← Chapters

အခန်း (၈၇၇)

Vol. 63 Ch. 877

အခန်း (၈၇၇)

Vol. 63 Ch. 877

အပိုင်း(၈၇၇)

“ငါတို့က စိမ်းဝါသံမဏိတွေကို လက်မခံတော့ပါဘူး”

ဝန်ထမ်း၏စကားကြောင့် မူရုံမိသားစုမှ တပည့်များ၏မျက်နှာထားက ပြောင်းလဲသွားသည်။

“လက်မခံတော့ဘူးလား။ မင်းတို့ရဲ့ထုတ်ပြန်ထားတဲ့ လိုအပ်ချက်က ဘယ်လိုဖြစ်သွားပြီလဲ”

“မင်းတို့က ဈေးနှိမ်ဖို့ ကြိုးစားနေတာလား”

လူငယ်များက ဝန်ထမ်းကို ဝိုင်းရံထားကြသည်။ သို့သော် ဝန်ထမ်း၏စိတ်ကို ပြောင်းလဲသွားအောင် မလုပ်နိုင်ပေ။

ပတ်ဝန်းကျင်တွင်ရှိနေသော ကုန်သည်များက တီးတိုးပြောနေကြသည်။

“လွန်ခဲ့တဲ့သုံးရက်မှာ ကုန်သည်အဖွဲ့ကြီးတစ်ဖွဲ့က သန်းထောင်ချီနေတဲ့ စိမ်းဝါသံမဏိတွေကို ယူလာခဲ့တယ်”

“ဟွမ်ယန်မြို့နဲ့ မိုင်တစ်သိန်းအကွာမှာ စိမ်းဝါသံမဏိသတ္တုကြောကို ရှာတွေ့ခဲ့တယ်လို့ ပြောကြတယ်။ အခု ဘယ်သူက စိမ်းဝါသံမဏိတွေကို လက်ခံရဲမှာလဲ”

သူတို့၏စကားကြောင့် မူရုံမိသားစုဝင်များ၏ မျက်နှာက ဖြူဖျော့သွားကြသည်။

သူတို့က ကြွယ်ဝမှုများကို ပုံအပ်ပြီး ဤတစ်ကြိမ်အရောင်းအဝယ်တွင် အလုပ်ဖြစ်ရန် လောင်းကြေးထပ်ထားကြသည်။

“ပြီးသွားပြီ။ ကောင်းကင်က ငါတို့ မူရုံမိသားစုကို ဖျက်ဆီးပစ်ချင်နေတာပဲ ....”

အုပ်စုခေါင်းဆောင်ဖြစ်သော အသက်သုံးဆယ်အရွယ် လူငယ်ကျင့်ကြံသူက မျှော်လင့်ချက်ကင်းမဲ့နေပုံ‌ပေါ်သည်။

ဟန်မူယဲ့က အစိမ်းရောင်ဝတ်စုံနှင့် စာအုပ်တစ်အုပ်ကိုင်ပြီး ကုန်ပစ္စည်းများကို စစ်ဆေးနေသော ဆိုင်ဝန်ထမ်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

“အခု ကျွန်တော်တို့က ....”

ဆိုင်ဝန်ထမ်းက ဟန်မူယဲ့ကို ခေါင်းမော့ကြည့်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။

“မြို့ ....”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“မင်းက ငါ့ကို မှတ်မိနေတာလား”

ဆိုင်ဝန်ထမ်း၏မျက်နှာက နီရဲသွားပြီး ထပ်ကာတလဲလဲ ခေါင်းညိတ်သည်။

“ကျွန်တော်၊ ကျွန်တော်က ယွင်လန်မြို့ကနေ သခင်လေးဇောင်ပိုင်ချွမ်နဲ့အတူ လိုက်လာခဲ့တာပါ”

သူက ဇောင်ပိုင်ချွမ်နှင့်အတူ ယွင်ထန့်တောရိုင်းမြေသို့ တစ်ခါတည်း လိုက်လာခဲ့သည်။ မထူးဆန်းတော့ပေ။

ဟန်မူယဲ့က မူရုံမိသားစု၏ ကုန်လှည်းများကို ညွှန်ပြလိုက်သည်။

“ငါက စိမ်းဝါသံမဏိတွေကို လိုချင်နေတယ်။ အဲဒီကုန်လှည်းတွေကို လက်ခံထားလိုက်ပါ”

ဆိုင်ဝန်ထမ်းက လျင်မြန်စွာခေါင်းညိတ်ပြီး ဦးညွတ်၍ ရှေ့သို့ လျှောက်သွားသည်။

မူရုံမိသားစုများက ပျော်ရွှင်သွားကြသည်။

သူတို့၏ စိမ်းဝါသံမဏိများက ဈေးဆိုင်၏အနောက်ဘက်တွင်ရှိသော မြေကွပ်လပ်သို့ ရောက်သွားကြသည်။ ထိုနေရာတွင် ပန်းပဲပညာရှင်များက သတ္တုများကို အရည်ကျိုလိမ့်မည်။

“ကျေးဇူးပါအစ်ကိုကြီး”

မူရုံမိသားစု၏ လူငယ်ခေါင်းဆောင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“အစ်ကိုကြီးကြောင့် စိမ်းဝါသံမဏိတွေကို လက်ခံလိုက်တာလို့ ဆိုင်ရှင်က ပြောတယ်”

သူက ဦးညွတ်လိုက်သည်။

“ကျွန်တော်က မူရုံဖူပါ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မူရုံမိသားစု၏ တပည့်ကို ကြည့်သည်။ ထိုတပည့်က ဝိညာဉ်သူငယ် တတိယအဆင့်တွင်သာ ရှိနေသည်။ သူက ပြောလိုက်သည်။

“အရင်တုန်းက မင်းတို့မိသားစုရဲ့ အကြီးအကဲတစ်ယောက်နဲ့ အတူတူခရီးသွားဖူးတယ်။ သူက မူရုံမိသားစုအကြောင်းကို ပြောပြခဲ့တယ်”

“ငါ့မျိုးရိုးနာမည်က ဟန်ပါ”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် မူရုံဖူက အစပိုင်းတွင် ပျော်ရွှင်သွားပြီး ထို့နောက် ညင်သာစွာ သက်ပြင်းချသည်။

“အစ်ကိုဟန်ပြောတာ လွန်ခဲ့တဲ့ နှစ်ထောင်ချီတုန်းကပဲ ဖြစ်လိမ့်မယ်”

“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်မှာ မူရုံမိသားစုရဲ့ အကြီးအကဲက လူသားလောကကို အုပ်စိုးပြီး ပြန်မလာခဲ့ဘူး။ သူက အင်မော်တယ်ကမ္ဘာရဲ့ သံမဏိစည်းမျဉ်းကို ဖောက်ဖျက်ခဲ့တယ်”

ထို့ကြောင့် သွေးစစ်ပွဲဂိုဏ်းနှင့် တိမ်မြူတာအိုဂိုဏ်းသည် တိုက်ပွဲဖြစ်ခဲ့ရသည်။

မူရုံဖူက ရလဒ်ကို အတိအကျမသိသော်လည်း တိမ်မြူတာအိုဂိုဏ်းက အမိန့်ထုတ်ခဲ့သည်။ မူရုံမိသားစု၏ ကောင်းကင်အင်မော်တယ်များအားလုံးကို ဆင့်ခေါ်ပြီး နှစ်ပေါင်းသုံးထောင်ကြာအောင် တာဝန်ထမ်းဆောင်စေခဲ့သည်။

ကောင်းကင်အင်မော်တယ်များ မရှိသောကြောင့် မူရုံမိသားစု၏ ခွန်အားက အဆတစ်ထောင်ခန့်အထိ လျော့ကျသွားသည်။

တိုက်ပွဲတချို့အပြီးတွင် လူသားအင်မော်တယ်အဆင့် ကျွမ်းကျင်သူများလည်း သေဆုံးသွားကြပြီး မိသားစုတစ်ခုလုံးသည် ပျက်စီးလုနီးပါးအခြေအနေသို့ ကျရောက်သည်။

“ကောင်းကင်ကိုဖီဆန်တဲ့လမ်းစဉ်နဲ့ မြေကမ္ဘာအင်မော်တယ်အဆင့်ကိုရောက်လာတဲ့ အကြီးအကဲကြောင့်သာ မဟုတ်ရင် မူရုံမိသားစုက ပျက်စီးသွားလောက်ပြီ”

မူရုံဖူက ခံစားချက်များနှင့် ရေရွတ်သည်။

မြေကမ္ဘာအင်မော်တယ် ....

ကောင်းကင်ကိုဖီဆန်၍ အဆင့်တက်ရန်ကြိုးစားနေသော နတ်ဘုရားဘုရင်အဆင့် ကျင့်ကြံသူများကို ထိုသို့ ခေါ်ဆိုသည်။

ထိုကျင့်ကြံသူများက သူတော်စင်အဆင့်သို့ ဝင်ရောက်လာသောအခါတွင် ကောင်းကင်ကိုဖီဆန်၍ ကျင့်ကြံကြသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အဆင့်တူများတွင် ပြိုင်ဘက်ကင်းသည်။

သို့သော် သူတို့က အဆင့်မတက်နိုင်လျှင် တစ်သက်လုံး ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်မည်မဟုတ်ပေ။

ကျင့်ကြံခြင်းလောကသည် မြေကမ္ဘာအင်မော်တယ်များကို လက်မခံပေ။ သူတို့က အင်မော်တယ်အတုများနှင့်ပင် မယှဉ်နိုင်ကြပေ။

သို့သော် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အဆင့်တူများကြားတွင် အလွန်သန်မာသည်။

အကယ်၍ ဟန်မူယဲ့က ကောင်းကင်ကိုဖီဆန်ပြီး ကျင့်ကြံမည်ဆိုလျှင် မြေကမ္ဘာအင်မော်တယ်ဟု ခေါ်ဆိုရမည်။

မြေကမ္ဘာအင်မော်တယ်၏ ထောက်ပံ့မှုကြောင့် မူရုံမိသားစုက အသက်ရှင်နိုင်ခဲ့သည်။

မျိုးဆက်သစ်များ၏ ကျင့်ကြံခြင်းအရင်းအမြစ်သည် ရှားပါးနေသောကြောင့် ကျွမ်းကျင်သူတစ်ယောက်ဟု ယူဆနိုင်သော မူရုံဖူက ကုန်လှည်းများကို ဦးဆောင်ပြီး ယွင်ထန့်တောရိုင်းမြေသို့ ရောက်လာခဲ့သည်။

“စည်းကမ်းဖောက်ခဲ့တယ်လို့ မင်းပြောတဲ့ အကြီးအကဲက မူရုံကျန်းလား”

ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။

မူရုံဖူ၏မျက်နှာထားက ပြောင်းလဲသွားသည်။

သူက ခေါင်းညိတ်သည်။

“သခင်လေးဟန်က ကျွန်တော်တို့ဘိုးဘေးအကြောင်းကို သိနေတာလား”

ထိုဖြစ်ရပ်ကြောင့်သာမဟုတ်လျှင် မူရုံမိသားးစုက ကောင်းမွန်စွာ ရှိနေလိမ့်မည်။

မူရုံမိသားစုသည် တိမ်မြူတာအိုဂိုဏ်း၏ မိသားစုကြီးတစ်ခု ဖြစ်ခဲ့သည်။ သူတို့ကို ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူက ဦးဆောင်ထားသည်။

“မူရုံကျန်းနဲ့ ငါက မိတ်ဆွေကောင်းတွေပဲ”

ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။ သူက မျက်နှာထားပြောင်းလဲသွားသော မူရုံဖူကို လှည့်ကြည့်ပြီး ရွှေရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူသည်။

မူရုံကျန်း၏ နာမည်တံဆိပ်ပြား ဖြစ်သည်။

မူရုံဖူက ရှုပ်ထွေးသောမျက်နှာထားဖြင့် နာမည်တံဆိပ်ပြားကို ကြည့်နေပြီး ညင်သာစွာဦးညွတ်၍ ပြောသည်။

“အကြီးအကဲကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က တံဆိပ်ပြားကို သိမ်းလိုက်ပြီး ခေါင်းညိတ်သည်။

“မူရုံကျန်းက မူရုံမိသားစုကို ဂရုစိုက်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ငါက တခြားအရေးကိစ္စတွေကို သိပ်ပြီး အာရုံမစိုက်မိဘူး”

“မင်းတို့ မူရုံမိသားစု ကျဆင်းသွားတဲ့အတွက် ငါလည်း တာဝန်ရှိပါတယ်”

သူက လက်မြှောက်ပြီး ညွှန်ပြလိုက်သည်။ အစိမ်းရောင်တံဆိပ်ပြားတစ်ခု ပေါ်လာသည်။

“ငါ့အကူအညီကို လိုအပ်လာရင် လွတ်လွတ်လပ်လပ် တောင်းဆိုလိုက်ပါ”

ဟန်မူယဲ့က စကားပြောလိုက်ပြီး ပျောက်ကွယ်သွားသည်။

ဖူရုံဖူက တံဆိပ်ပြားကို ကြည့်လိုက်သည်။ သူက မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံး တုန်ခါနေသည်။

“ယွင်လန်ဓားအင်မော်တယ်၊ ပြိုင်ဘက်ကင်းဟန်”

“ငါတို့ မူရုံမိသားစုက ဒီလိုမျိုး ကျွမ်းကျင်သူတစ်ယောက်နဲ့ သိနေတာလား ....”

မူရုံဖူက တံဆိပ်ပြားကို တင်းကျပ်စွာကိုင်ထားပြီး အသက်မရှူရဲပေ။

သူက လက်ဝါးထဲတွင်ရှိသော တံဆိပ်ပြား၏အလေးချိန်ကို ခံစားကြည့်ပြီး တီးတိုးပြောသည်။

“ငါတို့မူရုံမိသားစုက ပျက်စီးသွားတော့မှာမဟုတ်ဘူး”

ဟန်မူယဲ့က ထိုကိစ္စကို သိပ်ဂရုမစိုက်ခဲ့ပေ။

သူ့အတွက် မူရုံမိသားစုနှင့် အမတ်ချုပ်ကြီးဝမ်သည် သက်သက်စီဖြစ်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဝမ်သည် နတ်ဘုရားဧကရာဇ် မူရုံကျန်းနှင့် မဆိုင်ပေ။

သူ့ကို ပျိုးထောင်ပေးခဲ့သောလူက အမတ်ချုပ်ကြီးဝမ်ဖြစ်ပြီး နတ်ဘုရားခုံရုံးကို နှစ်ပေါင်းများစွာကြာအောင် ထိန်းချုပ်ခဲ့သော နတ်ဘုရားဧကရာဇ် မဟုတ်ပေ။

မူရုံမိသားစုသည်လည်း လူသားလောကတွင်ရှိသော မူရုံကျန်းနှင့် သိပ်မဆိုင်ပေ။

သို့သော် မူရုံကျန်းကြောင့် မူရုံမိသားစုက ကျဆင်းသွားခဲ့ရသည်။

မူရုံဖူက အကူအညီတောင်းလာလျှင် ဟန်မူယဲ့က ငြင်းမည်မဟုတ်ပေ။

အကယ်၍ အကူအညီမတောင်းခဲ့လျှင်တော့ ရှေ့ထွက်ပြီး ဝင်ပါမည်မဟုတ်ပေ။

ထိုအရာသည် အခွင့်အရေးတစ်ခု၊ ကံကြမ္မာတစ်ခု ဖြစ်သည်။

သူလုပ်ဆောင်လိုက်သောအရာသည် ကံကြမ္မာကို ဖြစ်ပေါ်စေလိမ့်မည်။

ဟန်မူယဲ့က မြို့သခင်ခြံဝိုင်းသို့ ပြန်ရောက်သွားသောအခါတွင် ဇောင်ပိုင်ချွမ်နှင့် တခြားလူများက သူ့ကို နှုတ်ဆက်လိုက်ကြသည်။

မြို့တော်ကို စီမံနေသော ဇောင်ပိုင်ချွမ်၊ ကူးသန်းရောင်းဝယ်မှုကို တာဝန်ယူထားသော ကျောက်စိမ်းသမင် ကုန်သွယ်ရေးအဖွဲ့မှ ရှဲ့ချောင်ယန်၊ လက်ရွေးစင်စစ်သည်တစ်သိန်းကို ထိန်းချုပ်ထားသော ကျန်းကျန်ပေါင်နှင့် အဆက်အသွယ်များရှိသော ကျောက်ချန်တို့ကို ဟန်မူယဲ့က တစ်ယောက်ချင်းစီ တွေ့ဆုံခဲ့သည်။

သူက တုစန်ကျန်းနှင့် တခြားလူများဆီသို့ သွားခဲ့သည်။ ထို့ကြောင့် သူနှင့်အတူ လိုက်လာသော ကျင့်ကြံသူများက ဂုဏ်ယူရသည်။

တုစန်ကျန်းနှင့် တခြားလူများက ယွင်လန်မြို့တွင် သက်တောင့်သက်သာ နေထိုင်ရသည်။ သူတို့က ရိုးရှင်းသော တာဝန်များကို ဆောင်ရွက်ပြီး ကျင့်ကြံရန်အတွက် လုံလောက်သော ဝိညာဉ်ကျောက်တုံးများကို ရရှိနိုင်သည်။

ထိုအရာသည် ဟန်မူယဲ့နှင့်အတူ လိုက်လာခဲ့သော အကျိုးအမြတ် ဖြစ်သည်။

သူတို့က အလုပ်မလုပ်လျှင်ပင် မြို့တွင်ရှိသော လူများက သူတို့ဆီသို့ ဝိညာဉ်ကျောက်တုံးများ ပို့ပေးကြလိမ့်မည်။

သူတို့က ကောင်းကင်အင်မော်တယ်များ၏ နေထိုင်ပုံနှင့် တူညီနေသည်။ ကောင်းကင်အင်မော်တယ်များက တခြားအရေးကိစ္စများကို ဂရုမစိုက်တော့ပဲ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားကြသည်။

ဟန်မူယဲ့က ယွင်လန်မြို့နှင့်ပတ်သတ်၍ စိုးရိမ်ရန် မလိုအပ်ပေ။

ဇောင်ပိုင်ချွမ်နှင့် တခြားလူများက စီမံပေးကြလိမ့်မည်။

“မြို့သခင်၊ မြို့စောင့်ဝင်္ကပါကို တည်ဆောက်ဖို့ ပြင်ဆင်မှုတွေ ပြီးပါတော့မယ်”

ဇောင်ပိုင်ချွမ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ယွင်လန်မြို့သည် ယခုအချိန်အထိ ဝင်္ကပါတစ်ခု မရှိသေးပေ။

“ကောင်းတယ်။ ငါက သီးသန့်ကျင့်ကြံရာကနေ ထွက်လာရင် တုံယွမ်မြို့ကိုသွားပြီး ဝင်္ကပါတည်ဆောက်ဖို့ ဆရာကျောက်ချင်ကျန်းကို ဖိတ်ခေါ်မယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ကျောက်ချင်ကျန်းက ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်နေသော တုံယွမ်မြို့၏ ဝင်္ကပါပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ နာမည်အရင်းက ကျောက်ဖျင်ယုဖြစ်သော်လည်း လူတိုင်းက သူ့ကို ကျောက်ချင်ကျန်းဟု ခေါ်ဆိုကြသည်။

ဇောင်ပိုင်ချွမ်နှင့် တခြားလူများက အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြသည်။

ဟန်မူယဲ့က လေးစားမှုပြသောအနေဖြင့် ကိုယ်တိုင်သွား၍ ဖိတ်ခေါ်လိမ့်မည်။

မြို့စောင့်ဝင်္ကပါကို တည်ဆောက်ရန်အတွက် အရင်းအမြစ်အများအပြား ကုန်ကျမည်။ ထို့ကြောင့် လေးစားမှုနှင့် ထိုက်တန်သည်။

“အစ်ကိုဟန်၊ ကျွန်တော်က တောရိုင်းမြေကိုရောက်လာတာ ကြာနေပြီ။ ယွင်လန်မြို့ကို အလည်ပြန်ဖို့ တွေးထားတယ်”

ကျောက်ချန်က ညင်သာစွာ ပြောလိုက်သည်။

သူက ကျူးကျင်းကုန်သွယ်ရေးအဖွဲ့၏ ကြွယ်ဝမှုတစ်ဝက်ကို ယူလာခဲ့သည်။

ယခုအချိန်တွင် အဆတစ်ရာအထိ တိုးပွားလာပြီဖြစ်သောကြောင့် ဂုဏ်ကျက်သရေနှင့်အတူ ပြန်သွားချင်သည်။

ထို့အပြင် တောရိုင်းမြေမှ ရတနာများကို ဓားဂိုဏ်း၏နယ်မြေသို့ သယ်သွားလျှင် အလွန်အမြတ်ရလိမ့်မည်။

ယခု ယွင်လန်မြို့က တည်ငြိမ်နေပြီဖြစ်သောကြောင့် တောရိုင်းမြေကို ကျော်လွန်၍ ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်ရမည်။

ကျောက်စိမ်းသမင်ကုန်သွယ်ရေးအဖွဲ့က ယွင်လန်မြို့၏ ကုန်သွယ်ရေးလမ်းကြောင်းများ အားလုံးနီးပါးကို လွှမ်းမိုးထားသည်။

မြို့ထဲတွင်ရှိသော ဈေးဆိုင်အများစုကို ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့က ထိန်းချုပ်ထားသည်။

ကျောက်ချန်က ကြွယ်ဝလာသော်လည်း ထိုအဖွဲ့နှစ်ဖွဲ့နှင့် ယှဉ်လိုက်လျှင် အလွန်လိုအပ်နေသေးသည်။

သူက ဟန်မူယဲ့နှင့်အတူပါလာသော လူများထဲမှတစ်ယောက် ဖြစ်သောကြောင့် အရေးမပါဘဲ ဖြစ်မနေချင်ပေ။

ထို့ကြောင့် ယွင်လန်မြို့မှ အပြင်လောကသို့ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်နိုင်ရန် နောက်တွင်ချန်နေခဲ့ပြီး ဟန်မူယဲ့ကို ခွင့်ပြုချက်တောင်းလိုက်သည်။

“ကောင်းပြီ။ ဂရုစိုက်ပါ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူ့တောင်းဆိုချက်ကို လက်ခံသည်။

ကျောက်ချန်က ပြုံးလိုက်ပြီး ပြောသည်။

“စိတ်ချပါအစ်ကိုဟန်၊ ကျွန်တော်က စီးပွားရေးအတွက်ပဲ သွားမှာပါ”

“ယွင်လုမြို့ကို ပြန်သွားဖို့ ကုန်လှည်းတွေ ပြင်ဆင်လိုက်ပါအုံးမယ်”

ကျောက်ချန်က ပျော်ရွှင်နေသောမျက်နှာထားဖြင့် လျင်မြန်စွာထွက်သွားသည်။

ဟန်မူယဲ့က သူ့ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းခါသည်။

သူက ကျင့်ကြံဆင့်မြင့်မားလာသောအချိန်တွင် ခံစားချက်လှုပ်ရှားမှု သိပ်မရှိတော့ပေ။

အင်မော်တယ်များက ခံစားချက်နှင့် စိတ်ဆန္ဒကို ဖြတ်တောက်ခဲ့သည်ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။

သူက လက်မြှောက်လိုက်သောအခါတွင် ရွှေအလင်းသည် ခန်းဆောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ထို့နောက် ဓားတစ်လက်သည် သူ့လက်ထဲတွင် ပေါ်လာသည်။

ရွှေအင်မော်တယ်ရယ်မင်ဆီမှ ရရှိခဲ့သော လျော်ကြေးဖြစ်သည်။

သူက ဓား၏မှတ်ဉာဏ်များကို ကြည့်ချင်သည်။

သူက ဓားရိုးကို ကိုင်ထားပြီး ဓားချီကို ထည့်သွင်းသည်။

ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

All Chapters