← Chapters

အခန်း (၈၇၆)

Vol. 63 Ch. 876

အခန်း (၈၇၆)

Vol. 63 Ch. 876

ဟန်မူယဲ့က နေရာတွင်ရပ်ပြီး ရွှေအင်မော်တယ်နှစ်ယောက်၏ တိုက်ပွဲကို စောင့်ကြည့်နေသည်။ သူ့စိတ်ထဲတွင် ပုံရိပ်များက ဆက်တိုက်ပြောင်းလဲသွားကြသည်။

မဟာတာအိုသည် အလွန်ရိုးရှင်းသည်။

သန်မာလေ တိုက်ခိုက်ရန် လွယ်ကူလေ ဖြစ်သည်။

သို့သော် ထိုရိုးရှင်းမှုတွင် ပါဝင်နေသော စွမ်းအားသည် အလွန်ရှုပ်ထွေးသည်။

ရွှေအင်မော်တယ်ရယ်မင်၏ ကြိုးသည် နတ်ဘုရားသားရဲများကို ဖမ်းဆီးရန်အတွက် အသုံးပြုနိုင်သော ရှေးခေတ်ရတနာတစ်ပါး ဖြစ်သည်။

ထိုကြိုးက သွေးမျိုးဆက်စွမ်းအားကို ဖိနှိပ်ပြီး တည်နေရာကို ချိပ်ပိတ်နိုင်သည်။

အစစ်အမှန်ရတနာတစ်ပါး ဖြစ်သည်။

ဆူးတင်ပုတ်နှင့် နွယ်စိမ်းကြိုး ....

နှစ်ခုလုံးသည် ထိပ်တန်းအဆင့်ရတနာများ ဖြစ်ကြသည်။

ရယ်မင်က ရွှေအင်မော်တယ်တစ်ပါး ဖြစ်မလာခင် ခါးသီးအင်မော်တယ်နယ်မြေကို လွှမ်းမိုးနိုင်သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

သူ၏ကျင့်ကြံဆင့်နှင့် ထိပ်တန်းအဆင့်ရတနာများ ပေါင်းစပ်လိုက်လျှင် မဟာမိစ္ဆာများမှလွဲ၍ သူ့ကို မည်သူက ထိခိုက်အောင် လုပ်နိုင်မည်နည်း။

“ဘုန်း”

ရှုမင်က နွယ်စိမ်းကြိုးကို ရိုက်ချလိုက်သည်။ ထို့နောက် ဓားအလင်းသည် ရွှေအင်မော်တယ်ရယ်မင်၏ ဝတ်စုံကို ဖြတ်တောက်လိုက်ပြီး အောက်ခံအဝတ်တစ်ဝက်ကို ပေါ်လာစေသည်။

ရွှေအင်မော်တယ်ရယ်မင်က ဒေါသထွက်သွားပုံပေါ်ပြီး နောက်ထပ်ရတနာတစ်ခုကို ထုတ်ယူသည်။

အစိမ်းရောင်သစ်ကိုင်းတစ်ခု ဖြစ်သည်။

‌ကောင်းကင်သစ်ပင် ....

သူ့တွင် ရတနာအများအပြား ရှိနေသည်။

ဟန်မူယဲ့၏ မျက်နှာထားက ပြောင်းလဲသွားသည်။

‘ဒီလိုမျိုး ရွေ့လျားနေတဲ့ ရတနာတိုက်ကြီးကို ဘာဖြစ်လို့ ဘယ်သူမှ လာမယူတာလဲ’

‘ဖူယွီအင်မော်တယ်ကမ္ဘာမှာ လူကောင်းတွေနဲ့ ပြည့်နေတာလား’

ဟန်မူယဲ့က ရှုမင်၏အသံကို ကြားလိုက်ရသည်။

“ဒီကောင်ရဲ့နောက်ကွယ်မှာ ငါတို့ဓားဂိုဏ်းကတောင် ရန်မစနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက် ရှိနေတယ်”

“ငါက သူ့ကို သင်ခန်းစာပေးဖို့ပဲ တတ်နိုင်မယ်”

ဓားဂိုဏ်းကပင် ရန်မစနိုင်သော ကျွမ်းကျင်သူတစ်ယောက် ....

အထွတ်အထိပ်ကောင်းကင်အဆင့် ဖြစ်လိမ့်မည်။

“ရွှပ် ....”

ရှုမင်၏ဓားက ရွှေအင်မော်တယ်ရယ်မင်၏ ခါးကို ရှပ်ထိသွားသည်။

“လူအိုကြီး၊ မင်းက တကယ်ပဲ တိုက်ခိုက်ချင်နေတာလား”

ရယ်မင်က ဘောင်းဘီကို ကိုင်ထားပြီး အံကြိတ်လျက် ပြောသည်။

ရှုမင်က ပြုံးလိုက်သည်။

“ငါနဲ့ တကယ်တိုက်ခိုက်ချင်တာလား။ မင်းက မလုပ်ရဲပါဘူး”

ရယ်မင်က တစ်ကိုယ်လုံးတုန်ခါနေပြီး ဒေါသများ ပျောက်ကွယ်သွားသည်။ ရွှေရောင်ဝတ်စုံက သူ့ခန္ဓာကိုယ်ကို ဖျတ်ခနဲ လွှမ်းခြုံသွားသည်။

“အကြီးအကဲ၊ ဒီကိစ္စကို ဘယ်လိုဖြေရှင်းနိုင်မလဲ”

ရယ်မင်က မေးသည်။

ဖြေရှင်းမည်။

ရှုမင်၏အပြုံးက လေးနက်သွားသည်။

သူက ရယ်မင်ကိုကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“မင်းက စည်းကမ်းတွေကို သိတယ်မဟုတ်လား”

ရယ်မင်က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်သည်။ အလင်းရောင်ကို ထုတ်လွှတ်နေသော ရတနာများသည် သူ့ရှေ့တွင် ပေါ်လာကြသည်။

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“တစ်ခုရွေးပြီး ဒီကိစ္စကို မေ့ပစ်လိုက်ကြရအောင်”

တစ်ခု ရွေးရမည်။

ထိုရတနာများသည် အနည်းဆုံး ဝိညာဉ်ရတနာအဆင့်တွင် ရှိနေကြသည်။

အားကောင်းသောနောက်ခံကို ပိုင်ဆိုင်ထားလျှင် အမှန်တကယ်ပင် အဆင်ပြေသည်။

ထို့သို့မဟုတ်လျှင် အသားမဲ့ဝါးတောအုပ်အား ဖျက်ဆီးခဲ့သော ဟန်မူယဲ့ကို ရယ်မင်က အဘယ်ကြောင့် တောင်းပန်မည်နည်း။

ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ရတနာများကို ကြည့်လိုက်သည်။

သူ့ပခုံးပေါ်တွင်ရှိနေသော ရွှေမီးတောက်ကလည်း သိချင်နေပုံပေါ်သည်။

ထိုရတနာများထဲတွင် နတ်ဘုရားအလင်းဖြင့် တောက်ပနေသော ဝိညာဉ်သတ္တုများ၊ စိမ်းလန်းနေသော သစ်ကိုင်းများကိုလည်း မြင်နိုင်သည်။

ထို့အပြင် ချပ်ဝတ်၊ လှံရှည်နှင့် ပုဆိန်များလည်း ရှိနေကြသည်။

ရတနာတစ်ခုချင်းစီသည် အလွန်အားကောင်းပုံပေါ်သည်။

ဟန်မူယဲ့က ရွှေရောင်စာရွက်နှစ်ရွက်ကို မြင်လိုက်ရသောကြောင့် ရင်ခုန်သွားသည်။

သူ့ဆီမှ လုယူသွားကြသော အင်မော်တယ်ဘုရင်၏ အမွေအနှစ် ....

သို့သော် သူက ထိုစာရွက်များကို တစ်ချက်သာကြည့်ခဲ့သည်။

ထိုစာရွက်များကို မယူနိုင်သေးပေ။

လုံလောက်သောခွန်အားမရှိဘဲ အင်မော်တယ်ဘုရင်၏ ကိစ္စရပ်များတွင် ပါဝင်ရန် မဖြစ်နိုင်သေးပေ။

ထို့အပြင် သူက တခြားစာရွက်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ယခုအချိန်တွင် ထိုစာရွက်များကို မလိုအပ်ပေ။

ဟန်မူယဲ့က အစိမ်းရောင်ဓားတစ်လက်ကို ညွှန်ပြသည်။

“ကျွန်တော်က အဲဒီဓားကို လိုချင်တယ်”

အစိမ်းရောင်ဓားသည် ဝိညာဉ်ရတနာတစ်ခုသာ ဖြစ်ပုံရသည်။

သို့သော် ဟန်မူယဲ့က ဓားထဲတွင်ရှိသော စွမ်းအားများကို အာရုံခံကြည့်နိုင်သည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ရွှေအင်မော်တယ်ရယ်မင်က အနည်းငယ် မျက်မှောင်ကြုတ်သည်။

သို့သော် သူက စကားမပြောဘဲ ဓားကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။

ဟန်မူယဲ့က ဓားကို ဆုပ်ကိုင်သည်။ ရှုမင်က လက်မြှောက်လိုက်ပြီး ပတ်ဝန်းကျင်ကို အက်ကွဲသွားစေသည်။

သူတို့က လုမင်မြို့၏ အပြင်ဘက်တွင် ပြန်ပေါ်လာကြသည်။

“ကောင်လေးဟန်၊ ရယ်မင်ရဲ့နောက်ကွယ်မှာ ကျွမ်းကျင်သူတစ်ယောက် ရှိနေတာကြောင့် ငါတို့အားလုံးက သူ့ကို အများကြီး တွန်းအားမပေးချင်ကြဘူး”

“မင်းမြင်တဲ့အတိုင်းပဲ သူ့မှာ ငါတောင်အားကျရတဲ့ ရတနာတွေ အများကြီးရှိနေတယ်”

ရှုမင်က ခေါင်းခါလိုက်ပြီး အကူအညီမဲ့စွာ ပြောသည်။

သူက ကိုယ်ပိုင်စွမ်းအားကို ထုတ်ပြပြီး နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်၏ လွှမ်းမိုးမှုကို ပြသချင်ခဲ့သည်။ သို့သော် သူက ရယ်မင်နှင့် ကြုံတွေ့လိုက်ရပြီး သိသိသာသာ အကျိုးအမြတ်မရပဲ ရန်ပွဲတစ်ခုသာ ဖြစ်ခဲ့သည်။

ထို့ကြောင့် ရှုမင်က အနည်းငယ် မသက်မသာ ဖြစ်နေသည်။

“ရတနာတစ်ခု ရလာတာနဲ့တင် လုံလောက်ပါတယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

“ဆရာဦးလေးကို ကျေးဇူးတင်ပါတယ်”

ရှုမင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး အဝေးတစ်နေရာတွင်ရှိသော လုမင်မြို့ကို လှမ်းကြည့်သည်။

“ရယ်မင်နဲ့ပတ်သတ်ပြီး တစ်ခုတော့ ကောင်းတာရှိတယ်။ နောက်ခံကောင်းတဲ့ ကျင့်ကြံသူတွေကို သူက နောက်တစ်ခါ နှောင့်ယှက်မှာမဟုတ်ဘူး”

“နောက်ကျရင် သူက မင်းကို ပြဿနာရှာမှာ မဟုတ်ဘူး”

ရယ်မင်က အင်အားစုကြီးများကို ရန်စလေ့မရှိပေ။

ထို့ကြောင့် သူက အင်အားစုများနှင့် ဆက်သွယ်မှုမရှိပဲ တောရိုင်းမြေတွင် လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်။

ရှုမင်က လုမင်မြို့တွင် ကြာမြင့်စွာမနေခဲ့ပေ။

သူက တစ်ကြိမ်လှုပ်ရှားပြီး ကတိစကားကို ဖြည့်ဆည်းပေးခဲ့သည်။

သူက ရွှေအင်မော်တယ်တစ်ပါး၏ အရေးကိစ္စများကို ဆောင်ရွက်ရဦးမည်။ အဆင့်နိမ့်ကျင့်ကြံသူများ၏ လောကတွင် ပါဝင်မည်မဟုတ်ပေ။

“ကောင်လေး၊ ကောင်းကောင်းကျင့်ကြံပါ။ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်က အားကောင်းပေမဲ့ မင်းစိတ်ကူးမယဉ်နိုင်တဲ့ ရန်သူတွေလည်း ရှိနေတယ်”

ရှုမင်က ဟန်မူယဲ့ကို ပြောခဲ့သည်။

“မင်းက ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွမ်းကျင်သူတွေကို တိုက်ခိုက်သင့်တယ်”

“ကြိုးစားပါ”

ရှုမင်ထွက်သွားသောအခါတွင် ဟန်မူယဲ့က လုမင်မြို့တွင် ဆက်မနေတော့ပဲ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါဖြင့် ယွင်လန်မြို့သို့ ပြန်လာခဲ့သည်။

သူက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါမှ ငေးမောစွာ ထွက်လာခဲ့သည်။

ယွင်လန်မြို့သည် သုံးနှစ်အချိန်အတွင်း၌ မိုင်သုံးရာကျယ်ပြန့်သော မြို့ကြီးတစ်မြို့ ဖြစ်လာသည်။ မြင့်မားသော အဆောက်အအုံများက နေရာတိုင်းတွင် ရှိနေကြသည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ၏ ရင်ပြင်သည် ပေတစ်သိန်းကျယ်ဝန်းပြီး အသုံးပြုသူများကို ဖုံးကွယ်ပေးရန် အင်မော်တယ်အလင်းဖြင့် လွှမ်းခြုံထားသည်။

ဟန်မူယဲ့က တခြားလူများကို မနှောင့်ယှက်ပဲ လမ်းမပေါ်တွင် ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

လူများသည် လမ်းမပေါ်တွင် အလျင်စလို သွားလာနေကြသည်။

တောရိုင်းမြေတွင် ယွင်လန်မြို့၏ တည်နေရာသည် အမျိုးမျိုးသော နယ်မြေများနှင့် ဆက်သွယ်ထားသည့် ကုန်သွယ်ရေးဗဟိုချက်အဖြစ် ဆောင်ရွက်နိုင်သည်။

ဇောင်ပိုင်ချွမ်သတ်မှတ်ထားသော စည်းကမ်းများသည် ကုန်သည်များကို အလွန်ဆွဲဆောင်နိုင်သည်။

လွန်ခဲ့သောသုံးနှစ်တွင် ဟန်မူယဲ့က ယွင်လန်မြို့သို့ ပြန်မလာခဲ့ပေ။ မြို့၏ တိုးတက်မှုသည် သူခန့်မှန်းထားသည်ထက် ဆယ်ဆခန့် ကျော်လွန်နေသည်။

ကောင်းကင်ကို ကြည့်လိုက်လျှင် သင်္ဘောပျံများနှင့် လွင့်မျောနေသော နတ်ဘုရားအမည်စာရင်းကို မြင်နိုင်သည်။

နတ်ဘုရားအမည်စာရင်းတွင် ကျွမ်းကျင်သူများ ဆယ်ယောက်အထိ ရှိလာသည်။

သူတို့အားလုံးက အသက်ရှိနေသောအချိန်တွင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်များ ဖြစ်ခဲ့ကြသည်။

ထိုကျွမ်းကျင်သူများအပြင် ယွင်လန်မြို့ကို စောင့်ကြပ်နေသော ကောင်းကင်အဆင့် ကျင့်ကြံသူများလည်း ရှိနေသောကြောင့် ဟန်မူယဲ့မရှိသော်လည်း အခြေအနေတည်ငြိမ်နေသည်။

ယခုအချိန်တွင် မိုင်ထောင်ချီပတ်ဝန်းကျင်ရှိ အင်အားစုအမျိုးမျိုးက ယွင်လန်မြို့တွင် အရင်းအမြစ်များကို စုဆောင်းကြသည်။

ယွင်လန်မြို့သည် မိုင်တစ်ထောင်ပတ်ဝန်းကျင်၏ ကုန်သွယ်ရေးဗဟိုချက် ဖြစ်လာသည်။

ဟန်မူယဲ့က မြို့ထဲတွင် လူသားကျင့်ကြံသူများအပြင် မိစ္ဆာများကိုလည်း တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။

ထူးခြားသောပုံစံနှင့် မိစ္ဆာကျင့်ကြံသူများသည် မြို့ထဲတွင် ပုံမှန်အတိုင်း လမ်းလျှောက်နေကြသည်။

မြို့ထဲတွင် လှည်းဆွဲနေသော သားရဲများကိုလည်း မြင်လိုက်ရသည်။ သားရဲအများစုက အစိမ်းရောင်ဝံပုလွေများ ဖြစ်ကြသည်။

ယွီယန်ခေါင်းဆောင်သော အစိမ်းရောင်ဝံပုလွေများသည် နေရာတိုင်းတွင် ရှိနေကြသည်။ သူတို့၏ဘဝက အလွန်သက်တောင့်သက်သာရှိသည်။ သူတို့က လမ်းပြပြီး ကုန်လှည်းများကို ဆွဲပေးခြင်းဖြင့် ဝိညာဉ်ကျောက်တုံးနှင့် ဆုလာဘ်များကို ရရှိနိုင်သည်။

အစိမ်းရောင်ဝံပုလွေများက ထိုဖြစ်ရပ်နှင့် အသားကျနေပြီး လူသားကျင့်ကြံသူများနှင့် ညီညွတ်စွာ ယှဉ်တွဲနေကြသည်။

“မြန်မြန်လေး၊ မြန်မြန်လေး။ စိမ်းဝါသံမဏိတွေကို ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့ဆီ ပေးပို့ရမယ်။ ငါတို့က ဒါကို ရောင်းချပြီးသွားရင် မိသားစုက အခက်အခဲကနေ ရုန်းထွက်နိုင်လိမ့်မယ်”

စိုးရိမ်နေသောအသံက ဟန်မူယဲ့၏နောက်တွင် ပေါ်ထွက်လာသည်။

အသက်သုံးဆယ်အရွယ်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် လူငယ်ကျင့်ကြံသူတစ်ဦးက ချွေးထွက်နေသည်။ သူက လက်နှစ်ဖက်ကိုလှုပ်ရှား၍ အချက်ပြနေသည်။

သူ့နောက်တွင် အစိမ်းရောင်ဝံပုလွေ ခုနစ်ကောင်၊ ရှစ်ကောင်ခန့်က ကုန်လှည်းကို ဆွဲလာကြသည်။

ကုန်လှည်းငါးစီးသည် စိမ်းဝါရောင်သတ္တုရိုင်းများဖြင့် ပြည့်နှက်နေကြသည်။

“အစ်ကိုငါး၊ စိတ်မပူပါနဲ။ ကျွန်တော်တို့က ဝိညာဉ်ကျောက်တုံးတွေကို ပြန်ယူသွားရင် ကလန်သားတွေက ဆက်ပြီး ကျင့်ကြံနိုင်လိမ့်မယ်။ ကျွန်တော်တို့ မူရုံမိသားစုက ရှင်သန်နိုင်လိမ့်မယ်”

အဖြူရောင်ဝတ်စုံနှင့် အသက် ၁၈၊ ၁၉အရွယ် လူငယ်တစ်ယောက်က မျှော်လင့်ချက်များဖြင့် နှစ်သိမ့်စကား ပြောလိုက်သည်။

ဟန်မူယဲ့က သူတို့ကို ကြည့်လိုက်ပြီး နှလုံးသားထဲတွင် တင်းကျပ်သွားသည်။

ထိုလူငယ်နှစ်ယောက်သည် နတ်ဘုရားဧကရာဇ် မူရုံကျန်းနှင့် ဆင်တူသည်။

‘မူရုံမိသားစုတဲ့လား’

ဟန်မူယဲ့က ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့ဆီသို့ လျှောက်သွားလိုက်သည်။

ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့သည် ယွင်လန်မြို့တွင် အကြီးဆုံးဖြစ်ပြီး ကျောက်ချန်၏ ကျူးကျင်းကုန်သွယ်ရေးအဖွဲ့က ဒုတိယနေရာတွင် ရှိနေသည်။

ကျောက်ချန်က ကျူးကျင်းကုန်သွယ်ရေးအဖွဲ့၏ ကြွယ်ဝမှုတစ်ဝက်ကို သယ်လာခဲ့သည်။ သုံးနှစ်အတွင်း၌ သူက အဆတစ်ရာခန့် ပြန်ရခဲ့သည်။

သို့သော် ကျောက်ချန်က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ နယ်မြေတွင်ရှိသော ကျူးကျင်းကုန်သွယ်ရေးအဖွဲ့နှင့် မဆက်သွယ်ရသေးပေ။

ယွင်လန်မြို့သည် ယွင်ထန့်တောရိုင်းမြေတွင် နာမည်ကြီးသော်လည်း မိုင်သန်းချီအကွာတွင်ရှိနေသော ယွီကျစ်ဒေသ၏ ယွင်လုမြို့တွင် နာမည်မရှိပေ။

ယွင်လန်မြို့တွင် ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့၏ ဈေးဆိုင်များက နေရာတိုင်းတွင် ရှိနေကြသည်။

မူရုံမိသားစု၏ တပည့်များက ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့၏ ဈေးဆိုင်သို့ ရောက်လာသောအခါတွင် ကုန်သည်များက ပစ္စည်းများကို ရောင်းချနေကြသည်။

ထို့နောက် အင်အားစုများဆီသို့ လိုအပ်သောပစ္စည်းများကို ပို့ဆောင်းပေးလိမ့်မည်။

ထိုအရာသည် မြို့ကြီးတစ်မြို့၏ လည်ပတ်ပုံဖြစ်သည်။

All Chapters