← Chapters

အခန်း (၈၈၁)

Vol. 63 Ch. 881

အခန်း (၈၈၁)

Vol. 63 Ch. 881

ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ ဓားအလင်းသည် သူ့လက်ဝါးပေါ်တွင် လှည့်ပတ်နေသည်။

“ဓားစွမ်းအားမှာ ငါက တခြားလူတွေထက် အားမနည်းဘူး”

“ဓားနည်းစနစ်မှာလည်း တခြားလူတွေနဲ့ ယှဉ်နိုင်တယ်”

“ဒါပေမဲ့ ခွန်အားနဲ့ပတ်သတ်ပြီး အတားအဆီးတစ်ခု ရှိနေတယ်လို့ ခံစားရတယ်”

သူ့လက်ထဲတွင်ရှိသော ဓားအလင်းသည် သွယ်ယှက်နေပြီး အက်ကွဲသွားသော လေဟာနယ်ကိုပင် မြင်နိုင်သည်။

ထိုကျွမ်းကျင်မှုမျိုးကို တခြားလူများက စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ပေ။

သို့သော် ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း ယခုအချိန်တွင် ဓားအလင်းက သွက်လက်စွာလှုပ်ရှားနေသော်လည်း လွှမ်းမိုးနိုင်သောခွန်အားကို သယ်ဆောင်မထားပေ။

ထိုဓားအလင်းဆီမှ သတ်ဖြတ်လိုစိတ်ကို မခံစားရပေ။

ဟန်မူယဲ့က ထိုအရာကို တမင်သက်သက် ထိန်းချုပ်ထားခြင်းမဟုတ်ပေ။ ချို့ယွင်းချက်ရှိနေခြင်း ဖြစ်သည်။

ဓားသည် သတ်ဖြတ်ခြင်းလက်နက်ဖြစ်ပြီး ဓားနည်းစနစ်သည် သတ်ဖြတ်ခြင်းနည်းလမ်း ဖြစ်သည်။

သတ်ဖြတ်ခြင်းဆန္ဒမရှိပဲ မည်သို့ သတ်ဖြတ်မည်နည်း။

ဟန်မူယဲ့က ဓားနည်းစနစ်များကို သုံးသပ်နေသောအချိန်တွင် ထိုအချက်ကို သတိထားမိခဲ့သည်။

သူ၏ ဓားနည်းစနစ်က သတ်ဖြတ်ခြင်းအတွက် ဖြစ်သော်လည်း သူက သတ်ဖြတ်ခြင်းကိုသာ မှီခိုမထားခဲ့ပေ။

သူက ယခုအချိန်တွင် နတ်ဘုရားဘုရင်အဆင့်၌ ရပ်နေသည်။ သူက ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကို ကျော်ဖြတ်ပြီး ကောင်းကင်အင်မော်တယ် ဖြစ်မလာနိုင်ပေ။ ထို့အပြင် ကောင်းကင်ကိုဖီဆန်ပြီး အင်မော်တယ်အဖြစ် အဆင့်တက်မသွားနိုင်ပေ။

အတော်လေး ရှက်စရာကောင်းသည်။

သူ၏ ဓားပညာရပ်သာမက ဒုတိယမြောက် မူလဝိညာဉ်ဓားကလည်း အတားအဆီးနှင့် ကြုံတွေ့နေရသည်။

သူ၏ အားကောင်းသောဝိညာဉ်နှင့် တိုးတက်လာသော ဓားကျင့်ကြံခြင်းကြောင့်သာ မဟုတ်လျှင် မှားယွင်းသောလမ်းစဉ်ကို လျှောက်လှမ်းနေသည်ဟု တွေးမိလိမ့်မည်။

“ခွန်အားမလုံလောက်ဘူးလား”

ဓားကျင့်ကြံသူတစ်ယောက်က လေဟာနယ်အား အက်ကွဲသွားစေသော ဓားအလင်းကို ကြည့်လိုက်ပြီး ပြောသည်။

“ပြိုင်ဘက်ကင်းမြို့သခင်က ရွှေအင်မော်တယ်တစ်ပါးကို စိန်ခေါ်ချင်နေတာလား”

ဓားအလင်းသည် အလွန်သန်မာသော်လည်း ဟန်မူယဲ့က ခွန်အားမလုံလောက်ဟု ပြောနေသည်။

‘အဲဒါဆိုရင် ငါတို့ရဲ့ ဓားတွေကရော ဘယ်လိုဖြစ်သွားပြီလဲ’

သို့သော် လူအုပ်က ဟန်မူယဲ့၏ မျက်နှာထားကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း အလေးအနက်ထားလာသည်။

ဟန်မူယဲ့က ဟာသလုပ်နေခြင်း မဟုတ်ပေ။ သူက ‌ရွှေအင်မော်တယ်တစ်ပါးကို အမှန်တကယ်ပင် စိန်ခေါ်ချင်သည်။

ရွှေအင်မော်တယ်များက ကောင်းကင်အင်မော်တယ်များနှင့် မတူပေ။ သူတို့က တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို ထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲမြေပြင်ကို ကမ္ဘာငယ်ထဲသို့ ဆွဲသွင်းနိုင်သည်။

ကောင်းကင်အင်မော်တယ်များက ရွှေအင်မော်တယ်တစ်ပါးနှင့် မတိုက်ခိုက်နိုင်ကြပေ။

စုကျီရှန့်က ပြုံးလိုက်ပြီး ပခုံးတွန့်သည်။

“ပြိုင်ဘက်ကင်းမြို့သခင်ရဲ့ ရည်ရွယ်ချက်က ငါတို့နားလည်နိုင်တာထက် ကျော်လွန်နေတာပဲ”

သူက မျက်နှာထားလေးနက်နေသော ဟွမ်းဟွမ်ကို လှည့်ကြည့်သည်။

“ညီအစ်ကိုဟွမ်း၊ ပြိုင်ဘက်ကင်းမြို့သခင်ရဲ့ မေးခွန်းကို မင်းတစ်ယောက်ပဲ ဖြေနိုင်လိမ့်မယ်”

ဟွမ်းဟွမ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါက ကောင်းကင်အင်မော်တယ်အဆင့်ကို ဝင်ရောက်ပြီး ကမ္ဘာငယ်ကို တည်ဆောက်ခဲ့တယ်အချိန်မှာ အဲဒီလိုမျိုး ခံစားလိုက်ရတယ်”

“အဲဒါကြောင့် တောရိုင်းမြေကို ရောက်လာခဲ့တာပဲ”

ဟွမ်းဟွမ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“ဓားတာအိုက အဆုံးမရှိပေမဲ့ ခွန်အားက အကန့်အသတ် ရှိနေတယ်”

“ငါက သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ပြီး ဉာဏ်အလင်းရလာခဲ့တယ်”

သူက ညင်သာစွာသက်ပြင်းချပြီး ပြောသည်။

ဟွမ်းဟွမ်က အတိတ်ကို သတိရနေပုံပေါ်ပြီး ဆက်ပြောသည်။

“လူသားတစ်ယောက်ရဲ့ခွန်အားက အကန့်အသတ်ရှိတယ်။ နောက်ဆုံးမှာတော့ အားကုန်သွားမှာပဲ”

လူသားတစ်ယောက်၏ခွန်အားသည် အကန့်အသတ်ရှိသည်။

ကျင့်ကြံခြင်းလောကတွင် ဓားကျင့်ကြံသူများသည် မာနအကြီးဆုံး ဖြစ်သည်။

သူတို့၏ဓားက အကောင်းအတိုင်း ရှိနေသေးပြီး သူတို့၏ စိတ်ဆန္ဒ ကျိုးပျက်မသွားသ၍ တခြားလူများကို ဦးညွတ်မည်မဟုတ်ပေ။

သို့သော် ဓားကျင့်ကြံသူတစ်ယောက်က တစ်ကြိမ်ဦးညွတ်လိုက်လျှင် မောက်မာသော ဓားကျင့်ကြံသူ ဆက်မဖြစ်နိုင်တော့ပေ။

လောကတွင် ပြိုင်ဘက်ကင်းသောဓားကျင့်ကြံသူ မည်သို့ ရှိနိုင်မည်နည်း။

ဟွမ်းဟွမ်၏စကားကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက စဉ်းစားနေကြသည်။

‘ရှုံးနိမ့်မှုကို ခံစားကြည့်ရမှာလား’

ဓားကျင့်ကြံသူများက ပြိုင်ဘက်ကင်းမဟုတ်ကြောင်း ဟန်မူယဲ့က နားလည်သည်။

သို့သော် သူက ပြိုင်ဘက်ကင်းဖြစ်နေလျှင် မည်သို့ ဖြစ်သွားမည်နည်း။

“အမှန်အတိုင်းပြောရမယ်ဆိုရင် နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ်”

ထိုအချိန်တွင် ဟွမ်းဟွမ်၏အသံ ပေါ်ထွက်လာပြန်သည်။

ဟန်မူယဲ့က သူ့ကို ကြည့်လိုက်သည်။

“နောက်ပြန်လှည့်မကြည့်ပဲ အဆုံးအထိ တိုက်ခိုက်ရမယ်”

“တိုက်ခိုက်လိုစိတ်နဲ့ ဓားဆန္ဒကို စုစည်းပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်ပေးရမယ်။ တိုက်ပွဲတိုင်းမှာ ပိုမိုသန်မာလာလိမ့်မယ်”

ရပ်တန့်ခြင်းမရှိဘဲ အမြဲတိုက်ခိုက်နေရမည်။

ထိုအရာသည် သွေးစစ်ပွဲဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ် ဖြစ်သည်။

ခန်းဆောင်ထဲတွင် ပင့်သက်ရှိုက်သံများ ပေါ်လာသည်။

စမ်းချောင်းသုံးခုဓားအင်မော်တယ် ဟွမ်းဟွမ်က သွေးစစ်ပွဲဂိုဏ်းသားတစ်ယောက်ဟု ပြောကြသည်။ ယခု သူက သွေးစစ်ပွဲဂိုဏ်း၏ ကျင့်ကြံခြင်းနည်းလမ်းအကြောင်းကို အမှန်တကယ်ပင် ပြောပြနေသည်။

ဟွမ်းဟွမ်က လူအုပ်၏ အံ့အားသင့်မှုကို သတိထားမိပြီး ပေါ့ပါးစွာပြောသည်။

“ငါက တိုက်ပွဲမှာ ရှုံးနိမ့်သွားပြီး ဂိုဏ်းကနေ နှင်ထုတ်ခံလိုက်ရတယ်”

“ဂိုဏ်းထဲမှာ ရှုံးပွဲမရှိတဲ့ ကျွမ်းကျင်သူတွေ ရှိနေကြတယ်။ သူတို့ရဲ့ တိုက်ခိုက်လိုစိတ်က ကောင်းကင်နဲ့ မြေကြီးကို တုန်ခါသွားစေတယ်”

ဟန်မူယဲ့က ရှုံးပွဲမရှိသော ကျွမ်းကျင်သူများ၏ ခမ်းနားသောတိုက်ခိုက်လိုစိတ်ကို စိတ်ကူးကြည့်နိုင်သည်။

ထို့ကြောင့် သွေးစစ်ပွဲဂိုဏ်းသားများက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မထားဘဲ ဆက်တိုက် တိုက်ခိုက်နေကြသည်။

သွေးစစ်ပွဲဂိုဏ်းသည် ရှုံးပွဲမရှိသော ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားပြီး တိုက်ပွဲတစ်ခုပြီးတိုင်း ပိုမိုသန်မာလာသည်။

ဟန်မူယဲ့က ဟွမ်းဟွမ်ကို ကြည့်လိုက်ပြီး အတွေးတစ်ခုရသွားသည်။

သွေးစစ်ပွဲဂိုဏ်း၏ လက်ရွေးစင်များသည် တိုက်ပွဲတစ်ရာကို အနိုင်ရထားသောလူများ ဖြစ်ကြသည်။

သို့သော် ရှုံးနိမ့်သူများက မည်သို့ ဖြစ်သွားကြသနည်း။

ရှုံးနိမ့်သူများသည် ထုတ်ပယ်ခံရသည်။

ထိုအရာသည် အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းလောက ဖြစ်သည်။

အလွန်သန်မာသော်လည်း တစ်ကြိမ်ရှုံးနိမ့်သွားလျှင် ဖြည်းဖြည်းချင်း ကျဆင်းသွားလိမ့်မည်။

ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သူကသာ ထိပ်ဆုံးသို့ ရောက်နိုင်ရန် အခွင့်အရေးရှိသည်။

သွေးစစ်ပွဲဂိုဏ်းသည် ထိုသို့ပင်ဖြစ်သည်။ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကလည်း အတူတူပင်ဖြစ်သည်။

တာအိုအင်အားစုနှင့် မိစ္ဆာအင်အားစုများကလည်း ထိုနည်းလမ်းကို ကျင့်သုံးကြသည်။

ထိုအရာသည် အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်တာအို ဖြစ်သည်။

လူသားလောက၏ သဘာဝအလျောက် ရွေးချယ်ခြင်းမဟုတ်ဘဲ အစစ်အမှန် ရွေးချယ်ခြင်း ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာတစ်ခုလုံးကို သန်မာသူက ထိန်းချုပ်ထားသည်။ လောက၏ မဟာတာအိုကလည်း သန်မာသူကို ဦးစားပေးသည်။

အားနည်းသူများသည် ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိကြပေ။

‘ငါက ဒါကို လက်ခံနိုင်လား’

‘ဘယ်သူက အားနည်းသူ ဖြစ်ချင်မှာလဲ’

သို့သော် သူလက်မခံချင်လျှင်လည်း အရေးမပါပေ။

ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏တာအို ဖြစ်သည်။

သန်မာသူများက အမြဲတမ်း သန်မာနေလိမ့်မည်။

ခန်းဆောင်ထဲတွင် ဟွမ်းဟွမ်၏စကားကြောင့် ဖိအားတစ်ခု ဖြစ်လာသည်။

“အမှန်အတိုင်းပြောရရင် အနိုင်အရှုံးအပြင် တခြားအရာတွေလည်း ရှိသေးတယ်”

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေသည်။

သူက တခြားလမ်းကြောင်းများကို ရွေးချယ်နိုင်သော်လည်း ကိုယ်တိုင်ရွေးချယ်မည်ဟု မဆိုလိုပေ။

ဟန်မူယဲ့၏ ဓားအလင်းနှင့် တိုက်ခိုက်လိုစိတ်ကို မြင်ရသောအခါတွင် ဟွမ်းဟွမ်က ပြောသည်။

“မင်းက ခြေတစ်လှမ်းနောက်ဆုတ်ကြည့်ရင် လောကကြီးကို ပိုမြင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဓားကျင့်ကြံသူတွေက အခက်ခဲဆုံးအရာကိုပဲ ရွေးချယ်ကြတာမဟုတ်လား”

အဖြေပေးရန် မလိုပေ။

ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် စုစည်းနေသော ဓားအလင်းနှင့် တိုက်ခိုက်လိုစိတ်သည် အဖြေဖြစ်သည်။

သူက သုံးနှစ်ကြာအောင် စိန်ခေါ်တိုက်ခိုက်ပြီး ခက်ခဲသောလမ်းစဉ်ကို ရွေးချယ်ထားခဲ့သည်။

သို့သော် သွေးစစ်ပွဲဂိုဏ်း၏ နည်းလမ်းကို ထိုးဖောက်မမြင်နိုင်လျှင် သူ၏ ကျင့်ကြံခြင်းက သွေးစစ်ပွဲဂိုဏ်းနှင့် တူညီသွားလိမ့်မည်။

အကယ်၍ သူက သွေးစစ်ပွဲဂိုဏ်းသို့ ရောက်သွားလျှင် အဓိကလက်ရွေးစင်တစ်ယောက် ဖြစ်နေလိမ့်မည်။

“ညီအစ်ကိုဟွမ်းရဲ့ စကားက ကျင့်ကြံခြင်းလောကရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီပါတယ်”

“ငါတို့ရဲ့ ကျင့်ကြံဆင့်တွေက နိမ့်ကျနေသေးတာ နှမြောစရာပဲ။ ဒါကို နားလည်နိုင်ဖို့ နည်းလမ်းမရှိဘူး ....”

စုကျီရှန့်က ခေါင်းခါလိုက်ပြီး နောင်တများနှင့် ရေရွတ်သည်။ ထို့နောက် လက်မြှောက်ပြီး ဟွမ်းဟွမ်ကို ရတနာတစ်ခု ပေးသည်။

ဟွမ်းဟွမ်က တုံ့ဆိုင်းမနေဘဲ ရတနာကို လက်ခံလိုက်သည်။

ထို့နောက် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက နားမလည်သောအရာများကို ပြောပြကြသည်။ လူတိုင်းလက်ခံနိုင်သောအဖြေ ထွက်ပေါ်လာလျှင် စုကျီရှန့်က ရတနာတစ်ခုကို ထုတ်ပေးလိမ့်မည်။

နှစ်နာရီအကြာတွင် အစိမ်းရင့်ရောင်ဓားနှစ်လက်သာ ကျန်တော့သည်။

လူတိုင်းက ဟွမ်းဟွမ်ကို ကြည့်လိုက်ကြသည်။

ဓားနှစ်လက်တွင် တစ်လက်သည် ဟွမ်းဟွမ်နှင့် ပြိုင်ဘက်ကင်းဟန်၏တိုက်ပွဲအတွက် ဆုလာဘ်ဖြစ်ပြီး တခြားတစ်လက်သည် ဟွမ်းဟွမ်၏မေးခွန်းကို ဖြေဆိုမည့်လူအတွက် ဆုလာဘ်ဖြစ်သည်။

သို့သော် ခန်းဆောင်ထဲတွင် ပြိုင်ဘက်ကင်းမြို့သခင်ကသာ ဟွမ်းဟွမ်၏မေးခွန်းကို ဖြေဆိုနိုင်လိမ့်မည်။

ဟွမ်းဟွမ်က မတ်တပ်ရပ်လိုက်ပြီး ဓားဆန္ဒကို စုစည်းသည်။

“ငါ့ရဲ့ဓားက လျင်မြန်ပြီး သန့်စင်တဲ့ခွန်အားကို ပိုင်ဆိုင်တယ်”

“အဲဒါက အားသာချက်ဖြစ်သလို အားနည်းချက်လည်း ဖြစ်နေတယ်”

သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ပြိုင်ဘက်ကင်းမြို့သခင်က ငါပြောနေတဲ့ အားနည်းချက်ကို သိမှာပါ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ဟွမ်းဟွမ်က သွေးစစ်ပွဲဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ဓား၏အမြန်နှုန်းနှင့် ခွန်အားကို ဦးစားပေးသည်။

ထိုရွေးချယ်မှုသည် မမှားပေ။

ရှုံးပွဲမရှိသောအချိန်တွင် သူ၏ အကြီးမားဆုံးအားသာချက် ဖြစ်ခဲ့သည်။

သို့သော် သူက တခြားတစ်ယောက်၏ ဓားချက်အောက်တွင် ရှုံးနိမ့်သွားသောကြောင့် နှလုံးသားထဲတွင် သံသယဝင်လာသည်။ သူ့ဓား၏ အမြန်နှုန်းနှင့် ခွန်အားက မလုံလောက်ဟု ခံစားနေရသည်။

ယုံကြည်ချက်ပြိုလဲသွားသော ဓားသည် မည်သို့ သန်မာနိုင်တော့မည်နည်း။

ခန်းဆောင်ထဲတွင် လူတချို့က ဟွမ်းဟွမ်ပြောလိုက်သော အားနည်းချက်ကို နားလည်ပြီး တချို့ကတော့ နားမလည်ကြပေ။

သူတို့အားလုံးက ဟန်မူယဲ့ကို ကြည့်နေကြသည်။

သူက ထိုမေးခွန်းကို အဖြေပေးရမည်။

ဟန်မူယဲ့က ရှေ့သို့ကြည့်သည်။

ဟွမ်းဟွမ်၏မေးခွန်းသည် သူ၏ မေးခွန်းနှင့် တူညီသော်လည်း ကွဲပြားသည်။

သူတို့နှစ်ယောက်က ခွန်အားလုံလောက်မှုမရှိဟု ခံစားနေရသည်။

သို့သော် ဟန်မူယဲ့က ပိုမိုသန်မာချင်ပြီး ဟွမ်းဟွမ်က ခွန်အားကို ထိန်းသိမ်းထားချင်သည်။

‌”ရွေးချယ်စရာနှစ်ခု ရှိတယ်”

ဟန်မူယဲ့က လက်နှစ်ချောင်းထောင်လိုက်သည်။

‘ရွေးချယ်စရာနှစ်ခုလား’

ဟွမ်းဟွမ်က ဟန်မူယဲ့ကို ကြည့်နေပြီး စုကျီရှန့်က ပျော်ရွှင်သွားပုံပေါ်သည်။

ခန်းဆောင်ထဲတွင်ရှိ‌သော လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်။

“ပထမတစ်ခုက ငါ့လိုမျိုးပဲ ဓားနဲ့ စိန်ခေါ်ပါ။ နိုင်ရင် နိုင်မယ်။ ရှုံးရင်လည်း ရှုံးသွားမယ်”

“ဒီလောကမှာ ကြောက်စရာအကောင်းဆုံးအရာက လက်မလျော့ဘဲ ကြိုးစားခြင်းပဲ”

“မင်းက အရှုံးမပေးဘူးဆိုရင် တစ်‌နေ့မှာ ပိုးအိမ်ကို ဖောက်ထွက်နိုင်လိမ့်မယ်”

ဟွမ်းဟွမ်၏မျက်လုံးများက တောက်ပနေပြီး ခန္ဓာကိုယ်ထဲတွင်ရှိသော တိုက်ခိုက်လိုစိတ်ကို ခက်ခဲစွာ ဖိနှိပ်နေရသည်။

“အဲဒါဆိုရင် ဒုတိယတစ်ခုကရော”

စုကျီရှန့်က ညင်သာစွာမေးလိုက်သည်။

All Chapters