← Chapters

အခန်း (၈၇၅)

Vol. 63 Ch. 875

အခန်း (၈၇၅)

Vol. 63 Ch. 875

ရွှေရောင်မီးတောက်များသည် ငှက်တောင်များကို ရစ်ပတ်ထားပြီး မီးမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မီးမုန်တိုင်းက အလွန်ပြင်းထန်ပြီး ပတ်ဝန်းကျင်ကို မီးပင်လယ်တစ်ခု ဖြစ်သွားစေသည်။

“ကျီ ....”

ရွှေမီးတောက်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး မီးပင်လယ်တွင် ပျံသန်းရန် ကြိုးစားနေသည်။

ရွှေမီးတောက်ကို မြင်လိုက်ရသောအခါတွင် ရယ်မင်က လောဘကြီးလာသည်။

“ငှက်ကလေး၊ ငါ့နောက်ကိုသာ လိုက်ခဲ့စမ်းပါ ....”

သူက လက်ဝါးဖြန့်ပြီး မီးမုန်တိုင်းကို ထုတ်လွှတ်လိုက်သည်။

မီးမုန်တိုင်းက ဟန်မူယဲ့ကို ဖိနှိပ်လိုက်သည်။

ဟန်မူယဲ့က ဓားရှည်ကို လှုပ်ရှားလိုက်သည်။ သို့သော် သူက မီးမုန်တိုင်းကို ဖြတ်တောက်ရုံသာ တတ်နိုင်ပြီး ပျောက်ကွယ်သွားအောင် မလုပ်နိုင်ခဲ့ပေ။

ရွှေအင်မော်တယ်တစ်ပါး၏ စွမ်းအားကို သူက မခုခံနိုင်ပေ။

ရယ်မင်က သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်ကို ဖိနှိပ်ထားနိုင်သည်။

သို့သော် သူက သတ်ဖြတ်လိုစိတ်မရှိကြောင်း ဟန်မူယဲ့က ခံစားနေရသည်။

ရွှေမီးတောက်က ဖိနှိပ်ခံနေရသော ဟန်မူယဲ့ဆီသို့ ပျံသန်းလာသည်။

သို့သော် ရယ်မင်၏ ချုပ်နှောင်မှုကို ခံထားရပြီး အကူအညီမဲ့နေသည်။

ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေကြသည်။

‘အစွမ်းကုန်ထုတ်သုံးပြီး ရွှေအင်မော်တယ်တစ်ပါးနဲ့ တိုက်ခိုက်ရမှာလား’

‘အသုံးမဝင်ဘူး’

သူက လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြီး မူလဝိညာဉ်ဓားနှစ်လက်နှင့် နတ်ဘုရားသားရဲနှစ်ပါး၏ စွမ်းအားများကို အသက်သွင်းလိုက်လျှင်ပင် ရွှေအင်မော်တယ်ကို ခုခံနိုင်မည်မဟုတ်ပေ။

သူတို့ကြားတွင် ကွာဟချက်ကြီးတစ်ခု ရှိနေသည်။

‘အညံ့ခံရမှာလား’

ရွှေအင်မော်တယ်ရယ်မင်က သတ်ဖြတ်လိုစိတ်မရှိသော်လည်း အမှန်တကယ် သတ်ဖြတ်မည်မဟုတ်ဟု မပြောနိုင်ပေ။

အညံ့ခံပြီး သူ့အသက်ကို တခြားလူ၏လက်ထဲတွင် ထည့်မထားနိုင်ပေ။

ကံကောင်းစွာဖြင့် သူက အရံအစီအစဉ်ကို ချမှတ်ထားခဲ့သည်။

သူက လက်မြှောက်လိုက်ပြီး ရွှေရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူသည်။

တံဆိပ်ပြားသည် ရွှေရောင်ဂိတ်တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဂိတ်တံခါးပေါ်တွင် ရွှေအလင်းရောင်သည် အင်မော်တယ်အင်းကွက်များအဖြစ် သွယ်ယှက်သွားကြသည်။ ထိုအင်းကွက်များသည် မှိန်ဖျော့နေသော်လည်း တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။ အင်းကွက်တိုင်းက အသက်ဝင်နေပုံပေါ်သည်။

ဂိတ်တံခါး၏နောက်ကွယ်တွင် သွယ်တန်းနေသော ပုံရိပ်ယောင်နန်းတော်တစ်ခုကို မြင်နိုင်သည်။

“နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်”

ရွှေအင်မော်တယ်ရယ်မင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး လျင်မြန်စွာနောက်ဆုတ်သည်။

သို့သော် ထိုအချိန်တွင် ဂိတ်တံခါးအတွင်းမှ ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

အစိမ်းပုပ်ရောင်ဓားရှည်သည် သာမန်ဆန်‌သော်လည်း ဓားရှည်မှထုတ်လွှတ်နေသော စွမ်းအားသည် လူတစ်ယောက်၏ သွေး၊ ချီနှင့် ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။

ဓားအလင်းသည် ဟန်မူယဲ့အား ဖိနှိပ်ထားသော မီးမုန်တိုင်းကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် ရွှေအင်မော်တယ်ရယ်မင်၏ နောက်တွင် ဖျတ်ခနဲပေါ်လာသည်။

“ရွှပ် ....”

ဓားသည် ရွှေအင်မော်တယ်ရယ်မင်၏ ဝတ်စုံကို ထိုးခွဲပြီး အရေပြားပေါ်တွင် ဒဏ်ရာတစ်ခုကို ချန်ရစ်ခဲ့သည်။

အစိမ်းရောင်ဝတ်စုံနှင့် ဆံပင်ဖြူနေသော တာအိုတန်ခိုးရှင်က ဂိတ်တံခါးထဲမှ ထွက်လာပြီး ပျံသန်းနေသော ဓားရှည်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ရွှေအင်မော်တယ်ရယ်မင်ကို ကြည့်သည်။

“ရွှေအင်မော်တယ်လား”

“မင်းက ငါ့ရဲ့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကို ဆန့်ကျင်ချင်တာလား။ ကောင်းပြီ။ ငါ့ဓားက သွေးဆာနေတယ်”

ထိုလူအိုကြီးက ဟန်မူယဲ့နှင့် ရွှေမီးတောက်ကို လှည့်ကြည့်လိုက်သည်။

ရွှေမီးတောက်က အလွန်ကြောက်ရွံ့နေပုံပေါ်ပြီး လျင်မြန်စွာတောင်ပံခတ်၍ ဟန်မူယဲ့၏နောက်တွင် ပုန်းနေလိုက်သည်။

“ဟန်မူယဲ့က ဆရာဦးလေးရှုမင်ကို နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း ရွှေအင်မော်တယ်တစ်ပါးကို မျှားခေါ်လာခဲ့ပါပြီ”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

ရွှေအင်မော်တယ်တစ်ပါးကို မျှားခေါ်ခဲ့သည်။

ရှုမင်က ဟန်မူယဲ့ကို နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်၊ ကျန်းရှန်ခန်းဆောင်သို့ ဖိတ်ခေါ်ခဲ့သည်။

ခန်း‌ဆောင်သုံးခု လက်ရွေးစင်များကသာ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အလျှို့ဝှက်ဆုံးခန်းဆောင်သို့ ဝင်ရောက်ခွင့်ရနိုင်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ခန်းဆောင် ....

ထိုခန်းဆောင်ကို အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင်ရှိသော လူတိုင်း မသိကြပေ။ ထိုခန်းဆောင်သည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အသန်မာဆုံးခွန်အား ဖြစ်သည်။

ဥပမာအနေဖြင့် သူ့ရှေ့တွင်ရှိနေသော ရှုမင်သည် အလွန်သန်မာသည်။

သူက ရွှေအင်မော်တယ်တစ်ပါးကို မျှားခေါ်ရန်အတွက် ဟန်မူယဲ့ကို တာဝန်ပေးခဲ့သည်။

ယခင်က သူပြောခဲ့သည်။

“ကောင်လေး၊ မင်းက ရင်မဆိုင်နိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်နဲ့ ကြုံတွေ့လာရင် ငါ့ကို လှမ်းခေါ်လို့ရတယ်။ ဒါပေမဲ့ ရွှေအင်မော်တယ်တော့ ဖြစ်နေရမယ်”

ရွှေအင်မော်တယ်ရယ်မင်က ရှုမင်ကိုကြည့်လိုက်ပြီး ခေါင်းခါသည်။

“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ရွှေအင်မော်တယ်ရှုမင်။ အကြီးအကဲက ကျွန်တော့်ကို သင်ခန်းစာပေးချင်တယ်ဆိုရင်လည်း ဒီအတိုင်းလာလိုက်လို့ ရတာပဲ။ မိတ်ဆွေလေးဟန်ကို ခုတုံးလုပ်နေစရာ မလိုပါဘူး”

သူက ခါးသီးစွာပြုံးလိုက်ပြီး ညင်သာစွာပြောသည်။

သို့သော် သူက စကားပြောလိုက်သောအချိန်တွင် လှုပ်ရှားခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင်ရှိသော အလင်းစက်ကွင်းက ပေါက်ကွဲထွက်လာပြီး ဟန်မူယဲ့နှင့် တာအိုတန်ခိုးရှင်ရှုမင်ဆီသို့ ပြေးဝင်သွားသည်။

“ဘုန်း”

လေဟာနယ်က တုန်ခါနေပြီး မိုင်ငါးထောင်ကမ္ဘာငယ်က အသံပေးလိုက်သည်။

ကမ္ဘာငယ်၏ပိုင်ရှင်က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုနေသည်။

သူက တစ်ဖက်လူနှစ်ယောက်ကို နှင်ထုတ်ခဲ့သည်။

သို့သော် တာအိုတန်ခိုးရှင်ရှုမင်က နည်းနည်းလေးမှ လှုပ်ရှားမသွားခဲ့ပေ။

သူက ကိုယ်ပိုင်ကမ္ဘာငယ်ထဲတွင် ရှိနေသကဲ့သို့ ဖြစ်သည်။

ရွှေအင်မော်တယ်ရယ်မင်က အံ့အားသင့်သွားပုံပေါ်ပြီး မျက်နှာထားလေးနက်လာသည်။

“အကြီးအကဲက တကယ်ပဲ တိုက်ခိုက်ချင်တာလား”

အစိမ်းရောင်အင်မော်တယ်အလင်းသည် သူ့ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာပြီး သုံးပေရှည်လျားသော ဆူးတင်းပုတ်အဖြစ် ပြောင်းလဲသွားသည်။

ဆူးတင်းပုတ်သည် အင်မော်တယ်အင်းကွက်များဖြင့် ပြည့်နှက်နေပြီး အရပ်မျက်နှာလေးခုတွင် အနက်ရောင်အင်းကွက်များ ရှိနေသည်။ နတ်ဘုရားသားရဲများ၏ မျက်နှာကိုလည်း မြင်နိုင်သည်။

ရှုမင်က ခေါင်းညိတ်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားဖြင့် ရွှေအင်မော်တယ်ရယ်မင်ကို ညွှန်ပြသည်။

“မင်းက ငါတို့ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်ရဲ့ စည်းမျဉ်းကို နားလည်မှာပါ။ ငါတို့က စွမ်းအားထုတ်ပြပြီး လူငယ်တွေကို ထောက်ပံ့ပေးရမယ်လေ”

နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်သို့ ဝင်ရောက်နိုင်သော လက်ရွေးစင်တိုင်းသည် အလွန်မောက်မာသည်။

သူတို့ကို စကားနှင့်ပြောနေလျှင် အလုပ်မဖြစ်ပေ။

ထို့ကြောင့် ခွန်အားထုတ်ပြပြီး သူတို့ကို နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်နှင့် သက်ဆိုင်သည်ဟု ခံစားနိုင်အောင် လုပ်ပေးရမည်။ ‌

ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူကို အနိုင်ယူခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

“အဲဒီတော့ ကျွန်တော်က ဥပမာတစ်ခု ဖြစ်ပေးရမှာလား”

ရွှေအင်မော်တယ်ရယ်မင်က မောက်မာသောမျက်နှာထားဖြင့် ဆူးတင်းပုတ်ကို ဝှေ့ယမ်းလိုက်သည်။

“ကျွန်တော့်မှာလည်း ဂုဏ်သိက္ခာရှိတယ်”

သူ့စကားအဆုံးတွင် ရှုမင်၏ဓားက လေဟာနယ်ကို ထိုးခွဲပြီး ရယ်မင်၏ရင်ဘတ်ဆီသို့ တိုက်ရိုက်တိုးဝင်လာသည်။

ထိုဓားချက်သည် လျင်မြန်ရုံသာမက အပိုလှည့်ကွက်များမပါပဲ ရိုးရှင်းသည်။

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားပေ။ သို့သော် သူ့စိတ်ထဲတွင် အစွမ်းကုန်တွက်ချက်နေသည်။

ရွှေအင်မော်တယ်များ၏ တိုက်ခိုက်မှုကို ကြည့်ရှုနိုင်ခြင်းသည် ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်သည်။

သူ့စိတ်ထဲတွင်ရှိသော မြင်ကွင်းက ပြိုကွဲလိုက် စုစည်းလိုက် ဖြစ်နေသည်။ ပုံရိပ်ယောင်ဆန်သော ရှုမင်၏ဓားက အလင်းတန်းတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

ထိုအရာသည် အစစ်အမှန်ဓား ဖြစ်သည်။

သူ၏ဓားချက်က အလွန်လျင်မြန်သောကြောင့် ပုံရိပ်တစ်ခုကိုသာ မြင်ရသည်။

ထိုဓားသည် ကြယ်အလင်းတစ်ခုနှင့် တူသည်။

ထို့ကြောင့် ဟန်မူယဲ့က ဥက္ကာခဲများကြားမှ လွတ်မြောက်သွားသော အမြီးရှည်ပုံရိပ်ကို ပြန်တွေးမိသည်။

ဓားသည် လေဟာနယ်ကို ထိုးခွဲပြီး ပုံရိပ်ယောင်ကို ချန်ရစ်ခဲ့သည်။

လေဟာနယ်ကိုထိုးခွဲနိုင်သော ဓားတစ်လက်၏စွမ်းအားက မည်မျှ သန်မာသနည်း။

ထိုဓားက လေဟာနယ်၏အကန့်အသတ်ကို ကျော်လွန်နေသည်။ ထို့ကြောင့် ရွှေအင်မော်တယ်ရယ်မင်က လေဟာနယ်အား ထိုးခွဲနိုင်သော စွမ်းအားကို ခုခံရလိမ့်မည်။

ရွှေအင်မော်တယ်ရယ်မင်က လေးနက်သောမျက်နှာထားဖြင့် လက်မြှောက်ပြီး ဆူးတင်းပုတ်ကို ရေပြင်ညီအတိုင်း ထားလိုက်သည်။

ဓားက ဆူးတင်းပုတ်နှင့် ထိတွေ့သွားပြီး ကြွပ်ဆပ်သောအသံကို ထုတ်ပေးသည်။

ဟန်မူယဲ့က ဆူးတင်းပုတ်ကို စိုက်ကြည့်နေသည်။

ထိုဆူးတင်းပုတ်သည် အင်မော်တယ်ရတနာထက် အဆင့်မြင့်သည်။

ထိုအရာသည် ထိပ်တန်းအဆင့် ရတနာတစ်ပါး ဖြစ်သည်။

ထို့အပြင် ဟန်မူယဲ့က ထိုရတနာ၏ မူလရင်းမြစ်ကို ပြောနိုင်သည်။

ပျက်စီးခြင်း‌ခေါင်းလောင်းမှ ဖြစ်သည်။

ယခင်က ကမ္ဘာဦးရတနာတစ်ပါးဖြစ်သော ပျက်စီးခြင်းခေါင်းလောင်း ပြိုကွဲသွားပြီး မိစ္ဆာများက နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။

ဟန်မူယဲ့က ပျက်စီးခြင်းခေါင်းလောင်၏ အစိတ်အပိုင်းမှ ဖန်တီးထားသော မိစ္ဆာတစ်သောင်းတံဆိပ်ပြားကို ပိုင်ဆိုင်ခဲ့သည်။

ထိုခေါင်းလောင်း၏ အစိတ်အပိုင်းတစ်ခုကို ဤနေရာတွင် မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုအစိတ်အပိုင်းသည် ဆူးတင်းပုတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

“ခလွမ် ....”

ရှုမင်က ဓားဖြင့် ဆက်ထိုးလိုက်သည်။

ယခင်ဓားချက်အတိုင်း ပုံရိပ်ယောင်တစ်ခုကို ချန်ထားခဲ့ပြန်သည်။

သို့သော် ရွှေအင်မော်တယ်ရယ်မင်၏ မျက်နှာထားက ပိုမိုလေးနက်လာသည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ဆူးတင်းပုတ်ကို ကိုင်မြှောက်လျက် ပြင်းထန်စွာ ရိုက်ချသည်။

“ဘုန်း”

ဓားအလင်းသည် ဆူးတင်းပုတ်နှင့် ထိတွေ့သွားသည်။ ပေါက်ကွဲထွက်လာသော ဓားအလင်းက ရွှေအင်မော်တယ်ရယ်မင်ကို လွှမ်းခြုံသွားသည်။

ထိုဓားချက်သည် ဓားအလင်းတစ်သိန်းအဖြစ် ပြောင်းလဲသွားကြောင်း ဟန်မူယဲ့က ရှင်းလင်းစွာ မြင်ခဲ့သည်။

ထိုဓားချက်သည် ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်နှင့် ဆင်တူသည်။ သို့သော် ထိုဓားချက်က မရေမတွက်နိုင်‌သော ဓားနည်းစနစ်များကို စုစည်း၍ ဓားအလင်းအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။

“ကောင်လေးဟန်၊ ငါ့ဓားချက်ကို မြင်လိုက်လား”

ရှုမင်က ဓားအလင်း၏ လွှမ်းခြုံမှုအောက်တွင် ရှိနေသော ရွှေအင်မော်တယ်ရယ်မင်ကို ကြည့်လိုက်ပြီး ဂုဏ်ယူစွာပြောသည်။

“မင်းက ငါ့ဓားချက်ကို မြင်နိုင်တယ်ဆိုရင် ဓားတာအိုကျင့်ကြံခြင်းမှာ အနည်းဆုံး ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်အထိ ရောက်သွားလိမ့်မယ်”

“မင်းက ၃၀%လောက် နားလည်နိုင်တယ်ဆိုရင် ရွှေအင်မော်တယ်အဆင့်ကို ရောက်လိမ့်မယ်”

“တကယ်လို့ ....”

သူက စကားမဆုံးခင် လက်မြှောက်လိုက်ရသည်။

ဓားရှည်တစ်လက်သည် သူ့နောက်တွင် ပေါ်လာခဲ့သည်။

ဟန်မူယဲ့က ဓားကို ဆွဲထုတ်ခဲ့သည်။

သူ၏ဓားအလင်းသည် ကြည်လင်နေပြီး ပုံရိပ်ယောင်ဆန်သည်။

သူအသုံးပြုလိုက်သော ဓားချက်ကြောင့် လေဟာနယ်က အနည်းငယ် တုန်ခါသွားသည်။

သူက ရှုမင်ကဲ့သို့ မသန်မာသေးပေ။

ဓားအလင်းက လေဟာနယ်ကို ထိုးခွဲလိုက်‌သောအခါတွင် သူက အားကုန်သွားခဲ့သည်။

သို့သော် ရှုမင်က အလွန်ထိတ်လန့်နေသည်။ သူက လက်မြှောက်၍ အလင်းလွှာကို ဖန်တီးပြီး ဓားအလင်းကို တားဆီးခဲ့သည်။

ဓားအလင်းများသည် အလင်းလွှာနှင့် ထိတွေ့သွားပြီး တောက်ပနေသော ကြယ်အလင်းစက်များအဖြစ် ပြောင်းလဲသွားကြသည်။

ရှုမင်က အလင်းစက်များကို စိုက်ကြည့်နေပြီး ရေတွက်သည်။

“သုံးထောင်၊ ငါးထောင်၊ ရှစ်ထောင်၊ ကောင်းတယ်။ တစ်‌သောင်း ....”

“သုံးသောင်းခြောက်ထောင်။ ကောင်းတယ်။ ကောင်းတယ်”

သူက တောက်ပနေသော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက ငါ့ဓားချက်ကိုကြည့်ပြီး ချက်ချင်းသင်ယူနိုင်တယ်။ ပြီးတော့ ဓားအလင်း သုံးသောင်းခြောက်ထောင်ကိုလည်း ထုတ်လွှတ်နိုင်ခဲ့တယ်”

“ကောင်လေးဟန်၊ မင်းက လုံလောက်တဲ့အကျိုးပြုအမှတ်တွေကို စုဆောင်းပြီးသွားရင် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်ရဲ့ ဓားနည်းစနစ်စံအိမ်ကို သေချာပေါက် လာခဲ့ရမယ်”

“မင်းက အဲဒီနေရာကို သွားဖို့ လိုအပ်တယ်”

သူက ရယ်မောလိုက်ပြီး ဓားအလင်းဖြင့် ရစ်ပတ်ခံထားရသော ရွှေအင်မော်တယ်ရယ်မင်ကို ကြည့်သည်။

“ကောင်လေး၊ မင်းထွက်မလာရင် မင်းရဲ့ကမ္ဘာငယ်ကို ဖျက်ဆီးပစ်လိုက်မယ်”

ထိုစကားကြောင့် ရွှေအင်မော်တယ်ရယ်မင်က ကြောင်အသွားသည်။ ထို့နောက် ဆူးတင်းပုပ်တွင်ရှိသော နတ်ဘုရားသားရဲပုံရိပ်က ဓားအလင်းကို တွန်းထုတ်လိုက်သည်။

သူ့မျက်နှာက အနည်းငယ်ဖြူဖျော့နေသည်။ သူက ရှုမင်ကို ကြည့်လိုက်ပြီး ခေါင်းခါသည်။

“ဒီကလေးရဲ့နောက်ကွယ်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင် ရှိနေတာကို သိခဲ့ရင် ပြဿနာလာရှာမှာမဟုတ်ဘူး”

“တကယ်ကံဆိုးတာပဲ။ နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ထားခဲ့ရတဲ့ အသားမဲ့ဝါးတောအုပ်ကိုလည်း သူက ဖျက်ဆီးသွားတယ်”

ရွှေအင်မော်တယ်ရယ်မင်က မကျေမနပ် ရေရွတ်သည်။

သို့သော် ရှုမင်၏ဓားချက်က သူ့ဆီသို့ ရောက်လာပြန်သည်။

“အဲဒါတွေ မသိချင်ဘူး။ အရင်ဆုံး တိုက်ခိုက်ကြရအောင်”

ဓားသွားက ရယ်မင်၏ခန္ဓာကိုယ်နှင့် ကမ္ဘာငယ်ကို ထိုးခွဲသွားသည်။

ရယ်မင်က ခန္ဓာကိုယ်ကို ပြန်လည်စုစည်းလိုက်သောအခါတွင် ပိုမိုရုပ်ဆိုးလာသည်။

သူက ရွေးချယ်စရာမရှိဘဲ လက်မြှောက်လိုက်ရသည်။ အစိမ်းရောင်ကြိုးတစ်ချောင်းက ရှုမင်ဆီသို့ တိုးဝင်သွားသည်။

All Chapters