မုန်တိုင်း လာနေပြီ။။
Vol. 74 Ch. 1024
ရုတ်တရက် ဒေါသ ထွက်လာသည့် ဖေးရွယ်ကြောင့်၊ လင်းယွန် ခမျာ တစ်ခု ခုကို သဘောပေါက် သွားသည်။
သို့သော် ထိုအကြောင်းကို သိပ်ပြီး၊ မစဉ်းစား ခဲ့ချေ။ သူ့၌ မေးစရာ မေးခွန်းများ ရှိသော်လည်း၊ စိတ်ရှည် ရပေမည်။
ပြီးခဲ့သည့် သုံးရက် အတွင်း အိုင်းရစ် ဓားသုတ္တန်မှာ၊ အဆင့် (၁၄) သို့ တက်ရောက် တော့မည့်၊ အရိပ် အယောင်များ ပြသ ခဲ့သည်။
ဓား သုတ္တန် တိုးတက် လာခြင်းမှာ၊ ဓားရေး အပေါ် တွင်လည်း၊ သက်ရောက်မှု များစွာ ရှိချေ ပြီ။
ထို့အပြင် ကျင့်ကြံမှုသည်၊ တတိယ ကောင်းကင် ဝိညာဉ်၊ အထွတ် အထိပ်နှင့် ခြေ တစ်လှမ်းသာ ကွာဝေး တော့၏။ နတ်ကြယ် ပုလဲ များဖြင့်၊ အထွတ် အထိပ်သို့ ရောက်ရှိရန်၊ ခက်ခဲမည် မဟုတ်ပေ။
နေနတ်ဘုရား လက်သီးနှင့် လနတ်ဘုရား လက်သီးအား ပေါင်းစပ်ကာ၊ စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်သို့၊ တို့ထိ မိပြီ ဖြစ်သည်။
ထို့ကြောင့် ပန်းသင်္ချိုင်း ဓားကို အသုံးပြု ကာ၊ နေလဓားဖြင့် ကောင်းကင် ဓားအား၊ လုံးဝ ထုတ်လွှတ် နိုင်ပြီ ဖြစ်၏။
လင်းယွန်က ပတ်ဝန်းကျင်အား ဝေ့ကြည့်ကာ၊
“ အလှလေး ရွယ် ...၊ ငါတို့ သွားရမယ့် အချိန် ရောက်ပြီ ... ။ ”
-ဟု သတိ ကြီးကြီးနှင့် ပြောလိုက်သည်။
ဤနေရာ၌ သုံးရက် ရှိပြီဖို့ သွားရန်၊ အချိန်တန် လေပြီ။ သဲဝါ လွင်ပြင်မှာ ကျယ်ပြန့် သော်လည်း၊ ပုန်းနေ ခြင်းဖြင့် စစ်မက် နယ်မြေ သုံးရပ် ထံမှ လွတ်မြောက် နိုင်မည် မဟုတ်ချေ။
သို့သော် ဖေးရွယ် တစ်ယောက် ဒေါသ ထွက်နေဆဲ ဖြစ်သဖြင့်၊ သူ့အား မတုံ့ပြန် ခဲ့ချေ။ ထို့ကြောင့် နဂါး လေးအား လှမ်းခေါ်ကာ၊
“ မင်း သူ့ကို ခေါ်လာပေး ။ ”
-ဟု တာဝန်ပေး လိုက်ရသည်။
“ ဝက်တွေ ... ၊ နင်တို့ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ”
ပြုံး ဖြီးဖြီးဖြင့် နဂါးလေး ချဉ်းကပ်လာ သည်ကို မြင်သော အခါတွင်၊ ဖေးရွယ် မျက်နှာ ပြောင်းလဲ သွားသည်။
အနားရောက် သည်နှင့်၊ နဂါး လေးက အော်သံ ပြုလျက်၊ မြင်း အဖြစ်သို့ ပြောင်းလဲ လိုက်၏။ ထို့နောက် ဖေးရွယ်အား ကြိမ်ဖန် များစွာ လှည့်ပတ် နေတော့သည်။
“ နင် … ။ ”
“ ဒါက သူ့ရဲ့ မူလ ပုံစံပါ၊ မင်းက အခု အရမ်းနှေး နေသေးတယ်၊ ငါ ချီတာကို မခံ ချင်ရင် နဂါးလေးနဲ့ လိုက်ခဲ့ပါ။ ”
လင်းယွန်က ပြုံးလျက် ရှင်းပြ လိုက်သည်။
“ အဲ့လို မဟုတ် ပါဘူး … ။ ”
ဖေးရွယ်က တိုးတိုးလေး ပြန်ပြော၏။ သူမအား ၀က် တစ်ကောင်ဟု ရည်ညွှန်းခြင်း ကြောင့်သာ၊ ဒေါသ ထွက်မိခြင်း ဖြစ်သည်။
ထို့နောက် ကျောပေါ် ခုန်တက်ကာ၊ လျင်မြန်စွာ ထွက်ခွာ လိုက်မိသည်။ အဆုံးတွင် သဲဝါ လွင်၌ ပတ်ပြေး နေခြင်းသည်၊ အဖြေ တစ်ခု မဟုတ်ချေ။
များမကြာခင် လူတိုင်းက လျင်မြန်စွာ ရွေ့လျား နေသော မီးခိုး တန်းကို မြင်နိုင်သည်။ မီးခိုး တန်း ဦးတည်ရာတွင်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် နှင့်အတူ၊ သခင်ငယ် တစ်ဦး ရှိနေ ခဲ့သည်။
၎င်းတို့နှင့် ထိပ်တိုက် ရင်ဆိုင်ရန် စောနေ သေးသည်ဟု ယူဆ ထားမိ သဖြင့်၊ လေးမျက်နှာ မြို့သို့ မသွား တော့ဘဲ၊ လင်းယွန် တစ်ယောက် လမ်းကြောင်း ပြောင်း လိုက်သည်။
သို့သော် ပြောင်းလိုက်သော လမ်းကြောင်း တိုင်းတွင်၊ သခင်ငယ်များ ကြိုတင် စောင့်ဆိုင်း နေကြသည်။
လေးမျက်နှာ မြို့သို့၊ သွားရာလမ်း တစ်လမ်း ကိုသာ ချန်လှပ်လျက်၊ နေရာ တိုင်းကို ပိတ်ဆို့ ထား ချေ၏။ ယင်းက သံသယ ဖြစ်ဖွယ် ပေပင်။
လွန်ခဲ့သည့် ရက် အနည်းငယ် အတွင်း၊ သဲဝါ လွင်ပြင်ရှိ လေထုမှာ၊ အနည်းငယ် ထူးဆန်း နေကြောင်း၊ သူ ခံစား မိသည်။
လူ တစ်ချို့နှင့် ကြုံတွေ့ ရသော်လည်း၊ သူ့အား ရန်ပြု တိုက်ခိုက် လာခြင်းမျိုး မရှိချေ။ ယင်းအစား စကား ပြောချင် နေပုံ ရကာ၊ တုန့်ဆိုင်း ကုန်သည်။
သို့သော် လေးကန်သော အသွင်ဖြင့်၊ ချက်ချင်း လှည့်ထွက် သွားကြ၏။ သူ့ကြောင့် သဲဝါ လွင်ပြင်တွင်၊ အချိန် ကြာမြင့်စွာ ပိတ်ခံ ထားရ သဖြင့်၊ မကျေ မနပ် ဖြစ်နေပုံ ရသည်။
( ငါ လွတ်နေ သရွေ့၊ စစ်မက် နယ်မြေ သုံးရပ်က သဲဝါ လွင်ပြင်ကို ပိတ်ထား ဦးမှာပဲ၊ ဒါ ငါ့ ကြောင့်လို့ လူတိုင်းကို ထင်စေချင် ပုံရတယ်။ )
လူတိုင်းကို ဒေါသထွက် စေသော အဖြစ်မျိုး မလို ချင်ချေ။ ယင်းကြောင့် အဖြေအား စတင် တွေးတော လာမိ တော့သည်။
“ နင် ... ၊ လေးမျက်နှာ မြို့ကို သွား မလို့လား။ ”
လမ်းကြောင်း ပြောင်းလျက်၊ သခင်ငယ် များက သွားစေ ချင်သော အရပ် ဆီသို့၊ ဦးတည် နေသော လင်းယွန်ကြောင့်၊ ဖေးရွယ်မှ မေးမြန်း လိုက်သည်။
သို့သော် အဖြေပြန် မရ သဖြင့်၊ စိတ်တို လာပြီး၊
“ နင် ... အဲဒီကို သွားလို့ မရဘူး။ ”
-ဟု ဟစ်အော် လိုက်တော့၏။
ရုတ်တရက် စူးရှသော အသံကြောင့်၊ လင်းယွန် တစ်ယောက် အတွေးမှ လန့်နိုး သွားသည်။
လွန်သွားမှန်း သိသဖြင့် ဖေးရွယ် ခမျာ၊ ခေါင်းယမ်း လိုက်ပြီး၊ သူမ လေသံအား လျော့ချ လိုက်ကာ။
“ မဟုတ်ဖူး ... ၊ ဒါက ထောင်ချောက်ပဲ ... ၊ နင် သူတို့ သွားစေ ချင်တဲ့ အတိုင်း သွားလို့ မရ ဘူး။ ”
-ဟု တိုးတိုးလေး ပြန်ပြင် ပြော လိုက်၏။
သခင်ငယ် သုံးယောက်မှာ၊ လင်းယွန်အား လေးမျက်နှာ မြို့သို့ တွန်းပို့ နေသည်မှာ ရှင်းနေ ပေသည်။
နှစ်ယောက်သား လေးမျက်နှာ မြို့ကို စွန့်ကာ၊ သဲဝါ လွင်ပြင်မှ ဖောက်ထွက် သွားရန် ပြင်ချိန် တိုင်းတွင်၊ တောင်ကုန်း ငယ်များ ပေါ်၌၊ ရပ်နေသော သခင်ငယ် တစ်ဦး ပေါ်လာ တက်ပေသည်။
သူတို့က လေးမျက်နှာ မြို့သို့သာ၊ သွားစေချင် ပုံရ၏။ ထိုလမ်း၌ လင်းယွန်အား သတ်ရန် အစီ အစဉ် တစ်ခု ရှိနေရ ပေမည်။
လင်းယွန်က ပြန် မဖြေချေ။ သူ သွားရာ လမ်းများကို ပတ်ဆို့ နေသော ၎င်းတို့မှာ၊ မည်မျှ အားကောင်း သည်ကို မသိ သောကြောင့် သတိထား နေရသည်။
သခင်ငယ် များနှင့်၊ တစ်ယောက်ချင်း ဆိုပါက ပြဿနာ မရှိ သော်လည်း၊ (၃) ယောက် ဆုံသော် ပြဿနာ ရှိလာ နိုင်သည်။
၎င်းတို့၌ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် များသာ ရှိပါက၊ သာ၍ ဆိုး၏။ အခွင့် အရေး ရှိနိုင် တော့မည် မဟုတ်ချေ။
“ သူတို့ ဘာတွေ စီစဉ် ထားလဲ သွားကြည့် ရအောင် ။ ”
အကယ် ၍သာ ထိုထောက်ချောက် အတွင်း၌၊ သခင်ငယ် တစ်ဦး မျှသာ ရှိနေ ပါက၊ သူ ဖောက်ထွက် နိုင်ပေမည်။
သို့သော် ဖေးရွယ် မှာမူ၊ အဆင်သင့် မဖြစ် သေးချေ။ ထို့ကြောင့် ငြင်းဆန်ရန် ပြင်ဆင်လိုက် လေသည်။
“ ဆက် မပြောနဲ့ ... ၊ ငါ့ မင်းကို ကယ်တင် ခဲ့တာ ဖြစ်တဲ့ အတွက်၊ ဒီသဲဝါ လွင်ပြင် ကနေ ရအောင် ခေါ်ထုတ် ပေးမယ်။ ”
လင်းယွန်က ပြတ်သားသော လေသံနှင့် ပြောလိုက်ပြီး၊ ဖေးရွယ် မငြင်းဆန် နိုင်မီ မှာပင်၊ လေးမျက်နှာ မြို့သို့၊ ဦးတည် လိုက်တော့သည်။
လမ်း တစ်လျှောက် အုပ်စုဖွဲ့ သွားလာ နေသော လူ အချို့နှင့် ရံဖန် ရံခါ ဆုံတွေ့ ရ၏။ သူတို့ အားလုံးက လင်းယွန်အား လေးစား စွာဖြင့် ကြည့်လာ ကြသည်။
ရှောင်ဖယ် ရမည့် အစား၊ လူ တစ်စုက လင်းယွင်နှင့် စကား စမြည် လာရောက် ပြောဆို လေသည်။
သူတို့က လေးမျက်နှာ မြို့တွင်၊ ထောင်ချောက် ရှိနိုင်မည် ဖြစ်ကြောင်း၊ သတိပေး ပြောပြ လာသည်။
လင်းယွန်အား ရှာမတွေ့ ပါက၊ စစ်မက် နယ်မြေ များ၏ ဒေါသကို နယ်မြေတိုင်း ခံစား စေရ မည်ဟု၊ ခြိမ်းခြောက် ထားသော်လည်း၊ မည်သူမျှ ကူညီရန် ဆန္ဒ မရှိ ကြချေ။
ထိုစကားကို ကြားပြီးနောက်၊ လင်းယွန် မျက်လုံးများ အေးစက်စွာ တောက်ပ သွားရ သည်။
သဲဝါ လွင်ပြင်ရှိ လေထုသည် အဘယ်ကြောင့်၊ ဤမျှ ထူးဆန်း သည်ကို နောက်ဆုံး သိလိုက် ရ၏။ ထို့နောက် သတင်း ပေးသူ များအား ကျေးဇူးတင် စကား ဆို လိုက်သည်။
သူ ဟူသည် တာဝန်မဲ့၊ လူ တစ်ဦး မဟုတ်ချေ။ သည် ပြဿနာ များ အားလုံးမှာ၊ သူနှင့် ‘စ’ထား သဖြင့်၊ သူမှ အဆုံးသတ် ပေးရ ပေမည်။
နှစ်ရက် အကြာတွင် ချမ်ရွှင်းနှင့် ဆုံမိသည်။ လင်းယွန်မှ လောချန် တို့အား တွေ့မိခြင်း ရှိ-မရှိ မေးလိုက်သည်။
“ သူတို့ ပုန်းနေတယ်၊ တစ်ယောက် ယောက်က၊ မင်းတို့ရဲ့ ဆက်ဆံ ရေးကို ဖော်ပြ ခဲ့တဲ့ အတွက်၊ စစ်မက် နယ်မြေ သုံးရပ်က သူတို့ ကိုပါ၊ အမဲလိုက် ခဲ့တယ် ။ ”
ချမ်ရွှင်းက ပြန်ဖြေသည်။ ရုတ်တရက် လင်းယွန် ထံမှ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ကွဲလာ သည်ကို မြင်လိုက် ရသဖြင့်၊
“ ဒီလောက်လည်း စိတ်မပူ မနေ ပါနဲ့၊ သူတို့က အလွယ် တကူ အနိုင် ယူလို့ ရတဲ့၊ လူတွေ မဟုတ်ဘူး၊ ... ”
“ ... နဂါး နန်းတော်ရဲ့ အမွေကြောင့် သာမာန် ကျေးကျွန် တွေက၊ သူတို့ကို ဘာမှ မလုပ် နိုင်မှာ သေချာတယ်။ ”
-ဟု နှစ်သိမ့် လိုက်သည်။
ထိုမှသာ လင်းယွန် တစ်ယောက် စိတ် သက်သာရာ ရသွားပြီး၊ ချမ်ရွှင်းထံ ပြန်ကြည့် လျက်၊ ကျေးဇူးတင် စကား ဆိုလိုက်သည်။
“ ငါ့ကို ကျေးဇူး တင်မနေ ပါနဲ့၊ ဒါနဲ့ ... မင်းက လေးမျက်နှာ မြို့ကို သွား မလို့လား၊ ဒါက ထောင်ချောက် တစ်ခုပဲ၊ မင်းတို့ကို အရှက် ခွဲဖို့ သူတို့ စီစဉ် ထားတယ် ... ။ ”
“ ငါ့ကို အရှက်ခွဲ မို့လား ... ၊ ကောင်းပြီ ဘယ်သူ အရှက်ကွဲ မလဲ၊ သိချင် သေးတယ်။ "
လင်းယွန်က အံကြိတ်လျက်၊ အဝေးကို မျှော်ကြည့် သည်။ စစ်မက် နယ်မြေ များမှာ၊ သူ့ သည်းခံနိုင် စွမ်းကို ကျော်လွန် သွားပြီ ဖြစ်၏။
ဒေါသ တကြီး ပြေးထွက် သွားသော လင်းယွန် နောက်ကျောကို ကြည့်ကာ၊ ချမ်ရွှင်း တစ်ယောက် အံ့သြ သွားသည်။
ဤလူငယ်ကို သူ မမြင် နိုင်ချေ။ မကြာမီ မုန်တိုင်း တစ်ခု ဆင်းသက် လာတော့ မည်ကို၊ သူ ပြောနိုင်၏။
***