးတစ်ခု ပြတ်တောက်သွားကြသည်။

တာအိုစစ်သည်များ၏ ဝင်္ကပါကို မတားဆီးနိုင်ပေ။

သို့သော် ဟန်မူယဲ့က ပြုံးလိုက်သည်။

သူ၏ ဓားချည်မျှင်များသည် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို အသက်သုံးခါရှူကြိမ်အထိ တားဆီးနိုင်သည်။

တစ်ဖက်တွင် တာအိုတန်ခိုးရှင်လင်ယွမ်၏ မျက်နှာထားက ပိုမိုလေးနက်လာသည်။

“ကောင်းလိုက်တဲ့ဓားနည်းစနစ်ပဲ”

တာအိုတန်ခိုးရှင်လင်ယွမ်က ဟိန်းဟောက်လိုက်ပြီး လက်နှစ်ဖက်ကြားတွင် အင်းကွက်များကို ဖန်တီးသည်။

All Chapters