← Chapters

ဒေါသ။

Vol. 74 Ch. 1025

ဒေါသ။

Vol. 74 Ch. 1025

စစ်မက် နယ်မြေ သုံးရပ်မှ၊ သတ်မှတ်ပေး ထားသော လမ်းကြောင်း အတိုင်းသာ ဆိုသော်၊ လေးမျက်နှာ မြို့ ရောက်ရန် နေ့ဝက် မျှသာ ကြာမြင့် ပေမည်။

လေးမျက်နှာ မြို့သည်၊ ကောင်းကင် လမ်းရှိ၊ အလုံခြုံဆုံး နေရာများ အနက်မှ တစ်ခု ဖြစ်၏။ နောက်ဆုံး တိုက်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်၊ လူတိုင်း ဤမြို့သို့ လာကြသည်။

အမွေများ အချင်းချင်း ဖလှယ်ကာ၊ ရတနာများ ရောင်းဝယ် ဖောက်ကား နိုင်ပေ၏။ လမ်း တစ်နေရာတွင်၊ ပေတစ်ရာ မြင့်သော ယဇ်ပလ္လင် တစ်လုံး ရှိနေသည်။

ထိုယဇ်ပလ္လင် နောက်တွင်၊ အသက်ရှူ ကြပ်စေသော ရောင်ဝါ များကို ထုတ်လွှတ် ထားသည့်၊ ရုပ်တုကြီး တစ်ခု ရှိ၏။

ဤသည်မှာ စစ်မက် နယ်မြေ သုံးရပ်မှ၊ သဲဝါလွင်ပြင်ကို ပိတ်ဆို့ ထားသော နည်းလမ်း ဖြစ်သည်။ ခွင့်ပြုချက် မရှိဘဲ၊ မည်သူမျှ ဤ ရုပ်တုကို၊ ကျော်ဖြတ်ခွင့် မရှိချေ။

ထိုအချိန်တွင် သဲဝါ လွင်ပြင်ကို ငြီးငွေ့ လာသော လူငယ် များက၊ ယဇ်ပလ္လင် ရှေ့၌ စုဝေး လာကုန် ကြသည်။

သဲဝါ လွင်ပြင်ရှိ ဝိညာဉ်ရေး စွမ်းအင်မှာ၊ ပါးလွှာ ကြမ်းရှ ပေ၏။ သတိ လက်လွတ် နေမိ ပါက၊ အန္တရာယ် ရှိလေသည်။

ကောင်းကင် လမ်း၌ အချိန်သည်၊ တန်ဖိုးရှိ လှသော ကြောင့်၊ မည်သူမျှ ဤသို့ ပိတ်မိ မနေ ချင်ချေ။

လူတိုင်း ရှေ့ဆက်ချင် သော်လည်း၊ ယဇ်ပလ္လင်အား ကာကွယ်ကာ လမ်းပိတ် ထားသော၊ ကျေးကျွန် များက သူတို့ကို အထင် အမြင် သေးစွာ ကြည့်နေ ကြသည်။

ကျေးကျွန် ခေါင်းဆောင် များသည် ယဇ်ပလ္လင် ပေါ်တွင် ရှိနေပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် ထား၏။

“ မင်းတို့ ... ငါ တို့ကို၊ ဘယ်လောက် ကြာကြာ ချုပ်နှောင် ထားမှာလဲ။ ”

“ မေး မနေနဲ့ ... ၊ ဖြတ်သွား ရအောင်။ ”

တစ်စုံ တစ်ယောက်က၊ ခံနိုင်ရည် မရှိတော့ သဖြင့်၊ ဒေါသ တကြီး အော်ဟစ် လိုက်၏။

“ ဘယ်လိုတောင် ရိုင်းပျ လိုက်လဲ ... ၊ ငါတို့ကို ဒီလို လေသံ မျိုးနဲ့ လာပြော ရအောင် မင်းက ဘယ်သူလဲ။ ”

ငရဲ နတ်ဘုရား နယ်မြေမှ၊ ကျေးကျွန် ခေါင်းဆောင် လူငယ်က၊ အေးစက်စွာ ငေါက် လာသည်။

“ ငါ တို့ကို ဒီလို တားရအောင်၊ မင်းတို့ ကရော ဘယ်သူ တွေလဲ။ ”

“ ဟား ဟား ဟား ... ၊ ပုရွက်ဆိတ်တွေ ကများ၊ မင်းတို့ကို ဘယ်သူက ဂရုစိုက် နေလို့လဲ၊ လေးမျက်နှာ မြို့ကို ရောက်ခဲ့ ရင်တောင် မင်းတို့ ထဲက၊ ဘယ်သူများ နောက်ဆုံး တိုက်ပွဲ အတွက်၊ အရည် အချင်း ပြည့်မီလဲ၊ ဟမ့် ... ။ ”

ယင်ယန် သုခဘုံ၏ ကျေးကျွန် ခေါင်းဆောင်က၊ ပြန်၍ အော်ဟစ် လိုက်သည်။ ဤသည်မှာ အမှိုက် များသာ ဖြစ်၏။ မြို့ထဲ ပေးဝင် ခဲ့ လျှင်ပင်၊ လေထု ညစ်နွမ်း ရုံသာ ရှိပေမည်။

“ မင်းတို့ ဒီနေရာမှာ၊ မသေချင် ဖူးဆိုရင်၊ ပြန်လှည့် သွားတာ ကောင်းမယ်၊ လေးမျက်နှာ မြို့က၊ မင်းတို့ အတွက်၊ အသွင်ပြောင်း နိုင်တဲ့ အခွင့် အရေးလို့၊ ထင်နေ တာလား၊ ... ”

“ ... ကောင်းကင် လမ်းရဲ့ အဆင့် တွေက၊ စစ်မက် နယ်မြေတွေ အတွက်ပဲ၊ ငါတို့ မလိုချင် တဲ့ အခွင့် အရေး တွေသာ၊ မင်းတို့ ရနိုင် လိမ့်မယ်။ ”

မြင့်မြတ်မြေ များမှ သူတို့အား စိန်ခေါ် နေ သည်ကို၊ ယဇ်ပလ္လင် ပေါ်ရှိ ကျွန် ခေါင်းဆောင် များက အထင် သေးစွာဖြင့်၊ တုန့်ပြန်လိုက် ကြသည်။

လူအုပ် ထဲတွင်၊ လင်းယွန်နှင့် ဖေးရွယ်က အရိပ် အခြေကို၊ စောင့်ကြည့် နေသည်။ စစ်မက် နယ်မြေ သုံးရပ်မှာ၊ အခြား နယ်မြေ များအား လူ အဖြစ်၊ သတ်မှတ်ထား ပုံ မရချေ။

ဤသို့ ကြုံရ မည်ကို သိသော်လည်း၊ လင်းယွန်မှာ ဒေါသမထွက်ဘဲ မနေ နိုင်ချေ။ လက်သီးအား တင်းတင်း ဆုပ်လိုက် မိသည်။

ဓားသမား တစ်ယောက် အနေဖြင့်၊ သူ့ နှလုံးသားမှာ လွတ်လပ်မှုကို နှစ်သက် ပေ၏။ သူ့ မျက်နှာ ပေါ်ရှိ ဒေါသမှာ၊ ဖေးရွယ်အား ထိတ်လန့်စေ သော်လည်း၊ မည်သို့ နှစ်သိမ့် ရမည်ကို၊ မသိ တော့ချေ။

ရုပ်ထုကြီး ထံမှ ခြိမ်းခြောက် နိုင်စွမ်း ရှိသော တစ်ခုထက် မနည်းသည့် ရောင်ဝါ များကို၊ သူမ နှင့် လင်းယွန်က၊ ခံစား မိသည်။

“ မင်းတို့တွေ အရမ်း လွန် နေပြီ။ ”

နောက်ဆုံးတွင် လူအုပ် ထဲမှ သည်းမခံ နိုင်တော့သူ တစ်ဦး၊ ပေါက်ကွဲလျက် တိုးထွက် လာသည်။

ဤစစ်မက် နယ်မြေ များသည် လင်းယွန်နှင့် ဖေးရွယ် အစား၊ သူတို့ အပေါ် အရှက်ခွဲ ဖြေသိမ့် နေခဲ့သည်။

“ ငါတို့ လွန်တော့ရော ... ၊ မင်း ဘာလုပ် ချင်လဲ။ ”

နဂါး ရောင်ဝါများ ထုတ်လွှတ် ထားသည့်၊ ကျေးကျွန် ခေါင်းဆောင် လူငယ်မှ ဝင်ရောက် မေးမြန်း လာသည်။

ထိုလူငယ်မှာ တော်ဝင် နဂါး နယ်မြေမှ ဖြစ်ပြီး၊ ရွှေရောင် ချပ်ဝတ် တစ်ထည် ဝတ်ဆင် ထားသည်။

တော်ဝင် နဂါး နယ်မြေသည်၊ နဂါးနက် မျိုးရိုးမှ ဆင်းသက်ကာ၊ သန့်စင်သော နဂါးသွေး ပိုင်ဆိုင်ထား သည်ဟု သတင်း ကြီးသည်။

“ မင်းတို့ အားလုံး ... ၊ ပြန်လှည့် ကြဖို့ အကြံပေး ချင်တယ်၊ ငါတို့က ခွေးတွေ သတ်ဖို့ အတွက်၊ အချိန် မဖြုန်း ချင်ဘူး၊ ဒါပေမယ့် မလုပ်ဖူး လို့တော့ မထင်နဲ့ ... ။ ”

“ မောက်မာ လိုက်တာ ... ၊ သေကာမှ သေရော တိုက်ရအောင်၊ ဒီလို အရှက်ခွဲ တာမျိုး မခံနဲ့၊ ငါတို့ အားလုံးကို သူတို့ တားနိုင်မယ် ဆိုတာ ငါ မယုံဘူး။ ”

ရဲရင့်သော လူငယ် များစွာက၊ စစ်မက် နယ်မြေ များအား၊ ပြန်၍ တိုက်ခိုက်ရန် အတွက်၊ လူအုပ်ကို စည်းရုံး လိုက်သည်။

“ အမှန်ပဲ ... ငါတို့ သေရင်တောင် သူတို့ ထဲက အချို့ကို၊ ငါတို့နဲ့ အတူ ဆွဲခေါ် ရအောင်။ ”

ချက်ချင်းပင် လူအုပ်ကြီးက၊ ယဇ်ပလ္လင် ဆီသို့ လျှောက်လှမ်း လာ ကြသည်။ ယဇ်ပလ္လင် ပေါ်ရှိ၊ ခေါင်းဆောင် များက အထင် အမြင် သေးသော အပြုံး များဖြင့်၊ ကြည့်နေ ကြ၏။

“ ဒီ ပုရွက်ဆိတ်တွေ … ။ ”

ယင်-ယန် သုခဘုံ နယ်မြေမှ ခေါင်းဆောင် လူငယ်က၊ မီးလျှံ ကြာပွတ်ကို ထုတ်ယူကာ ရှေ့ တစ်လှမ်း တိုးကာ လေထဲ ရိုက်ချ လိုက်သည်။

“ ဝှီး ... ။ ”

ကြာပွတ် သွားရာ လမ်းကြောင်းရှိ၊ လေဟာနယ်မှာ၊ ချက်ချင်း အက်ကွဲ သွားပြီး၊ မီးတောက်များ ဟုန်းခနဲ တောက်လောင် လာ၏။

“ ရှေးဟောင်း တာအို လက်ရာ။ ”

လူအုပ်ကြီးက ချက်ချင်း အသိ အမှတ်ပြု နိုင်ခဲ့ပြီး၊ အံ့သြ တုန်လှုပ် သွားသည်။ ရလဒ်မှာ သူတို့ မျှော်လင့် သကဲ့သို့၊ မဟုတ်ချေ။ အလွယ် တကူ ဖိနှိမ်ခံ လိုက်ရ တော့သည်။

“ အား ... ။ ”

ယင်ယန် သုခဘုံ နယ်မြေမှ၊ ခေါင်းဆောင် လူငယ်က၊ ရဲဝံ့စွာ ပြေးဝင် လာသော လူအုပ်ကို၊ ကြာပွတ်ဖြင့် ရိုက်လျက် အရိုးများ ချိုးပစ်သည်။

အဆုံးတွင် မျက်နှာ များကို ကြာပွတ်နှင့် ရိုက်ကာ၊

“ ဒူး ထောက် ... ။ ”

-ဟု အမိန့်ပေး လိုက်တော့၏။

“ ဟိတ် ... ။ ”

ထိုအခိုက် အတန့်တွင် ယင်းလူ များကို ကယ်တင်ရန်၊ ပုံရိပ် တစ်ရိပ် ကောင်းကင်ပေါ် ပျံတက် သွားသည်။

“ ကျာ့ ... ။ ”

စတုတ္ထ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျင့်ကြံမှုကို ပိုင်ဆိုင် ထားသည့်၊ မြင့်မြတ် မြေမှ ပါရမီရှင် တစ်ဦး ဖြစ်သည်။

ဘုရင် အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာကို ထုတ်ဖော်လျက်၊ ယင်-ယန် သုခဘုံ နယ်မြေမှ ခေါင်းဆောင် လူငယ်၏၊ ကြာပွတ် နယ်မြေကို ဖြိုခွဲရန် ကြိုးစား လိုက်သည်။

“ ဘယ်လောက် တောင် ... ၊ ခေါင်းမာ လိုက်လဲ။ ”

တော်ဝင် နဂါး နယ်မြေမှ ခေါင်းဆောင် လူငယ်က၊ အော်ငေါက်လျက် တိုက်ပွဲ အတွင်း ဝင်ရောက် လာခဲ့သည်။

ဒရာကိုဖီ အရှိန် အဝါများ ထုတ်လွှတ် နေသည့်၊ ရှေးဟောင်း ပေတံ တစ်ချောင်းကို ထုတ်ယူ လိုက်၏။

ထို့နောက်တွင် လူအုပ် ကြီး အတွက်၊ အသက်ရှူ ကြပ်စေသော နဂါး လက်သည်းကြီး ဖြစ်တည် လာသည်။

“ နဂါးနက် ပေတံ။ ”

တစ်စုံ တစ်ယောက်က ပေတံကို ချက်ခြင်း မှတ်မိသည်။ ၎င်းမှာ တော်ဝင် နဂါး နယ်မြေ၏ စွမ်းအားကြီး ရတနာ ဖြစ်သည်။

ဤအရာသည် မူပွား မျှသာ ဖြစ်သော်လည်း၊ ယင်းကိုယ် ထည်၌ နဂါး ရူရ်များ ရေးထွင်းထား သဖြင့်၊ အလွန် အားကောင်း ချေ၏။

“ ဂျွတ် ... ။ ”

ရိုက်ချ လိုက်သော အခါ ကူညီရန် ကြိုးစား လာသော၊ လူငယ်၏ အရိုး များကို ချက်ချင်း ချိုးပစ် လိုက်သည်။

“ အား ... ။ ”

သွေး များဖြင့် ဖုံးလွှမ်း သွားသော အဆိုပါ လူငယ်ကို လူအုပ် ကြီးမှ၊ ထိတ်လန့်စွာ စစ်ဆေး နေစဉ်၊ ပတ်ဝန်းကျင် လေထုမှာ ရုတ်တရက် အေးခဲ သွားသည်။

“ မရှက် ဖူးလား ... ၊ ပုရွက်ဆိတ်တွေ သခင်ငယ် တွေကို မစော် ကားနဲ့၊ မသေ ချင်ရင် ခု ထွက် သွား စမ်း ... ။ ”

အနည်းငယ် ရက်စက် ပြလိုက် ရုံဖြင့်၊ လူအုပ်ကြီးကို ကောင်းစွာ ဖိနှိမ်နိုင် ခဲ့လေသည်။ စစ်မက် နယ်မြေ၏ အခြေခံ အုတ်မြစ်မှာ၊ ခိုင်မာ လွန်းပြီး၊ လက်နက် များက အားကောင်း ချေ၏။

“ ငါ့ မျက်စိ ရှေ့က ထွက်သွားစမ်း၊ မင်းက အဲဒီမှာ ဘာ ... ရပ်လုပ် နေတာလဲ။ ”

နောက်သို့ အလျင် အမြန် ဆုတ်ခွာ သွားသော လူအုပ် အလယ်၌၊ ရပ်လျက် ကျန်ရှိ နေခဲ့သည့် အပြာ၀တ် လူငယ် တစ်ဦးကို၊ ပလ္လင် အနားရှိ ကျေးကျွန် များက၊ မောင်းထုတ် လိုက်ကြသည်။

“ အဲ့ဒီ ခွေးကလေးက ဘာဖြစ် နေတာလဲ၊ အကြောက် လွန်သွား တာလား။ ”

“ တိရိစ္ဆာန်လေး ... ၊ မင်း ... အသက်ရှင် ရတာ ပင်ပန်း နေပြီလား။ ”

“ ဘယ်လောက်တောင် ဆူညံ လိုက်လဲ ။ ”

အပြာဝတ် လူငယ်က ပြန်လည် လှောင်ပြောင် လိုက်ပြီး၊ မျက်နှာဖုံး ချွတ်လျက်၊ အော်ဟစ် နေသူ များထံ၊ ပစ်ချ လိုက်သည်။

“ ဝှစ် ... ။ ”

“ မဟုတ်ဘူး ... ။ ”

“ အား ... ။ ”

လျင်မြန် လွန်းသော အရှိန်ကြောင့်၊ ကျေးကျွန် များမှာ တုံ့ပြန်ရန် အချိန် မရှိ ခဲ့ချေ။ အော်ဟစ်လျက် တစ်ယောက်ပြီး တစ်ယောက် အသတ်ခံ ရတော့သည်။

“ မင်း ... ၊ ခွေးတိရိစ္ဆာန် ကောင်၊ ငါတို့ကို သတ်ဖို့၊ သတ္တိ ရှိတယ် လား။ ”

တော်ဝင် နဂါးနှင့်၊ ယင်ယန် သုခဘုံမှ ကျေးကျွန် များက၊ အပြာ၀တ် လူငယ်အား တိုက်ခိုက်ရန် ပြင်လိုက် သော်လည်း၊ ရန်သူမှာ မည်သူ မည်ဝါ ဖြစ်သည်ကို၊ မြင်လိုက်ရ ချိန်တွင်၊ ချက်ချင်း ရပ်လိုက် မိလေသည်။

“ လင်း ယွန် လား။ ”

***

All Chapters