နင်တို့ အားလုံး ဝက်တွေ။
Vol. 74 Ch. 1023
လူ အချို့က ဆုကြေးကို စိတ်ဝင်စား ကြသည်။ နတ်ကြယ် ပုလဲ (၁၀၀၀) ဟူသည်၊ နေရာ တိုင်း၌ ရရှိ နိုင်သော အရာ မဟုတ်ချေ။
သို့သော် လင်းယွန် မှာ၊ လျှပ်စီးဓား နှစ်လက်ကို ဒဏ်ရာ ရစေကာ၊ နယ်မြေသား များအား၊ သုတ်သင် ခဲ့သည်ကို၊ သတိရ ချိန်၌၊ တွန့်ဆုတ် ကုန်၏။
တစ်ဖက်တွင် စစ်မက် နယ်မြေ များ၏၊ အပြုအမူ များမှာ၊ စိတ်အနှောင့် အယှက် ဖြစ်စေ သဖြင့်၊ လှည့်ထွက်ရန် ဆုံးဖြတ် လိုက်ကြသည်။
စစ်မက် နယ်မြေမှ၊ ကျွမ်းကျင် သူများ အသတ်ခံ ရသည် ဟူသော၊ သတင်း ပျံ့နှံ့လာ ချိန်တွင်၊ ဝမ်းမြောက် သူများ ရှိလာ တော့၏။
သူတို့က လင်းယွန် အပေါ်၊ လေးစား လာသောကြောင့်၊ သဲဝါ လွင်ပြင်မှ လွတ်မြောက် သွား စေလို၏။ ယင်းမှာ ဖြစ်နိုင်ခြေ နည်းလှ သော်လည်း၊ မျှော်လင့် နေမိဆဲ ဖြစ်သည်။
နောက်ဆုံး သတင်းများ အရ၊ စစ်မက် နယ်မြေ များမှာ၊ ပို၍ အားစိုက် လာခဲ့ပြီး၊ လူ အင်အားကို တိုးမြင့် လာကြ၏။
သဲဝါ လွင်ပြင် တစ်ခုလုံး၊ ပရမ်းပတာ ဖြစ်လာကာ၊ နှစ်ဦး နှစ်ဖက် ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေတော့သည်။
မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန်၏ ခွန်အားမှာ၊ ထိတ်လန့် စရာ ကောင်းနေဆဲ ဖြစ်သည်။
လက်ရှိတွင် ဆိတ်သုဉ်းမြေ တစ်နေရာ၌ ဖေးရွယ် နှင့်အတူ ရှိနေ သဖြင့်၊ မည်သူမျှ သူ့ကို ရှာတွေ့ နိုင်မည် မဟုတ် သေးချေ။
ဖေးရွယ်မှာ ဒဏ်ရာ များအား ကုသ နေပြီး၊ လင်းယွန်က ကျောက်စိမ်းတုံး အချို့ကို အသွင်း အထုတ် လုပ်နေ၏။
ယင်းက သိုလှောင်အိတ် များကို စစ်ဆေး နေခြင်း ဖြစ်သည်။ ရောင်ဝါ သမုဒ္ဒရာ များတွင် ရူရ် များ ရေးထွင်း ခြင်းအား၊ စိတ်ဝင်စား ပေ၏။
ကြယ်မိစ္ဆာ ပန်းများ မရှိ ပါလျှင်၊ သူ့အား နှိမ်နှင်း နိုင်မည် ဖြစ်သည်။ ဥပမာ ဆိုရသော် လောချန် ဖြစ်၏။
အရည် အချင်းမှာ၊ စစ်မက် နယ်မြေသား များထက်၊ နိမ့်ကျခြင်း မရှိ သော်လည်း၊ ဖိနှိပ်ခံ နေ ရသည်။
အကယ်၍ ရူရ်များ ကြောင့်သာ မဟုတ်ပါ၊ လျှပ်စီးဓား နှစ်လက်မှာ လောချန်နှင့် အဖွဲ့အား၊ ရင်ဆိုင် နိုင်မည် မဟုတ်ချေ။
“ စိတ်ဝိညာဉ် ကျင့်ကြံခြင်း ပညာရပ်။ ”
ရုတ်တရက် လင်းယွန် မျက်လုံးများ တောက်ပ လာကာ၊ ရွတ်ဆို လိုက်သည်။ ယင်း လျှို့ဝှက် နည်းစနစ်ကို၊ ဤသို့ ခေါ်သည်လော။
၎င်းသည် ခရမ်းရောင် နန်းတော် အတွင်းသို့၊ သွေးကျောက်စိမ်း ထည့်ကာ၊ ရတနာများ ကျွေးမွေး ရခြင်း ဖြစ်၏။
ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ ရောက်ရှိ ပြီးနောက်၊ သွေးကျောက်စိမ်း များက ရောင်ဝါ သမုဒ္ဒရာ များတွင်၊ ရူရ်များ အဖြစ် ပြောင်းလဲ သွားမည် ဖြစ်သည်။
သို့သော် အန္တရာယ် တစ်ခု ရှိနေသည်။ ယင်းမှာ သွေး ကျောက်စိမ်းသည် ကျင့်ကြံ သူကို ပေါက်ကွဲ စေသည့်၊ သဘာဝမျိုး ရှိနေ သောကြောင့် ဖြစ်၏။
နယ်မြေ သခင် လေးများ အားလုံးတွင်၊ ရောင်ဝါ သမုဒ္ဒရာများ ထဲ၌၊ သူတော်စင် ရူရ်များ ကို ရေးထွင်း ထားနိုင်သည်။
ဤသည်မှာ ကျေးကျွန်နှင့်၊ ၎င်းတို့ကြား၊ ခြားနားချက် ပေပင်။ ‘စိတ်ဝိညာဉ် ကျင့်ကြံခြင်း ပညာ ရပ်’၏၊ အန္တိမ ပန်းတိုင်မှာ၊ ၎င်းတို့အား အသွင်ပြောင်း ပေးရန် ဖြစ်သည်။
ဆိုလို သည်မှာ၊ ထိုသူတော်စင် ရူရ်များ နေရာတွင်၊ ကြယ်မိစ္ဆာ ပန်းများ အစား ထိုးရန် ဖြစ်၏။
သို့သော် လူ ဆယ်သန်းတွင်၊ တစ်ဦးသာ ကြယ်မိစ္ဆာ ပန်းများ၏ သဘာဝကို၊ ခံယူ နိုင်ပေ မည်။
အသက်နှင့် သေခြင်းကို ဖြတ်ကျော်ကာ၊ ယင်းကို ခံစား ဖူးသော လင်းယွန်မှာ၊ ၎င်းအား သံသယ ကင်းစွာဖြင့်၊ ခေါင်းညိတ် လိုက်မိသည်။
ထိုစဉ်က မျက်ကန်း တစ္ဆေ မကြောက်ဟု ဆိုရ ချေမည်။ ဤမျှ ဖိတ်စင်မှု နှုန်း၊ များနေမှန်း သိပါက၊ ကြိုးစား ဝံ့မည် မဟုတ်ချေ။
သူ၏ အခြေခံ အုတ်မြစ်မှာ၊ သခင်ငယ် များအား မယှဉ်နိုင် သော်လည်း၊ ယင်း အမှုကို အောင်မြင် နိုင်ခဲ့ သည်မှာ၊ နဂါး အရိုးကြောင့် ဖြစ်နိုင်သည်။
“ ငါ နားလည်ပြီ … ၊ သူတို့ ငါ့ကို အမဲလိုက်ချင် နေတာ အံ့သြစရာ မဟုတ် တော့ဘူး၊ နဂါး အရိုးရဲ့ တန်ဖိုးကို ငါက လျော့တွက် နေမိ တာပဲ။ ”
လင်းယွန်က ရေရွတ် လိုက်သည်။ သူတော်စင် နဂါး ပညာ ရပ်အား၊ အခြေခံ မျှသာ နားလည် နေသည်မှာ၊ စိတ်မကောင်း စရာ ပေပင်။
နတ်ကြယ် ပုလဲ များသည်၊ ၎င်းအား ကျင့်ကြံရန် ကူညီနိုင်။ သားရဲ အမြုတေ များ၏ အသက် ဓာတ်ကို လိုအပ် ချေပြီ။
ကံမကောင်း စွာဖြင့်၊ သားရဲ အမြုတေ များကို၊ နဂါးလေးမှ မျိုချ ခဲ့ပြီး ဖြစ်သည်။ ယခု အချိန်မှ ပြန်တောင်းမည် ဆိုပါက၊ အန်ဖတ်သာ ထုတ်ပေး ပေလိမ့်မည်။
“ ဝှစ် ... ။ ”
အတွေးများ ဖြတ်ချကာ၊ အသုံး မဝင် တော့သည့် ကျောက်စိမ်း တုံးကို အဝေးသို့ လွှင့်ပစ် လိုက်သည်။
စိတ်ဝိညာဉ် ကျင့်ကြံခြင်း၊ ပညာ ရပ်သည် အလွန် ရှားပါးသော ကောင်းကင် အဆင့် ရူရ် နှင့်၊ သွေးကျောက်စိမ်း များ၏ အကူ အညီ လိုအပ်သည်။
ကောင်းကင် အဆင့် ရူရ် များသည် သူတော်စင် ရူရ် များထက်၊ ပို၍ ကြောက်စရာ ကောင်းသောကြောင့်၊ တစ်ဦးကို ရှာတွေ့ရန်၊ သူ့ အတွက် လွယ်ကူမည် မဟုတ်ပေ။
ထို့နောက် ဒဏ်ရာများ၊ ကုသ နေသော ဖေးရွယ်ထံ လှည့်ကြည့် လိုက်၏။ သန်မာသော ရန်သူကို ရင်ဆိုင်ခဲ့ ရသဖြင့်၊ သူမ ရောင်ဝါမှာ မတည် မငြိမ် ဖြစ်နေဆဲ ဖြစ်သည်။
ယွဲ့ဝေဝေ ရှိရာ အရပ်နှင့်၊ နတ်ဘုရား အသွေးတော် သစ်သီးမှာ၊ အဘယ်ကြောင့် ဤမျှ အရေးကြီး နေသည်ကို သူ သိချင်သည်။ ထို့ကြောင့် ကူညီရန် ဆုံးဖြတ် လိုက်၏။
“ ဗိုလ်ချုပ် တွေမှာ၊ ရေးထွင်း ထားတဲ့ ဝိညာဉ် ရေးရာ ရူရ်တွေက၊ အလွန် အဆင့်မြင့် တယ်၊ ငါ မြန်မြန် လုပ်မှ ရမယ်၊ မဟုတ်ရင် သဲဝါ လွင်ပြင် ကနေ၊ ထွက်နိုင် တော့မှာ မဟုတ်ဘူး။ ”
ထို့နောက် နတ်ကြယ် ပုလဲ များကို ထုတ်ကာ၊ ဖေးရွယ် ထံမှ အကြည့် လွှဲလျက်၊ ကျင့်ကြံရန် ပြင်ဆင် လိုက်သည်။
လင်းယွန် တင်ပါး အောက်၌၊ ခရမ်းရောင် ပန်းတစ်ပွင့်၊ ထွက်ပေါ် လာသည်။ ကောင်းကင် ဓား သုတ္တန်မှာ၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ နေပြီ ဖြစ်၏။
သို့သော် အိုင်းရစ် ဓားသုတ္တန် ကမူ၊ အဆင့် (၁၃)၌ ပိတ်မိ နေဆဲ ဖြစ်သည်။ မျက်စိ တစ်မှိတ် အတွင်း သုံးရက် ကုန်လွန် သွား၏။
မျက်လုံး ပြန်ဖွင့် လိုက်ချိန်၌ ဖေးရွယ်၏ အသား အရေမှာ၊ သွေးရောင် ပြန်သမ်း နေချေ ပြီ။ ယခင် ကဲ့သို့ ညှို့အား ပြင်းလာ ၏။
သူမက လင်းယွန်အား လှည့်ကြည့် လိုက်သော အခါတွင်၊ ရွှေကျီးကန်းနှင့် ငွေဖီးနစ် တို့ လှည့်ပတ် ပျံသန်း နေသည့်၊ လက်သီးများ လေထုထဲ ထိုးထုတ် နေသည်ကို တွေ့လိုက် ရသည်။
ဖြစ်စဉ် နှစ်ခုတွင်၊ အားနည်းချက် ရှိသော်လည်း၊ ၎င်းတို့က တစ်ခုနှင့် တစ်ခု ပြန်လည် ဖြည့်ဆည်း ပေးထားသည်။
ရုတ်တရက် လင်းယွန်၏ အသွင်မှာ၊ သူရဲကောင်း တစ်ဦး ကဲ့သို့ စွဲဆောင်မှု ရှိလာ သဖြင့်၊ ငေးစိုက် ကြည့်နေ မိသည်။
“ ဒါက ... ၊ မယုံနိုင် စရာ ပါပဲ။ ”
ဖေးရွယ် တစ်ယောက် အံ့ဩ တုန်လှုပ် လာ၏။ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်ကို၊ ကောင်းကင် ဝိညာဉ်ဖြင့်၊ ဆုပ်ကိုင်ရန် မဖြစ် နိုင်ကြောင်း၊ ပြောခဲ့ ဖူးသည်။
ယခုမူ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ကာ၊ နေလဓား အား လင်းယွန်မှ လေ့ကျင့် နေခဲ့ပြီ ဖြစ်သည်။
“ ရွှပ် ... ။ ”
စူးရှသော ဓားမြည်သံ တစ်သံ ထွက်ပေါ် လာပြီး၊ ဓားသွားရာ လမ်း တစ်လျှောက် နေနှင့်၊ လ၏ အလင်း ရောင်များ၊ တလှည့်စီ တောက်ပ သွားသည်။
“ ဝူး ... ။ ”
မြေပြင်ပေါ် ဆင်းသက်ကာ၊ ရပ်နား လိုက်သော အခါတွင်၊ ရွှေကျီးကန်းနှင့် ငွေဖီးနစ် တို့က သူ့အား သိုင်းခြုံ ထားသည်။
ပန်းသင်္ချိုင်း ဓားကို၊ နောက်ပြန် ထိုးသွင်း လိုက်သည်နှင့်၊ ရွှေကျီးကန်းနှင့် ငွေဖီးနစ်များ ပျောက်ကွယ် သွားခဲ့၏။
စင်ကြယ်သော ဝိညာဉ်တော် အဆင့်၊ အခြေခံ သဘော တရား များကို၊ ဆုပ်ကိုင် ထားကြောင်း၊ သေချာ သွားသည်။
ယင်းမှာ အဓိပ္ပါယ် မရှိချေ။ ဤလင်းယွန်သည် တတိယ ကောင်းကင် ဝိညာဉ် ၌သာ ရှိနေသည်။
သူမ ထံသို့၊ လျှောက်လှမ်း လာနေသော လင်းယွန်ကို ကြည့်ကာ၊ ဖေးရွယ် မျက်နှာ အနှံ၊ ရုတ်တရက် နီရဲ သွား၏။
ထို့စဉ် လင်းယွန်မှ ခြေလှမ်းအား ရပ်ကာ၊ မျက်မှောင် ကြုတ်လျက် ပြန်ကြည့် လာ သဖြင့်၊ ဆက်၍ မကြည့်ဝံ့ တော့ဘဲ၊ ခေါင်းငုံ့ကို အမြန် ငုံ့ချ လိုက်ရသည်။
“ မင်း မျက်နှာက ဘာဖြစ် နေတာလဲ၊ ကြည့်ရတာ ဝက် တစ်ကောင်လို နီရဲ နေတယ် ။ ”
-ဟု လင်းယွန်မှ ဆို၏။
ထိုစကားကို ကြားသော အခါတွင်၊ ဖေးရွယ်၏ မျက်လုံးများ ပြူးကျယ် သွားပြီး၊ ချက်ချင်း လင်းယွန်အား ပြန်မော့ ကြည့်ကာ လက်ညှိုးလျက်၊
“ နင် ... နင်သာ ဝက်ဟဲ့၊ နင်သာ အရူး၊ လူမိုက်၊ မိစ္ဆာကောင်၊ နင်တို့ ယောက်ျားတွေ အကုန်လုံး ဝက်တွေ သိပလား။ ”
-ဟု အော်ဟစ် မိတော့သည်။
***