← Chapters

ပုရွက်ဆိတ်တွေ သေဖို့ ဆင်းလာစမ်း။

Vol. 74 Ch. 1026

ပုရွက်ဆိတ်တွေ သေဖို့ ဆင်းလာစမ်း။

Vol. 74 Ch. 1026

“ လင်းယွန် ဆိုတာ မင်းလား။ ”

“ တိရိစ္ဆာန်လေး ... ၊ မင်းက တကယ်ကို သတ္တိ ရှိရှိ ပေါ်လာ ရဲတာပဲ။ ”

“ ဒီနေရာက မင်းကို မြှပ်နှံမဲ့၊ သင်္ချိုင်း ဆိုတာ မသိ ဖူးလား။ ”

စစ်မက် နယ်မြေ သုံးရပ်၏ ကျေးကျွန် ခေါင်းဆောင် များက၊ မျက်နှာများ ပြောင်းလဲ သွားသည်။

ဤနေရာတွင် ကြော့ကွင်း တစ်ခု ပြင်ထားမှန်း သိသော်လည်း၊ တစ်ဖက် လူမှာ ပေါ်လာ ရဲချေ၏။

သေခြင်းကို မကြောက် သည်လော။ ထိုမေးခွန်းသည် သူတို့တွင် သာမက၊ လူတိုင်း ရင်ထဲသို့ ဝင်ရောက် လာသည်။

ဤလူငယ်မှာ သဲဝါ လွင်ပြင်၌၊ သတ်ပွဲ ကြီးကို ဆင်နွှဲကာ၊ စစ်မက် နယ်မြေ များကို ဂရု မစိုက်ကြောင်း ပြသ ခဲ့သည်။ ယင်းက လူအုပ်ကို ကျေနပ် အားရ စေ၏။

“ ဒီလူယုတ်မာ တွေက သူ့ကို စောင့်နေတာ ... ။ ”

“ ဒါက ထောင်ချောက်ပဲ ... ။ ”

“ သူ မလာ သင့်ဘူး၊ စစ်မက် နယ်မြေ တွေက လူအင်အား များတယ်၊ ရေရှည် တိုက်ပွဲ ဖြစ်ရင်၊ ဒီလူယုတ်မာ တွေမှာ၊ အရေ အတွက် များတယ်၊ ရှုံးရ လိမ့်မယ်။ ”

လင်းယွန်ကို ကြည့်ပြီး၊ လူအုပ် ကြီး၏ မျက်လုံး များတွင်၊ မျက်ရည်များ ရစ်ဝိုင်း လာ တော့သည်။ သူတို့က မသေစေ လိုချေ။

တစ်ဖက် လင်းယွန် မှာမူ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို စတင်ရန်၊ စိတ်ကူး နေခဲ့သည်။

သို့သော် ဒေါသကို ကောင်းစွာ ထိန်းချုပ် လိုက်ပြီး၊ အခြေ အနေ အပေါ်၊ မျက်ခြေ မပြတ် စေရန် သတိထား မိ၏။

ယဇ်ပလ္လင် နောက်ရှိ ရုပ်တုတွင်၊ သူ့အား အနည်းငယ် ဖိအား ပေးနိုင်သည့်၊ ရောင်ဝါများ ရှိနေ ချေပြီ။ အရေ အတွက်မှာ မနည်းခေျ။

“ ပန်းသင်္ချိုင်း၊ မင်း လာ မသင့်ဘူး … ။ ”

ကူညီပေး လာသော လင်းယွန်ထံ မော့ကြည့်ကာ၊ နာကျင် နေသည့် အသံနှင့် လူငယ်မှ ပြောလိုက် မိသည်။ နဂါးနက် ပေတံကြောင့်၊ သူ့ အရိုးများ အကုန် အက်ကွဲ ကုန်ပြီ ဖြစ်၏။

“ စိတ်မပူနဲ့ ... ၊ အနား ယူပါ။ ”

လင်းယွန်က ထိုလူငယ်ကို လူအုပ် ထဲသို့၊ အသာအယာ ပြန်တွန်း ထုတ်လိုက်ပြီး၊ စစ်မက် နယ်မြေ များထံ ပြန်လှည့် သွားကာ၊

“ မင်းတို့ ... ၊ ငါ့ကို ရှာသင့်တယ်၊ မဆိုင်တဲ့ လူတွေကို ဘာလို့ ဒုက္ခပေး နေရ တာလဲ။ ”

-ဟု ဆိုမိ လေ၏။

“ သူတို့ အားလုံး ပုရွက်ဆိတ် တွေပဲ၊ ငါက ကြင်နာ တတ်တဲ့ အတွက်၊ သင်ခန်းစာ တစ်ခု သင်ပေး လိုက်တာပါ။ ”

ယင်ယန် သုခဘုံ၏၊ ကျေးကျွန် ခေါင်းဆောင်က ပြုံးလျက် ပြန်ဖြေသည်။ ဤ လင်းယွန်တွင် နောက်ဆုံး အဆင့်ကို၊ ပြောင်းလဲ နိုင်သည့် ရတနာ တစ်ပါး ရှိပြီး၊ ယင်းက သူ့အား လောဘ ဖြစ်စေသည်။

သူ့ဘေးရှိ ရွှေရောင် ချပ်ဝတ် လူငယ်က၊ နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ၊ လင်းယွန်အား စိုက်ကြည့် နေသည်။

ဒဏ်ရာ များဖြင့် မြေပြင်တွင်၊ ဒူးထောက် နေသော သူများကို၊ လင်းယွန်မှ ပြန်လှည့်ကြည့် လိုက်သည်။ လေးမျက်နှာ မြို့သို့ သွားချင် ရုံနှင့်၊ ဤသို့ အရှက်ခွဲ ခံရခြင်း ဖြစ်၏။

“ လင်းယွန် ... ၊ မင်းရဲ့ ပြစ်မှုကို ဝန်ခံပါ။ ”

ငရဲ နတ်ဘုရား နယ်မြေမှ၊ ကျေးကျွန် ခေါင်းဆောင် လူငယ်က အမိန့်ပေး လာသည်။ အလင်းနက် ချပ်ဝတ်ကို ဝတ်ဆင် ထားပြီး၊ သူ့ နဖူး ပေါ်၌ မီးတောက် အချို့၊ ဒေါင်လိုက် ပြေးနေ၏။

“ ဟုတ်လား ... ၊ ငါက ဘာပြစ်များ ကျူးလွန် ထားမိ လို့လဲ ။ ”

လင်းယွန်မှ မသိ ချင်ယောင် ဆောင်ကာ၊ ပြန်မေး လိုက်သည်။

“ မင်းလို ... ၊ ပုရွက်ဆိတ် တစ်ကောင်က စစ်မှန်တဲ့ နဂါး အရိုးကို၊ ရယူ ထားတာက ပြစ်မှု ပဲပေါ့၊ ... ”

“ ... ပြီးတော့ လျှပ်စီးဓား နှစ်လက်ကို ဒဏ်ရာ ရိုက်နှက်ပြီး၊ ငါ့ရဲ့ ငရဲ နတ်ဘုရား နယ်မြေသား ရှစ်ယောက်ကို သတ်ခဲ့တယ်။ ”

ငရဲ နတ်ဘုရား နယ်မြေ၏ ကျေးကျွန် ခေါင်းဆောင် လူငယ်က၊ အော်ငေါက်လျက် ပြန်ဖြေ လာသည်။

“ ဒီလိုလား ... စိတ်မပူနဲ့၊ ဒီနေ့ မင်းလည်း ဒီကနေ ထွက်သွား နိုင်မှာ မဟုတ်ဘူး။ ”

လင်းယွန်က ရှေ့သို့ လှမ်းတက်ကာ ပြောလိုက်သည်။ လမ်းလျှောက် နေစဉ် သူ့ ရောင်ဝါမှာ၊ တစ်စ တစ်စ သိပ်သည်း လာ၏။

“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ မင်းက ငါတို့ကို ခြိမ်းခြောက်ဖို့ သတ္တိ ရှိလား၊ ဟမ့် ... သူ့ ကို သတ် ... ။ ”

ယင်ယန် သုခဘုံ၏ ကျေးကျွန် ခေါင်းဆောင်က၊ အမိန့်ပေး လိုက် သည်နှင့်၊ ပုံရိပ် သုံးရိပ် ကောင်းကင်ပေါ် ပျံတက် လာသည်။

“ ဝှစ် ... ။ ”

သူတို့ သုံးဦးမှာ၊ ကြယ်တံခွန် သုံးစင်း ကဲ့သို့ မိုးကုပ် စက်ဝိုင်းကို ဖြတ်သန်းကာ၊ လင်းယွန်ထံ ခုန်ဆင်း လိုက် ကြသည်။

သူတို့၏ ရောင်ဝါ များက၊ ကြောက်မက်ဖွယ် ကောင်း သော်လည်း၊ လင်းယွန် ရောင်ဝါကို မမီ နိုင်ချေ။

“ ဝှစ် ... ။ ”

ရုတ်တရက် ရွှေကျီးကန်းများ ပျံသန်း လာပြီး၊ လင်းယွန် လက်မှ တံဆိပ် တစ်ခု ပြေးထွက် သွားသည်။

ယင်းထံမှ အန္တရာယ်ကို ခံစား မိသဖြင့်၊ ထိုသုံးဦး၏ မျက်နှာများ ပြောင်းလဲ သွားသည်။ နေနတ်ဘုရား လက်သီးသည် ယခင်ထက် ပို၍ ပြင်းထန် နေပေ၏။

ရွှေေရောင် အလင်း တန်းများ ဖြာထွက် လာစဉ်၊ လင်းယွန်က သူ့ အရှိန်ကို မြှင့်ကာ၊ ယဇ်ပလ္လင် ဆီသို့ ဆက်၍ ဦးတည် လိုက်သည်။

“ ဝှစ် ... ။ ”

ယင် ယန် သုခဘုံ နယ်မြေမှ၊ ကျေးကျွန် ခေါင်းဆောင် လူငယ်က ကြာပွတ်ကို ထုတ်ကာ၊ ရိုက်ချ လာ၏။

ကြာပွတ်တွင် ရှေးဦးခေတ်မှ အကြွင်း အကျန် နတ် ဘုရား ရူရ်များ ပါရှိ သောကြောင့်၊ အစွမ်းထက် ချေပြီ။

ကျင့်ကြံမှု အားကောင်း သည်နှင့်အမျှ၊ ကြာပွတ် စွမ်းအားမှာ၊ ပိုမို မြင့်တက် လာမည် ဖြစ်၏။

သို့သော် လက်ရှိ စွမ်းအား ဖြင့်ပင်၊ ဤနေရာရှိ လူတိုင်းကို အနိုင်ယူ နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ထိုစဉ် တော်ဝင် နဂါး နယ်မြေမှ၊ ရွှေရောင်ဝတ် လူငယ် သည်လည်း၊ တိုက်ပွဲ အတွင်း ဝင်ရောက်လာ ခဲ့သည်။

“ နဂါးနက် ပေတံ ... ။ ”

နဂါးနက် ပေတံ ထံမှ၊ ဒရာကိုဖီ ပုံရိပ်ကြီး ထွက်ပေါ် လာကာ၊ လင်းယွန်အား လှည့်ပတ် လျက်၊ ဟန့်တား လာတော့သည်။

ယင်းဒရာကိုဖီမှာ ပုံရိပ်ယောင် မျှသာ ဖြစ်သော်လည်း၊ ကြာပွတ် စွမ်းအားထက် များစွာ သာချေသည်။

သူတို့ နှစ်ဦးမှ တပြိုင် နက်တည်း လှုပ်ရှား လိုက်စဉ်၊ ပလ္လင် အောက်ခြေရှိ၊ ကျေးကျွန်များ အားလုံး၊ ပါဝင် လာ တော့၏။

ဤ မြင်ကွင်းကြောင့် လူအုပ် ကြီးမှာ၊ ထိတ်လန့် သွာပြီး၊ အမြန် ဆုတ်ခွာသွား မိကြ သည်။

ထို့စဉ် လင်းယွန်က၊ ခရမ်း ရွှေဝါရောင် အဆင်း ရှိသော၊ သူတော်စင် နဂါး ချပ်ဝတ်အား ထုတ်ဖော် လိုက်၏။

“ ဟိတ် ... ။ ”

သည့်နောက် လျင်မြန်သော အဟုန်ဖြင့်၊ ဒရာကိုဖီ ပုံရိပ် ကြီးကို ထိုးချ လိုက်၏။ တစ်ချိန် တည်းမှာပင်၊ ‘ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုး မျိုး’နှင့် ပြေးတက် လိုက်ကာ၊ ကြာပွတ်ထံ ‘နတ်ဘုရား ပုံရိပ်ယောင် ဓား’ကို၊ ပစ်လွှတ် လိုက်သည်။

“ ရွှပ် ... ။ ”

သည့်နောက် အဝေးတွင် ရပ်နေသော ကျေးကျွန် ခေါင်းဆောင် သုံးဦးထံ သတ်ရန် ဆန္ဒ များဖြင့် ပြန်မော့ ကြည့် လိုက်၏။

“ အ ... ။ ”

“ အား ... ။ ”

များမကြာခင် လင်းယွန် သွားရာ လမ်း တစ်လျှောက်၊ အော်ဟစ်သံများ ဆူညံ လာပြီး၊ သွေး မြူများ ရစ်သိုင်း နေတော့သည်။

ခြေပြတ် လက်ပြတ်များ ပလူပျံလျက်၊ လူအုပ် အတွင်း၊ စွတ်ကြောင်းကြီး တစ်ခုလို ယဇ် ပလ္လင်ထံ တိုးဝင် နေသည်။

ယဇ်ပလ္လင် အောက်ရှိ ကျေးကျွန် များမှာ ဤမြင်ကွင်းကို ကြည့်ပြီး၊ ထိတ်လန့် ကုန်၏။ ကြာပွတ်နှင့် ပေတံမှာ ရန်သူကို ဟန့်တား နိုင်ခြင်း မရှိချေ။

“ ပျံဝဲ နေသော နေမင်း၊ အထီးကျန် နေမင်း၊ အကြွင်းမဲ့ စိုးမိုးမှု။ ”

လင်းယွန် ခန္ဓာ ကိုယ်မှ ရွှေရောင် အလင်း တန်းများ ဖြာထွက် လာသည်။ တစ်ချိန်တည်း မှာပင်၊ ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်ပြီး၊ နောက်ထပ် လက်သီး များကို၊ ဒရာကိုဖီ ပုံရိပ် ကြီးထံ ပစ်ထည့် လိုက်သည်။

“ ဝေါ့ ... ။ ”

ဒရာကိုဖီ ပုံရိပ်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ ရွှေရောင်ဝတ် လူငယ်အား သွေးအန် သွားစေ၏။

ထို့ကြောင့် ရွှေရောင်ဝတ် လူငယ်မှာ၊ ကြောက်ရွံ့ သွားကာ၊ ခြေ တစ်လှမ်း ဆုတ်ခွာ လိုက်မိသည်။

“ ဟိတ် ... ။ ”

ထိုအချိန်တွင် လင်းယွန်၏ လက်သီးမှာ၊ ကြာပွတ်ပေါ် ကျရောက် သွားပြီး၊ မီးတောက် များကို ငြိမ်းသတ် ပစ်လေသည်။

လင်းယွန်မှာ သန်မာ သည်ဟု၊ ကြားသိ ထားသော်လည်း၊ ဤမျှ ထိန်းရ သိမ်းရ ခက်လိမ့် မည်ဟု၊ မထင် ခဲ့ချေ။

ထိုနောက် နဂါးနက် ပေတံ၏၊ ဒရာကိုဖီ ဝိညာဉ်မှာ၊ ကြောက်လန့် သွား သကဲ့သို့၊ စူးစူး ဝါးဝါး အော်သံပြု လာ တော့သည်။

အခြားသော ကျေးကျွန် များ မှာလည်း၊ တုန်လှုပ် ချောက်ချား စွာဖြင့်၊ သွေး အန်လျက် ပြန်ကြည့် လာကြသည်။

“ သေ လိုက် စမ်း ... ။ ”

ထို့စဉ် လင်းယွန်က ပလ္လင် ပေါ်ရှိ၊ ခေါင်းဆောင် လူငယ် တစ်ယောက်ကို ဖမ်းဆွဲ လိုက်ပြီး၊ လက်သီးနှင့် ထိုးချ ပစ်သည်။

အထိုးခံ ရသော ခေါင်းဆောင် လူငယ်မှာ၊ အပေါ်ပိုင်း တစ်ဝက် ဖွာလန် ကျဲလျက်၊ မြေပြင် ပေါ် ပြုတ်ကျ လာ၏။

ဤမြင်ကွင်းကြောင့် ကျန် ကျေးကျွန် ခေါင်းဆောင် လူငယ် နှစ်ဦးမှာ တုန်လှုပ် သွား ပြီး၊

“ သူ့ကို တား ... ။ ”

-ဟု ကြောက်ရွံ့စွာ အော်ဟစ် လိုက်လေ သည်။

ဤအခိုက် အတန့်တွင်၊ ပြိုင်ဘက်မှာ ခွန်လွန် ဘုံရှိ ထိပ်တန်း ပါရမီရှင် များနှင့် ယှဉ် နိုင်သည့်၊ အရည် အချင်း ရှိသူ ဖြစ်ကြောင်း၊ နားလည် သွားမိ၏။

တာအို လက်ရာ နှစ်ခု ဖြင့်ပင်၊ ရင်ဆိုင် နိုင်ခြင်း မရှိ သောကြောင့်၊ ကူကယ်ရာမဲ့ သွားမိ သည်။ ကြာပွတ်နှင့် ပေတံမှာ အနားတောင် မသီနိုင် ခဲ့ချေ။

“ ဒီကို လာ ... ။ ”

သို့သော် လင်းယွန်က နောက်ထပ် ခေါင်းဆောင် လူငယ် တစ်ဦးကို ဖမ်းဆွဲပြီး၊ ငေါက်လိုက်သည်။

“ မ လုပ် နဲ့၊ ငါ ... ငါ့ကို မသတ် ပါနဲ့၊ ငါက ပါရမီရှင်ပါ၊ မင်း အတွက် အသုံးဝင် ပါလိမ့်မယ်။ ”

ယင်ယန် သုခဘုံ နယ်မြေမှ၊ မော်ကြွား ခဲ့သော ကျေးကျွန် ခေါင်းဆောင် လူငယ်မှာ၊ အော်ဟစ်လျက် တောင်းပန် လာလေသည်။

သို့သော် လင်းယွန်က လက်ဝါးစောင်းဖြင့်၊ ဓားတစ်လက် သဏ္ဍာန်၊ လူငယ်၏ လည်ပင်းကို ခုတ်ပိုင်း ချ လိုက်သည်။

“ ဝှစ် ... ။ ”

လူငယ်၏ ဦးခေါင်းမှာ၊ တိခနဲ ပြတ်ကျ သွားသည်။ ယင်းမှာ အဆုံးသတ် မဟုတ်ချေ။ လေထဲရှိ ဦးခေါင်းကို လက်လှိုင်းဖြင့်၊ ထပ်၍ ဖျက်ဆီး ပစ်လိုက်သည်။

“ ရပ် ... ။ ”

စစ်မက် နယ်မြေ သားများ ထံမှ၊ ကြောက်လန့် တကြား အော်ဟစ်သံများ ညံလာ ကြသည်။ မည်သည့် အချိန်မှ စကာ၊ ၎င်းတို့ ကြောက်ရွံ့ သွားတက် သည်ကို နားမလည် နိုင်တော့ချေ။

“ ဟိတ် ... ။ ”

သည့်စဉ် လင်းယွန် နောက်၌ နေကိုးစင်း ထွက်ပေါ် လာပြီး၊ လက်သီး များဖြင့် ထပ်မံ ထိုးနှက် လိုက်ပြန်သည်။

ဤနည်းဖြင့် စစ်မက် နယ်မြေမှ ကျေးကျွန်များ အားလုံး တစ်ဦးပြီး တစ်ဦး၊ သေဆုံး သွားရ တော့၏။

အလောင်းများ ပုံလာ သည်နှင့် အမျှ၊ သွေးများ ယဇ်ပလ္လင် ထံသို့ စီးဆင်း ကုန်သည်။ ယင်းက လူတိုင်း၏ စိတ်ဝိညာဉ် များကို၊ တုန်ခါ လာစေသည်။

“ ပန်းသင်္ချိုင်း ... ။ ”

ဤ အခိုက်တွင်၊ လူတိုင်းက တစ်စုံ တစ်ရာကို သတိ ထားမိ လာပြီး၊ လင်းယွန်အား အော်ဟစ် သတိ ပေးလိုက်၏။

ဧရာမ ရုပ်တု ကြီး ထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ များစွာ၊ ပွင့်ထွက်လာ သောကြောင့် ဖြစ်သည်။

“ စစ်မက် နယ်မြေက ... ၊ ပုရွက်ဆိတ်တွေ မင်းတို့ သေဖို့၊ ဆင်း လာ ကြ စမ်း ... ။ ”

လင်းယွန်က နောက်ဆုံးသော ကျေးကျွန် ခေါင်းဆောင်ကို သတ်ကာ၊ ရုပ်တုထံ မော့ကြည့် လျက်၊ ဆိုလိုက်၏။ စိန် ခေါ်သံက သဲဝါ လွင်ပြင် အနှံ့၊ ပဲ့တင်ထပ် သွားလေသည်။

***

All Chapters