အခန်း (၈၈၂)
Vol. 63 Ch. 882
ဟန်မူယဲ့က ဓားတာအိုတွင် အလွန်ကျွမ်းကျင်သည်။ ဒုတိယနည်းလမ်းက ရိုးရှင်းလျှင် ရိုးရှင်းသောနည်းလမ်းကို ရွေးချယ်သင့်သည်။
“ဒုတိယနည်းလမ်းကတော့ လက်လျော့လိုက်ပါ”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
“လောကမှာ ကျင့်ကြံခြင်းနည်းလမ်းတွေ အများကြီးရှိတယ်။ ဒီဓားကိုပဲ ဘာဖြစ်လို့ ဖက်တွယ်နေမှာလဲ”
“နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး ကြည့်လိုက်ရင် လမ်းစဉ်တွေအများကြီးကို မြင်ရလိမ့်မယ်”
‘နောက်ဆုတ်ရမှာလား’
ဟွမ်းဟွမ်က ဖြည်းဖြည်းချင်း ထရပ်သည်။
ခန်းဆောင်ထဲတွင်ရှိသော ဓားကျင့်ကြံသူများကလည်း မတ်တပ်ရပ်လိုက်ကြသည်။
“ပြိုင်ဘက်ကင်းမြို့သခင်ပြောတာ မှန်တယ်”
“ငါတို့ ကျင့်ကြံသူတွေက လမ်းစဉ်အမျိုးမျိုးကို ရွေးချယ်နိုင်တယ်။ ငါတို့ရဲ့ မျှော်လင့်ချက်တွေအားလုံးကို ဓားတစ်လက်အပေါ်မှာ ပုံအပ်ထားရမှာလား”
ဟွမ်းဟွမ်၏မျက်နှာထားက တည်ငြိမ်နေသည်။ သူက လက်မြှောက်ပြီး ကျောတွင်လွယ်ထားသောဓားရှည်ကို ဆွဲထုတ်သည်။
ဓားကျင့်ကြံသူများ၏ မျက်နှာထားက ရှုပ်ထွေးနေကြသည်။ သို့သော် သူတို့က ဆုံးဖြတ်ထားပုံပေါ်သည်။
“ဒါပေမဲ့ ဒီဓားကို ဘယ်သူက စွန့်ပစ်နိုင်မှာလဲ”
ခန်းဆောင်ထဲတွင် ရယ်သံများထွက်လာသည်။
ဓားတာအိုက ခက်ခဲပြီး လက်ထဲတွင်ရှိသောဓားက ကျိုးပဲ့သွားခဲ့လျှင်ပင် စွန့်ပစ်ရန် မဖြစ်နိုင်ပေ။
သူတို့က အသက်ကို စတေးနိုင်သော်လည်း ဓားကို မစွန့်လွှတ်နိုင်ပေ။
“ဟားဟား၊ အခု ငါနားလည်သွားပြီ”
စုကျီရှန့်က မတ်တပ်ရပ်လိုက်ပြီး ညင်သာစွာပြောသည်။
“ကျင့်ကြံခြင်းက သင့်တော်တဲ့အရာကို ရှာဖွေခြင်းပဲ။ လူတိုင်းက ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းကြတယ်”
“လမ်းစဉ်ရဲ့အဆုံးကို မရောက်ရင် ဘယ်လိုလုပ်ပြီး စိတ်ကျေနပ်နိုင်မှာလဲ”
“သန့်စင်တဲ့နှလုံးသားကို ပိုင်ဆိုင်မထားဘူးဆိုရင် ဘာဖြစ်လို့ ကျင့်ကြံနေတော့မှာလဲ”
စုကျီရှန့်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“ပြိုင်ဘက်ကင်းမြို့သခင်က တကယ်နားလည်ထားတာပဲ”
“လမ်းကြောင်းနှစ်ခုရှိတယ်လို့ ပြောကြပေမဲ့ တကယ်တော့ လူတိုင်းက လမ်းကြောင်းတစ်ခုကိုပဲ ရွေးချယ်နိုင်ကြတယ်”
လမ်းကြောင်းနှစ်ခုကို မည်သူမှ မရွေးချယ်နိုင်ကြပေ။
ဟွမ်းဟွမ်ဖြစ်စေ၊ ဟန်မူယဲ့ဖြစ်စေ ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် ရွေးချယ်ပြီးသောအခါတွင် နောက်ပြတ်လှည့်ရန် မဖြစ်နိုင်တော့ပေ။
“ဒီဓားက ပြိုင်ဘက်ကင်းမြို့သခင်အတွက်ပါ”
စုကျီရှန့်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ဓားတစ်လက်က ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။
ခန်းဆောင်ထဲတွင် ဓားတစ်လက်သာ ကျန်တော့သည်။
“ပြိုင်ဘက်ကင်းမြို့သခင်နဲ့ ဓားတာအိုအကြောင်း ဆွေးနွေးပြီးပြီဆိုတော့ နည်းစနစ်ချင်း ယှဉ်ကြည့်လို့ရပြီလား”
ဟွမ်းဟွမ်က မောက်မာမှုများ မရှိတော့ပေ။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
အဆင့်တူကျင့်ကြံသူများကသာ လေးစားခံရလိမ့်မည်။
လူသားလောကတွင်ဖြစ်စေ အင်မော်တယ်ကမ္ဘာတွင်ဖြစ်စေ အတူတူပင် ဖြစ်သည်။
“ငါက ဒီအချိန်ကို စောင့်နေတာပဲ”
ဟန်မူယဲ့က ဓားအလင်းကို ထုတ်ဖော်သည်။
သူက ဟွမ်းဟွမ်နှင့် ယှဉ်ပြိုင်ရန်အတွက် တုံယွမ်မြို့သို့ ရောက်လာခဲ့သည်။
“ဟားဟား၊ ကောင်းပြီ ....”
ဟွမ်းဟွမ်က ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
ဟန်မူယဲ့၏ ဓားအလင်းသည် ဖျတ်ခနဲရောက်လာသည်။
“ဘုန်း”
ဓားအလင်းနှစ်ခုက ကောင်းကင်ထက်တွင် ထိတွေ့သွားပြီး ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။
ခန်းဆောင်ထဲတွင်ရှိသော ဓားကျင့်ကြံသူများက တိမ်တိုက်များပေါ်သို့ ရောက်သွားပြီး တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
စုကျီရှန့်က ဗလာဖြစ်သွားသောခန်းဆောင်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် ခေါင်းခါသည်။ သူက လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သောအခါ ခန်းဆောင်၏အလယ်တွင် အလင်းလွှာတစ်ခု ဖြစ်တည်လာသည်။
တုံယွမ်မြို့၏ အကာအကွယ်ဝင်္ကပါသည် မိုင်တစ်ထောင်ပတ်ဝန်းကျင်ကို စောင့်ကြည့်နိုင်သည်။ တိုက်ပွဲကို ခန်းဆောင်ထဲမှ စောင့်ကြည့်လျှင် လုံလောက်သည်။ အပြင်ထွက်သွားရန် မလိုအပ်ပေ။
“ဘုန်း”
အလင်းလွှာတွင် ဓားအလင်းနှစ်ခုသည် ထိတွေ့သွားပြန်သည်။ ဓားအလင်းက သွယ်ယှက်နေပြီး သန်းချီသောအလင်းလွှာများကို ထုတ်ပေးသည်။
ဓားထဲတွင်ပါဝင်နေသော စွမ်းအားသည် အလွန်သိပ်သည်းသောကြောင့် သဘာဝစွမ်းအင်လှိုင်းများကို ဖြစ်ပေါ်လာစေသည်။
စုကျီရှန့်က တောက်ပနေသောအလင်းကို ကျေနပ်စွာ ကြည့်လိုက်သည်။
ထိုအရာသည် ဓားတာအို၏ ဆွဲဆောင်မှု ဖြစ်သည်။
အခမ်းနားဆုံးဓားကွက်သည် အသန့်စင်ဆုံးစွမ်းအားနှင့် ပေါင်းစပ်သွားသည်။ ထိုဆွဲဆောင်မှုကို ငြင်းဆန်နိုင်သူ မရှိပေ။
“ဝီ”
ကောင်းကင်ထက်တွင် သွေးမြစ်များပေါ်လာသည်။
စမ်းချောင်းသုံးခုဓားအင်မော်တယ်၏ နာမည်ကြီးဓားနည်းစနစ် ဖြစ်သည်။
ဟွမ်းဟွမ်က သွေးမြစ်များကို အချိန်တိုအတွင်း ခေါ်ထုတ်လိမ့်မည်ဟု စုကျီရှန့်က ထင်မထားခဲ့ပေ။
ကောင်းကင်ထက်တွင် ဟန်မူယဲ့က ဓားတစ်လက်ကိုင်ထားပြီး တည်ငြိမ်စွာရပ်နေသည်။
သူ့ရှေ့တွင် သွေးမြစ်သုံးစင်းက သွေးနဂါးသုံးကောင်ကဲ့သို့ လှုပ်ရှားနေပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို တုန်ခါသွားစေသည်။
သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးချီများက သွေးမြစ်သုံးစင်းထဲသို့ ပါသွားတော့မည်ဟု ခံစားနေရသည်။
ထို့အပြင် သွေးမြစ်များ၏ ကြမ်းတမ်းသောအငွေ့အသက်သည် ဝိညာဉ်ကို တိုက်စားနေသည်။
ထိုအရာသည် သွေးစစ်ပွဲဂိုဏ်း၏ နည်းစနစ်ဖြစ်သည်။ သူတို့က ရုပ်ခန္ဓာနှင့်ဝိညာဉ်ကို တစ်ပြိုင်နက် တိုက်ခိုက်သည်။
“ပြိုင်ဘက်ကင်းမြို့သခင်၊ ငါ့ဓားနည်းစနစ်ကို မင်းသိသင့်တယ်”
သွေးမြစ်ထဲတွင်ပုန်းနေသော ဟွမ်းဟွမ်က ပြောသည်။
“မင်းကို အသက်ရှူကြိမ်သုံးခါ အချိန်ပေးလိုက်မယ်။ အဲဒီအချိန်အတွင်းမှာ မင်းက ခုခံနိုင်တယ်ဆိုရင် ငါက အရှုံးပေးမယ်”
အသက်ရှူကြိမ်သုံးခါ ....
ထိုအသက်ရှူကြိမ်သုံးခါသည် ကောင်းကင်နှင့်မြေကြီး၏ သုံးကြိမ်ပျက်စီးမှုနှင့် တူညီလိမ့်မည်။
ပတ်ဝန်းကျင်တွင်ရှိသော ဓားကျင့်ကြံသူများနှင့် တုံယွမ်မြို့တွင် စုစည်းနေသော ကျင့်ကြံသူများက ဟွမ်းဟွမ်၏စကားကို ကြားလိုက်ရသောအခါတွင် မနေနိုင်ဘဲ နောက်ဆုတ်ကြသည်။
ဓားကျွမ်းကျင်သူနှစ်ယောက်၏ တိုက်ပွဲသည် စောင့်ကြည့်ရန် ထိုက်တန်သော်လည်း ထိခိုက်မှုမရှိအောင် သတိထားရမည်။
ကောင်းကင်တွင်ရှိသော သွေးမြစ်နှင့် ဝေးဝေးနေရမည်။
အသက်ရှူကြိမ်သုံးခါ ....
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ဟွမ်းဟွမ်၏ ကျင့်ကြံခြင်းနှင့် သွေးစစ်ပွဲဂိုဏ်း၏ နည်းစနစ်များသည် ထိပ်တန်းအဆင့် ဖြစ်သည်။ သူက အလေးအနက် ထားရမည်။
“ခလွမ် ....”
ဟန်မူယဲ့၏နောက်တွင်ရှိသော ဓားအိမ်သည် ထောင်ချီနေသော ဓားအလင်းများကို ထုတ်ပေးလိုက်ပြီး နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ နည်းစနစ် ဖြစ်သည်။
ထိုဓားဝင်္ကပါက မထူးခြားသော်လည်း သွေးစစ်ပွဲဂိုဏ်းနှင့်ယှဉ်ပြိုင်ရန် အသုံးပြုသည့် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ နည်းစနစ် ဖြစ်သည်။
ပြိုင်ဘက်ကင်းဟန်က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက် ဖြစ်သည်။
ဟွမ်းဟွမ်ကလည်း သွေးစစ်ပွဲဂိုဏ်းမှ ရောက်လာခဲ့သည်။
စုကျီရှန့်က အလင်းလွှာတွင်ရှိသော ပုံရိပ်ကို ကြည့်လိုက်ပြီး ခေါင်းခါသည်။
သူထင်ထားသည့်အတိုင်း ပြိုင်ဘက်ကင်းဟန်က နောက်ခံကောင်းတစ်ခု ရှိနေသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ နောက်ခံမရှိလျှင် မည်သို့ လျင်မြန်စွာ တိုးတက်လာနိုင်မည်နည်း။
ယွင်ထန့်တောရိုင်းမြေတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိကြသည်။ သို့သော် ပြိုင်ဘက်ကင်းဟန်ကဲ့သို့ လျင်မြန်စွာ တိုးတက်မလာနိုင်ကြပေ။
“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ နည်းစနစ် နဂါးဓားအလင်းပဲ။ ယွင်လန်ဓားအင်မော်တယ်က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ လက်ရွေးစင်တစ်ယောက်ပေါ့”
တုံယွမ်မြို့တွင် လူတစ်ယောက်က နဂါးဓားအလင်းကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
“ယွင်လန်မြို့က သေချာပေါက် ထွန်းကားလာတော့မှာပဲ”
အစိမ်းရောင်ပိုးထည်ဝတ်စုံနှင့် လူအိုကြီး၏မျက်လုံးများက တောက်ပနေကြသည်။
တုံယွမ်မြို့သည် ယွင်လန်မြို့နှင့် သိပ်မဝေးသောကြောင့် ယွင်လန်မြို့၏ အလားအလာကို သတိထားမိသည်။
သို့သော် အားကောင်းသောနောက်ခံ မရှိလျှင် ယွင်လန်မြို့က အချိန်ကြာမြင့်စွာ ရုန်းကန်ရလိမ့်မည်။
သို့သော် နောက်ကွယ်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း ရှိနေလျှင် ယွင်လန်မြို့၏ တိုးတက်မှုကို သူတို့က သေချာပေါက် မြင်ရလိမ့်မည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ကောင်းကင်ထက်တွင်ရှိသော ဟန်မူယဲ့ကို မတူညီစွာ ကြည့်လိုက်ကြသည်။
“ယွင်လန်ဓားအင်မော်တယ်က အသက်ရှူကြိမ်သုံးခါ တောင့်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ယွင်လန်မြို့၏အလားအလာက မည်သို့ပင် ဖြစ်နေပါစေ ယွင်လန်ဓားအင်မော်တယ်အပေါ်တွင်လည်း မူတည်နေသည်။
အကယ်၍ သူက စမ်းချောင်းသုံးခုဓားအင်မော်တယ်၏ ဓားချက်ကို မတားဆီးနိုင်လျှင် ယွင်လန်မြို့၏အကြောင်းကို ပြောနေရန် မလိုတော့ပေ။
“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းလား။ ကောင်းတယ်”
ဟွမ်းဟွမ်က သွေးမြစ်ထဲမှ ထွက်လာသည်။ သွေးအလင်းသည် သူ့ကိုယ်ပေါ်တွင် ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်ထဲတွင်ရှိသော ဓားရှည်က လှံတစ်ချောင်းနှင့် ပိုတူနေသည်။
သူက ဓားရှည်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ ရွှေအလင်းနှင့် သွေးအလင်းသည် ဓားသွားပေါ်တွင် သွယ်ယှက်နေကြသည်။
“ငါက သုံးကြိမ်ရှုံးနိမ့်ခဲ့တယ်။ တစ်ကြိမ်မှာ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ခန်းဆောင်သုံးခုလက်ရွေးစင်နဲ့ ကြုံတွေ့ခဲ့ရတယ်။ ငါတို့က သုံးရက်သုံးညတိတိ တိုက်ခိုက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ငါက ရှုံးနိမ့်သွားတယ်”
ဟွမ်းဟွမ်က ပြင်းထန်သောတိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေသည်။ သူ့လက်ထဲတွင်ရှိသောဓားက သွေးမြစ်သုံးစင်းကို ထိန်းချုပ်ပြီး ဝဲကတော့များအဖြစ် ပြောင်းလဲလိုက်သည်။
“ငါ့ရဲ့ နှစ်ထောင်ချီကျင့်ကြံခြင်းက မင်းရဲ့ဓားဝင်္ကပါကို ချိုးဖျက်နိုင်မလား ကြည့်ကြတာပေါ့”
သူ့စကားအဆုံးတွင် သွေးဝဲကတော့က ထောင်ချီသောသွေးဓားများအဖြစ် ပြောင်းလဲသွားသည်။ ဓားတစ်လက်ချင်းစီသည် ပေတစ်ရာရှည်လျားပြီး ဟန်မူယဲ့ဆီသို့ လျင်မြန်စွာ ပြေးတင်လာကြသည်။
ပေတစ်ရာရှည်လျားသော ဓားတစ်ထောင်သည် လျင်မြန်သွက်လက်သော ဓားအလင်းများအဖြစ် ပြောင်းလဲသွားသည်။ ဓားတိုင်းသည် ရင်တုန်သွားစေနိုင်သော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားသည်။
ဓားဖြင့် တိုက်ခိုက်လျှင် တစ်ချက်တည်း သတ်ဖြတ်ပစ်ရမည်။
ဟန်မူယဲ့က ထိုသတ်ဖြတ်လိုစိတ်ကို မပိုင်ဆိုင်ပေ။
ဟွမ်းဟွမ်ကို တိုက်ခိုက်ခြင်းကြောင့် ဤသို့ အကျိုးအမြတ်ရလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဟန်မူယဲ့က ဓားများကို ကြည့်လိုက်ပြီး ကြောက်ရွံ့မသွားဘဲ ဖိနှိပ်ထားသော သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်လာခဲ့သည်။
သတ်ဖြတ်ခြင်းဆန္ဒ၊ တိုက်ခိုက်ခြင်းဆန္ဒနှင့် ဓားဆန္ဒ ....
ဟွမ်းဟွမ်၏ သွေးမြစ်သုံးစင်းကို စမ်းချောင်းသုံးစင်းဟု သိကြပြီး မတူညီသော ဆန္ဒသုံးခုကို ကိုယ်စားပြုသည်။
ဟွမ်းဟွမ်၏ ဓားနည်းစနစ်သည် သွေးစစ်ပွဲဂိုဏ်းမှ ဆင်းသက်လာခဲ့သည်။
ဟန်မူယဲ့၏ ဓားဆန္ဒက အလွန်အားကောင်းပြီး တစ်ဖက်လူကို ချေမွပစ်နိုင်သည်။
သူ၏ တိုက်ခိုက်ခြင်းဆန္ဒကလည်း မနိမ့်ကျပေ။
သို့သော် သတ်ဖြတ်ခြင်းဆန္ဒတွင် မယှဉ်နိုင်ပေ။
သတ်ဖြတ်ခြင်းဆန္ဒက မည်သည့်နေရာမှ ရောက်လာသနည်း။
ဟန်မူယဲ့က သွေးဓားအလင်းများကို ကြည့်လိုက်ပြီး မလှုပ်ရှားခဲ့ပေ။
သူက သတ်ဖြတ်လိုစိတ် လိုအပ်နေသည့်အကြောင်းကို တွေးမိသည်။
သူက လုံလောက်စွာ သန်မာသောကြောင့် သူ၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွနိုင်သူ မရှိတော့ပေ။
သူက ဂရုတစိုက် ကျင့်ကြံပြီး အစစ်အမှန်ကျွမ်းကျင်သူများနှင့် ရန်သူမဖြစ်ခဲ့ပေ။ သူက သတ်ဖြတ်လိုစိတ်ကို နှိုးဆွပေးနိုင်သည့် သေခြင်းရှင်ခြင်းအန္တရာယ်များနှင့်လည်း မကြုံခဲ့ရပေ။
ထို့အပြင် သူက ကံကြမ္မာသက်ရောက်မှုလည်း သိပ်မရှိပေ။
ထိုကျင့်ကြံခြင်းမျိုးသည် တာအိုလမ်းစဉ်အတွက် သင့်တော်သော်လည်း ဓားကျင့်ကြံသူတစ်ယောက်အတွက် မသင့်တော်ပေ။
သေဆုံးသည်အထိ တိုက်ခိုက်ရန် သတ္တိမရှိလျှင် ဓားကျင့်ကြံသူတစ်ယောက် မည်သို့ဖြစ်နိုင်မည်နည်း။
သူက သတ်ဖြတ်လိုစိတ်မရှိဘဲ သတ်ဖြတ်ခြင်းကိုလည်း မလုပ်ဆောင်လျှင် ဓားကိုင်ထားရန် မလိုတော့ပေ။
‘ဘယ်သူ့ကို သတ်ရမှာလဲ’
သတ်ဖြတ်လိုစိတ်သည် ဟန်မူယဲ့၏ကိုယ်ပေါ်တွင် စုစည်းလာသည်။
‘ငါ့ကို ဆန့်ကျင်တဲ့လူတွေလား’
‘ငါ့ကို ခြိမ်းခြောက်နိုင်တဲ့လူတွေလား’
‘ဒါမှမဟုတ် သက်ရှိတွေအားလုံးလား’