အခန်း (၈၈၀)
Vol. 63 Ch. 880
ကျောက်ချင်ကျန်း၏အမြင်တွင် ဟန်မူယဲ့က ဓားတာအိုကို အလေးထားသောကြောင့် တခြားအရာများ၏ လွှမ်းမိုးမှုကို ခံရမည်မဟုတ်ပေ။
ထို့ကြောင့် သူက ဟန်မူယဲ့ကို အကူအညီတောင်းရဲခြင်း ဖြစ်သည်။
“ကောင်းပြီ။ အကြီးအကဲက ယွင်လန်မြို့အတွက် ဝင်္ကပါကို တည်ဆောက်ပေးပါ။ ကျွန်တော်က ဝင်္ကပါအမွေအနှစ်ကို ရှာဖွေနိုင်အောင် ကူညီပေးမယ်။ ဒါက မျှတပါတယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်တွင်ရှိသော ဝိညာဉ်သစ်သီးကို ကောက်ယူ၍ ဖြည်းဖြည်းချင်း ထွက်သွားသည်။
သူက ပန်းပွင့်များဖြင့် အလှဆင်ထားသော ကျောက်လှေကားပေါ်သို့ ခြေချလိုက်သည်။
ကျောက်ချင်ကျန်းက အပြုံးတစ်ခုနှင့်အတူ မတ်တပ်ရပ်သည်။
“လဝက်ကြာရင် ငါက ယွင်လန်မြို့ကို လာခဲ့မယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တစ်ချက်လှုပ်ရှားသည်။ သူက တောင်ခြေတွင်ရှိသော စံအိမ်သို့ ပြန်ရောက်သွားသည်။
ထိုမြင်ကွင်းကြောင့် ကျောက်ချင်ကျန်း၏မျက်နှာထားက ပြောင်းလဲသွားသည်။
“တကယ်ကို အာရုံခံနိုင်စွမ်းကောင်းတာပဲ။ သူက တစ်ခါပဲလမ်းလျှောက်ကြည့်ပြီး အားလုံးကို မှတ်သားထားနိုင်တယ်။ စိတ်ဝင်စားဖို့ကောင်းတယ် ....”
ဟန်မူယဲ့က တောင်ခြေသို့ ရောက်လာသောအခါတွင် ဇောင်ပိုင်ချွမ်နှင့် ရှဲ့ချောင်ယန်တို့က လျင်မြန်စွာ ချဉ်းကပ်လာကြသည်။
“မြို့သခင် အဆင်ပြေသွားပြီလား”
ဇောင်ပိုင်ချွမ်က တီးတိုးပြောသည်။
ကျောက်ချင်ကျန်းက ဝင်္ကပါတည်ဆောက်ရန် သဘောတူလိုက်လျှင် သူက လိုအပ်သော အရင်းအမြစ်များကို ကြိုတင်ပြင်ဆင်ထားရမည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အကြီးအကဲက ဝင်္ကပါတည်ဆောက်ပေးဖို့ သဘောတူလိုက်တယ်”
ထိုစကားကြောင့် ဇောင်ပိုင်ချွမ်နှင့် ရှဲ့ချောင်ယန်တို့က ပြုံးလိုက်ကြသည်။
မြို့စောင့်ဝင်္ကပါရှိသော မြို့နှင့် မြို့စောင့်ဝင်္ကပါမရှိသော မြို့သည် အလွန်ကွာခြားသည်။
“မြို့သခင်ရောက်လာတဲ့သတင်းကြောင့် တုံယွမ်မြို့သခင်က ဖိတ်စာပို့လိုက်ပါတယ်။ တုံယွမ်မြို့ရဲ့ ဓားကျင့်ကြံသူတွေကလည်း မြို့သခင်နဲ့ တွေ့ချင်နေကြပါတယ်”
ရှဲ့ချောင်ယန်က အတော်လေးကောင်းမွန်သော ဖိတ်စာတစ်စောင်ကို ထုတ်ပေးသည်။
ဟန်မူယဲ့၏ တုံယွမ်မြို့ခရီးစဉ်သည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ တုံယွမ်မြို့သခင်က သိနေလိမ့်မည်။
“ငါက တုံယွမ်မြို့ကို သိပ်မရောက်ဖြစ်ဖူး။ တုံယွမ်မြို့ရဲ့ အသန်မာဆုံးဓားကျင့်ကြံသူက စမ်းချောင်းသုံးခုဓားအင်မော်တယ် ဟွမ်းဟွမ်မဟုတ်လား”
“သူက သွေးစစ်ပွဲဂိုဏ်းရဲ့ တပည့်တစ်ယောက်လား”
ဟန်မူယဲ့က ရှဲ့ချောင်ယန်ကို ကြည့်လိုက်သည်။
ရှဲ့ချောင်ယန်က ခေါင်းညိတ်သည်။
“ဟုတ်ပါတယ်။ အတည်ပြုထားတာ မရှိပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ အားလုံးက သွေးစစ်ပွဲဂိုဏ်းကပါ”
“သူက အဲဒီအချက်ကို ဖုံးကွယ်မထားပါဘူး”
“ကောင်းတယ်။ အဲဒါဆိုရင် ငါက သွေးစစ်ပွဲဂိုဏ်းရဲ့ ဓားကျွမ်းကျင်သူနဲ့ သွားတွေ့လိုက်မယ်”
ဟန်မူယဲ့၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်တချို့ကို ဖော်ပြနေသည်။
သူက အဓိကဂိုဏ်းကြီးများနှင့် ရင်ဆိုင်ရန် တွန့်ဆုတ်နေခဲ့သည်။
သို့သော် ယခုအချိန်တွင် တွန့်ဆုတ်မှုကြောင့် အခြေအနေပိုဆိုးလာလိမ့်မည်။
သူ့နောက်ကွယ်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း ရှိနေသည်။ သူက အနည်းငယ် ကြွားဝါနိုင်သည်။
တုံယွမ်မြို့သို့ ရောက်လာသောအခါတွင် ဟန်မူယဲ့တို့က မြို့သခင်ခြံဝိုင်းသို့ တိုက်ရိုက်သွားလိုက်ကြသည်။
ခြံဝိုင်း၏အပြင်ဘက်တွင် တောက်ပနေသောဓားအလင်းများကို မြင်နိုင်သည်။ ဓားကျင့်ကြံသူများက ဧည့်ခံပွဲသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
“အဲဒါက ယွင်လန်ဓားအင်မော်တယ်ပဲ”
လူတစ်ယောက်က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ညင်သာစွာ အော်ပြောသည်။
“ယွင်လန်မြို့ရဲ့ ပြိုင်ဘက်ကင်းဟန်၊ မြို့သခင်က ဒီနေ့ သူ့ကို ဖိတ်ခေါ်ခဲ့တယ်”
“အကြီးအကဲဟွမ်းဟွမ်ကလည်း ဒီမှာရှိနေတယ်။ ဒီကျွမ်းကျင်သူနှစ်ယောက်က တိုက်ခိုက်ကြမှာလား”
သူတို့က ဟန်မူယဲ့ကိုကြည့်ပြီး တီးတိုးပြောနေကြသည်။
ဟန်မူယဲ့က သူတို့ကို အာရုံမစိုက်ပဲ မြို့သခင်ခြံဝိုင်းထဲမှ ထွက်လာသော ပိုးထည်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကို ကြည့်နေသည်။
တုံယွမ်မြို့သခင်သည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ် ဖြစ်သည်။
တောရိုင်းမြေတွင် ခိုင်မာစွာရပ်တည်နိုင်ရန်အတွက် ခွန်အားနှင့် နောက်ခံကို လိုအပ်သည်။
တုံယွမ်မြို့သခင် စုကျီရှန့်သည် ခွန်အားကောင်းရုံသာမက မိတ်ဆွေအများအပြားလည်း ရှိသည်။ ဝင်္ကပါပညာရှင် ကျောက်ချင်ကျန်းနှင့် ဓားကျွမ်းကျင်သူ ဟွမ်းဟွမ်တို့သည် သူ၏ ညီအစ်ကိုများ ဖြစ်ကြသည်။
မြို့ကိုစောင့်ကြပ်ပေးနေသော တခြားကောင်းကင်အင်မော်တယ်များလည်း ရှိကြသည်။
တုံယွမ်မြို့သည် နှစ်ပေါင်းများစွာကြာအောင် ကျော်ကြားလာခဲ့သည်။
“ဟားဟား၊ ပြိုင်ဘက်ကင်းမြို့သခင်ရောက်လာတာ တုံယွမ်မြို့အတွက် ဂုဏ်ယူစရာပါပဲ ....”
စုကျီရှန့်က ကျေနပ်စွာရယ်လိုက်ပြီး ဟန်မူယဲ့၏ပခုံးကို ပုတ်ပေးသည်။ ထို့နောက် အင်္ကျီလက်စကိုဆွဲပြီး အထဲသို့ ခေါ်သွားသည်။
သူ၏ အပြုအမူသည် လူတိုင်းကို နွေးထွေးသွားစေခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် ထိုအပြုအမူမျိုးသည် ယုံကြည်မှုကို ကိုယ်စားပြုသည်။
သူတို့က ခန်းဆောင်ထဲသို့ ဝင်သွားသောအခါတွင် ထိုင်နေသော ဓားကျင့်ကြံသူများက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ကြသည်။
“မင်းတို့ကို ပြိုင်ဘက်ကင်းမြို့သခင်နဲ့ မိတ်ဆက်ပေးပါရစေ”
စုကျီရှန့်က ဟန်မူယဲ့ကိုဦးဆောင်ပြီး လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်သည်။
“ဒါက တုံယွမ်မြို့ ဓားသုံးလက်ခန်းဆောင်သခင် ထောင်ရီပဲ။ ညီအစ်ကိုထောင်ရဲ့ ဓားကျင့်ကြံခြင်းက အရမ်းသိမ်မွေ့ပြီး လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ”
“ဒါက ရွှေရက်ကန်း ကုန်သွယ်ရေးအဖွဲ့ရဲ့ ကျန်းလင်ပဲ။ သူ့ရဲ့ ကျင့်ကြံဆင့်က နက်နဲပြီး ဓားပညာရပ်မှာ ထူးချွန်တယ်။ အထူးသဖြင့် သူ့ရဲ့ ဓားထိန်းချုပ်နည်းစနစ်က မိုင်တစ်ထောင်အကွာကနေ ရန်သူကို သတ်ဖြတ်နိုင်တယ်။ တကယ်အထင်ကြီးစရာကောင်းတယ်”
....
စုကျီရှန့်က ဓားကျင့်ကြံသူတစ်ယောက် မဟုတ်သော်လည်း ဓားကျင့်ကြံသူတိုင်းကို သေချာသိနေသည်။
သူမိတ်ဆက်ပေးသော ဓားကျင့်ကြံသူများက ပြုံးပြပြီး ဦးညွတ်လိုက်ကြသည်။
“ဒါကတော့ ညီအစ်ကိုဟွမ်းဟွမ်ပဲ။ ညီအစ်ကိုဟွမ်က တုံယွမ်မြို့ရဲ့ ထောက်တိုင်ကြီးပဲ။ ပြိုင်ဘက်ကင်းမြို့သခင်က ညီအစ်ကိုဟွမ်းရဲ့ ဓားနည်းစနစ်ကို စိတ်ဝင်စားနေလောက်တယ်”
စုကျီရှန့်က အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦးကို ညွှန်ပြသည်။ ဓားတစ်လက်သည် တာအိုတန်ခိုးရှင်၏နောက်တွင် လွင့်မျောနေသည်။
တာအိုတန်ခိုးရှင်က တောက်ပနေသော မျက်လုံးများဖြင့် ဓားဆန္ဒကို ထုတ်လွှတ်သည်။
“ပြိုင်ဘက်ကင်းဟန်၊ ရှားရှားပါးပါး ရောက်လာတာပဲ”
“မင်းက ပတ်ဝန်းကျင်မှာ ဓားကျင့်ကြံသူတွေကို လှည့်ပတ်ပြီး စိန်ခေါ်နေပေမဲ့ သုံးနှစ်အတွင်းမှာ တုံယွမ်မြို့ကို ရောက်မလာခဲ့ဘူး”
“မင်းက ငါ့ကို အထင်သေးနေတာလား။ ဒါမှမဟုတ် ငါနဲ့ မယှဉ်နိုင်တာကို သိနေလို့လား”
ဟွမ်းဟွမ်၏စကားကြောင့် ခန်းဆောင်က တိတ်ဆိတ်သွားသည်။
လူတိုင်းက တုံယွမ်မြို့သခင်၏ဘေးတွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။ သူတို့က သူ့အဖြေကို သိချင်ကြသည်။
‘သူက အထင်သေးတာလား။ ဒါမှမဟုတ် မတိုက်ခိုက်ရဲတာလား’
“နှစ်ခုလုံးပဲ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
နှစ်ခုလုံး ....
သူက ဟွမ်းဟွမ်ကို အထင်သေးသည်။ သို့သော် ဟွမ်းဟွမ်နှင့် မယှဉ်နိုင်ဟု ထင်သည်။
ဟွမ်းဟွမ်း၏ဓားအလင်းက ပေါက်ကွဲထွက်လာသည်။ သူ့မျက်လုံးများက တောက်ပနေသော ဓားဆန္ဒကို ထုတ်ပေးသည်။
“ကောင်းတယ်။ အဲဒါဆိုရင် ငါတို့ တိုက်ခိုက်ကြည့်ကြတာပေါ့”
ဟန်မူယဲ့က ဟွမ်းဟွမ်ကို အထင်သေးသည်။
သူက ဟွမ်းဟွမ်နှင့် မယှဉ်နိုင်ဟုလည်း ထင်သည်။
‘အဲဒါဆိုရင် သူက ဒီနေ့ တိုက်ခိုက်ဖို့ ရောက်လာတာလား’
ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် ခေါင်းညိတ်သည်။
“တိုက်ပွဲကြောင့်သာမဟုတ်ရင် ငါက ဘာဖြစ်လို့ ဒီကိုရောက်လာမှာလဲ”
အမှန်တကယ်ပင် တိုက်ပွဲအတွက် ဖြစ်သည်။
သူ့စကားအဆုံးတွင် လူတိုင်းက ဟွမ်းဟွမ်ကို ကြည့်လိုက်ကြသည်။
ထိုအရာသည် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
စမ်းချောင်းသုံးခုဓားအင်မော်တယ် ဟွမ်းဟွမ်သည် နှစ်ထောင်ချီကြာအောင် ကျော်ကြားခဲ့သည်။ သူ၏ ဓားနည်းစနစ်သည် အလွန်ထူးခြားသည်။
သူကသာ ယွင်လန်ဓားအင်မော်တယ်၏ တိုက်ခိုက်လိုစိတ်ကို နှိုးဆွနိုင်လိမ့်မည်။
တခြားလူများက အလိုလျောက် အားကျသွားကြသည်။
ယွင်လန်ဓားအင်မော်တယ်၏ စိန်ခေါ်မှုကို ရရှိခြင်းသည် ဓားသမားတစ်ယောက်အတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။
ကိုယ်ပိုင်ခွန်အားကို အသိအမှတ်ပြုခံရမည်။
အကယ်၍ ထိုအဆင့်သို့ မရောက်ခဲ့လျှင် မည်သို့ပင်ကြိုးစားပါစေ ကျွမ်းကျင်သူများ၏ အသိုင်းအဝိုင်းအတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။
“ကောင်းပြီ”
ဟွမ်းဟွမ်က ဓားအလင်းများကို ထုတ်လွှတ်နေပြီး အထီးကျန်သောမျက်နှာထားဖြင့် ပြောသည်။
“ညီအစ်ကိုဟွမ်းနဲ့ ပြိုင်ဘက်ကင်းမြို့သခင် ခဏနေပါအုံး။ မတိုက်ခိုက်ခင် အရင်ဆုံး ဆွေးနွေးကြည့်ရအောင်”
စုကျီရှန့်က လက်ကိုဆန့်ထုတ်ပြီး ဟွမ်းဟွမ်၏ပခုံးကို ဖိချသည်။ ထို့နောက် ဟန်မူယဲ့၏ အင်္ကျီလက်ကို ဆွဲသည်။
ဟန်မူယဲ့နှင့် ဟွမ်းဟွမ်က တိုက်ခိုက်လိုစိတ်များကို ထုတ်ဖော်နေသော်လည်း ချက်ချင်း မတိုက်ခိုက်ခဲ့ကြပေ။
သူတို့က ရန်ငြိုးမရှိပေ။ ပညာချင်းဖလှယ်ရန် တိုက်ခိုက်ကြည့်ခြင်းသာ ဖြစ်သည်။ ထို့အပြင် တုံယွမ်မြို့သခင်လည်း ရှိနေသောကြောင့် အချင်းချင်း မျက်နှာသာပေးရန် လိုအပ်သည်။
“ပြိုင်ဘက်ကင်းမြို့သခင်နဲ့ ညီအစ်ကိုဟွမ်းတို့ရှိနေတာ ရှားပါးတယ်။ ငါက မြို့ထဲမှာရှိတဲ့ ဓားကျင့်ကြံသူတွေကိုလည်း ဖိတ်ခေါ်ထားတယ်”
စုကျီရှန့်က ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းကိုကြည့်လိုက်ပြီး ပြုံးသည်။
“ဓားနည်းစနစ်တွေနဲ့ မယှဉ်ပြိုင်ခင်မှာ ဓားတာအိုအကြောင်းကို အရင်ဆုံး ဆွေးနွေးကြရအောင်”
သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ အင်မော်တယ်အလင်းဖြင့် တောက်ပနေသော ရတနာများသည် ခန်းဆောင်ထဲတွင် ပေါ်လာကြသည်။
ထိုရတနာများထဲတွင် အနည်းဆုံး ဝိညာဉ်ရတနာအဆင့်သို့ ရောက်နေသော ဓားရှည်များလည်း ပါဝင်သည်။ ထိပ်တန်းအဆင့် ဝိညာဉ်သတ္တုများနှင့် နှစ်တစ်သောင်းသက်တမ်းရှိသော အင်မော်တယ်ဆေးပင်များလည်း ရှိနေကြသည်။
ကျောက်စိမ်းပေလွှာတချို့လည်း ရှိသည်။
တုံယွမ်မြို့သခင် ထုတ်ယူလိုက်သော ပစ္စည်းများသည် ထူးခြားလိမ့်မည်။
ခန်းဆောင်ထဲတွင် လွင့်မျောနေသော ရတနာများကို လေဟာနယ်လမ်းကြောင်းအဆင့် ကောင်းကင်အင်မော်တယ်က တစ်သက်လုံးရှာဖွေလျှင်ပင် ရရှိနိုင်မည်မဟုတ်ပေ။
တုံယွမ်မြို့သခင်က မျက်တောင်တစ်ချက်မခတ်ပဲ ရတနာများကို ထုတ်ယူခဲ့သည်။
“ပြိုင်ဘက်ကင်းမြို့သခင်နဲ့ ညီအစ်ကိုဟွမ်းရဲ့ ယှဉ်ပြိုင်မှု၊ ခန်းဆောင်ထဲမှာရှိတဲ့ လူတိုင်းနဲ့ တာအိုဆွေးနွေးမှုအတွက် ဆုလာဘ်တွေအားလုံးကို ငါကပဲ ထောက်ပံ့ပေးပါ့မယ်”
စုကျီရှန့်က ကျယ်လောင်စွာပြောသည်။
သူ၏ ရက်ရောမှုကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက မျက်လုံးများ တောက်ပသွားပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ကျေးဇူးတင်လိုက်ကြသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။ စုကျီရှန့်က ကျွမ်းကျင်သူများနှင့် မိတ်ဆွေဖွဲ့နိုင်ပြီး တုံယွမ်မြို့က အင်အားကောင်းသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
စုကျီရှန့်က လောကတွင်ရှိသော ကျွမ်းကျင်သူများကို ဆွဲဆောင်ထားနိုင်သည်။
ကျင့်ကြံသူများက အခွင့်အရေးကို ရှာဖွေကြသည်။
စုကျီရှန့်က ရက်ရောမှုကြောင့် ကျင့်ကြံသူအများအပြားက သူ့အတွက် အခက်အခဲများကို ဖြေရှင်းပေးကြလိမ့်မည်။
“ပြိုင်ဘက်ကင်းမြို့သခင်က နေရာတိုင်းမှာ ဓားကျင့်ကြံသူတွေကို စိန်ခေါ်နေတာဆိုတော့ အကျိုးအမြတ်တွေ ရခဲ့လိမ့်မယ်။ ပြီးတော့ တစ်ခုခုကို စိတ်ရှုပ်ထွေးနေတာ ဖြစ်လိမ့်မယ်။ အဲဒီတော့ ဧည့်သည်ဖြစ်တဲ့ ပြိုင်ဘက်ကင်းမြို့သခင်ကပဲ စိတ်ရှုပ်ထွေးနေတဲ့အကြောင်းအရာကို ပြောလိုက်ပါ။ ငါတို့က ဆွေးနွေးကြည့်ကြတာပေါ့”
စုကျီရှန့်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့၏ သံသယကို ပူးပေါင်းအဖြေရှာရန်အတွက် စုကျီရှန့်က ပြောခဲ့သည်။ ထိုအချက်နှင့်ပင် ဟန်မူယဲ့က စုကျီရှန့်ကို ပိုမိုအကောင်းမြင်သွားသည်။
ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်သည်။
သူတို့ကလည်း သိချင်နေပုံရသည်။
ဟွမ်းဟွမ်ကပင် အံ့အားသင့်နေပုံပေါ်သည်။
ဟန်မူယဲ့က ဓားတာအိုနှင့်ပတ်သတ်၍ စိန်ခေါ်မှုများကို ပြုလုပ်နေသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူက အဘယ်ကြောင့် စိတ်ရှုပ်ထွေးနေရသနည်း။
ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် ခန်းဆောင်၏အပြင်ဘက်သို့ ကြည့်သည်။
“ငါက တကယ်ပဲ ဓားတာအိုနဲ့ပတ်သတ်ပြီး စိတ်ရှုပ်ထွေးနေတယ်”