အခန်း (၈၇၃)
Vol. 63 Ch. 873
ကျန်းယွမ်ဘုရားကျောင်းသည် အင်းကွက်နှင့်ပတ်သတ်သော ထိပ်တန်းတာအိုဂိုဏ်းဖြစ်ပြီး သိန်းချီသော အင်းကွက်အမွေအနှစ်များကို ပိုင်ဆိုင်ထားသည်။
တာအိုတန်ခိုးရှင်လင်ယွမ် ဖန်တီးလိုက်သော အင်းကွက်များက ရွှေရောင်ဓားမော့နှင့် ပေါင်းစပ်သွားသည်။
ဓားမော့၏စွမ်းအားက ချက်ချင်းပေါက်ကွဲထွက်လာပြီး သွယ်ယှက်နေသော အလင်းစက်ကွင်းများသည် မိုင်ထောင်ချီပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်သည်။
ဟန်မူယဲ့၏ ဓားချည်မျှင်များအားလုံး ပျက်စီးသွားသည်။
လပြည့်ဝန်းကပင် ဓားမော့၏စွမ်းအားကြောင့် ပြိုကွဲသွားခဲ့သည်။
အင်းကွက်များကို နှစ်ပေါင်းမရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့သော လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် အမှန်တကယ်ပင် နယ်မြေတစ်ခုကို ဖိနှိပ်နိုင်သည်။
“နေနဲ့လရဲ့ ကောင်းကင်အလင်း”
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး လက်ထဲတွင်ရှိသော အစိမ်းရောင်ကံကြမ္မာဓားဖြင့် ထိုးချလိုက်သည်။
ဤတစ်ကြိမ်တွင် လရောင်က ပျောက်ကွယ်သွားပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေသော နေတစ်စင်းကို ထုတ်ပေးသည်။
ဟန်မူယဲ့၏ဓားသည် လရောင်ကို နှိုးဆွပြီး လောင်ကျွမ်းနေသော နေမင်းအဖြစ် ပြောင်းလဲလိုက်သည်။
ကောင်းကင်နှင့်မြေကြီး၏ကြားတွင် အလင်းရောင်သည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
တာအိုတန်ခိုးရှင်လင်ယွမ်၏ ဖိနှိပ်မှု ပိုကောင်းလေ နေရောင်က တောက်ပလေ ဖြစ်နေသည်။
ထိုဓားချက်သည် ယခင်ဓားချက်၏ စွမ်းအားများကို စုစည်းထားပြီး နေနှင့်လကို ပြောင်းလဲစေသည်။
ထိုဓားချက်သည် ပုံစံတူညီသော်လည်း သဘာဝမတူညီသည့် စွမ်းအားနှစ်ခုကို မွေးထုတ်ပေးသည်။
ဘေးတွင်ရပ်နေသော အကြီးအကဲလော့ယန်က ထိတ်လန့်ပြီး နားမလည်နိုင်ဖြစ်နေသည်။
“ဒါ၊ ဒါက အင်မော်တယ်ဘုရင်တစ်ပါးရဲ့ လမ်းစဉ်ပဲ ....”
သူ့မျက်လုံးထဲတွင် စွဲလမ်းမှုများရှိနေပြီး ရေရွတ်သည်။
လောင်ကျွမ်းနေသော နေမင်း၏ရှေ့တွင် တာအိုတန်ခိုးရှင်လင်ယွမ်က ရွေးချယ်စရာမရှိဘဲ လျင်မြန်စွာ နောက်ဆုတ်ပေးလိုက်ရသည်။
သူက ခြေတစ်လှမ်းဖြင့် ပေတစ်သိန်းအကွာသို့ ရောက်သွားသည်။ ထို့နောက် ကမ္ဘာငယ်၏စွမ်းအားကို အသုံးပြု၍ ဓားမော့ကို အားဖြည့်ပေးပြီး တောက်ပနေသောနေမင်းနှင့် ရင်ဆိုင်သည်။
“ဘုန်း”
လေဟာနယ်၏ ပေတစ်သိန်းပတ်ဝန်းကျင်သည် ပြိုကျသွားပြီး အနက်ရောင်တွင်းနက်တစ်ခု ဖြစ်နေသည်။
မရေမတွက်နိုင်သော ဖရိုဖရဲဖြစ်နေသည့်စွမ်းအားများက သွယ်ယှက်နေပြီး ဤကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်ပုံရသည်။
သူတို့၏ တိုက်ခိုက်မှုသည် လောက၏ အကန့်အသတ်ကို ကျော်လွန်သွားသောကြောင့် လေဟာနယ်က ပျက်စီးသွားခဲ့သည်။
ထိုစွမ်းအားကို ဖန်တီးနိုင်သောလူများသည် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကောင်းကင်အင်မော်တယ်များသာ ဖြစ်ကြသည်။ သူတို့က ထိုစွမ်းအားနှင့် ရင်းနှီးသည်။ ကောင်းကင်အင်မော်တယ်များသည် ကိုယ်ပိုင်နေရာလွတ်ကမ္ဘာငယ်ကို ပျိုးထောင်ရသည်။
သို့သော် ဟန်မူယဲ့၏ လောင်ကျွမ်းနေသောနေမင်းသည် ထိုစွမ်းအားမျိုးကို ထုတ်ပေးနိုင်ခဲ့သည်။
ထို့အပြင် သူက ကောင်းကင်အင်မော်တယ်အဆင့်သို့ မရောက်သေးပေ။
တာအိုတန်ခိုးရှင်လင်ယွမ်က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော နေလုံးကို ကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်မထားနိုင်တော့ပေ။
ယနေ့တွင် ယွင်လန်ဓားအင်မော်တယ်ကို မသတ်ဖြတ်နိုင်လျှင် အနာဂတ်တွင် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာလိမ့်မည်။
“ဝီ”
ဓာတ်စင်ငါးပါးအလံက ရွှေရောင်မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မီးတောက်သည် ပေတစ်ထောင်မြင့်မားသော မီးငှက်တစ်ကောင်အဖြစ် စုစည်းသွားသည်။
“နတ်ဘုရားသားရဲ ပိဖန်ငှက်လား”
ဟန်မူယဲ့က မီးငှက်ကို စိုက်ကြည့်နေသည်။ သို့သော် သူ၏ နတ်အာရုံက ပြန်လည်မွေးဖွားခြင်းပုတီးစေ့ဆီသို့ ရောက်သွားသည်။
ဖီးနစ်ငှက်၏ မီးစွမ်းအားသည် ပိဖန်ငှက်ထက် ပိုမိုအားကောင်းသည်။
သို့သော် ယခုအချိန်တွင် ပြန်လည်မွေးဖွားခြင်းပုတီးစေ့က ဖီးနစ်ငှက်၏ မူလစွမ်းအင်အနည်းငယ်ကိုသာ ပိုင်ဆိုင်ထားသည်။ ဓာတ်စင်ငါးပါးအလံမှ ဖြစ်ပေါ်လာသော ပိဖန်ငှက်နှင့် မယှဉ်နိုင်ပေ။
ပြန်လည်မွေးဖွားခြင်းပုတီးစေ့၏ စိတ်ဆန္ဒကြောင့် ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
ဓာတ်စင်ငါးပါးအလံသည် ကျန်းယွမ်ဘုရားကျောင်း၏ ရတနာတစ်ခု ဖြစ်သည်။ ထိုရတနာသည် ရွှေသတ္တုနှင့် မီးစွမ်းအားကို အသုံးပြုနိုင်သည်။
ထိုရတနာ၏ ဝိညာဉ်သည် ရှေးခေတ်နတ်ဘုရားသားရဲ ပိဖန်ဖြစ်သည်။
အကယ်၍ ပိဖန်ကို ဝါးမြိုနိုင်လျှင် ပြန်လည်မွေးဖွားခြင်းပုတီးစေ့၏ အောင်မြင်နိုင်ချေ တိုးလာလိမ့်မည်။
ထို့အပြင် ပိဖန်၏စွမ်းအားကို ချိုးဖောက်နိုင်လျှင် တာအိုတန်ခိုးရှင်လင်ယွမ်က ဒဏ်ရာရပြီး နောက်ဆုတ်သွားလိမ့်မည်။
ဟန်မူယဲ့က လျှို့ဝှက်နည်းစနစ်များကို ထုတ်မသုံးလျှင် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ထိခိုက်အောင်မလုပ်နိုင်ပေ။
ထို့ကြောင့် သူက လောင်းကြေးထပ်ကြည့်ရမည်။
“လေပြင်းနဲ့မီးတောက်၊ မီးလွင်ပြင်”
ခရမ်းရောင်မီးတောက်ဓားသည် ဟန်မူယဲ့၏ ဘယ်ဘက်လက်တွင် ပေါ်လာသည်။
ဓားနှစ်လက် လှုပ်ရှားလိုက်ပြီး အံ့ဖွယ်ငါးပါးဓားနည်းစနစ်၏ မီးတောက်များ ပေါ်ထွက်လာကြသည်။
သို့သော် ယခုအချိန်တွင် ပေါ်ထွက်လာသော ဓားနည်းစနစ်သည် ကောင်းကင်အင်မော်တယ်နှင့် တိုက်ခိုက်နိုင်သော လေပြင်းနှင့်မီးတောက်များ၏ မီးလွင်ပြင်ဖြစ်သည်။
လေပြင်းနှင့်မီးတောက်က ပေါင်းစပ်သွားပြီး ပေတစ်သောင်းရှည်လျားသော မီးနဂါးတစ်ကောင်ကို ဖန်တီးသည်။
တာအိုတန်ခိုးရှင်လင်ယွမ်က အေးစက်စွာ နှာမှုတ်လိုက်သည်။ နတ်ဘုရားသားရဲ ပိဖန်းငှက်က ရှေ့တက်ပြီး ကျယ်လောင်စွာအော်ဟစ်သည်။
ငှက်အော်သံသည် စူးရှပြီး မိုင်ထောင်ချီပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ ထိုအသံက လူတစ်ယောက်၏ဝိညာဉ်ကို တိုက်ခိုက်နိုင်သည်။
ပိဖန်းငှက်၏ အသံသည် မရေမတွက်နိုင်သော သက်ရှိများ၏ဝိညာဉ်ကို ဖျက်ဆီးနိုင်ပြီး ကပ်ဘေးငှက်တစ်ကောင်ဟု လူသိများသည်။
ထိုအသံသည် မီးတောက်နဂါးကို ဖိနှိပ်လိုက်သည်။
သို့သော် ချက်ချင်းဆိုသလိုပင် ရစ်ခွေနေသောနဂါးက ပေါက်ကွဲထွက်သွားသည်။
မီးတောက်သည် လွင်ပြင်တစ်ခုဖြစ်လာအောင် ပေါက်ကွဲရမည်။ မီးနဂါးက လေဟာနယ်ပျက်စီးသွားသောအချိန်ကို အခွင့်ကောင်းယူ၍ လောကတစ်ခုလုံး၏စွမ်းအားကို လောင်ကျွမ်းစေခဲ့သည်။
မီးနဂါးက ပြင်ပစွမ်းအားကို ငှားယူ၍ အသုံးချခဲ့သည်။
ပေါက်ကွဲသွားသော မီးနဂါးကြောင့် ပိဖန်ငှက်က မီးတောက်များဖြင့် လွှမ်းခြုံသွားသည်။
‘ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးလိုက်တဲ့ နည်းစနစ်လား’
တာအိုတန်ခိုးရှင်လင်ယွမ်က ပေါက်ကွဲသွားသော မီးနဂါးကိုကြည့်လိုက်ပြီး နှာမှုတ်သည်။
သူက တိုက်ကွက်အနည်းငယ်သာ အသုံးပြုရသေးသော်လည်း ယွင်လန်ဓားအင်မော်တယ်က မီးနဂါးကို ဖောက်ခွဲပစ်ခဲ့ရသည်။ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်လျှင် သူ့ကို အပြတ်ရှင်းနိုင်လိမ့်မည်။
တာအိုတန်ခိုးရှင်လင်းယွမ်က ကမ္ဘာငယ်၏ စွမ်းအားများကို အသုံးပြုလိုက်သည်။
ပိဖန်ငှက်က ကမ္ဘာငယ်၏စွမ်းအားများကြောင့် တောင်ပံဖြန့်လိုက်ပြီး မီးတောက်များကို စုစည်းသည်။
ထိုမီးတောက်များသည် လေဟာနယ်ကို လောင်ကျွမ်းစေနိုင်သည်။
‘အခုပဲ’
ဟန်မူယဲ့က ရုတ်တရက် လှုပ်ရှားလိုက်ပြီး ရှေ့တက်လာသည်။ သူက ဓားများကို သိမ်းဆည်းပြီး အနီရောင်ပုတီးစေ့တစ်လုံးကို ကိုင်ထားသည်။
ပြန်လည်မွေးဖွားခြင်းပုတီးစေ့ ....
သူက ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ပိဖန်၏ဦးခေါင်းထဲသို့ တစ်ခါတည်းဖိချလိုက်သည်။
ပြန်လည်မွေးဖွားခြင်းစွမ်းအားသည် ပိဖန်ကို ချက်ချင်းလွှမ်းခြုံပြီး အနီရောင်ပိုးအိမ်တစ်ခု ဖြစ်သွားစေသည်။
ပြန်လည်မွေးဖွားခြင်း ....
နတ်ဘုရားသားရဲ ပိဖန်ငှက်သည် ပြန်လည်မွေးဖွားခြင်းနယ်မြေထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
သို့သော် လောက၏ မရေမတွက်နိုင်သော သက်ရှိများထဲတွင် ဖီးနစ်ငှက်ကသာ ပြန်လည်မွေးဖွားခြင်းကို လုပ်ဆောင်နိုင်သည်။
ပြန်လည်မွေးဖွားခြင်းနယ်မြေထဲသို့ ဆွဲသွင်းခံလိုက်ရသော ပိဖန်ငှက်သည် သေဆုံးသွားပြီး ပိဖန်ငှက်၏ စွမ်းအားများကို ပြန်လည်မွေးဖွားခြင်းပုတီးစေ့က ဝါးမြိုသွားလိမ့်မည်။
ဓာတ်စင်ငါးပါးအလံ၏ လက်နက်ဝိညာဉ်ဖြစ်သော ကမ္ဘာငယ်၏စွမ်းအားများကို ရယူထားသည့် ပိဖန်သည် မီးတောက်ပိုးအိမ်ထဲသို့ ရောက်သွားခဲ့သည်။
တာအိုတန်ခိုးရှင်လင်ယွမ်က သနားစရာကောင်းအောင် အော်ဟစ်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့မျက်လုံးထဲတွင် ခရမ်းရောင်အလင်းများ လှည့်ပတ်နေသည်။
လက်နက်ဝိညာဉ်က ချုပ်နှောင်ခံထားရသောကြောင့် သူ၏ နတ်ဘုရားဝိညာဉ်က ထိခိုက်သွားခဲ့သည်။
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး တာအိုတန်ခိုးရှင်လင်ယွမ်၏ရှေ့သို့ ရောက်လာသည်။ သူက ဘယ်ဘက်လက်တွင်ရှိသော ဓားတိုဖြင့် ထိုးချလိုက်သည်။
အနီးကပ်တိုက်ခိုက်ခြင်း ....
ယွင်လန်ဓားအင်မော်တယ်၏ အနီးကပ်တိုက်ခိုက်ခြင်းဓားချက်သည် ကွမ်ယွဲ့မြို့သခင်ကို ချက်ချင်းဆုံးပါးသွားစေခဲ့သည်။
တာအိုတန်ခိုးရှင်လင်ယွမ်က လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူနှင့်ပတ်သတ်သော အရာအားလုံးသည် ကမ္ဘာငယ်နှင့် တစ်သားတည်းဖြစ်နေသည်။ သူက ထိုဓားချက်ကို မကြောက်ပေ။
သို့သော် ယခုအချိန်တွင် ဓာတ်စင်ငါးပါးအလံ၏ ဝိညာဉ်ပျက်စီးမှုကြောင့် သူ့ဝိညာဉ်က ရှုပ်ထွေးနေသည်။ သူက ထိုဓားချက်ကို အချိန်တိုအတွင်း တားဆီးနိုင်မည်မဟုတ်ပေ။
“အကြီးအကဲလော့၊ ငါကို ကာကွယ်ပေး”
တာအိုတန်ခိုးရှင်လင်ယွမ်က အော်ဟစ်လိုက်သည်။ မရေမတွက်နိုင်သော အင်းကွက်များသည် သူ့လက်ထဲမှ ပေါ်ထွက်လာပြီး ရွှေရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။
ထိုချပ်ဝတ်သည် လေဟာနယ်နှင့် ပေါင်းစပ်နေသော သူ၏ ကမ္ဘာငယ်မှတစ်ဆင့် ဖြစ်တည်လာသည်။
သူက အချိန်ခဏအတွင်း ပြန်လည်ကောင်းမွန်လာလိမ့်မည်။
ထိုအရာသည် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ကြောက်စရာကောင်းသောအချက် ဖြစ်သည်။
သူက ခွန်အားပြန်ရလာလျှင် ပြိုင်ဘက်ကင်းဟန်က သေဆုံးရလိမ့်မည်။
သူ့နောက်တွင် တာအိုတန်ခိုးရှင်လော့ယန်က ခေါင်းညိတ်လိုက်ပြီး တီးတိုးရေရွတ်သည်။ အစိမ်းပုပ်ရောင်အလင်းသည် အကာအကွယ်အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တာအိုတန်ခိုးရှင်လင်ယွမ်ကို လွှမ်းခြုံသည်။
‘ဒါက ဘာဝင်္ကပါလဲ’
‘မဟုတ်သေးဘူး’
ဝင်္ကပါစွမ်းအား ကျရောက်လာသောအခါတွင် တာအိုတန်ခိုးရှင်လင်ယွမ်က မျက်လုံးပြူးသွားသည်။
ထိုအရာသည် လေပြင်းဓားပြများ၏ သွေးနှင့်ချီကို စုစည်းထားသော အငြိုးအတေးဝင်္ကပါ ဖြစ်သည်။
ဝင်္ကပါစွမ်းအားသည် သူ့ကို တစ်စက္ကန့်မျှ ချုပ်နှောင်လိုက်သည်။
ထိုအချိန်သည် လုံလောက်မှုရှိသည်။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ခရမ်းရောင်ဓားတိုက တာအိုတန်ခိုးရှင်လင်ယွမ်၏ ချပ်ဝတ်ကို ထိုးဖောက်သွားသည်။
တာအိုတန်ခိုးရှင်လင်ယွမ်၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။
လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ဝိညာဉ်နှင့်ရုပ်ခန္ဓာကို ကမ္ဘာငယ်ထဲတွင် သိမ်းထားနိုင်သည်။ ကမ္ဘာငယ်ပျက်စီးမှသာ သေဆုံးသွားလိမ့်မည်။
ဟန်မူယဲ့က ချက်ချင်းလက်မြှောက်ပြီး နောက်တွင်ရှိသော အနီရောင်ပိုးအိမ်ကို ကမ္ဘာငယ်ထဲသို့ ပစ်သွင်းလိုက်သည်။
“ဘုန်း”
ပိုးအိမ်က လေဟာနယ်နှင့်ထိတွေ့ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
တာအိုတန်ခိုးရှင်လင်ယွမ်၏ ဝိညာဉ်အမှတ်အသားကြောင့် ကမ္ဘာငယ်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။
“ဘုန်း”
ဟန်မူယဲ့က မိုင်တစ်ထောင်အကွာသို့ နောက်ဆုတ်သွားသည်။ သူ့နောက်တွင်ရှိနေသော အကြီးအကဲလော့ယန်ကလည်း သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး လျင်မြန်စွာထွက်ပြေးသည်။
မိုင်တစ်ထောင်ပတ်ဝန်းကျင်သည် ပျက်စီးနေပြီး ဗလာဖြစ် ပြောင်းလဲသွားခဲ့သည်။
ကမ္ဘာငယ် ပြိုကျသွားသည်။
မိုင်တစ်ထောင်ပတ်ဝန်းကျင်သည် မီးတောက်များကြားတွင် တစ်လက်မချင်းစီ ပြိုကျနေသည်။
“ကျီ ....”
ကျယ်လောင်သောမြည်သံသည် မိုင်တစ်သောင်းအထိ ပျံ့နှံ့သွားသည်။ အမြီးရှည်ကိုးချောင်းရှိသော ဖီးနစ်ငှက်တစ်ကောင်က တောင်ပံဖြန့်ပြီး မိုင်တစ်ထောင်လေဟာနယ်မှ ပျံသန်းထွက်လာသည်။
ဖီးနစ်ငှက်၏ ပြန်လည်မွေးဖွားခြင်း ....
အင်မော်တယ်ရတနာ၏စွမ်းအားကို အသုံးပြုပြီး နတ်ဘုရားသားရဲ ပိဖန်ငှက်နှင့် ပေါင်းစပ်ခဲ့သည်။ ထို့နောက် မိုင်တစ်ထောင်ကျယ်ဝန်းသော ကမ္ဘာငယ်၏စွမ်းအားကို စုပ်ယူပြီး ဖီးနစ်ငှက်အဖြစ် ပြန်လည်မွေးဖွားလာသည်။
လွှမ်းမိုးနိုင်သော မိစ္ဆာစွမ်းအင်သည် နေရာအနှံ့သို့ ပျံနှံ့သွားသည်။
ဖီးနစ်ငှက်က ယခုမှ ပြန်လည်မွေးဖွားလာသော်လည်း ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။
အမြီးကိုးချောင်းဖီးနစ်ငှက်က တောင်ပံတစ်ချက်ခတ်လိုက်ပြီး ကောင်းကင်ထက်တွင် ပျောက်ကွယ်သွားသည်။
မရေမတွက်နိုင်သော နတ်အာရုံများက ဤနေရာသို့ ရောက်လာကြသည်။ သို့သော် မည်သည့်အရာကိုမှ မတွေ့လိုက်ရတော့ပေ။
ဖီးနစ်ငှက်၏စွမ်းအားကို ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကသာ အာရုံခံနိုင်ကြလိမ့်မည်။
“အရှင်၊ နလန်လော့ယန်က အရိုအသေပေးပါတယ်”
မိစ္ဆာအငွေ့အသက်တချို့ကို ထုတ်လွှတ်နေသော အကြီးအကဲလော့ယန်က တီးတိုးပြောသည်။
“ကျွန်တော်က အင်မော်တယ်ဘုရင်ရဲ့ တပည့်တစ်ဦးပါ။ အရှင့်ရဲ့ ဓားချက်ထဲမှာ အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို အာရုံခံမိလိုက်တယ်”
သူက အရူးအမူးဖြစ်နေသော မျက်လုံးတစ်စုံဖြင့် ဟန်မူယဲ့ကို ခေါင်းမော့ကြည့်သည်။
“အရှင်က အင်မော်တယ်ဘုရင်ရဲ့ တိုက်ရိုက်တပည့်ပဲ ဖြစ်ရမယ်”
အကြီးအကဲလော့ယန်က သူ၏ ဓားချက်ထဲတွင် ပေါင်းစပ်ထားသော အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို အာရုံခံနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ထို့ကြောင့် အကြီးအကဲလော့ယန်က အရေးကြီးသောအချိန်တွင် ဟန်မူယဲ့ကို ကူညီပြီး တာအိုတန်ခိုးရှင်လင်ယွမ်ကို သတ်ဖြတ်ပေးခဲ့သည်။
လော့ယန်ကြောင့်သာမဟုတ်လျှင် ဟန်မူယဲ့က တာအိုတန်ခိုးရှင်လင်ယွမ်ကို အနိုင်ရမည်မဟုတ်ပေ။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
အကြီးအကဲလော့ယန်က တာအိုတန်ခိုးရှင်လင်ယွမ်ကို ဆန့်ကျင့်ပြီး သက်သေပြခဲ့သည်။
“မင်းက မိစ္ဆာလောကလန်ကို စာပို့လိုက်တာလား”
ဟန်မူယဲ့က လော့ယန်ကို ကြည့်လိုက်ပြီး မေးသည်။
လော့ယန်က မိစ္ဆာလောကလန်သားတစ်ယောက် မဟုတ်သော်လည်း အင်မော်တယ်ဘုရင်၏ သင်ပြမှုကို လက်ခံပြီး တပည့်တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် ယူဆထားပုံပေါ်သည်။
အင်မော်တယ်ဘုရင်၏ လက်အောက်တွင်ရှိသော မိစ္ဆာလောကလန်သည် သူနှင့် မဟာမိတ် ဖြစ်သည်။
လောယန်က ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချသည်။
“ကျွန်တော်က အရှင့်ရဲ့အထောက်အထားကို အတိအကျမသိပေမဲ့ မိစ္ဆာလောကလန်ရဲ့ အကြီးအကဲတွေက အရှင့်ကိုအာရုံစိုက်ဖို့ ညွှန်ကြားထားပါတယ်”